YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7:54-60

တမန်တော် 7:54-60 Judson Bible (JBMLE)

ထို​စ​ကား​ကို​ကြား​လျှင် နှ​လုံး​ကွဲ​ပြတ်​မ​တတ်​ဖြစ်၍၊ သ​တေ​ဖန်၌ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​ကြ​လေ၏။- သူ​သည်​လည်း သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်၍ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ယေ​ရှု​ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျှင်၊- ကြည့်​ပါ။ ကောင်း​ကင် ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်၏​လက်​ယာ​တော်​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ ငါ​မြင်​သည်​ဟု ဆို၏။- ထို​သူ​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်၍ နား​ကို​ပိတ်​ဆို့​လျက် သူ့​ဆီ​သို့​ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး၍၊- မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​မှ ကျောက်​ခဲ​နှင့် ပစ်​ကြ၏။ သက်​သေ​ခံ​တို့​သည်​လည်း မိ​မိ​တို့​အ​ဝတ်​ကို ရှော​လု​အ​မည်​ရှိ​သော လု​လင်၏​ခြေ​ရင်း၌ ထား​ကြ၏။- ကျောက်​ခဲ​နှင့်​ပစ်​ကြ​စဉ် သ​တေ​ဖန်​သည် ပ​တ္ထ​နာ​ပြု​လျက်၊ သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။- ဒူး​ထောက်​လျက်၊ သ​ခင်၊ ဤ​သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ပြီး​မှ ကျိန်း​စက်​လေ၏။ သူ့​ကို ကွပ်​မျက်​သော​အ​မှု​ကို ရှော​လု​သည်​လည်း ဝန်​ခံ​လျက်​ရှိ၏။

တမန်တော် 7:54-60 Common Language Bible (BCL)

ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ ဒေါ​သ​ချောင်း ချောင်း​ထွက်​၍​အံ​သွား​ကြိတ်​ခြင်း​ကို​ပြု​ကြ​၏။- သို့​သော်​သ​တေ​ဖန်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​နှင့်​ပြည့်​ဝ​လျက် ကောင်း​ကင်​သို့​ကြည့်​လိုက် သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​လူ​သား​ရပ်​လျက်​နေ​တော်​မူ​သည် ကို​လည်း​ကောင်း​မြင်​လေ​၏။- ထို​အ​ခါ​သ​တေ​ဖန်​က``ငါ​သည်​ကောင်း​ကင် ပွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်​၏​လက်ယာ​ဘက်​တွင်​ရပ်​လျက် နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏'' ဟု​ဆို​၏။ ထို​သူ​တို့​သည်​ကျယ်​စွာ​ဟစ်​အော်​လျက် မိ​မိ တို့​၏​နား​များ​ကို​လက်​ဖြင့်​ပိတ်​ဆို့​ပြီး​လျှင် သူ့​ဆီ​သို့​တ​ရှိန်​ထိုး​ပြေး​ကာ၊- သူ့​ကို​မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​နောက်​ကျောက်​ခဲ နှင့်​ပေါက်​ကြ​၏။ အ​သိ​သက်​သေ​များ​သည်​မိ​မိ တို့​ဝတ်​လုံ​များ​ကို​ရှော​လု​နာ​မည်​ရှိ​သူ လူ​ငယ် လူ​ရွယ်​တစ်​ယောက်​အား​အပ်​ထား​ကြ​၏။- ဤ​သို့​သူ့​ကို​ကျောက်​ခဲ​နှင့်​ပေါက်​နေ​ကြ​စဉ် သ​တေ​ဖန်​သည်``အို သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​၏ ဝိ​ညာဉ်​ကို​သိမ်း​ပိုက်​တော်​မူ​ပါ'' ဟု​ဆု​တောင်း ၏။- သူ​သည်​ဒူး​ထောက်​၍``သ​ခင်​ဘု​ရား၊ ဤ​သူ​တို့ ပြု​သော​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် လေ​၏။

တမန်တော် 7:54-60 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​သည် ဤ​အကြောင်းအရာ​တို့​ကို ကြား​ကြ​သောအခါ သူ​တို့​၏​စိတ်​ထဲတွင် သတေဖန်​အပေါ် ပြင်းစွာ​အမျက်ထွက်​၍ အံကြိတ်​ကြ​၏။ သို့သော် သတေဖန်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ကောင်းကင်​သို့ စေ့စေ့​ကြည့်​လေ​ရာ ဘုရားသခင်​၏​ဘုန်း​တော်​ကို​လည်းကောင်း၊ သခင်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို​လည်းကောင်း မြင်​လျက် “ကြည့်​ပါ။ ကောင်းကင်​သည်​ပွင့်​၍ လူ့သား​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​၏”​ဟု ဆို​လေ​၏။ ထိုအခါ သူ​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လျက် နား​ကို​ပိတ်​ထား​ကာ သတေဖန်​ထံသို့ တစ်ဟုန်ထိုး​ပြေး​လာ​၍ သူ့​ကို မြို့​ပြင်​သို့​ဆွဲထုတ်​ပြီးလျှင် ခဲ​နှင့်​ပေါက်​ကြ​၏။ သက်သေ​တို့​သည် မိမိ​တို့​၏​အဝတ်​များ​ကို ရှောလု​ဟု​ခေါ်​သော လူငယ်​တစ်​ဦး​၏​ခြေ​ရင်း​၌ ချ​ထား​ကြ​၏။ သူ​တို့​သည် သတေဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သတေဖန်​သည် ပတ္ထနာ​ပြု​လျက် “သခင်​ယေရှု၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို လက်ခံ​တော်မူ​ပါ”​ဟု မြွက်ဆို​လေ​၏။ ထို့နောက် သူ​သည် ဒူး​ထောက်​လျက် “သခင်​ဘုရား၊ ဤ​အပြစ်​ကို သူ​တို့​အပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အိပ်ပျော်​ခြင်း​သို့​ရောက်​လေ​၏။