YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 21:1-36

တမန်တော် 21:1-36 Judson Bible (JBMLE)

ထို​သူ​များ​နှင့် ငါ​တို့​သည် ခွာ​သွား၍ သင်္ဘော​လွှင့်​မှ ကော​သ​ကျွန်း​သို့​တည့်​တည့်​သွား​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ ရော​ဒု​ကျွန်း​သို့​လည်း​ကောင်း၊ ထို​ကျွန်း​မှ ပါ​တ​ရ​မြို့ သို့​လည်း​ကောင်း ရောက်​ကြ၏။- ဖိ​နိတ်​ပြည်​သို့​ကူး​သော သင်္ဘော​ကို​တွေ့​လျှင်၊ ထို​သင်္ဘော​ကို​စီး၍ လွှင့်​ပြန်၏။- ကု​ပ​ရု​ကျွန်း​ကို​မြင်​လျှင် လက်​ယာ​ဘက်၌ လျှောက်​သွား​သ​ဖြင့်၊ ရှု​ရိ​ပြည်​သို့​ကူး၍ တု​ရု​မြို့၌ ဆိုက်​လေ၏။ ထို​မြို့​မှာ သင်္ဘော၌​ပါ​သော ဝန်​ကို​ချ​ရ၏။- တ​ပည့်​တော်​တို့​ကို​တွေ့၍ ငါ​တို့​သည် ခု​နစ်​ရက်​နေ​ကြ၏။ ပေါ​လု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ မ​တက်​ရ​မည် အ​ကြောင်း၊ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော​ကြ၏။- ခု​နစ်​ရက်​စေ့​သော​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် သား​မ​ယား​နှင့်​တ​ကွ မြို့​ပြင်​သို့ ငါ​တို့​ကို ပို့​လိုက်​ကြ၍ ငါ​တို့​သည်​ထွက်​သွား​ပြီး​လျှင်၊ ပင်​လယ်​ကမ်း​ပေါ်၌ ဒူး​ထောက်​လျက် ဆု​တောင်း​ကြ၏။- အ​ချင်း​ချင်း​နှုတ်​ဆက်​ပြီး​မှ ငါ​တို့​သည် သင်္ဘော​ပေါ်​သို့​တက်၍ သူ​တို့​သည် မိ​မိ​အိမ်​သို့​ပြန်​ကြ၏။ တု​ရု​မြို့​မှ ပ​တော​လင်​မြို့​သို့​ရောက်​လျှင်၊ ပင်​လယ်​ကူး​ခြင်း​နှင့် လွတ်​ကြ၏။ ပ​တော​လင်​မြို့၌ ညီ​အစ်​ကို​တို့​နှင့် နှုတ်​ဆက်၍ တစ်​ရက်​နေ​ပြီး​မှ၊- နက်​ဖြန်​နေ့၌ ထွက်​သွား​ပြန်၍ ကဲ​သ​ရိ​မြို့​သို့ ရောက်​လျှင်၊ ဆ​ရာ​ခု​နစ်​ပါး​အ​ဝင် သာ​သ​နာ​ပြု​ဆ​ရာ ဖိ​လိ​ပ္ပု၏ အိမ်​သို့​ဝင်၍​နေ​ကြ၏။- ထို​သူ၌ ပ​ရော​ဖက်​ပြု​သော သ​မီး​က​ညာ လေး​ယောက်​ရှိ၏။- ထို​အိမ်၌ တာ​ရှည်​စွာ​နေ​ကြ​ပြီး​မှ အာ​ဂ​ဗု​အ​မည်​ရှိ​သော ပ​ရော​ဖက်​တစ်​ယောက်​သည် ယု​ဒ​ပြည်​မှ​လာ၍၊- ငါ​တို့​ရှိ​ရာ​သို့​ဝင်​သ​ဖြင့်၊ ပေါ​လု၏​ခါး​ပန်း​ကို​ယူ၍ မိ​မိ​ခြေ​လက်​ကို​ချည်​နှောင်​ပြီး​လျှင်၊ ဤ​ခါး​ပန်း​ရှင်​ကို ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​သည်​ဟု ဆို၏။- ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​နှင့် ထို​အ​ရပ်၌ ရှိ​သော​သူ​တို့​က၊ ယေ​ရု​ရှ​လင်​မြို့​သို့ မ​သွား​ပါ​နှင့်​ဟု ပေါ​လု​ကို​တောင်း​ပန်​ကြ၏။- ပေါ​လု​က​လည်း၊ အ​ဘယ်​ကြောင့် ငို​ကြွေး​လျက် ငါ့​စိတ်​နှ​လုံး​ကို ကြေ​ကွဲ​စေ​လျက် ပြု​ကြ​သ​နည်း။ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်​ခြင်း​မ​က၊ အ​သေ​သတ်​ခြင်း​ကို​ပင်​ခံ​ခြင်း​ငှာ ငါ​အ​သင့်​ရှိ​သည်​ဟု​ဆို၏။- ထို​သို့​သွေး​ဆောင်​ခြင်း​သို့ မ​လိုက်​သော​အ​ခါ ငါ​တို့​သည် မ​သွေး​ဆောင်​ဘဲ​နေ၍၊ သ​ခင်​ဘု​ရား အ​လို​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​ဟု ဆို​ကြ၏။ ထို​နောက်​မှ ငါ​တို့​သည် အ​သုံး​အ​ဆောင်​များ​ကို ပြင်​ဆင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ၏။- ကဲ​သ​ရိ​မြို့​သား​တ​ပည့်​တော်​အ​ချို့​တို့​သည် ငါ​တို့​နှင့်​အ​တူ​လိုက်​ကြ၍၊ ငါ​တို့​ကို​ဧည့်​ခံ​မည့်​သူ မ​နာ​သုန် အ​မည်​ရှိ​သော ကု​ပ​ရု​ကျွန်း​သား အ​သက်​ကြီး​သော တ​ပည့်​တော်​ဆီ​သို့ ပို့​ဆောင်​ကြ၏။ ယေ​ရု​ရှင်​လင်​မြို့​သို့​ရောက်​သော​အ​ခါ၊ ညီ​အစ်​ကို​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ငါ​တို့​ကို လက်​ခံ​ကြ၏။- နက်​ဖြန်​နေ့၌ ပေါ​လု​သည် ငါ​တို့​နှင့်​တ​ကွ ယာ​ကုပ်​ထံ​သို့​ဝင်​လျှင် သင်း​အုပ်​အ​ပေါင်း​တို့​သည် စည်း​ဝေး​ကြ၏။- ပေါ​လု​သည် ထို​သူ​များ​ကို နှုတ်​ဆက်​ပြီး​လျှင်၊ မိ​မိ​သည် ဓ​မ္မ​ဆ​ရာ​အ​မှု​ကို ဆောင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပြု​တော်​မူ​သ​မျှ​တို့​ကို သေ​ချာ​စွာ ထုတ်​ဖော်​ပြ​သ​လေ၏။ ထို​သူ​တို့​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ ပေါ​လု​အား​လည်း၊ ငါ​တို့​ညီ၊ ယုံ​ကြည်​သော ယု​ဒ​လူ​ဘယ်​နှစ်​သောင်း​ရှိ​သည်​ကို သင်​သည် သိ​မြင်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ပ​ညတ်​တ​ရား​ဘက်၌ စိတ်​အား​ကြီး​သော​သူ​ဖြစ်​ကြ၏။- တစ်​ပါး​အ​မျိုး​သား​တို့​တွင် နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သူ​ငယ်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ပေး​ရ​ကြ။ ရှေး​ထုံး​တမ်း​အ​တိုင်း မ​ကျင့်​ရ​ကြ​ဟု သင်​သည် ဆို​လျက်၊ သူ​တို့​သည် မော​ရှေ​တ​ရား​ကို​စွန့်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တတ်​သည်​ကို ဤ​လူ​တို့​သည် သ​တင်း​ကြား​ကြ​ပြီ။- သို့​ဖြစ်၍ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ လူ​အ​ပေါင်း​တို့​သည် မ​စု​ဝေး​ဘဲ​မ​နေ​နိုင်​ရာ။ သင်​ရောက်​ကြောင်း​ကို ကြား​သိ​လိမ့်​မည်။- ထို​ကြောင့် အ​ကျွန်ုပ်​တို့​ဆို​သည်​အ​တိုင်း ပြု​ပါ​လော့။ သ​စ္စာ​က​တိ​ပြု​ပြီး​သော လူ​လေး​ယောက်​သည် အ​ကျွန်ုပ်​တို့​တွင်​ရှိ၏။- ထို​သူ​တို့​ကို ယူ၍ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​လျက်၊ သူ​တို့​ခေါင်း​ရိတ်​ခြင်း​စ​ရိတ်​ကို ပေး​ပါ​လော့။ ထို​သို့​ပြု​လျှင် လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြား​သော သ​တင်း​စ​ကား​မ​မှန်​သည်​ကို​လည်း​ကောင်း၊ သင်​သည် ကိုယ်​တိုင် ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်၍ ကျင့်​နေ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ​လိမ့်​မည်။- ယုံ​ကြည်​ခြင်း​သို့​ရောက်​သော တစ်​ပါး​အ​မျိုး​သား​တို့​မူ​ကား၊ ထို​သို့​သော​တ​ရား​ကို​မ​ကျင့်​မ​စောင့်​ဘဲ​လျက်၊ ရုပ်​တု​ရှေ့​မှာ​ပူ​ဇော်​သော ယဇ်​ကောင်​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ ရှောင်​စေ​ခြင်း​ငှာ​သာ ငါ​တို့​သည် စီ​ရင်၍ ကြား​လိုက်​ခဲ့​ပြီ​ဟု​ဆို​ကြ၏။ ထို​အ​ခါ​ပေါ​လု​သည် ထို​သူ​တို့​ကို​ခေါ်၍ နက်​ဖြန်​နေ့၌ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​ပြီး​မှ၊ ဗိ​မာန်​တော်​သို့​ဝင်၍ သူ​တို့​အ​တွက် အ​သီး​အ​ခြား ပူ​ဇော်​သ​ကာ​ပြု​ရ​သော အ​ချိန်​တည်း​ဟူ​သော စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​မည့်​အ​ချိန်​ကို ကြား​ပြော​လေ၏။ ထို​ခု​နစ်​ရက်​စေ့​လု​သော​အ​ခါ၊ အာ​ရှိ​ပြည်​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ ပေါ​လု​ကို​မြင်​လျှင် စု​ဝေး​သော​လူ​အ​ပေါင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်၍၊ ဣ​သ​ရေ​လ​လူ​တို့၊ ကူ​မ​ကြ​ပါ။- ဤ​သူ​ကား၊ ငါ​တို့​အ​မျိုး​နှင့် ပ​ညတ်​တ​ရား​ကို​လည်း​ကောင်း ဤ​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ ဆန့်​ကျင်​ဘက်​ပြု၍၊ လူ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​သော​သူ​ဖြစ်​ပါ၏။ ထို​မျှ​မ​က၊ ဟေ​လ​သ​လူ​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့​သွင်း၍၊ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​ပြီ​တ​ကား​ဟု ဟစ်​ကြော်၍၊ ပေါ​လု​ကို ဖမ်း​ဆီး​ကြ၏။- အ​ထက်​က​မြို့​ထဲ၌ ပေါ​လု​နှင့်​အ​တူ တ​ရော​ဖိမ်​အ​မည်​ရှိ​သော ဧ​ဖက်​မြို့​သား​တစ်​ယောက်​ကို မြင်​ကြ​သည်​ဖြစ်၍၊ ထို​သူ​ကို ပေါ​လု​သည် ဗိ​မာန်​တော်​ထဲ​သို့ သွင်း​သည်​ဟု ထင်​မှတ်​ကြ၏။- တစ်​မြို့​လုံး​ရုန်း​ရင်း​ခတ်​မျှ ဖြစ်​လျှင်၊ လူ​များ​တို့​သည် ပြေး​လာ၍ စု​ဝေး​ကြ​လျက်၊ ပေါ​လု​ကို​ကိုင်​ယူ၍ ဗိ​မာန်​တော်​ပြင်​သို့ ဆွဲ​ငင်​ပြီး​မှ တစ်​ခ​ဏ​ချင်း​တံ​ခါး​များ​တို့​ကို ပိတ်​ထား​ကြ၏။ ပေါ​လု​ကို​သတ်​မည်​ဟု အား​ထုတ်​ကြ​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး မ​ငြိမ်​မ​သက် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်​သည်​ဟု လူ​တစ်​ထောင်​ကို အုပ်​ချုပ်​သော စစ်​သူ​ကြီး​သည် သ​တင်း​ကြား​လျှင်၊- စစ်​သူ​ရဲ​များ​နှင့် တပ်​မှူး​တို့​ကို အ​လျင်​အ​မြန်​ခေါ်၍ ထို​သူ​တို့​ရှိ​ရာ​သို့​ဆင်း​ပြေး၏။ ထို​သူ​တို့​သည် စစ်​သူ​ကြီး​နှင့် စစ်​သူ​ရဲ​တို့​ကို မြင်​လျှင်၊ ပေါ​လု​ကို မ​ရိုက်​ဘဲ​နေ​ကြ၏။- ထို​အ​ခါ စစ်​သူ​ကြီး​သည်​အ​နီး​သို့​ရောက်၍ ပေါ​လု​ကို​ကိုင်​ယူ​ပြီး​လျှင်၊ သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​ချေ​ဟု​စီ​ရင်၍၊ ဤ​သူ​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း​ဟု မေး​စစ်​လေ၏။- လူ​အ​စု​အ​ဝေး​ထဲ၌ အ​သီး​သီး​အ​ခြား​ခြား​ဟစ်​ကြော်၍ အ​သံ​များ​သော​ကြောင့်၊ စစ်​သူ​ကြီး​သည် အ​မှန်​ကို​မ​သိ​နိုင်​သ​ဖြင့်၊ ပေါ​လု​ကို​ရဲ​တိုက်​ထဲ​သို့ ဆောင်​သွား​စေ​ခြင်း​ငှာ စီ​ရင်​ပြန်​လေ၏။- လူ​များ​တို့​သည် ပြင်း​ထန်​သော​ကြောင့်၊ လှေ​ကား​ပေါ်​သို့ ရောက်​သော​အ​ခါ၊ စစ်​သူ​ရဲ​တို့​သည် ပေါ​လု​ကို ချီ​ပွေ့၍ ဆောင်​ရ​ကြ၏။- သူ့​ကို​ထုတ်​လော့​ဟု လူ​များ​အ​ပေါင်း​တို့​သည် ဟစ်​ကြော်​လျက်​လိုက်​ကြ၏။

တမန်တော် 21:1-36 Common Language Bible (BCL)

ကျွန်ုပ်​တို့​သည်​ထို​သူ​တို့​ထံ​မှ​ခွဲ​ခွာ​ပြီး​လျှင် တည့်​တည့်​သင်္ဘော​လွှင့်​၍​ကော​သ​ကျွန်း​သို့​ရောက် ကြ​၏။ နောက်​တစ်​နေ့​၌​ရော​ဒု​ကျွန်း​သို့​လည်း ကောင်း၊ ထို​ကျွန်း​မှ​တစ်​ဖန်​ပါ​တ​ရ​မြို့​သို့ လည်း​ကောင်း​ရောက်​ကြ​၏။- ဖိ​နိတ်​ပြည်​သို့​သွား​မည့်​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် ထို​သင်္ဘော​ပေါ်​သို့​တက်​၍​ခ​ရီး ပြု​ကြ​ပြီး​နောက်၊- ကျွန်ုပ်​တို့​သည်​ကု​ပ​ရု​ကျွန်း​ကို​မြင်​ရ​သော​အ​ခါ ထို​ကျွန်း​၏​တောင်​ဘက်​မှ​ဖြတ်​၍​ရှု​ရိ​ပြည်​သို့ သင်္ဘော​လွှင့်​ကြ​လေ​သည်။ တု​ရု​မြို့​တွင်​ကုန်​ပစ္စည်း များ​ကို​ချ​ရ​မည်​ဖြစ်​၍ ထို​မြို့​တွင်​သင်္ဘော​ကို ဆိုက်​ကပ်​ကြ​၏။- ထို​အ​ရပ်​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့ သ​ဖြင့် ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ခု​နစ် ရက်​မျှ​နေ​ကြ​၏။ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် ပေါ​လု​အား ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​၍​မ​သွား​ရန်​ပြော ကြား​ကြ​၏။- သို့​ရာ​တွင်​ခု​နစ်​ရက်​စေ့​သော​အ​ခါ ကျွန်ုပ်​တို့ သည်​ဆက်​၍​ခ​ရီး​ပြု​ကြ​လေ​သည်။ တ​ပည့် တော်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ဇ​နီး​များ၊ က​လေး​များ​နှင့်​အ​တူ​မြို့​ပြင်​ပင်​လယ်​ကမ်း သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ကျွန်ုပ်​တို့​သည် ပင်​လယ်​ကမ်း​ပေါ်​တွင်​ဒူး​ထောက်​၍​ဆု​တောင်း ကြ​၏။- ထို​နောက်​တစ်​ဦး​နှင့်​တစ်​ဦး​နှုတ်​ဆက်​ပြီး​လျှင် ကျွန်ုပ်​တို့​သည်​သင်္ဘော​ပေါ်​သို့​တက်​၍​သူ​တို့ သည်​မိ​မိ​တို့​အိမ်​သို့​ပြန်​ကြ​၏။ တု​ရု​မြို့​မှ​ဆက်​၍​ခ​ရီး​ပြု​ကြ​ရာ ကျွန်ုပ်​တို့ သည်​ပ​တော​လင်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့ တွင်​ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​ပြီး​နောက် သူ​တို့​ထံ​တွင်​တစ်​ရက်​မျှ​တည်း​ခို​ကြ​၏။- နောက်​တစ်​နေ့​၌​ထွက်​ခွာ​ပြန်​ရာ​ကဲ​သ​ရိ​မြို့ သို့​ရောက်​ကြ​၏။ ကျွန်ုပ်​တို့​သည်​ဧ​ဝံ​ဂေ​လိ တ​ရား​ဟော​ဆ​ရာ​ဖိ​လိပ္ပု​၏​အိမ်​တွင်​တည်း ခို​ကြ​၏။ ဖိ​လိပ္ပု​ကား​တ​ပည့်​တော်​များ​ကို ကူ​ညီ​ရန် ယေ​ရု​ရှ​လင်​မြို့​အ​သင်း​တော်​က ရွေး​ချယ်​သော​လူ​ခု​နစ်​ဦး​တို့​တွင်​တစ်​ဦး ဖြစ်​၏။- သူ့​မှာ​အိမ်​ထောင်​မ​ကျ​သေး​သော​သ​မီး​လေး ယောက်​ရှိ​၏။ ထို​သ​မီး​တို့​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​သူ များ​ဖြစ်​ကြ​၏။- ထို​အိမ်​တွင်​ကျွန်ုပ်​တို့​တည်း​ခို​၍​ရက်​အ​တော် အ​တန်​ကြာ​သော​အ​ခါ အာ​ဂ​ဗု​နာ​မည်​ရှိ သော​ပ​ရော​ဖက်​သည်​ယု​ဒ​ပြည်​မှ​ရောက်​ရှိ လာ​၏။- သူ​သည်​ကျွန်ုပ်​တို့​ထံ​သို့​လာ​၍​ပေါ​လု​၏​ခါး​ပန်း ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည် နှောင်​လေ​၏။ ထို​နောက် ``ဤ​ခါး​ပန်း​ပိုင်​ရှင်​အား ယု​ဒ​အ​မျိုး​သား​တို့​က​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​၏​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။ ထို​စ​ကား​ကို​ကြား​လျှင်​ကျွန်ုပ်​တို့​နှင့်​ထို​အ​ရပ် ရှိ​လူ​တို့​က ``ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​အောင် ဆက်​၍​မ​သွား​ပါ​နှင့်'' ဟု​ပေါ​လု​အား​တောင်း ပန်​ကြ​၏။- ထို​အ​ခါ​ပေါ​လု​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ငို​ယို​ကာ ငါ​၏​စိတ်​နှ​လုံး​ကို​ကြေ​ကွဲ​စေ ကြ​ပါ​သ​နည်း။ ငါ​သည်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ချည်​နှောင် ခံ​ရန်​သာ​မ​က​အ​သေ​ခံ​ရန်​ပင်​အ​သင့်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။ ပေါ​လု​အား​တောင်း​ပန်​၍​မ​ရ​သော​အ​ခါ ကျွန်ုပ် တို့​သည် ``သ​ခင်​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ဆို​ကာ​လက်​လျှော့​လိုက် ကြ​၏။ ရက်​အ​နည်း​ငယ်​ကြာ​သော်​ကျွန်ုပ်​တို့​သည်​ပစ္စည်း များ​ကို​ထုပ်​ပိုး​၍ ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး ဆက်​ကြ​၏။- ကဲ​သ​ရိ​မြို့​မှ​တ​ပည့်​တော်​အ​ချို့​တို့​သည် ကျွန်ုပ်​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပြီး​လျှင် ကျွန်ုပ်​တို့ အား​ကု​ပ​ရု​ကျွန်း​သား​တ​ပည့်​တော်​ဟောင်း တစ်​ဦး​ဖြစ်​သူ​မ​နာ​သုန်​၏​အိမ်​သို့​တည်း​ခို ရန်​ခေါ်​သွား​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သို့​ကျွန်ုပ်​တို့​ရောက်​ကြ​သော အ​ခါ ညီ​အစ်​ကို​များ​က​လှိုက်​လှဲ​စွာ​ကြို​ဆို ကြ​၏။- နောက်​တစ်​နေ့​၌​ပေါ​လု​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ ယာ​ကုပ်​ထံ​သို့​သွား​ရောက်​တွေ့​ဆုံ​၏။ အ​သင်း တော်​လူ​ကြီး​အ​ပေါင်း​တို့​လည်း​သူ့​ထံ​တွင် ရောက်​ရှိ​နေ​ကြ​၏။- ပေါ​လု​သည်​ထို​သူ​တို့​အား​နှုတ်​ဆက်​ပြီး​နောက် မိ​မိ​မှ​တစ်​ဆင့် လူ​မျိုး​ခြား​တို့​အား​ဘု​ရား သ​ခင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​ကို​တင်​ပြ​၏။- ထို​သို့​တင်​ပြ​သည်​ကို​ကြား​သော​အ​ခါ ထို​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။ ထို​နောက်​ပေါ​လု​အား ``ငါ​တို့​ညီ၊ ယုံ​ကြည် သူ​ယု​ဒ​အ​မျိုး​သား​တို့​ထောင်​ပေါင်း​များ​စွာ ရှိ​ကြောင်း၊ သူ​တို့​အား​လုံး​ပင်​ပ​ညတ်​တ​ရား ကို​စွဲ​လန်း​သူ​များ​ဖြစ်​ကြောင်း​သင်​အ​သိ ပင်​ဖြစ်​သည်။- `သင်​သည်​လူ​မျိုး​ခြား​တို့​အ​ထဲ​တွင်​နေ​ထိုင် ကြ​သော​ယု​ဒ​အ​မျိုး​သား​များ​အား သင်​တို့ ၏​က​လေး​များ​ကို​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ပေး​ကြ​နှင့်။ သင်​တို့​သည်​ယု​ဒ​ထုံး​တမ်း စဉ်​လာ​များ​ကို​မ​လိုက်​နာ​ကြ​နှင့်' ဟု​ဆို​ကာ မော​ရှေ​၏​တ​ရား​ကို​စွန့်​ပယ်​စေ​ရန်​သွန်​သင် လျက်​ရှိ​ကြောင်း​ထို​သူ​တို့​ကြား​သိ​ကြ​၏။- သို့​ဖြစ်​၍​ငါ​တို့​အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည် နည်း။ သင်​ရောက်​ရှိ​သည့်​သ​တင်း​ကို​သူ​တို့ ကြား​ကြ​မည်​မှာ​သေ​ချာ​ပါ​၏။- ထို့​ကြောင့်​ငါ​တို့​ဆို​သည့်​အ​တိုင်း​ပြု​ပါ​လော့။ ငါ​တို့​တွင်​သစ္စာ​က​တိ​ပြု​ထား​သော​လူ​လေး ယောက်​ရှိ​၏။- ထို​သူ​တို့​ကို​ခေါ်​သွား​ပြီး​လျှင်​သန့်​စင်​ခြင်း မင်္ဂ​လာ​ကို​သူ​တို့​နှင့်​အ​တူ​ပြု​ပါ​လော့။ သူ​တို့ အ​တွက်​ဦး​ခေါင်း​ရိတ်​ခ​ငွေ​ကို​သင်​ကျ​ခံ​ပါ။ ဤ​သို့​ပြု​ပါ​မူ​သင့်​အ​ကြောင်း​လူ​တို့​ကြား​ခဲ့ ကြ​သည့်​သ​တင်း​စ​ကား​များ​မှာ အ​ခြေ​အ​မြစ် မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​ကိုယ်​တိုင်​ပင် လျှင်​ပ​ညတ်​တ​ရား​ကို​တိ​ကျ​စွာ​စောင့်​ထိန်း ကြောင်း​ကို​လည်း​ကောင်း​လူ​တိုင်း​သိ​ရှိ​ပါ လိမ့်​မည်။- ယုံ​ကြည်​သူ​လူ​မျိုး​ခြား​တို့​အ​တွက်​မူ​ကား ရုပ်​တု​များ​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ၊ သွေး၊ လည်​ညှစ်​သား​တို့​ကို​မ​စား​ရန်​နှင့်​ကာ​မ​ဂုဏ် လိုက်​စား​မှု​ကို​ရှောင်​ကြဉ်​ရန် ငါ​တို့​စီ​ရင်​ဆုံး ဖြတ်​၍​သူ​တို့​ထံ​သို့​စာ​ရေး​အ​ကြောင်း ကြား​ပြီး​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ပေါ​လု​သည်​နောက်​တစ်​နေ့​၌​ထို​လူ လေး​ယောက်​တို့​ကို​ခေါ်​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ သန့်​စင်​ခြင်း​မင်္ဂ​လာ​ကို​ပြု​လေ​၏။ ထို​နောက်​သူ သည်​ဗိ​မာန်​တော်​သို့​သွား​၍​သန့်​စင်​ခြင်း​မင်္ဂ​လာ ပြု​ရာ​ကာ​လ​ပြီး​ဆုံး​မည့်​အ​ချိန်​နှင့် မိ​မိ​တို့ တစ်​ဦး​စီ​အ​တွက်​ပူ​ဇော်​သ​ကာ​ဆက်​သ​ရ​မည့် အ​ချိန်​တို့​ကို​ကြို​တင်​အ​ကြောင်း​ကြား​ထား လေ​သည်။ ခု​နစ်​ရက်​ကာ​လ​ကုန်​ဆုံး​ချိန်​နီး​သော​အ​ခါ အာ​ရှ​နယ်​မှ​ယု​ဒ​အ​မျိုး​သား​အ​ချို့​တို့​သည် ပေါ​လု​ကို​ဗိ​မာန်​တော်​တွင်​တွေ့​မြင်​ကြ​၏။ သူ တို့​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဆွ​ပေး​ပြီး​လျှင် ပေါ​လု​ကို​ဖမ်း​ဆီး​ကြ​၏။- သူ​တို့​က ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ကူ​ညီ ကြ​ပါ။ ဤ​သူ​သည်​အ​ရပ်​တ​ကာ​သို့​သွား​၍ ငါ တို့​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊ ဤ​ဗိ​မာန် တော်​ကို​လည်း​ကောင်း​ပြစ်​တင်​ရှုတ်​ချ​ကာ လူ အ​ပေါင်း​တို့​အား​ဟော​ပြော​သွန်​သင်​သူ​ဖြစ်​၏။ ထို​မျှ​မ​က​ယ​ခု​သူ​သည်​ဂ​ရိ​အ​မျိုး​သား တို့​ကို ဗိ​မာန်​တော်​ထဲ​သို့​ခေါ်​ဆောင်​လာ​ပြီး လျှင် ဤ​မြင့်​မြတ်​သန့်​ရှင်း​သည့်​ဌာ​န​တော် ကို​ညစ်​ညမ်း​စေ​ပါ​၏'' ဟု​ဟစ်​အော်​ကြ​၏။- (အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပေါ​လု​ကို ဧ​ဖက်​မြို့​သား​တ​ရော​ဖိမ်​ဆို​သူ​နှင့်​အ​တူ မြို့ ထဲ​တွင်​တွေ့​မြင်​ခဲ့​သ​ဖြင့် ထို​သူ​အား​ဗိ​မာန် တော်​ထဲ​သို့​ပေါ​လု​ခေါ်​ဆောင်​ခဲ့​သည်​ဟု​ထင် မှတ်​သော​ကြောင့်​ဖြစ်​၏။) တစ်​မြို့​လုံး​သည်​ရှုပ်​ယှက်​ခတ်​ဖြစ်​လျက် လူ​တို့ သည်​ပြေး​၍​လာ​ပြီး​လျှင်​ပေါ​လု​ကို​ဖမ်း​ဆီး ကာ ဗိ​မာန်​တော်​အ​ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။ ထို​နောက်​ချက်​ချင်း​ဗိ​မာန်​တော်​တံ​ခါး​များ ကို​ပိတ်​လိုက်​ကြ​၏။- သူ​တို့​သည်​ပေါ​လု​ကို​သတ်​ရန်​ကြိုး​စား​နေ စဉ်​ရော​မ​တပ်​မှူး​သည် ယေ​ရု​ရှ​လင်​မြို့​တစ် မြို့​လုံး​ရုံး​ရင်း​ဆန်​ခတ်​ဖြစ်​လျက်​နေ​သည် ဟု​သ​တင်း​ရ​သ​ဖြင့်၊- ချက်​ချင်း​ပင်​စစ်​သား​များ​နှင့်​တပ်​ခွဲ​မှူး​များ ကို​ခေါ်​၍ လူ​ပ​ရိ​သတ်​ရှိ​ရာ​သို့​အ​ပြေး​လာ ခဲ့​၏။ လူ​တို့​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​ကို မြင်​သော​အ​ခါ​ပေါ​လု​ကို​မ​ရိုက်​ဘဲ​နေ​ကြ​၏။- ထို​အ​ခါ​တပ်​မှူး​သည်​ပေါ​လု​ထံ​သို့​ရောက်​၍ ဖမ်း​ဆီး​ပြီး​လျှင် သံ​ကြိုး​နှစ်​ချောင်း​ဖြင့်​ချည် နှောင်​ထား​ရန်​အ​မိန့်​ပေး​၏။ ပေါ​လု​ကား​မည် သူ​ဖြစ်​ကြောင်း၊ မည်​သည့်​ပြစ်​မှု​ကို​ကူး​လွန် ကြောင်း​ကို​မေး​မြန်း​၏။- လူ​ပ​ရိ​သတ်​တို့​က​သူ​တစ်​မျိုး​ငါ​တစ်​ဖုံ​ဟစ် အော်​ပြော​ဆို​ကြ​၏။ ထို​ဆူ​ညံ​သံ​များ​ကြောင့် တပ်​မှူး​သည်​အ​ဖြစ်​မှန်​ကို​မ​သိ​နိုင်​ရ​ကား ပေါ​လု​ကို​တပ်​စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ် ဆောင်​သွား​ရန်​အ​မိန့်​ပေး​လေ​၏။- ရဲ​တိုက်​လှေ​ခါး​သို့​ရောက်​သော​အ​ခါ​လူ​ထု အ​ကြမ်း​ဖက်​မှု​ပြင်း​ထန်​လာ​သ​ဖြင့် စစ်​သား များ​သည်​ပေါ​လု​ကို​ချီ​မြှောက်​ထမ်း​သွား​ရ ကြ​၏။- လူ​ပ​ရိ​သတ်​တို့​သည် ``သူ့​ကို​သတ်​ပါ'' ဟု ဟစ်​အော်​လျက်​လိုက်​ကြ​၏။

တမန်တော် 21:1-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​သည် သူ​တို့​ထံမှ​ခွဲခွာ​၍ ရွက်လွှင့်​ကာ ကောသ​ကျွန်း​သို့ တိုက်ရိုက်​သွား​ကြ​၏။ နောက်တစ်နေ့​၌ ရောဒု​ကျွန်း​သို့​ရောက်​၍ ထို​နေရာ​မှ​တစ်ဖန် ပါတရ​မြို့​သို့ သွား​ကြ​၏။ ထို့နောက် ဖိုနီးရှား​နယ်​သို့​ကူး​သွား​မည့်​သင်္ဘော​တစ်​စင်း​ကို​တွေ့​သဖြင့် ထို​သင်္ဘော​စီး​၍ ရွက်လွှင့်​ကြ​၏။ ဆိုက်ပရပ်​ကျွန်း​ကို​မြင်​ကြ​သောအခါ ထို​ကျွန်း​ကို လက်ဝဲ​ဘက်​မှ​ဖြတ်ကျော်​လျက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​ကြ​၏။ သင်္ဘော​သည် တိုင်ရာ​မြို့​၌ ကုန်ပစ္စည်း​ချ​ရန်​ရှိ​သောကြောင့် ထို​မြို့​တွင်​ဆိုက်​လေ​၏။ ငါ​တို့​သည် တပည့်​တော်​တို့​ကို​တွေ့​၍ ထို​အရပ်​၌ ခုနစ်​ရက်​နေ​ကြ​၏။ သူ​တို့​သည် ပေါလု​အား ဂျေရုဆလင်​မြို့​သို့​တက်​မ​သွား​ရန် ဝိညာဉ်​တော်​အားဖြင့် ပြော​ကြ​၏။ သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက် တစ်ဦး​နှင့်​တစ်ဦး​နှုတ်ဆက်​ကြ​၍ ငါ​တို့​သည် သင်္ဘော​ပေါ်သို့​တက်​ကာ သူ​တို့​သည်​မိမိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။ ထို့နောက် ပတောလင်​မြို့​သို့​ရောက်​၍ တိုင်ရာ​မြို့​မှ ငါ​တို့​ထွက်လာ​သည့် ပင်လယ်​ခရီး​ပြီးဆုံး​လေ​၏။ ငါ​တို့​သည် ထို​မြို့​၌​ရှိ​သော​ညီအစ်ကို​များ​ကို​နှုတ်ဆက်​၍ သူ​တို့​နှင့်အတူ တစ်​ရက်​နေ​ကြ​၏။ နောက်တစ်နေ့​တွင် ထွက်ခွာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​ပြီးလျှင် ရွေးကောက်​ခံရ​သူ​ခုနစ်​ဦး​ထဲမှ တစ်​ဦး​ဖြစ်​သည့်​ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ ဖိလိပ္ပု​၏​အိမ်​သို့​ဝင်​၍ သူ့​ထံ၌​တည်းခို​ကြ​၏။ ထို​သူ​၌ ပရောဖက်ပြု​ဟောပြော​သည့် အပျို​ကညာ​သမီး​လေး​ယောက်​ရှိ​၏။ ရက်​အတန်ကြာ​နေ​ပြီး​သောအခါ အာဂဗု​အမည်​ရှိ​သော ပရောဖက်​တစ်​ဦး​သည် ယုဒ​ပြည်​မှ​ဆင်း​လာ​၏။ ထို​သူ​သည် ငါ​တို့​ထံ​လာ​၍ ပေါလု​၏​ခါးပန်း​ကို​ယူ​ပြီးလျှင် မိမိ​၏​ခြေ​နှင့်​လက်​တို့​ကို ချည်နှောင်​ကာ “ဂျူး​လူမျိုး​တို့​သည် ဤ​ခါးပန်း​ပိုင်ရှင်​ကို ဂျေရုဆလင်​မြို့​တွင် ဤကဲ့သို့​ချည်နှောင်​၍ လူမျိုးခြား​တို့​လက်​သို့ အပ်နှံ​ကြ​လိမ့်မည်​ဟု သန့်ရှင်း​သော​ဝိညာဉ်​တော်​မိန့်​တော်မူ​၏”​ဟု ဆို​လေ​၏။ ထို​စကား​ကို​ကြား​လျှင် ငါ​တို့​နှင့်​ဒေသခံ​တို့​သည် ပေါလု​အား ဂျေရုဆလင်​မြို့​သို့​တက်​မ​သွား​ရန် တောင်းပန်​ကြ​၏။ ထိုအခါ ပေါလု​က “သင်​တို့​သည် ငိုကြွေး​လျက်​၊ ငါ​၏​စိတ်နှလုံး​ကို​ကြေကွဲ​စေ​လျက် မည်သည့်​အရာ​ကို ပြု​ကြ​သနည်း။ ငါ​သည် သခင်​ယေရှု​၏​နာမ​တော်​အတွက် ဂျေရုဆလင်​မြို့​၌ ချည်နှောင်​ခြင်း​ခံရ​ရန်​သာမက အသေခံ​ရန်​ပင် အသင့်​ရှိ​သည်”​ဟု ပြန်​ပြော​၏။ ငါ​တို့​သည် သူ့​ကို​ဖျောင်းဖျ​၍​မ​ရ​သဖြင့် “သခင်​ဘုရား​၏​အလို​တော်​အတိုင်း​ဖြစ်​ပါစေ”​ဟု ဆို​လျက် တိတ်ဆိတ်​သွား​ကြ​၏။ ထို​နေ့ရက်​များ​လွန်​ပြီးနောက် ငါ​တို့​သည် ထုပ်ပိုး​ပြင်ဆင်​လျက် ဂျေရုဆလင်​မြို့​သို့ တက်​သွား​ကြ​၏။ ဆီဇာရီးယား​မြို့​မှ တပည့်​တော်​အချို့​တို့​သည်​လည်း ငါ​တို့​နှင့်အတူ​လိုက်ပါ​၍ ငါ​တို့​တည်းခို​ရန်​စီစဉ်​ထား​သည့် ကနဦး​တပည့်​တော်​ဖြစ်​သော ဆိုက်ပရပ်​ကျွန်းသား မနာသုန်​ထံသို့ ခေါ်သွား​ကြ​၏။ ဂျေရုဆလင်​မြို့​သို့ ငါ​တို့​ရောက်​ကြ​သောအခါ ညီအစ်ကို​များ​သည် ငါ​တို့​ကို လှိုက်လှဲ​စွာ​ကြိုဆို​ကြ​၏။ နောက်တစ်နေ့​၌ ပေါလု​သည် ငါ​တို့​နှင့်အတူ ယာကုပ်​ထံသို့​ဝင်​လျှင် အသင်းတော်​အကြီးအကဲ​အားလုံး​တို့​သည်​လည်း ရောက်​နေ​ကြ​၏။ ပေါလု​သည် သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင် မိမိ​၏​အမှု​တော်​လုပ်ငန်း​အားဖြင့် လူမျိုးခြား​တို့​၌ ဘုရားသခင်​ပြု​တော်မူ​သော အကြောင်းအရာ​တို့​ကို တစ်ခုချင်း​ပြောပြ​လေ​၏။ ထို​သူ​တို့​သည်​ကြား​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် သူ​တို့​သည် ပေါလု​အား “ငါ​တို့​ညီ၊ သင်​သိမြင်​သည့်​အတိုင်း ဂျူး​လူမျိုး​တို့​တွင် ယုံကြည်​လာ​သူ​ထောင်​ပေါင်း​များစွာ​ရှိ​၍ သူ​တို့​အားလုံး​သည် ပညတ်​တရား​၌ စိတ်အား​ထက်သန်​သူ​များ​ဖြစ်​ကြ​၏။ သင်​သည် လူမျိုးခြား​တို့​ထဲ၌​နေထိုင်​ကြ​သော ဂျူး​လူမျိုး​အားလုံး​တို့​အား ကလေး​များ​ကို အရေဖျား​လှီး​ခြင်း​မ​ပေး​ကြ​ရန်​နှင့် ဓလေ့​ထုံးစံ​အတိုင်း မ​လိုက်လျှောက်​ကြ​ရန် ပြောဆို​လျက် မောရှေ​၏​တရား​ကို​စွန့်ပယ်​ရန် သွန်သင်​နေ​သည်​ဟု သင့်​အကြောင်း​ကို သူ​တို့​ကြားသိ​ထား​၏။ သို့ဖြစ်၍ မည်သို့​ပြု​ကြ​မည်နည်း။ သင်​ရောက်ရှိ​နေ​ကြောင်း သူ​တို့​ကြား​ကြ​မည်​သေချာ​၏။ ထို့ကြောင့် သင့်​ကို ငါ​တို့​ပြော​သည့်​အတိုင်း ပြု​ပါ​လော့။ ငါ​တို့​တွင် အဓိဋ္ဌာန်​ပြု​ထား​သော လူ​လေး​ဦး​ရှိ​၏။ ထို​သူ​တို့​ကို ခေါ်သွား​၍ သူ​တို့​နှင့်အတူ သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​လျက် သူ​တို့​ခေါင်း​ကို ခေါင်းတုံး​ရိတ်​ရန် သူ​တို့​အတွက် စရိတ်​ခံ​ပေး​ပါ​လော့။ သို့ပြုလျှင် သင်​နှင့်​ပတ်သက်၍ သူ​တို့​ကြားသိ​ထား​သော​သတင်း​သည် မ​ဟုတ်​မ​မှန်​ဘဲ သင်​ကိုယ်တိုင် ပညတ်​တရား​ကို​စောင့်ထိန်း​လျက် လိုက်လျှောက်​နေ​ကြောင်း သူ​တို့​အားလုံး​သိ​ကြ​လိမ့်မည်။ လူမျိုးခြား​တို့​ထဲမှ ယုံကြည်​လာ​သော​သူ​တို့​အတွက်​မူကား ရုပ်တု​အား​ပူဇော်​ထား​သော​အရာ၊ သွေး၊ လည်​ညှစ်​သတ်​ထား​သော​တိရစ္ဆာန်​နှင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​တို့​ကို ရှောင်ကြဉ်​ရန် ငါ​တို့​ဆုံးဖြတ်​၍ စာ​ရေးသား​ပေးပို့​ကြ​ပြီ”​ဟု ဆို​ကြ​၏။ ထိုအခါ ပေါလု​သည် ထို​လူ​လေး​ဦး​တို့​ကို​ခေါ်​၍ နောက်တစ်နေ့​၌ သူ​တို့​နှင့်အတူ သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​လျက် ဗိမာန်​တော်​ထဲသို့​ဝင်​ကာ သူ​တို့​တစ်​ဦး​စီ​အတွက် ပူဇော်သက္ကာ​ဆက်သ​မည့်​အချိန်​ဖြစ်​သည့် သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​သည့် နေ့ရက်​များ​ပြီးဆုံး​မည့်​အချိန်​ကို အသိပေး​လေ​၏။ ခုနစ်​ရက်​ကာလ​ပြည့်​လုနီး​သောအခါ အာရှ​ပြည်​မှ​လာ​သော​ဂျူး​လူမျိုး​အချို့​တို့​သည် ပေါလု​ကို ဗိမာန်​တော်​၌​တွေ့​ကြ​လျှင် လူထု​ပရိသတ်​အားလုံး​ကို ရုန်းရင်းဆန်ခတ်​ဖြစ်​စေ​၍ သူ့​ကို​ဖမ်းဆီး​ကာ “အစ္စရေး​အမျိုးသား​တို့၊ ကူညီ​ကြ​ပါ။ ဤ​သူ​သည် လူမျိုး​တော်​ကို​လည်းကောင်း၊ ပညတ်​တရား​ကို​လည်းကောင်း၊ ဤ​နေရာ​ကို​လည်းကောင်း ဆန့်ကျင်​လျက် အရပ်ရပ်​တို့​၌ လူ​အပေါင်း​တို့​အား သွန်သင်​နေ​သူ​ဖြစ်​၏။ ထိုမျှမက ဂရိ​လူမျိုး​တို့​ကို​လည်း ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​လာ​၍ ဤ​သန့်ရှင်း​ရာ​ဌာန​ကို ညစ်ညူး​စေ​ပါ​ပြီ”​ဟု အော်ဟစ်​ကြ​၏။ ထိုသို့​ဆို​ခြင်း​မှာ သူ​တို့​သည် ဧဖက်​မြို့သား တရောဖိမ်​ကို ပေါလု​နှင့်အတူ မြို့​ထဲ၌​တွေ့​ခဲ့​သဖြင့် ပေါလု​သည် ထို​သူ​ကို ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​ခဲ့​သည်​ဟု ထင်မှတ်​သောကြောင့်​ဖြစ်​၏။ ထိုအခါ တစ်မြို့လုံး​ဆူပူ​လှုပ်ရှား​၍ လူ​တို့​သည် ပြေး​လာ​ကြ​ကာ ပေါလု​ကို​ဖမ်းဆီး​လျက် ဗိမာန်​တော်​အပြင်​သို့ ဆွဲ​ထုတ်​ပြီးလျှင် တံခါး​များ​ကို ချက်ချင်း​ပိတ်​လိုက်​ကြ​၏။ လူ​တို့​သည် ပေါလု​ကို​သတ်​ရန် ကြိုးစား​နေ​ကြ​စဉ် ဂျေရုဆလင်​တစ်မြို့လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သည်​ဟူသော​သတင်း​သည် တပ်ဖွဲ့​တစ်​ဖွဲ့​၏​တပ်မှူးကြီး​ထံ ရောက်​လေ​၏။ သူ​သည် ချက်ချင်း​ပင် စစ်သား​တို့​နှင့်​တပ်မှူး​တို့​ကို​ခေါ်​၍ သူ​တို့​ထံသို့ ပြေးဆင်း​လာ​၏။ လူ​တို့​သည် တပ်မှူးကြီး​နှင့်​စစ်သား​များ​ကို​မြင်​လျှင် ပေါလု​ကို​ရိုက်နှက်​နေ​ခြင်း​မှ ရပ်တန့်​ကြ​၏။ ထိုအခါ တပ်မှူးကြီး​သည် အနီး​သို့​ရောက်လာ​၍ ပေါလု​ကို​ဖမ်းဆီး​ကာ သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ထား​ရန် အမိန့်​ပေး​ပြီးလျှင် ပေါလု​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သည့်​အမှု​ပြု​ခဲ့​ကြောင်း​ကို မေးမြန်း​လေ​၏။ သို့သော် လူထု​ပရိသတ်​ထဲမှ တစ်ယောက်တစ်မျိုး​အော်ဟစ်​နေ​ကြ​၍ ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သောကြောင့် တပ်မှူး​သည် အဖြစ်မှန်​ကို​မ​သိ​နိုင်​သဖြင့် ပေါလု​ကို စခန်း​ထဲသို့​ခေါ်ဆောင်​သွား​ရန် အမိန့်​ပေး​လေ​၏။ ပေါလု​သည် လှေကား​နား​သို့​ရောက်​သောအခါ လူ​တို့​၏​အကြမ်းဖက်​မှု​ကြောင့် စစ်သား​များ​သည် သူ့​ကို ချီမ​၍​ခေါ်သွား​ကြ​ရ​၏။ အကြောင်းမူကား များစွာ​သော​လူ​တို့​သည် နောက်​မှ​လိုက်​လာ​၍ “သူ့​ကို​သုတ်သင်​လိုက်​ပါ”​ဟု အော်ဟစ်​နေ​ကြ​၏။