YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 21

21
ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​ခြင်း
1ထို​သူ​များ​နှင့် ငါ​တို့​သည် ခွာ​သွား၍ သင်္ဘော​လွှင့်​မှ ကော​သ​ကျွန်း​သို့​တည့်​တည့်​သွား​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ ရော​ဒု​ကျွန်း​သို့​လည်း​ကောင်း၊ ထို​ကျွန်း​မှ ပါ​တ​ရ​မြို့ သို့​လည်း​ကောင်း ရောက်​ကြ၏။- 2ဖိ​နိတ်​ပြည်​သို့​ကူး​သော သင်္ဘော​ကို​တွေ့​လျှင်၊ ထို​သင်္ဘော​ကို​စီး၍ လွှင့်​ပြန်၏။- 3ကု​ပ​ရု​ကျွန်း​ကို​မြင်​လျှင် လက်​ယာ​ဘက်၌ လျှောက်​သွား​သ​ဖြင့်၊ ရှု​ရိ​ပြည်​သို့​ကူး၍ တု​ရု​မြို့၌ ဆိုက်​လေ၏။ ထို​မြို့​မှာ သင်္ဘော၌​ပါ​သော ဝန်​ကို​ချ​ရ၏။- 4တ​ပည့်​တော်​တို့​ကို​တွေ့၍ ငါ​တို့​သည် ခု​နစ်​ရက်​နေ​ကြ၏။ ပေါ​လု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ မ​တက်​ရ​မည် အ​ကြောင်း၊ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော​ကြ၏။- 5ခု​နစ်​ရက်​စေ့​သော​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် သား​မ​ယား​နှင့်​တ​ကွ မြို့​ပြင်​သို့ ငါ​တို့​ကို ပို့​လိုက်​ကြ၍ ငါ​တို့​သည်​ထွက်​သွား​ပြီး​လျှင်၊ ပင်​လယ်​ကမ်း​ပေါ်၌ ဒူး​ထောက်​လျက် ဆု​တောင်း​ကြ၏။- 6အ​ချင်း​ချင်း​နှုတ်​ဆက်​ပြီး​မှ ငါ​တို့​သည် သင်္ဘော​ပေါ်​သို့​တက်၍ သူ​တို့​သည် မိ​မိ​အိမ်​သို့​ပြန်​ကြ၏။
7တု​ရု​မြို့​မှ ပ​တော​လင်​မြို့​သို့​ရောက်​လျှင်၊ ပင်​လယ်​ကူး​ခြင်း​နှင့် လွတ်​ကြ၏။ ပ​တော​လင်​မြို့၌ ညီ​အစ်​ကို​တို့​နှင့် နှုတ်​ဆက်၍ တစ်​ရက်​နေ​ပြီး​မှ၊- 8နက်​ဖြန်​နေ့၌ ထွက်​သွား​ပြန်၍ ကဲ​သ​ရိ​မြို့​သို့ ရောက်​လျှင်၊ ဆ​ရာ​ခု​နစ်​ပါး​အ​ဝင် သာ​သ​နာ​ပြု​ဆ​ရာ ဖိ​လိ​ပ္ပု၏ အိမ်​သို့​ဝင်၍​နေ​ကြ၏။-#တ၊ ၆:၅၊ ၈:၅။ 9ထို​သူ၌ ပ​ရော​ဖက်​ပြု​သော သ​မီး​က​ညာ လေး​ယောက်​ရှိ၏။- 10ထို​အိမ်၌ တာ​ရှည်​စွာ​နေ​ကြ​ပြီး​မှ အာ​ဂ​ဗု​အ​မည်​ရှိ​သော ပ​ရော​ဖက်​တစ်​ယောက်​သည် ယု​ဒ​ပြည်​မှ​လာ၍၊-#တ၊ ၁၁:၂၈။ 11ငါ​တို့​ရှိ​ရာ​သို့​ဝင်​သ​ဖြင့်၊ ပေါ​လု၏​ခါး​ပန်း​ကို​ယူ၍ မိ​မိ​ခြေ​လက်​ကို​ချည်​နှောင်​ပြီး​လျှင်၊ ဤ​ခါး​ပန်း​ရှင်​ကို ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​သည်​ဟု ဆို၏။- 12ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​နှင့် ထို​အ​ရပ်၌ ရှိ​သော​သူ​တို့​က၊ ယေ​ရု​ရှ​လင်​မြို့​သို့ မ​သွား​ပါ​နှင့်​ဟု ပေါ​လု​ကို​တောင်း​ပန်​ကြ၏။- 13ပေါ​လု​က​လည်း၊ အ​ဘယ်​ကြောင့် ငို​ကြွေး​လျက် ငါ့​စိတ်​နှ​လုံး​ကို ကြေ​ကွဲ​စေ​လျက် ပြု​ကြ​သ​နည်း။ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်​ခြင်း​မ​က၊ အ​သေ​သတ်​ခြင်း​ကို​ပင်​ခံ​ခြင်း​ငှာ ငါ​အ​သင့်​ရှိ​သည်​ဟု​ဆို၏။- 14ထို​သို့​သွေး​ဆောင်​ခြင်း​သို့ မ​လိုက်​သော​အ​ခါ ငါ​တို့​သည် မ​သွေး​ဆောင်​ဘဲ​နေ၍၊ သ​ခင်​ဘု​ရား အ​လို​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​ဟု ဆို​ကြ၏။
15ထို​နောက်​မှ ငါ​တို့​သည် အ​သုံး​အ​ဆောင်​များ​ကို ပြင်​ဆင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ၏။- 16ကဲ​သ​ရိ​မြို့​သား​တ​ပည့်​တော်​အ​ချို့​တို့​သည် ငါ​တို့​နှင့်​အ​တူ​လိုက်​ကြ၍၊ ငါ​တို့​ကို​ဧည့်​ခံ​မည့်​သူ မ​နာ​သုန် အ​မည်​ရှိ​သော ကု​ပ​ရု​ကျွန်း​သား အ​သက်​ကြီး​သော တ​ပည့်​တော်​ဆီ​သို့ ပို့​ဆောင်​ကြ၏။
ယာ​ကုပ်​ကို​တွေ့​ဆုံ​ခြင်း
17ယေ​ရု​ရှင်​လင်​မြို့​သို့​ရောက်​သော​အ​ခါ၊ ညီ​အစ်​ကို​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ငါ​တို့​ကို လက်​ခံ​ကြ၏။- 18နက်​ဖြန်​နေ့၌ ပေါ​လု​သည် ငါ​တို့​နှင့်​တ​ကွ ယာ​ကုပ်​ထံ​သို့​ဝင်​လျှင် သင်း​အုပ်​အ​ပေါင်း​တို့​သည် စည်း​ဝေး​ကြ၏။- 19ပေါ​လု​သည် ထို​သူ​များ​ကို နှုတ်​ဆက်​ပြီး​လျှင်၊ မိ​မိ​သည် ဓ​မ္မ​ဆ​ရာ​အ​မှု​ကို ဆောင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပြု​တော်​မူ​သ​မျှ​တို့​ကို သေ​ချာ​စွာ ထုတ်​ဖော်​ပြ​သ​လေ၏။
20ထို​သူ​တို့​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ ပေါ​လု​အား​လည်း၊ ငါ​တို့​ညီ၊ ယုံ​ကြည်​သော ယု​ဒ​လူ​ဘယ်​နှစ်​သောင်း​ရှိ​သည်​ကို သင်​သည် သိ​မြင်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ပ​ညတ်​တ​ရား​ဘက်၌ စိတ်​အား​ကြီး​သော​သူ​ဖြစ်​ကြ၏။- 21တစ်​ပါး​အ​မျိုး​သား​တို့​တွင် နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သူ​ငယ်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ပေး​ရ​ကြ။ ရှေး​ထုံး​တမ်း​အ​တိုင်း မ​ကျင့်​ရ​ကြ​ဟု သင်​သည် ဆို​လျက်၊ သူ​တို့​သည် မော​ရှေ​တ​ရား​ကို​စွန့်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တတ်​သည်​ကို ဤ​လူ​တို့​သည် သ​တင်း​ကြား​ကြ​ပြီ။- 22သို့​ဖြစ်၍ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ လူ​အ​ပေါင်း​တို့​သည် မ​စု​ဝေး​ဘဲ​မ​နေ​နိုင်​ရာ။ သင်​ရောက်​ကြောင်း​ကို ကြား​သိ​လိမ့်​မည်။- 23ထို​ကြောင့် အ​ကျွန်ုပ်​တို့​ဆို​သည်​အ​တိုင်း ပြု​ပါ​လော့။ သ​စ္စာ​က​တိ​ပြု​ပြီး​သော လူ​လေး​ယောက်​သည် အ​ကျွန်ုပ်​တို့​တွင်​ရှိ၏။- 24ထို​သူ​တို့​ကို ယူ၍ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​လျက်၊ သူ​တို့​ခေါင်း​ရိတ်​ခြင်း​စ​ရိတ်​ကို ပေး​ပါ​လော့။ ထို​သို့​ပြု​လျှင် လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြား​သော သ​တင်း​စ​ကား​မ​မှန်​သည်​ကို​လည်း​ကောင်း၊ သင်​သည် ကိုယ်​တိုင် ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်၍ ကျင့်​နေ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ​လိမ့်​မည်။-#တော၊ ၆:၁၃-၂၁။ 25ယုံ​ကြည်​ခြင်း​သို့​ရောက်​သော တစ်​ပါး​အ​မျိုး​သား​တို့​မူ​ကား၊ ထို​သို့​သော​တ​ရား​ကို​မ​ကျင့်​မ​စောင့်​ဘဲ​လျက်၊ ရုပ်​တု​ရှေ့​မှာ​ပူ​ဇော်​သော ယဇ်​ကောင်​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ ရှောင်​စေ​ခြင်း​ငှာ​သာ ငါ​တို့​သည် စီ​ရင်၍ ကြား​လိုက်​ခဲ့​ပြီ​ဟု​ဆို​ကြ၏။#တ၊ ၁၅:၂၉။
26ထို​အ​ခါ​ပေါ​လု​သည် ထို​သူ​တို့​ကို​ခေါ်၍ နက်​ဖြန်​နေ့၌ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​ပြီး​မှ၊ ဗိ​မာန်​တော်​သို့​ဝင်၍ သူ​တို့​အ​တွက် အ​သီး​အ​ခြား ပူ​ဇော်​သ​ကာ​ပြု​ရ​သော အ​ချိန်​တည်း​ဟူ​သော စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​မည့်​အ​ချိန်​ကို ကြား​ပြော​လေ၏။
ဗိ​မာန်​တော်​တွင်​အ​ဖမ်း​ခံ​ရ​ခြင်း
27ထို​ခု​နစ်​ရက်​စေ့​လု​သော​အ​ခါ၊ အာ​ရှိ​ပြည်​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ ပေါ​လု​ကို​မြင်​လျှင် စု​ဝေး​သော​လူ​အ​ပေါင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်၍၊ ဣ​သ​ရေ​လ​လူ​တို့၊ ကူ​မ​ကြ​ပါ။- 28ဤ​သူ​ကား၊ ငါ​တို့​အ​မျိုး​နှင့် ပ​ညတ်​တ​ရား​ကို​လည်း​ကောင်း ဤ​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ ဆန့်​ကျင်​ဘက်​ပြု၍၊ လူ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​သော​သူ​ဖြစ်​ပါ၏။ ထို​မျှ​မ​က၊ ဟေ​လ​သ​လူ​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့​သွင်း၍၊ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​ပြီ​တ​ကား​ဟု ဟစ်​ကြော်၍၊ ပေါ​လု​ကို ဖမ်း​ဆီး​ကြ၏။- 29အ​ထက်​က​မြို့​ထဲ၌ ပေါ​လု​နှင့်​အ​တူ တ​ရော​ဖိမ်​အ​မည်​ရှိ​သော ဧ​ဖက်​မြို့​သား​တစ်​ယောက်​ကို မြင်​ကြ​သည်​ဖြစ်၍၊ ထို​သူ​ကို ပေါ​လု​သည် ဗိ​မာန်​တော်​ထဲ​သို့ သွင်း​သည်​ဟု ထင်​မှတ်​ကြ၏။-#တ၊ ၂၀:၄။ 30တစ်​မြို့​လုံး​ရုန်း​ရင်း​ခတ်​မျှ ဖြစ်​လျှင်၊ လူ​များ​တို့​သည် ပြေး​လာ၍ စု​ဝေး​ကြ​လျက်၊ ပေါ​လု​ကို​ကိုင်​ယူ၍ ဗိ​မာန်​တော်​ပြင်​သို့ ဆွဲ​ငင်​ပြီး​မှ တစ်​ခ​ဏ​ချင်း​တံ​ခါး​များ​တို့​ကို ပိတ်​ထား​ကြ၏။
31ပေါ​လု​ကို​သတ်​မည်​ဟု အား​ထုတ်​ကြ​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး မ​ငြိမ်​မ​သက် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်​သည်​ဟု လူ​တစ်​ထောင်​ကို အုပ်​ချုပ်​သော စစ်​သူ​ကြီး​သည် သ​တင်း​ကြား​လျှင်၊- 32စစ်​သူ​ရဲ​များ​နှင့် တပ်​မှူး​တို့​ကို အ​လျင်​အ​မြန်​ခေါ်၍ ထို​သူ​တို့​ရှိ​ရာ​သို့​ဆင်း​ပြေး၏။ ထို​သူ​တို့​သည် စစ်​သူ​ကြီး​နှင့် စစ်​သူ​ရဲ​တို့​ကို မြင်​လျှင်၊ ပေါ​လု​ကို မ​ရိုက်​ဘဲ​နေ​ကြ၏။- 33ထို​အ​ခါ စစ်​သူ​ကြီး​သည်​အ​နီး​သို့​ရောက်၍ ပေါ​လု​ကို​ကိုင်​ယူ​ပြီး​လျှင်၊ သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​ချေ​ဟု​စီ​ရင်၍၊ ဤ​သူ​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း​ဟု မေး​စစ်​လေ၏။- 34လူ​အ​စု​အ​ဝေး​ထဲ၌ အ​သီး​သီး​အ​ခြား​ခြား​ဟစ်​ကြော်၍ အ​သံ​များ​သော​ကြောင့်၊ စစ်​သူ​ကြီး​သည် အ​မှန်​ကို​မ​သိ​နိုင်​သ​ဖြင့်၊ ပေါ​လု​ကို​ရဲ​တိုက်​ထဲ​သို့ ဆောင်​သွား​စေ​ခြင်း​ငှာ စီ​ရင်​ပြန်​လေ၏။- 35လူ​များ​တို့​သည် ပြင်း​ထန်​သော​ကြောင့်၊ လှေ​ကား​ပေါ်​သို့ ရောက်​သော​အ​ခါ၊ စစ်​သူ​ရဲ​တို့​သည် ပေါ​လု​ကို ချီ​ပွေ့၍ ဆောင်​ရ​ကြ၏။- 36သူ့​ကို​ထုတ်​လော့​ဟု လူ​များ​အ​ပေါင်း​တို့​သည် ဟစ်​ကြော်​လျက်​လိုက်​ကြ၏။
မိ​မိ၌​အ​ပြစ်​မ​ရှိ​ကြောင်း​ဖြေ​ရှင်း
37ပေါ​လု​သည် ရဲ​တိုက်​ထဲ​သို့​ဝင်​လု​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် စ​ကား​ပြော​ရ​ပါ​မည်​လော​ဟု စစ်​သူ​ကြီး​အား​မေး​လျှင် စစ်​သူ​ကြီး​က သင်​သည် ဟေ​လ​သ​စ​ကား​ကို ပြော​တတ်​သ​လော။- 38သင်​သည်​အ​ထက်​က​ပုန်​ကန်၍ ဓား​ပြ​လေး​ထောင်​တို့​ကို တော​သို့​ခေါ်​သွား​သော အဲ​ဂု​တ္တု​လူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု မေး၏။- 39ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​နေ​သော​မြို့​ကား၊ သာ​မ​ည မြို့​မ​ဟုတ်။ ဤ​သူ​တို့​အား အ​ကျွန်ုပ်​ပြော​ရ​သော အ​ခွင့်​ကို​ပေး​ပါ။ အ​ကျွန်ုပ်​ပန်​ကြား​ပါ​သည်​ဟု ဆို၏။- 40စစ်​သူ​ကြီး​သည် အ​ခွင့်​ပေး​သ​ဖြင့်၊ ပေါ​လု​သည် လှေ​ကား​ပေါ်​မှာ​ရပ်၍ ထို​လူ​တို့​အား မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လေ၏။ သူ​တို့​သည် အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ​သော​အ​ခါ၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့်​မြွက်​ဆို​လျက်၊

လက်ရှိရွေးချယ်ထားမှု

တမန်တော် 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ