YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 19:1-41

တမန်တော် 19:1-41 Judson Bible (JBMLE)

အာ​ပေါ​လု​သည် ကော​ရိ​န္သု​မြို့၌​နေ​စဉ်၊ ပေါ​လု​သည် အ​ထက်​အ​ရပ်​များ​ကို လျှောက်​သွား​ပြီး​မှ ဧ​ဖက်​မြို့​သို့​ရောက်၍၊ တ​ပည့်​တော် အ​ချို့​တို့​ကို​တွေ့​လျှင်၊- သင်​တို့​သည် ယုံ​ကြည်​သည်​နောက်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​ပြီ​လော​ဟု မေး​သည်​ရှိ​သော်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။- ပေါ​လု​က​လည်း၊ သို့​ဖြစ်​လျှင်၊ သင်​တို့​သည် အ​ဘယ်​မည်​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယော​ဟန်၏​ဗ​တ္တိ​ဇံ​ကို​ခံ​ပါ​သည်​ဟု ပြော​ဆို​ကြ၏။- ပေါ​လု​က​လည်း၊ ယော​ဟန်​က၊ ငါ့​နောက်​ကြွ​လာ​သော​သူ​ကို ယုံ​ကြည်​ရ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လျက်၊ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သို့​ဆို​ရာ၌ ယေ​ရှု​ခ​ရစ်​ကို ဆို​လို​သည်၊- ဟူ​သော​စ​ကား​ကို ကြား​လျှင်၊ ထို​သူ​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။- ပေါ​လု​သည်​လည်း၊ သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​လျှင်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဆင်း​သက်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော၍ ပ​ရော​ဖက်​ပြု​ကြ၏။- ထို​သူ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ကျိပ်​နှစ်​ယောက်​မျှ​လောက် ရှိ​သ​တည်း။ ထို​နောက်​မှ ပေါ​လု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်၍ သုံး​လ​ပတ်​လုံး ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​များ​ကို ဆွေး​နွေး​နှီး​နှော၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့် ရဲ​ရင့်​စွာ ဟော​ပြော​လေ၏။- အ​ချို့​သော​သူ​တို့​သည် ခိုင်​မာ​သော​စိတ်​ရှိ၍ မ​ယုံ​ကြည်​ဘဲ​နေ​လျက်၊ လူ​များ​ရှေ့​မှာ ထို​ဘာ​သာ​ကို ကဲ့​ရဲ့​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​အ​ထဲ​မှ​ထွက်​သွား၍ တ​ပည့်​တော်​တို့​ကို အ​သီး​အ​ခြား ခွဲ​ထား​ပြီး​မှ၊- တု​ရ​န္နု​အ​မည်​ရှိ​သော​သူ၏ စာ​သင်​ဇ​ရပ်၌ နှစ်​နှစ်​ပတ်​လုံး နေ့​တိုင်း ဟော​ပြော​သော​အား​ဖြင့်၊ အာ​ရှိ​ပြည်​သား​ဖြစ်​သော ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် ပေါ​လု​လက်​ဖြင့် အ​လွန်​တ​ရာ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို ပြ​တော်​မူ​သည်​ဖြစ်၍၊- ပေါ​လု​သုံး​သော​ပ​ဝါ၊ ခါး​ပန်း​တစ်​ခု​ခု​ကို အ​နာ​ရော​ဂါ​ရှိ​သော​သူ​တို့​ဆီ​သို့၊ ပေး​လိုက်၍၊ သူ​တို့​သည် အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ကြ၏။ နတ်​ဆိုး​တို့​လည်း ထွက်​သွား​ကြ၏။ ထို​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်၍ ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး​တတ်​သော ယု​ဒ​လူ​အ​ချို့​တို့​က၊ ပေါ​လု​ဟော​ပြော​သော ယေ​ရှု​ကို ငါ​တိုင်​တည်၍ သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏​ဟု ဆို​လျက်၊ နတ်​ဆိုး​စွဲ​သော သူ​တို့၏​အ​ပေါ်၌ သ​ခင်​ယေ​ရှု၏​နာ​မ​တော်​ကို မြွက်​စမ်း​ကြ၏။- သ​ကေ​ဝ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ သား​ခု​နစ်​ယောက်​တို့​သည် ထို​သို့​ပြု​ကြ၏။- နတ်​ဆိုး​က​လည်း၊ ယေ​ရှု​ကို​ငါ​သိ၏။ ပေါ​လု​ကို​လည်း ငါ​သိ၏။ သင်​တို့​ကား၊ အ​ဘယ်​သူ​နည်း​ဟု ပြော​ဆို​ပြီး​လျှင်၊- နတ်​ဆိုး​စွဲ​သော​သူ​သည် ထို​သူ​တို့​အ​ပေါ်​သို့ ခုန်​တက်၍​နိုင်​သ​ဖြင့် လု​ယက်​နှိပ်​စက်​သော​ကြောင့်၊ ထို​အိမ်​မှ အ​ဝတ်​မ​ပါ​ဘဲ​အ​နာ​များ​နှင့် ထွက်​ပြေး​စေ၏။- ထို​အ​ကြောင်း​အ​ရာ​ကို ဧ​ဖက်​မြို့၌​နေ​သော ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ၏။- ယုံ​ကြည်​သော​သူ​အ​များ​တို့​သည်​လည်း လာ၍ မိ​မိ​တို့​အ​ကျင့်​ကို ဖော်​ပြ​လျက်​တောင်း​ပန်​ကြ၏။- နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို​သုံး​ဆောင်​သော သူ​အ​များ​တို့​သည်​လည်း မိ​မိ​တို့​စာ​စောင်​ကို​ယူ​ခဲ့၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မီး​ရှို့​ကြ၏။ စာ​စောင်​အ​ဖိုး​ကို ချင့်​တွက်​သော်၊ ငွေ​အ​သ​ပြာ ငါး​သောင်း​ထိုက်​သည်​ကို သိ​ကြ၏။- ထို​သို့ သ​ခင်​ဘု​ရား၏​သာ​သ​နာ​တော်​သည် တန်​ခိုး​နှင့်​တိုး​ပွား၍ အောင်​မြင်​လေ၏။ ထို​နောက်​မှ ပေါ​လု​က၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ကို လျှောက်​သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​မည်။ ထို​မြို့​သို့ ရောက်​ပြီး​သည်​နောက်၊ ရော​မ​မြို့​ကို​မြင်​ရ​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ​သည်​ဖြစ်၍၊- မိ​မိ​အား​လုပ်​ကျွေး​သော သူ​နှစ်​ယောက်၊ တိ​မော​သေ​နှင့် ဧ​ရ​တ္တု​တို့​ကို မာ​ကေ​ဒေါ​နိ​ပြည်​သို့ စေ​လွှတ်​ပြီး​မှ မိ​မိ​သည် အာ​ရှိ​ပြည်၌ ခ​ဏ​နေ​သေး၏။ ထို​အ​ခါ ဘာ​သာ​တ​ရား​ကြောင့် ရောက်​သော အ​မှု​ကြီး​ဟူ​မူ​ကား၊- ဒေ​မေ​တ​ရိ​အ​မည်​ရှိ​သော ပန်း​ထိမ်​သ​မား​တစ်​ယောက်​သည် အာ​တေ​မိ​နတ်​သ​မီး၏ ငွေ​ဗိ​မာန်​ငယ်​တို့​ကို လုပ်​သ​ဖြင့်၊ ပန်း​ထိမ်​သ​မား​တို့​အား စီး​ပွား​များ​ကို ပြု​တတ်၏။- ထို​သူ​သည် ပန်း​ထိမ်​သ​မား​တို့​နှင့် ထို​သို့​သော အ​တတ်​သ​မား​များ​ကို စု​ရုံး​စေ​ပြီး​လျှင်၊ အ​ချင်း​လူ​တို့၊ ဤ​အ​တတ်​ကို​အ​မှီ​ပြု၍ ငါ​တို့​၌အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ၏။- ယ​ခု​တွင် ထို​ပေါ​လု​က၊ လူ​လက်​ဖြင့် လုပ်​သ​မျှ​တို့​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​သ​ဖြင့်၊ ဧ​ဖက်​မြို့​မှ​စ၍ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး ကုန်​မ​တတ်၊ လူ​အ​ပေါင်း​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​သည်​ကို သင်​တို့​သည် မြင်​လျက်၊ ကြား​လျက်​ရှိ​ကြ၏။- ထို​သို့​လူ​များ​တို့​သည် ငါ​တို့၏​အ​တတ်​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကြီး​မြတ်​သော နတ်​သ​မီး​အာ​တေ​မိ၏ ဗိ​မာန်​တော်​ကို ပ​မာ​ဏ​မ​ပြု​သ​ဖြင့်၊ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး​မှ​စ၍ လော​ကီ​နိုင်​ငံ​သား​တို့ ကိုး​ကွယ်​သော ဘုန်း​အ​သ​ရေ​တော်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ကို စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​ပါ​သည်​ဟု ပြော​ဆို၏။- ထို​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​တို့​သည် ဒေါ​သ​အ​မျက်​နှင့် ပြည့်​သ​ဖြင့်၊ ဧ​ဖက်​လူ​တို့၏ အာ​တေ​မိ​သည် ကြီး​မြတ်​တော်​မူ၏​ဟု အော်​ဟစ်​ကြ၏။- တစ်​မြို့​လုံး ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ ပေါ​လု​နှင့်​အ​တူ ဒေ​သ​စာ​ရီ လှည့်​လည်​သော မာ​ကေ​ဒေါ​နိ​လူ ဂါ​ယု​နှင့် အာ​ရိ​တ္တာ​ခု​တို့​ကို ဆွဲ​ယူ​ပြီး​လျှင်၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး​ဝင်​ကြ၏။- ပေါ​လု​သည် လူ​စု​ထဲ​သို့​ဝင်​ခြင်း​ငှာ အ​လို​ရှိ​လျှင် တ​ပည့်​တော်​တို့​သည် မြစ်​တား​ကြ၏။- ပေါ​လု၏​အ​ဆွေ​ဖြစ်​သော အာ​ရှိ​ပွဲ​မင်း​အ​ချို့ က​လည်း၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ကိုယ်​ကို​မ​အပ်​ပါ​နှင့်​ဟု သူ့​ထံ​သို့​စေ​လွှတ်၍ တောင်း​ပန်​လေ၏။- စု​ဝေး​သော​လူ​တို့​သည် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ တစ်​ယောက်​တ​ခြား​စီ အော်​ဟစ်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် မိ​မိ​တို့​စု​ဝေး​ရ​သည် အ​ကြောင်း​ကို​ပင် မိ​မိ​တို့​မ​သိ​ကြ။ ယု​ဒ​လူ​တို့​သည် အာ​လေ​ဇ​န္ဒြု​ကို အ​ခွင့်​ပေး၍ သူ​တစ်​ပါး​တို့​သည် လူ​စု​ရှေ့​သို့ သွား​စေ​သ​ဖြင့်၊ သူ​သည် လက်​နှင့်​အ​မှတ်​ပေး၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လူ​များ​တို့​အား ပြော​ခြင်း​ငှာ အ​လို​ရှိ၏။- သူ​သည် ယု​ဒ​လူ​ဖြစ်​သည်​ကို သိ​ကြ​လျှင်၊ ဧ​ဖက်​လူ​တို့၏ အာ​တေ​မိ​သည် ကြီး​မြတ်​တော်​မူ၏​ဟု နှစ်​နာ​ရီ​ခန့်​မျှ​လောက် လူ​အ​ပေါင်း​တို့​သည် တစ်​သံ​တည်း​နှင့် ဟစ်​ကြ၏။ မြို့​စာ​ရေး​သည် လူ​များ​ကို​တိတ်​စေ​ပြီး​လျှင်၊ ဧ​ဖက်​လူ​တို့၊ ဧ​ဖက်​မြို့​သည် ဇု​သ​ဘု​ရား​ထံ​မှ​ကျ​သော ရုပ်​တု​တော်​တည်း​ဟူ​သော ကြီး​မြတ်​တော်​မူ​သော အာ​တေ​မိ​ကို လုပ်​ကျွေး​သော ဘု​ရား​ကျွန်​ဖြစ်​သည်​ကို မ​သိ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- ဤ​အ​ရာ​များ​တို့​သည် ငြင်း​ခုံ​ဖွယ်​မ​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် တိတ်​ဆိတ်​စွာ နေ​သင့်​ကြ၏။- သ​တိ​နှင့်​မ​ဆင်​ခြင်​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​သင့်​ကြ၊ ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​ခြင်း​မ​ရှိ၊ သင်​တို့၏​ဘု​ရား​ကို မ​ကဲ့​ရဲ့​သော ဤ​လူ​တို့​ကို သင်​တို့​သည် ဆောင်​ယူ​ခဲ့​ကြ​ပြီ​တ​ကား။- ဒေ​မေ​တ​ရိ​မှ​စ၍ သူ​နှင့်​အ​တူ​ရှိ​သော ပန်း​ထိမ်​သ​မား​တို့​သည် တစ်​စုံ​တစ်​ယောက်​သော​သူ၌ အ​မှု​ရှိ​လျှင် ရုံး​တော်​ရှိ၏။ မြို့​ဝန်​မင်း​လည်း ရှိ၏။ အ​မှု​သည်​ချင်း တ​ရား​တွေ့​ကြ​စေ။- သို့​မ​ဟုတ် သင်​တို့​သည် အ​ခြား​အ​မှု​ကို အ​စီ​ရင်​ခံ​လို​လျှင်၊ တ​ရား​သော​အ​စည်း​အ​ဝေး၌ စီ​ရင်​ရ​လိမ့်​မည်။- ယ​နေ့ ရုန်း​ရင်း​ခတ်​ခြင်း​ကို ပြု​သော​ကြောင့် အ​မှု​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ဤ​မ​တ​ရား​သော စည်း​ဝေး​ခြင်း အ​ကြောင်း​ကို ပြော​စ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု၊- ဆို​ပြီး​လျှင် အ​စည်း​အ​ဝေး​ကို​ဖျက်​လေ၏။

တမန်တော် 19:1-41 Common Language Bible (BCL)

ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊- ``သင်​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ ယူ​ရ​ကြ​ပါ​၏​လော'' ဟု​မေး​၏။ ထို​သူ​တို့​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ရှိ တော်​မူ​ကြောင်း​ကို​ပင် ကျွန်ုပ်​တို့​မ​ကြား​ဘူး ပါ'' ဟု​ဆို​ကြ​၏။ ပေါ​လု​က ``ဤ​သို့​ဖြစ်​ပါ​မူ​သင်​တို့​သည် အ​ဘယ်​မည်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ခဲ့ ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ သူ​တို့​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ခံ​ခဲ့​ပါ​သည်'' ဟု​ဆို​ကြ​၏။ ပေါ​လု​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​သည် နောင်​တ​ရ​သူ​တို့​အ​ဖို့​ဖြစ်​၏။ ယော​ဟန်​သည် မိ​မိ​၏​နောက်​တွင်​ကြွ​လာ​တော်​မူ​မည့်​အ​ရှင် ကို​ယုံ​ကြည်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ဟော​ပြော​ခဲ့​၏။ ထို​အ​ရှင်​ကား​သ​ခင် ယေ​ရှု​ပေ​တည်း'' ဟု​ဆို​၏။ ထို​စ​ကား​ကို​ကြား​လျှင်​သူ​တို့​သည် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ကြ​၏။- ပေါ​လု​သည်​သူ​တို့​၏​ဦး​ခေါင်း​အ​ပေါ်​မှာ လက်​ကို​တင်​လိုက်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​သည်​သူ​တို့​၏​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ထူး​ဆန်း​သော​ဘာ သာ​စ​ကား​များ​ကို​ပြော​ကြ​၏။ ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​လည်း​ဟော​ပြော​ကြေ​ညာ ကြ​၏။- သူ​တို့​အ​ရေ​အ​တွက်​မှာ​တစ်​ဆယ့်​နှစ်​ယောက် မျှ​ရှိ​သ​တည်း။- ပေါ​လု​သည်​သုံး​လ​တိုင်​တိုင်​တ​ရား​ဇ​ရပ်​တွင် အ​ချေ​အ​တင်​ဆွေး​နွေး​ကာ​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း လူ​တို့​နား​လည်​သ​ဘော ပေါက်​လာ​စေ​ရန်​မ​ကြောက်​မ​ရွံ့​ဘဲ​ဟော ပြော​၏။- သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ခေါင်း​မာ​၍​မ​ယုံ ကြည်​သ​ဖြင့် လူ​အ​ပေါင်း​တို့​ရှေ့​တွင်​သ​ခင်​ဘု​ရား ၏​လမ်း​စဉ်​တော်​ကို​ရှုတ်​ချ​ပြော​ဆို​ကြ​၏။ သို့ ဖြစ်​၍​ပေါ​လု​သည်​တ​ပည့်​တော်​တို့​ကို​ခေါ် ၍ ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​ပြီး​လျှင် တု​ရန္နု ၏​စာ​သင်​ခန်း​မ​ဆောင်​တွင်​နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပွဲ​များ​ကို​ကျင်း​ပ​၏။- ဤ​သို့​နှစ်​နှစ်​တိုင်​တိုင်​ကျင်း​ပ​ရာ​အာ​ရှ​ပြည် တွင် နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​ဂ​ရိ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​ရ ကြ​၏။ ဘု​ရား​သ​ခင်​သည်​ပေါ​လု​အား​ဖြင့် အ​လွန် ထူး​ကဲ​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လျက် နေ​တော်​မူ​၏။- လူ​တို့​သည်​ပေါ​လု​ကိုင်​တွယ်​အ​သုံး​ပြု​သည့် ပ​ဝါ၊ အ​ဝတ်​အ​ထည်​စ​သည်​တို့​ကို​ပင်​သူ​နာ များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ထံ​ဆောင်​ယူ သွား​သ​ဖြင့် သူ​နာ​တို့​သည်​ရော​ဂါ​များ​ပျောက် ကင်း​၍​နတ်​မိစ္ဆာ​တို့​သည် မိ​မိ​တို့​ပူး​ဝင်​သူ​ထံ မှ​ထွက်​ခွာ​သွား​ကြ​၏။- ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။- ဤ​ပ​ယော​ဂ​ဆ​ရာ​တို့​ကား​ယဇ်​ပု​ရော​ဟိတ် ကြီး​သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​ဖြစ်​သ​တည်း။ သို့​ရာ​တွင်​နတ်​မိစ္ဆာ​က ``ယေ​ရှု​ကို​ငါ​သိ​၏။ ပေါ​လု​ကို​လည်း​ငါ​သိ​၏။ သို့​သော်​သင်​တို့​ကား မည်​သူ​များ​နည်း'' ဟု​သူ​တို့​အား​မေး​လေ​၏။ ထို​နောက်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​သည် သူ​တို့ အား​အ​ပြင်း​အ​ထန်​သတ်​ပုတ်​တိုက်​ခိုက်​ရာ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​လျက်​အ​နာ​တ​ရ ဖြစ်​ပြီး​လျှင်​အ​ဝတ်​များ​စုတ်​ပြဲ​၍ ထို​အိမ် မှ​ထွက်​ပြေး​ရ​ကြ​လေ​သည်။- ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ဧ​ဖက်​မြို့ တွင်​နေ​ထိုင်​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့် ဂ​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ ၏။ သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​လျက် သ​ခင် ယေ​ရှု​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။- ယုံ​ကြည်​သူ​အ​များ​ပင်​လာ​ရောက်​၍ မိ​မိ တို့​သည်​မှော်​အ​တတ်​ကို​အ​သုံး​ပြု​မိ​ခဲ့ ကြောင်း ပွင့်​လင်း​စွာ​ဖော်​ပြ​ဝန်​ခံ​ကြ​၏။- မှော်​အ​တတ်​ကို​အ​သုံး​ပြု​ခဲ့​သူ​အ​များ​ပင် မိ​မိ​တို့​၏​ကျမ်း​စောင်​များ​ကို​စု​သိမ်း​ယူ​ဆောင် လာ​၍ လူ​ပုံ​အ​လယ်​တွင်​မီး​ရှို့​ကြ​၏။ ထို​စာ​အုပ် များ​၏​တန်​ဖိုး​ကို​တွက်​ချက်​ကြည့်​သော​အ​ခါ ငွေ​အ​သ​ပြာ​ငါး​သောင်း​မျှ​ရှိ​ကြောင်း​တွေ့ ရှိ​ကြ​၏။- သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော်​အား ဖြင့် သာ​သ​နာ​တော်​သည်​ကြီး​ပွား​တိုး​တက် လျက်​နေ​၏။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။- သူ​သည်​မိ​မိ​၏​လက်​ထောက်​နှစ်​ယောက်​ဖြစ် သည့်​တိ​မော​သေ​နှင့်​ဧ​ရတ္တု​တို့​ကို​မာ​ကေ ဒေါ​နိ​ပြည်​သို့​စေ​လွှတ်​လိုက်​၏။ မိ​မိ​မူ​ကား အာရှ​ပြည်​တွင်​ကာ​လ​အ​နည်း​ငယ်​နေ​၏။ ထို​အ​ချိန်​၌​သ​ခင်​ဘု​ရား​လမ်း​စဉ်​တော်​၏ အ​တွက်​ကြောင့် ဧ​ဖက်​မြို့​တွင်​ဆူ​ပူ​လှုပ်​ရှား မှု​ကြီး​တစ်​ရပ်​ဖြစ်​ပေါ်​လာ​၏။- ဒေ​မေ​တ​ရိ​နာ​မည်​ရှိ​သော​ငွေ​ပန်း​ထိမ်​ဆ​ရာ သည် အာ​တေ​မိ​နတ်​သ​မီး​၏​ငွေ​နတ်​ကွန်း​ပုံ​တူ က​လေး​များ​ကို​ပြု​လုပ်​ခြင်း​အား​ဖြင့် လက်​မှု ပ​ညာ​သည်​များ​အား​များ​စွာ​ငွေ​ဝင်​လမ်း​ဖြောင့် စေ​ခဲ့​၏။- သူ​သည်​ထို​လုပ်​ငန်း​ဆိုင်​ရာ​အ​လုပ်​သ​မား​များ နှင့်​အ​လား​တူ လုပ်​ငန်း​ဆိုင်​ရာ​အ​ခြား​အ​လုပ် သ​မား​များ​ကို​စု​ရုံး​စေ​ပြီး​လျှင် ``အ​ချင်း​လူ တို့၊ ဤ​လုပ်​ငန်း​ဖြင့် ငါ​တို့​စီး​ပွား​လမ်း​ဖြောင့်​ခဲ့ ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။- ဤ​ပေါ​လု​ဆို​သူ​သည်​ဧ​ဖက်​မြို့​တွင်​သာ​မ​က အာ​ရှ​ပြည်​တစ်​ခု​လုံး​လို​လို​၌​ပင် `လူ့​လက်​ဖြင့် ပြု​လုပ်​သည့်​ဘု​ရား​များ​သည်​ဘု​ရား​လုံး​ဝ မ​ဟုတ်' ဟု​ဆို​၍​လူ​အ​မြောက်​အ​မြား​ကို ဖြား​ယောင်း​သွေး​ဆောင်​ကာ မှောက်​မှား​လမ်း​လွဲ စေ​သည်​ကို​သင်​တို့​ကိုယ်​တိုင်​ကြား​နိုင်​မြင် နိုင်​ကြ​၏။- လူ​တို့​သည်​ငါ​တို့​၏​အ​တတ်​ကို​ကဲ့​ရဲ့​ပြော​ဆို မည်​သာ​မ​က​အာ​ရှ​ပြည်​နှင့်​တ​ကွ ကမ္ဘာ​တစ်​ဝန်း လုံး​ကိုး​ကွယ်​သည့်​အာ​တေ​မိ​နတ်​သ​မီး​ကြီး​၏ ဂုဏ်​အ​သ​ရေ​ညှိုး​နွမ်း​လျက် သူ​၏​နတ်​ကွန်း​သည် လည်း​မ​ရေ​မ​ရာ​ဖြစ်​ရ​တော့​မည့်​ဘေး​နှင့်​ရင် ဆိုင်​နေ​ရ​၏'' ဟု​ပြော​၏။ ထို​စ​ကား​ကို​ကြား​လျှင်​လက်​မှု​ပ​ညာ​သည် တို့​သည် ဒေါ​သ​အ​မျက်​ထွက်​ကာ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု​ကြွေး​ကြော်​ကြ​၏။- တစ်​မြို့​လုံး​ဆူ​ဆူ​ညံ​ညံ​ဖြစ်​လျက်​လူ​တို့ သည် ပေါ​လု​၏​ခ​ရီး​သွား​ဖော်​များ​ဖြစ်​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား​ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု တို့​ကို​ဖမ်း​ဆီး​၍ မြို့​တော်​ခန်း​မ​ကြီး​သို့ အ​လျင်​အ​မြန်​ခေါ်​ဆောင်​သွား​ကြ​၏။- ပေါ​လု​သည်​မိ​မိ​ကိုယ်​တိုင်​ထို​လူ​ပ​ရိ​သတ် နှင့်​ရင်​ဆိုင်​လို​၏။ သို့​သော်​တ​ပည့်​တော်​တို့​က ထို​သို့​မ​ပြု​ရန်​ဆီး​တား​ကြ​၏။- ပေါ​လု​၏​အ​ဆွေ​ဖြစ်​သော​နယ်​အာ​ဏာ​ပိုင် အ​ချို့​တို့​က​လည်း မြို့​တော်​ခန်း​မ​ကြီး​ထဲ သို့​မ​ဝင်​ရန်​လူ​လွှတ်​၍​တောင်း​ပန်​ကြ​၏။- ဤ​အ​တော​အ​တွင်း​၌​လူ​တို့​သည် အ​မျိုး​မျိုး ဟစ်​အော်​ကြ​လျက်​အုတ်​အုတ်​သဲ​သဲ​ဖြစ်​၍ နေ​၏။- လူ​များ​စု​သည်​မိ​မိ​တို့​အ​ဘယ်​ကြောင့်​စု​ဝေး လျက်​နေ​ကြ​သည်​ကို​မ​သိ​ကြ။ ယု​ဒ​အ​မျိုး သား​တို့​သည်​အာ​လေ​ဇန္ဒြု​ကို​လူ​ပ​ရိ​သတ်​ရှေ့ သို့​သွား​စေ​သ​ဖြင့် လူ​ထု​အ​ထဲ​မှ​လူ​အ​ချို့ တို့​က​ထို​သူ​သည်​ဖြစ်​ပေါ်​လျက်​ရှိ​သည့်​အ​ရေး အ​ခင်း​နှင့်​ပတ်​သက်​သူ​ဖြစ်​မည်​ဟု​ယူ​ဆ ကြ​၏။ အာ​လေ​ဇန္ဒြု​သည်​ပ​ရိ​သတ်​အား ဆိတ်​ငြိမ်​ရန်​လက်​ရိပ်​ပြ​၏။ ချေ​ပ​ပြော​ဆို ရန်​ကြိုး​စား​၏။- သို့​ရာ​တွင်​သူ​သည်​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည် ကို လူ​တို့​သိ​ကြ​သော​အ​ခါ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု နှစ်​နာ​ရီ​ကြာ​မျှ​သံ​ပြိုင်​ကြွေး​ကြော်​ကြ​၏။ နောက်​ဆုံး​၌​မြို့​စာ​ရေး​သည်​လူ​ပ​ရိ​သတ်​တို့ အား ဆိတ်​ဆိတ်​နေ​စေ​ပြီး​လျှင် ``ဧဖက်​မြို့​သား တို့၊ ဧ​ဖက်​မြို့​တော်​သည်​ကြီး​မြတ်​သည့်​အာ တေ​မိ​နတ်​သ​မီး​၏​နတ်​ကွန်း​နှင့် ကောင်း​ကင် ဘုံ​မှ​ကျ​လာ​သည့်​ရုပ်​တု​တော်​တည်​ရှိ​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​လူ​တိုင်း​သိ​၏။- ဤ​အ​ချက်​ကို​အ​ဘယ်​သူ​မျှ​မ​ငြင်း​ဆို​နိုင်။ သို့​ဖြစ်​၍​သင်​တို့​သည်​ဆိတ်​ဆိတ်​နေ​သင့်​ကြ​၏။ မ​ဆင်​ခြင်​ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​သင့်။- သင်​တို့​သည်​ထို​သူ​တို့​ကို ဤ​နေ​ရာ​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ သူ​တို့​သည်​ငါ​တို့​၏​ဗိ​မာန်​တော်​ထဲ​ဝင် ၍​လု​ယက်​ခြင်း​မ​ပြု။ ငါ​တို့​၏​နတ်​သ​မီး​ကို စော်​ကား​သော​စ​ကား​ကို​လည်း​မ​ပြော။- သို့​ဖြစ်​၍​ဒေ​မေ​တ​ရိ​နှင့်​အ​ပေါင်း​ပါ​လက်​မှု ပ​ညာ​သည်​များ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား တ​ရား​စွဲ​ဆို​လို​လျှင် တ​ရား​ရုံး​ဖွင့်​ရက်​များ နှင့်​အာ​ဏာ​ပိုင်​များ​ရှိ​သ​ဖြင့် ရုံး​တော်​တွင် တ​ရား​စွဲ​ဆို​နိုင်​ပါ​၏။- သို့​ရာ​တွင်​သင်​တို့​မှာ​အ​ခြား​အ​မှု​ကိစ္စ​ရှိ ပါ​က တ​ရား​ဝင်​အ​စည်း​အ​ဝေး​၌​စီ​ရင် ဆုံး​ဖြတ်​ရ​မည်။- ယ​နေ့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​သည် ငါ​တို့ ကြောင့်​ဖြစ်​ရ​သည်​ဟု​အ​စွပ်​အ​စွဲ​ခံ​ရ​စ​ရာ ရှိ​၏။ ဤ​သို့​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​စ​ရာ​အ​ကြောင်း မ​ရှိ။ ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​ရ​သည်​ကို ငါ​တို့​ခိုင် လုံ​သည့်​အ​ကြောင်း​ပြ​ချက်​ပေး​နိုင်​ကြ​မည် မ​ဟုတ်'' ဟု​ဆို​၏။- ဤ​သို့​ဆို​ပြီး​လျှင်​မြို့​စာ​ရေး​သည်​လူ​ပ​ရိ သတ်​တို့​အား ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​စေ လေ​သည်။

တမန်တော် 19:1-41 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာပေါလု​သည် ကောရိန္သု​မြို့​၌​ရှိ​နေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​ဒေသ​များ​ကို​ဖြတ်​၍ ဧဖက်​မြို့​သို့ ဆင်း​လာ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​ကို တွေ့​သဖြင့် “သင်​တို့​ယုံကြည်​ကြ​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​သလော”​ဟု မေး​လေ​ရာ သူ​တို့​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​ရှိ​ကြောင်း​ကို​ပင် အကျွန်ုပ်​တို့​မ​ကြား​ဖူး​ပါ”​ဟု ဖြေကြား​ကြ​၏။ ပေါလု​က​လည်း “သို့ဖြစ်လျှင် မည်သည့်​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​သနည်း”​ဟု မေး​လျှင် သူ​တို့​က “ယောဟန်​၏​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​ပါ​သည်”​ဟု ဖြေကြား​ကြ​၏။ ထိုအခါ ပေါလု​က “ယောဟန်​သည် ‘မိမိ​နောက်​တွင်​ကြွလာ​မည့်​အရှင်​ကို​ယုံကြည်​ရ​မည်’​ဟု ဆို​လျက် လူ​တို့​အား နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​ကို​ပေး​၏။ ထိုသို့​ဆိုရာ​၌​ယေရှု​ကို​ဆိုလို​၏”​ဟု ဆို​လေ​၏။ သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် သခင်​ယေရှု​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​၏။ ပေါလု​သည် သူ​တို့​အပေါ်​လက်​တင်​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ​တို့​အပေါ်သို့ သက်ရောက်​သဖြင့် သူ​တို့​သည် အခြား​သော​ဘာသာ​စကား​များ​ကို​ပြောဆို​လျက် ပရောဖက်ပြု​ဟောပြော​ကြ​၏။ ထို​သူ​တို့​သည် အားလုံး​ပေါင်း​တစ်ဆယ့်နှစ်​ယောက်​ခန့်မျှ​ရှိ​ကြ​၏။ ထို့နောက် ပေါလု​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သုံး​လ​ပတ်လုံး ရဲရင့်​စွာ​ဟောပြော​လျက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဆွေးနွေး​ပြောဆို​ကာ လူ​တို့​ကို​စည်းရုံး​လေ​၏။ သို့သော် လူ​အချို့​တို့​သည် ခေါင်းမာ​လျက် မ​ယုံကြည်​ဘဲ လူထု​ပရိသတ်​ရှေ့​တွင် တရား​လမ်း​ကို ပုတ်ခတ်​ပြောဆို​ကြ​သောအခါ ပေါလု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ ထို​သူ​တို့​ထံမှ ထွက်ခွာ​ပြီး တုရန္နု​၏​စာသင်ခန်းမ​၌ နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​လေ​၏။ နှစ်​နှစ်​ပတ်လုံး ထိုသို့​ပြု​သောကြောင့် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ အာရှ​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရ​ကြ​၏။ ဘုရားသခင်​သည် ပေါလု​၏​လက်​ဖြင့် အလွန်​ထူးခြား​သော​တန်ခိုး​လက္ခဏာ​များ​ကို ပြု​တော်မူ​၏။ သူ့​ကိုယ်​ပေါ်မှ ပဝါ​၊ သို့မဟုတ် ခါးစည်း​အဝတ်​ကို​ယူသွား​၍ နာမကျန်း​ဖြစ်​သူ​များ​အပေါ်​တင်​လျှင် သူ​တို့​၏​ရောဂါ​များ​ပျောက်ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်သွား​ကြ​၏။ ထိုအခါ လှည့်လည်​နေ​ကြ​သော ဂျူး​လူမျိုး​ပယောဂ​ဆရာ​အချို့​တို့​သည် နတ်​ဆိုး​ပူး​သူ​များ​အပေါ်​၌ သခင်​ယေရှု​၏​နာမ​တော်​ကို တိုင်တည်​ခေါ်ဆို​ရန် ကြံစည်​အားထုတ်​လျက် “ပေါလု​ဟောပြော​သော​ယေရှု​အားဖြင့် သင်​တို့​ကို အလေးအနက်​ငါ​အမိန့်​ပေး​၏”​ဟု ဆို​ကြ​၏။ ထိုသို့​ပြု​သော​သူ​များ​မှာ ဂျူး​လူမျိုး​ယဇ်ပုရောဟိတ်​မင်း သကေဝ​၏​သား​ခုနစ်​ယောက်​တို့​ဖြစ်​ကြ​၏။ သို့ရာတွင် နတ်​ဆိုး​က “ယေရှု​ကို ငါ​သိ​၏။ ပေါလု​ကို​လည်း ငါ​သိ​၏။ သင်​တို့​မူကား မည်သူ​ဖြစ်​ကြ​သနည်း”​ဟု သူ​တို့​အား ဆို​ပြီးလျှင် ထို​နတ်​ဆိုး​ပူး​သူ​သည် သူ​တို့​အပေါ်သို့​ခုန်​တက်​ကာ သူ​တို့​အားလုံး​ကို​နှိမ်နင်း​၍ အနိုင်ယူ​သောကြောင့် သူ​တို့​သည် ထို​အိမ်​မှ အဝတ်မပါ​ဘဲ ဒဏ်ရာ​များ​နှင့်​ထွက်ပြေး​ကြ​ရ​၏။ ဧဖက်​မြို့​၌​နေထိုင်​ကြ​သော ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​အပေါင်း​တို့​သည် ထို​အကြောင်း​ကို ကြားသိ​သောအခါ သူ​တို့​အားလုံး​ကြောက်ရွံ့​လျက် သခင်​ယေရှု​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​၏။ ယုံကြည်​သူ များစွာ​တို့​သည်​လည်း လာ​၍ မိမိ​တို့​ပြု​မိ​သော​အရာ​များ​ကို ထုတ်ဖော်​ဝန်ခံ​ကြ​၏။ မှော်အတတ်​ကို​သုံး​ခဲ့​သူ​များစွာ​တို့​သည်​လည်း ၎င်း​နှင့်ပတ်သက်​သော​စာအုပ်​များ​ကို စုစည်း​ယူဆောင်​လာ​၍ အားလုံး​တို့​ရှေ့​၌ မီးရှို့​ကြ​၏။ ထို​စာအုပ်​များ​၏​တန်ဖိုး​ကို တွက်ချက်​ကြ​ရာ ငွေဒင်္ဂါး​ငါး​သောင်း​ဖိုး​ရှိ​ကြောင်း တွေ့ရှိ​ကြ​၏။ ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် တန်ခိုး​အရှိန်အဝါ​ဖြင့်​ကြီးထွား​လျက် ဩဇာလွှမ်း​လေ​၏။ ဤ​အဖြစ်အပျက်​များ​ပြီးဆုံး​ပြီးနောက် ပေါလု​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​တို့​ကို ဖြတ်သွား​၍ ဂျေရုဆလင်​မြို့​သို့​သွား​ရန် ဝိညာဉ်​တော်​အားဖြင့်​ဆုံးဖြတ်​လျက် “ငါ​သည် ထို​မြို့​သို့​သွား​ပြီးလျှင် ရောမ​မြို့​ကို​လည်း မြင်​ရ​မည်”​ဟု ဆို​၏။ ထို့ကြောင့် သူ​သည် မိမိ​ကို​ကူညီ​ဆောင်ရွက်​ပေး​သူ​များ​ထဲမှ တိမောသေ​နှင့်​ဧရတ္တု​တို့​နှစ်​ဦး​ကို မာကေဒေါနိ​ပြည်​သို့​စေလွှတ်​၍ သူ​ကိုယ်တိုင်​သည် အာရှ​ပြည်​တွင် ခေတ္တ​နေ​ခဲ့​၏။ ထို​အချိန်​အတွင်း တရား​လမ်း​နှင့်​ပတ်သက်၍ အကြီးအကျယ်​ရုတ်ရုတ်သဲသဲ​ဖြစ်​လေ​၏။ ဖြစ်​ရ​သည့်​အကြောင်း​ကား ဒေမေတရိ​အမည်​ရှိ​သော ငွေ​ပန်းထိမ်​ဆရာ​တစ်​ဦး​သည် အာတေမိ​နတ်ဘုရားမ​၏​ငွေ​ဗိမာန်​ငယ်​ကို ပြုလုပ်​ခြင်း​အားဖြင့် ပန်းထိမ်သမား​တို့​အား အကျိုးစီးပွား​များစွာ ဖြစ်ထွန်း​စေ​၏။ သူ​သည် ထို​သူ​တို့​အပါအဝင် အလားတူ​လုပ်ငန်း​မျိုး​လုပ်ကိုင်​နေ​သော​သူ​များ​ကို စုဝေး​စေ​လျက် “မိတ်ဆွေ​တို့၊ ဤ​လုပ်ငန်း​အားဖြင့် ငါ​တို့​အကျိုးစီးပွား​ဖြစ်ထွန်း​သည်​ကို သင်​တို့​သိ​ကြ​၏။ သို့သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အတိုင်း ဤ​ပေါလု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အရာ​များ​သည် ဘုရား​မ​ဟုတ်​ဟု​ဆို​လျက် ဧဖက်​မြို့​သာမက​အာရှ​ပြည်​တစ်ပြည်လုံး​နီးပါး​၌ များစွာ​သော​လူ​တို့​ကို စည်းရုံး​ပြီး လမ်းလွဲ​စေ​ခဲ့​၏။ ဤ​အမှုအရာ​သည် ငါ​တို့​၏​လုပ်ငန်း​ကို နာမည်​ပျက်​စေ​မည်​ဟု စိုးရိမ်​ရ​သည်​သာမက ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​သည် ပမာဏပြု​စရာ​မ​ရှိ​တော့​ဘဲ အာရှ​ပြည်​နှင့် ကမ္ဘာ​တစ်ဝန်းလုံး​ကိုးကွယ်​သည့် နတ်ဘုရားမ​၏​ခန့်ညား​ထည်ဝါ​မှု​သည်​လည်း ကွယ်ပျောက်​သွား​တော့မည်​ဟု စိုးရိမ်​ရ​၏”​ဟု ပြောဆို​လေ​၏။ သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​ဒေါသ​ထွက်​၍ “ဧဖက်​မြို့သား​တို့​၏​အာတေမိ​သည် ကြီးမြတ်​ပေ​၏”​ဟု အော်ဟစ်​ကြ​၏။ ထိုအခါ တစ်​မြို့​လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​လေ​၏။ လူ​တို့​သည် ပေါလု​နှင့်အတူ​လိုက်ပါ​သည့် မာကေဒေါနိ​ပြည်သား ဂါယု​နှင့်​အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေး​ဝင်​သွား​ကြ​၏။ ပေါလု​သည် လူစုလူဝေး​ထဲသို့​ဝင်​လို​သော်လည်း တပည့်​တော်​တို့​သည် သူ့​ကို​တားမြစ်​ကြ​၏။ ပေါလု​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​သော အာရှ​ပြည်​အကြီးအကဲ​အချို့​တို့​က​လည်း သူ့​ထံ​လူ​လွှတ်​၍ ဇာတ်ရုံ​ထဲသို့ အရဲစွန့်​လျက်​မ​ဝင်​သွား​ရန် တောင်းပန်​ကြ​၏။ လူ​အစုအဝေး​သည် ရုန်းရင်းဆန်ခတ်​ဖြစ်​၍ တစ်ယောက်တစ်မျိုးစီ​အော်ဟစ်​နေ​ကြ​၏။ လူ​အများစု​သည် မိမိ​တို့​အဘယ်ကြောင့်​စုဝေး​လာ​ကြ​သည်​ကို​ပင် မ​သိ​ကြ​ချေ ။ ဂျူး​လူမျိုး​တို့​သည် အလက်ဇန္ဒြား​ဆို​သူ​တစ်​ဦး​ကို ရှေ့သို့​ထွက်​စေ​၍ လူ​အစုအဝေး​ထဲမှ​အချို့​တို့​က​လည်း သူ့​ကို​ထောက်ခံ​သဖြင့် အလက်ဇန္ဒြား​သည် လက်ရိပ်​ပြ​ကာ လူစုလူဝေး​အား ချေပ​ပြောဆို​ရန် ကြိုးစား​လေ​၏။ သို့သော် သူ​သည် ဂျူး​လူမျိုး​ဖြစ်​ကြောင်း လူ​တို့​သိ​ကြ​သောအခါ အားလုံး​သည် တစ်သံတည်း​ဖြင့် “ဧဖက်​မြို့သား​တို့​၏​အာတေမိ​သည် ကြီးမြတ်​ပေ​၏”​ဟု နှစ်​နာရီ​ခန့်မျှ ကြွေးကြော်​ကြ​၏။ ထို့နောက် မြို့​စာရေး​သည် လူ​အစုအဝေး​ကို တိတ်ဆိတ်​စေ​ပြီးလျှင် “ဧဖက်​မြို့သား​တို့၊ ဧဖက်​မြို့​သည် ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​နှင့် ကောင်းကင်​မှ​ကျ​လာ​သော​ရုပ်ပွား​တော်​တို့​ကို ထိန်းသိမ်း​စောင့်ရှောက်​သော​မြို့​ဖြစ်​ကြောင်း မ​သိ​သော​သူ​တစ်စုံတစ်ဦး​ရှိ​သလော။ ဤ​အချက်​သည် ငြင်းဆို​၍​မ​ရ​နိုင်​သည့်​အချက်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သည့်​အမှု​ကို​မျှ မဆင်မခြင်​မ​ပြု​ဘဲ တိတ်ဆိတ်​စွာ​နေ​သင့်​၏။ အကြောင်းမူကား သင်​တို့​ခေါ်ဆောင်​ခဲ့​သော ဤ​သူ​တို့​သည် ဗိမာန်​တော်​ကို လုယက်​သော​သူ​လည်း​မ​ဟုတ်။ ငါ​တို့​၏​နတ်​ဘုရား​မ​ကို စော်ကား​ပြောဆို​သော​သူ​လည်း​မ​ဟုတ်။ ထို့ကြောင့် ဒေမေတရိ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​ပန်းထိမ်သမား​တို့​သည် တစ်စုံတစ်ဦး​ကို တရားစွဲ​ဆို​ရန်​ရှိ​လျှင် တရားရုံး​များ​ဖွင့်​ထား​ပြီး အုပ်ချုပ်ရေးမှူး​များ​လည်း ရှိ​ကြ​သည်​ဖြစ်၍ အမှုသည်​ချင်း တရားတွေ့​ကြ​ပါစေ။ သို့သော် သင်​တို့​သည် အခြား​ကိစ္စ​တစ်စုံတစ်ခု​အလိုရှိ​လျှင် တရားဝင်​အစည်းအဝေး​၌ ဆုံးဖြတ်​ရ​မည်။ ယနေ့​ဖြစ်​ခဲ့​သော​အမှု​နှင့်​ပတ်သက်၍ ခိုင်လုံ​သော​အကြောင်းပြ​ချက် တစ်စုံတစ်ခု​မျှ​မ​ရှိ​သောကြောင့် ငါ​တို့​သည် ဆူပူ​အုံကြွ​မှု​အတွက် စွဲဆို​ခံရ​မည်​ဟု​စိုးရိမ်​ရ​၏။ ငါ​တို့​သည် ဤ​ပူးပေါင်း​ကြံစည်​မှု​အတွက် ဖြေရှင်း​ချက်​ပေး​နိုင်​မည်​မ​ဟုတ်”​ဟု ဆို​လျက် လူ​အစုအဝေး​ကို ပြန်လွှတ်​လိုက်​လေ​၏။