YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 17:26-28

တမန်တော် 17:26-28 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ဘု​ရား​သ​ခင်​ကို ရှာ​စမ်း​သ​ဖြင့် တွေ့​ကောင်း​တွေ့​ကြ​လိမ့်​မည် အ​ကြောင်း​တည်း။ သို့​ဆို​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် အ​ဘယ်​သူ​နှင့်​မျှ ဝေး​တော်​မူ​သည်​မ​ဟုတ်။- ငါ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​လျက်​ရှိ​ကြ၏။ ထို​သို့​နှင့်​အ​ညီ၊ သင်​တို့​တွင် လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ ငါ​တို့​သည်​ကား၊ နွယ်​တော်​သား​ပင်၊ ဘု​ရား​မျိုး​ပေ၊ ဖြစ်​ကြ​လေ​ဟု စပ်​ဆို​သ​တည်း။

တမန်တော် 17:26-28 Common Language Bible (BCL)

ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​ကို​တွေ့​လို တွေ့​ငြား လူ​တို့​စမ်း​သပ်​ရှာ​ဖွေ​ကြ​စေ​ရန်​ပင် ဖြစ်​၏။ သို့​ရာ​တွင်၊ `ငါ​တို့​သည်​ကိုယ်​တော်​အား​ဖြင့် သက်​ရှင်​လှုပ်​ရှား​ရပ်​တည်​လျက်​ရှိ​ကြ​၏' ဟူ​၍​ပ္ဂိုလ်​တစ်​ဦး​က​ဆို​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​သည်​အ​မှန်​အား​ဖြင့် ငါ​တို့​တစ်​ဦး​တစ် ယောက်​နှင့်​မျှ​ဝေး​တော်​မူ​သည်​မ​ဟုတ်။ သင်​တို့ ၏​လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ `ငါ​တို့​သည်​လည်း​ကိုယ်​တော်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏' ဟု​စပ်​ဆို​သ​တည်း။

တမန်တော် 17:26-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။ ဤသို့ပြုခြင်းမှာ လူ​တို့​သည် ဘုရားသခင်​ကို လိုက်စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာဖွေ​ကြ​စေရန် အတွက်​ဖြစ်​၏။ အမှန်စင်စစ် ကိုယ်တော်​သည် ငါ​တို့​တစ်စုံတစ်ဦး​နှင့်​မျှ ဝေးကွာ​တော်မူ​သည်​မ​ဟုတ်။ အကြောင်းမူကား သင်​တို့​ထဲမှ ကဗျာ​ဆရာ​အချို့​တို့​က ‘စင်စစ်ဆိုသော် ငါ​တို့​သည်​ကား ကိုယ်တော့်​အမျိုးအနွယ် ဖြစ်​ကြ​ကုန်​၏’​ဟု စပ်ဆို​ထား​သည့်​အတိုင်း ငါ​တို့​သည် ကိုယ်တော်​၌ အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်တည်​လျက် ရှိ​ကြ​၏။