YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 17:26-28

တမန်တော်ဝတ္ထု 17:26-28 MSBU

ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။ ဤသို့ပြုခြင်းမှာ လူ​တို့​သည် ဘုရားသခင်​ကို လိုက်စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာဖွေ​ကြ​စေရန် အတွက်​ဖြစ်​၏။ အမှန်စင်စစ် ကိုယ်တော်​သည် ငါ​တို့​တစ်စုံတစ်ဦး​နှင့်​မျှ ဝေးကွာ​တော်မူ​သည်​မ​ဟုတ်။ အကြောင်းမူကား သင်​တို့​ထဲမှ ကဗျာ​ဆရာ​အချို့​တို့​က ‘စင်စစ်ဆိုသော် ငါ​တို့​သည်​ကား ကိုယ်တော့်​အမျိုးအနွယ် ဖြစ်​ကြ​ကုန်​၏’​ဟု စပ်ဆို​ထား​သည့်​အတိုင်း ငါ​တို့​သည် ကိုယ်တော်​၌ အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်တည်​လျက် ရှိ​ကြ​၏။