YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 17:16-34

တမန်တော် 17:16-34 Judson Bible (JBMLE)

ပေါ​လု​သည် အာ​သင်​မြို့၌ သိ​လ​နှင့် တိ​မော​သေ​တို့​ကို ငံ့​လင့်၍ နေ​စဉ်​တွင်၊ ထို​မြို့​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ​သည်​ကို​မြင်​လျှင် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၏။- ထို​ကြောင့် တ​ရား​ဇ​ရပ်၌ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော သူ​တို့​နှင့်​လည်း​ကောင်း၊ လူ​များ​စု​ဝေး​ရာ​အ​ရပ်၌ နေ့​တိုင်း​တွေ့​ကြုံ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆွေး​နွေး​နှီး​နှော​ခြင်း​ကို ပြု၏။- ထို​အ​ခါ ဧ​ပိ​ကု​ရု​တ​ပည့်​တို့​နှင့် သ​တော​အိတ် ပ​ညာ​ရှိ​အ​ချို့​တို့​သည် ပေါ​လု​နှင့် ဆိုင်​ပြိုင်၍၊ အ​ချို့​က၊ ဤ​မ​ရေ​ရာ​သော​လူ​သည် အ​ဘယ်​သို့​ပြော​ချင်​သ​နည်း​ဟု ဆို၏။ အ​ချို့​က​လည်း၊ ဤ​သူ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ နတ်​ဘု​ရား​တို့၏ အ​ကြောင်း​ကို ဟော​ပြော​သော​သူ ဖြစ်​ဟန်​ရှိ​သည်​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ပေါ​လု​သည် ယေ​ရှု၏​တ​ရား​နှင့် ထ​မြောက်​ခြင်း တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သ​တည်း။- ထို​အ​ခါ၊ ထို​သူ​တို့​သည် ပေါ​လု​ကို​ခေါ်၍ အာ​ရေ​တောင်​သို့ ဆောင်​သွား​ပြီး​လျှင်၊ သင်​သည် ဟော​ပြော​သော ဤ​အ​ယူ​ဝါ​ဒ​သစ်​ကို ငါ​တို့ သိ​အပ်​သ​လော။- ငါ​တို့ မ​သိ​မ​ကျွမ်း​ဖူး​သော​အ​ရာ​တို့​ကို သင်​သည် ကြား​ပြော၏။ ထို​အ​ရာ​များ​ကား အ​ဘယ်​သို့ ဆို​လို​သည်​ကို ငါ​တို့​သိ​ချင်​ပါ​သည်​ဟု ဆို​ကြ၏။- အာ​သင်​မြို့​သူ မြို့​သား​အ​ပေါင်း​တို့​နှင့် ဧည့်​သည်​များ​တို့​သည် သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း၊ နား​ထောင်​ခြင်း အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​ဖြင့် ကာ​လ​ကို မ​လွန်​စေ​တတ်​ကြ။ ထို​အ​ခါ ပေါ​လု​သည် အာ​ရေ​တောင်​ပေါ်၌ ရပ်​လျက်၊ အ​ချင်း အာ​သင်​လူ​တို့၊ သင်​တို့​သည် ခပ်​သိမ်း​သော​အ​ရာ​တို့၌ နတ်​ဘု​ရား​တို့​ကို အ​လွန်​ရို​သေ​တတ်​ကြ​သည်​ကို ငါ​မြင်​ပါ၏။- လမ်း၌​သွား၍​သင်​တို့၏ ဘု​ရား​များ​ကို ကြည့်​ရှု​သည်​တွင်၊ ငါ​တို့​မ​သိ​သော ဘု​ရား​သ​ခင်​အ​ဖို့​ဟူ၍ အ​က္ခ​ရာ​တင်​သော ယဇ်​ပ​လ္လင်​တစ်​ခု​ကို တွေ့​ပါ၏။ သင်​တို့​သည် မ​သိ​ဘဲ​လျက် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို ငါ​ဟော​ပြော၏။- လော​က​ဓာတ်​မှ​စ၍ လော​က​ဓာတ်၌ ရှိ​လေ​သ​မျှ​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ဖြစ်၍၊ လူ​တို့​လက်​ဖြင့် လုပ်​သော​ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သူ​တို့​အား ဇီ​ဝ​အ​သက်​နှင့် တ​ကွ ထွက်​သက်​ဝင်​သက်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်၍၊ တစ်​စုံ​တစ်​ခု​ကို အ​လို​တော်​ရှိ​သ​ကဲ့​သို့ လူ​တို့​လက်​ဖြင့် ကျွေး​မွေး​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ဘု​ရား​သ​ခင်​ကို ရှာ​စမ်း​သ​ဖြင့် တွေ့​ကောင်း​တွေ့​ကြ​လိမ့်​မည် အ​ကြောင်း​တည်း။ သို့​ဆို​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် အ​ဘယ်​သူ​နှင့်​မျှ ဝေး​တော်​မူ​သည်​မ​ဟုတ်။- ငါ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​လျက်​ရှိ​ကြ၏။ ထို​သို့​နှင့်​အ​ညီ၊ သင်​တို့​တွင် လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ ငါ​တို့​သည်​ကား၊ နွယ်​တော်​သား​ပင်၊ ဘု​ရား​မျိုး​ပေ၊ ဖြစ်​ကြ​လေ​ဟု စပ်​ဆို​သ​တည်း။ ထို​သို့​ငါ​တို့​သည် ဘု​ရား​သ​ခင်၏ အ​မျိုး​အ​နွယ်​ဖြစ်​လျက်​နှင့် လူ​တို့​အ​တတ်​အ​ကြံ​အ​စည်​အား​ဖြင့် ထု​လုပ်​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက်​ရုပ်​တု​နှင့် ဘု​ရား​သ​ခင်​တူ​တော်​မူ​သည်​ဟု မ​ထင်​မ​မှတ်​အပ်။- ဘု​ရား​သ​ခင်​သည် မိုက်​မဲ​သော အ​ချိန်​ကာ​လ​တို့​ကို အ​မှု​မ​ထား​ဖူး​သော်​လည်း၊ ယ​ခု​မှာ ကိုယ်​အ​ပြစ်​ကို မြင်၍ နောင်​တ​ရ​ကြ​လော့​ဟု ခပ်​သိမ်း​သော အ​ရပ်​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​အား ပ​ညတ်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ခန့်​ထား​တော်​မူ​သော သူ​အား​ဖြင့် လော​ကီ​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ညီ​လျော်​စွာ စစ်​ကြော​စီ​ရင် မည့်​နေ့​ရက်​ကို ချိန်း​ချက်​တော်​မူ​ပြီ။ ထို​သူ​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့် ခပ်​သိမ်း​သော​လူ​တို့​အား ယုံ​လောက်​သော သက်​သေ​ကို​ပြ​တော်​မူ​ပြီ​ဟု ပေါ​လု​ဟော​ပြော၏။- သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ရ​လျှင်၊ အ​ချို့​တို့​သည် ကဲ့​ရဲ့​ကြ၏။ အ​ချို့​တို့​က၊ ဤ​အ​မှု​မှာ သင်၏​စ​ကား​ကို ငါ​တို့​သည် နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်​ဟု ဆို​ကြ၏။- ထို​သို့​ဆို​ကြ​သော​အ​ခါ ပေါ​လု​သည် ထို​သူ​တို့ အ​ထဲ​မှ ထွက်​သွား​လေ၏။- လူ​အ​ချို့​တို့​သည် ပေါ​လု၌ မှီ​ဝဲ​ဆည်း​ကပ်၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။ ထို​သူ​တို့​အ​ဝင် ဒ​ယော​နု​သိ အ​မည်​ရှိ​သော အာ​ရေ​တောင် မင်း​တစ်​ယောက်၊ ဒ​မာ​ရိ အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​မှ​စ၍ အ​ခြား​သော​သူ​ရှိ​ကြ၏။

တမန်တော် 17:16-34 Common Language Bible (BCL)

ပေါ​လု​သည်​အာ​သင်​မြို့​တွင် သိ​လ​နှင့်​တိ​မော​သေ တို့​ကို​စောင့်​ဆိုင်း​လျက်​နေ​စဉ် ထို​မြို့​တွင်​ရုပ်​တု များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည်​ကို​မြင်​သ​ဖြင့် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။- ထို့​ကြောင့်​တ​ရား​ဇ​ရပ်​တွင်​ယု​ဒ​အ​မျိုး​သား များ၊ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​များ​နှင့် လည်း​ကောင်း၊ နေ့​စဉ်​နေ့​တိုင်း​မြို့​တွင်း​မြေ​ကွက် လပ်​သို့​လာ​ရောက်​ကြ​သူ​များ​နှင့်​လည်း​ကောင်း တ​ရား​ဆွေး​နွေး​၏။- ဧ​ပိ​ကု​ရု​နှင့်​သ​တော​အိပ်​ဟု​ခေါ်​သော အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​၏။ ထို သူ​အ​ချို့​တို့​က ``ဤ​စ​ကား​အိုး​သည်​အ​ဘယ် အ​ရာ​ကို​ပြော​ဆို​နေ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ အ​ခြား​သူ​များ​က ``သူ​သည်​လူ​မျိုး​ခြား​တို့​၏ နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ပြော​ဆို​နေ​ဟန် တူ​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြော​ကြ ခြင်း​မှာ​ပေါ​လု​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း တို့​ကို​ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ပေါ​လု​ကို အာ​ရေ​တောင် တ​ရား​ရုံး​တော်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ``သင် ဟော​ပြော​နေ​သည့်​အ​ယူ​ဝါ​ဒ​သစ်​အ​ကြောင်း ကို​ငါ​တို့​သိ​ပါ​ရ​စေ။- သင်​တို့​ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​အ​ချို့ တို့​မှာ ငါ​တို့​အ​တွက်​အ​သစ်​အ​ဆန်း​ဖြစ်​၍ နေ​ပါ​၏။ ထို​အ​ရာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ငါ​တို့​သိ​ချင်​ပါ​သည်'' ဟု​ဆို​ကြ​၏။- (အာ​သင်​မြို့​သား​အ​ပေါင်း​တို့​နှင့်​ထို​မြို့​တွင် နေ​ထိုင်​သူ​ဧည့်​သည်​များ​သည် သ​တင်း​အ​သစ် အ​ဆန်း​ကို​ပြော​ဆို​ကြား​နာ​ခြင်း​အား​ဖြင့် အ​ချိန်​ကို​ကုန်​လွန်​စေ​တတ်​ကြ​၏။) ပေါ​လု​သည် အာ​ရေ​တောင်​တ​ရား​ရုံး​တော်​ရှေ့ တွင်​ရပ်​လျက် ``အာ​သင်​မြို့​သား​တို့၊ သင်​တို့​သည် လွန်​စွာ​ဘု​ရား​တ​ရား​ကြည်​ညို​သူ​များ​ဖြစ် ကြောင်း အ​စ​စ​အ​ရာ​ရာ​ကို​ထောက်​၍​ငါ​သိ ရ​၏။- ငါ​သည်​သင်​တို့​မြို့​ကို​လှည့်​လည်​၍ ဘု​ရား ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ကြည့်​ရှု​ခဲ့​စဉ် `ငါ တို့​မ​သိ​သော​ဘု​ရား​အ​တွက်' ဟူ​၍​ကမ္ပည်း လိပ်​စာ​ရေး​ထိုး​ထား​သည့်​ယဇ်​ပလ္လင်​တစ်​ခု ကို​တွေ့​ရှိ​ခဲ့​ပါ​၏။ ဤ​သို့​သင်​တို့​မ​သိ​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော​ဘု​ရား​၏​အ​ကြောင်း ကို​သင်​တို့​အား​ယ​ခု​ငါ​ဟော​ပြော​ပါ​၏။- ကမ္ဘာ​လော​က​ကြီး​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် မိုး​မြေ​ကို​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ဖြစ်​၍​လူ့​လက်​ဖြင့်​ဆောက်​လုပ်​သည့် ဘုံ​ဗိ​မာန်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ။- ထို​အ​ရှင်​ကိုယ်​တိုင်​ပင်​လူ​ခပ်​သိမ်း​တို့​အား အ​သက်​နှင့်​တ​ကွ​အ​ခြား​လို​အပ်​သည့်​အ​ရာ ရှိ​သ​မျှ​ကို​ပေး​သ​နား​တော်​မူ​၏။ သို့​ဖြစ် ၍​တစ်​စုံ​တစ်​ခု​ကို​လို​လား​၍​လူ့​လက်​မှ အ​ထောက်​အ​ပံ့​ကို​ခံ​ယူ​ရန်​မ​လို​ပေ။- ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​ကို​တွေ့​လို တွေ့​ငြား လူ​တို့​စမ်း​သပ်​ရှာ​ဖွေ​ကြ​စေ​ရန်​ပင် ဖြစ်​၏။ သို့​ရာ​တွင်၊ `ငါ​တို့​သည်​ကိုယ်​တော်​အား​ဖြင့် သက်​ရှင်​လှုပ်​ရှား​ရပ်​တည်​လျက်​ရှိ​ကြ​၏' ဟူ​၍​ပ္ဂိုလ်​တစ်​ဦး​က​ဆို​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​သည်​အ​မှန်​အား​ဖြင့် ငါ​တို့​တစ်​ဦး​တစ် ယောက်​နှင့်​မျှ​ဝေး​တော်​မူ​သည်​မ​ဟုတ်။ သင်​တို့ ၏​လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ `ငါ​တို့​သည်​လည်း​ကိုယ်​တော်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏' ဟု​စပ်​ဆို​သ​တည်း။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​ကြ​သည့်​အား​လျော်​စွာ ဘု​ရား​သ​ခင်​သည် လူ​တို့​၏​စိတ်​ကူး​နှင့်​အ​နု​ပ​ညာ​စွမ်း​ရည်​ဖြင့် ထု​လုပ်​ထား​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက် ရုပ်​တု​တို့​နှင့်​တူ​တော်​မူ​သည်​ဟု​မ​ထင်​မ​မှတ် အပ်။- ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​လူ​တို့​မ​သိ​သည့် အ​ချိန်​ကာ​လ​များ​ကို​ရှု​မှတ်​တော်​မ​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​၌​အ​ရပ်​ခပ်​သိမ်း​မှ လူ​အ​ပေါင်း​တို့​အား​နောင်​တ​ရ​စေ​ခြင်း ငှာ​အ​မိန့်​ပေး​တော်​မူ​ပြီ။- အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရွေး​ချယ်​ခန့် ထား​တော်​မူ​သော​အ​ရှင်​အား​ဖြင့် လော​က​သား တို့​ကို​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သည့် နေ့​ရက်​ကို​သတ်​မှတ်​တော်​မူ​ပြီး​သော​ကြောင့် တည်း။ ထို​သို့​ဖြစ်​မည်​အ​ကြောင်း​ကို​ထို​အ​ရှင် အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား​ခိုင်​လုံ သော​သက်​သေ​ပြ​တော်​မူ​ပြီ'' ဟု​ဟော​ပြော လေ​၏။ သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း ကို​ကြား​သော​အ​ခါ လူ​အ​ချို့​တို့​သည်​ပြောင် လှောင်​ကြ​၏။ သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​က မူ ``သင်​ပြော​ဆို​နေ​သည့်​အ​ကြောင်း​အ​ရာ​ကို ငါ​တို့​တစ်​ဖန်​ကြား​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။- သို့​ဖြစ်​၍​ပေါ​လု​သည်​တ​ရား​ရုံး​တော်​မှ ထွက်​သွား​လေ​သည်။- အ​ချို့​သော​သူ​တို့​သည်​ပေါ​လု​နှင့်​ပေါင်း​ဖော် ပြီး​လျှင် ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို သူ​တို့​တွင်​ဒ​ယော​နု​သိ​နာ​မည်​ရှိ​သော​အာ​ရေ တောင်​တ​ရား​ရုံး​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး၊ ဒ​မာ​ရိ နာ​မည်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အ​ခြား သူ​အ​ချို့​တို့​ပါ​ဝင်​ကြ​၏။

တမန်တော် 17:16-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပေါလု​သည် အေသင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိမိ​စိတ်​တွင် မခံမရပ်နိုင်​ဖြစ်​ရ​လေ​၏။ ထို့ကြောင့် သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ဂျူး​လူမျိုး​မှစ၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက် ဈေး​အရပ်​တွင်​လည်း ထို​အရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​၏။ ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။ ထိုအခါ သူ​တို့​သည် ပေါလု​ကို အာရေပါဂု​ရုံး​တော်​သို့ ခေါ်သွား​ပြီးလျှင် “သင်​ဟောပြော​နေ​သော ဤ​အယူဝါဒ​အသစ်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါရစေ။ အကြောင်းမူကား သင်​သည် ငါ​တို့​အတွက်​အသစ်အဆန်း​ဖြစ်​သော​အရာ​အချို့​တို့​ကို ယူဆောင်​လာ​သည်​ဖြစ်၍ ၎င်း​တို့​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။ အေသင်​မြို့သား​များ​မှစ၍ အလည်အပတ်​ရောက်ရှိ​လာ​သော သူစိမ်း​ဧည့်သည်​အပေါင်း​တို့​သည် အသစ်အဆန်း​ဖြစ်​သော​အရာ​တစ်စုံတစ်ခု​ကို ပြောဆို​ရန်၊ သို့မဟုတ် ကြားနာ​ရန်​အတွက်​သာ အချိန်​ကို​အသုံးချ​တတ်​ကြ​၏။ ထို့ကြောင့် ပေါလု​သည် အာရေပါဂု​ရုံး​တော်​အလယ်​၌​ရပ်​လျက် “အေသင်​မြို့သား​တို့၊ သင်​တို့​သည် အရာရာ​၌ ဘာသာ​တရား​အလွန်​ကိုင်းရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။ သင်​တို့​ကိုးကွယ်​သော​အရာ​များ​ကို လှည့်လည်​၍​ကြည့်ရှု​စဉ် ‘မ​သိ​သော​ဘုရား​အတွက်’​ဟု ကမ္ပည်းထိုး​ထား​သည့် ယဇ်ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်ပြု​ကိုးကွယ်​နေ​သော ထို​ဘုရား​အကြောင်း​ကို သင်​တို့​အား ငါ​ဟောပြော​ပါ​မည်။ ကမ္ဘာလောက​နှင့် ၎င်း​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် အသက်​နှင့်တကွ ထွက်သက်ဝင်သက်​နှင့် အရာ​ခပ်သိမ်း​တို့​ကို လူ​အပေါင်း​တို့​အား ပေး​တော်မူ​သည်​ဖြစ်၍ တစ်စုံတစ်ခု​ကို​လိုအပ်​သည့်​အလား လူ့​လက်​ဖြင့်​ပြုစု​ခြင်း​ကို ခံ​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။ ဤသို့ပြုခြင်းမှာ လူ​တို့​သည် ဘုရားသခင်​ကို လိုက်စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာဖွေ​ကြ​စေရန် အတွက်​ဖြစ်​၏။ အမှန်စင်စစ် ကိုယ်တော်​သည် ငါ​တို့​တစ်စုံတစ်ဦး​နှင့်​မျှ ဝေးကွာ​တော်မူ​သည်​မ​ဟုတ်။ အကြောင်းမူကား သင်​တို့​ထဲမှ ကဗျာ​ဆရာ​အချို့​တို့​က ‘စင်စစ်ဆိုသော် ငါ​တို့​သည်​ကား ကိုယ်တော့်​အမျိုးအနွယ် ဖြစ်​ကြ​ကုန်​၏’​ဟု စပ်ဆို​ထား​သည့်​အတိုင်း ငါ​တို့​သည် ကိုယ်တော်​၌ အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်တည်​လျက် ရှိ​ကြ​၏။ ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​ကို လူ​၏​အတတ်ပညာ​နှင့်​စဉ်းစား​ဆင်ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်းထု​ပြုလုပ်​ထား​သည့် ရုပ်တု​နှင့်​တူ​သည်​ဟု​မ​ထင်မှတ်​သင့်​ပေ။ ဘုရားသခင်​သည် လူ​တို့​မသိနားမလည်​သည့်​အချိန်​ကာလ​ကို အမှုမထား​ခဲ့​သော်လည်း ယခု​အခါ နေရာ​တိုင်း​ရှိ လူ​အပေါင်း​တို့​အား နောင်တရ​ကြ​ရန် အမိန့်​ပေး​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​ခန့်အပ်​ထား​သော​အရှင်​အားဖြင့် ကမ္ဘာ​လောက​အား ဖြောင့်မတ်​စွာ​တရား​စီရင်​မည့်​နေ့ရက်​ကို သတ်မှတ်​ထား​တော်မူ​ပြီး ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ခြင်း​အားဖြင့် လူ​အပေါင်း​တို့​အား ခိုင်လုံ​သော​အထောက်အထား​ကို​ပေး​တော်မူ​၏”​ဟု ဆို​လေ​၏။ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။ ထိုအခါ ပေါလု​သည် သူ​တို့​ထံမှ ထွက်သွား​လေ​၏။ သို့သော် လူ​အချို့​တို့​သည် ပေါလု​နှင့်​ပေါင်းဖော်​၍ ယုံကြည်​ကြ​၏။ သူ​တို့​ထဲတွင် အာရေပါဂု​ရုံး​တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်​သော ဒယောနုသိ​နှင့် ဒမာရိ​အမည်​ရှိ​အမျိုးသမီး​တို့​အပြင် သူ​တို့​နှင့်အတူ​ရှိ​သော အခြား​သူ​များ​ပါ​ကြ​၏။