YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 14:8-18

တမန်တော် 14:8-18 Judson Bible (JBMLE)

အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သ​ဖြင့်၊ တစ်​ခါ​မျှ မ​သွား​ဖူး​သော လူ​တစ်​ယောက်​သည် လု​တ္တ​ရ​မြို့၌ ထိုင်​လျက်၊- ပေါ​လု​ဟော​ပြော​သည်​ကို ကြား​လေ၏။ ပေါ​လု​သည်​လည်း ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ရော​ဂါ​ကင်း​မည်​အ​ကြောင်း သူ၌​ယုံ​ကြည်​ခြင်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊- ထ၍​မတ်​တတ်​ရပ်​လော့​ဟု ကြီး​သော​အ​သံ​နှင့် ဆို​သ​ဖြင့်၊ ထို​သူ​သည် ရုတ်​တ​ရက်​ထ၍ လှမ်း​သွား​လေ၏။- ပေါ​လု​ပြု​သော​အ​မှု​ကို​မြင်​သော လူ​အ​စု​အ​ဝေး​တို့​က၊ နတ်​ဘု​ရား​တို့​သည် လူ​အ​ယောင်​ကို​ဆောင်၍ ငါ​တို့​ရှိ​ရာ​သို့ ဆင်း​သက်​ပါ​သည်​တ​ကား​ဟု လု​ကော​နိ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​သံ​ကို​လွှင့်၍ ဆို​ကြ၏။- ပေါ​လု​သည်​သာ၍ ဟော​ပြော​သော​ကြောင့် သူ့​ကို ဟေ​ရ​မေ​ဟူ၍​လည်း​ကောင်း၊ ဗာ​န​ဗ​ကို ဇု​သ​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​ကြ၏။- ထို​မြို့​ရှေ့၌​ရှိ​သော ဇု​သ၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား​နှင့် ပန်း​ကုံး​ကို မြို့​တံ​ခါး​နား​သို့​ယူ​ခဲ့၍၊ လူ​အ​စု​အ​ဝေး​တို့​နှင့်​တ​ကွ ယဇ်​ပူ​ဇော်​မည်​ပြု​သည်​ကို၊- တ​မန်​တော်​ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် သ​တင်း​ကြား​လျှင်၊ မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍ လူ​စု​ထဲ​သို့ ပြေး​ဝင်​လျက်၊- အ​ချင်း​လူ​တို့၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည် သင်​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ​ဖြစ်​ပါ၏။ သင်​တို့​သည် ဤ​အ​ချည်း​နှီး​သော​အ​ရာ​တို့​ကို ပယ်​ကြ၍၊ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍၊ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​ရ​ကြ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။- ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တို့၌၊ လူ​အ​မျိုး​မျိုး​တို့​သည် မိ​မိ​တို့​အ​လို​အ​လျောက် ကျင့်​ကြ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​သည် အ​လွတ်​ထား​တော်​မူ၏။- သို့​သော်​လည်း၊ သင်​တို့​အား ကျေး​ဇူး​ပြု​လျက်၊ အ​စာ​အာ​ဟာ​ရ​နှင့် ဝ​ပြော၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​မှ မိုး​ရွာ​စေ​တော်​မူ၍၊ အ​သီး​အ​နှံ​တို့​ကို သီး​စေ​တတ်​သော ဥ​တု​ကို​ပေး​တော်​မူ​သော​အား​ဖြင့်၊ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ကို သက်​သေ​မ​ခံ​ဘဲ နေ​တော်​မ​မူ​ဟု ပေါ​လု​နှင့် ဗာ​န​ဗ​သည် ကြွေး​ကြော်​လေ၏။- ထို​သို့​ကြွေး​ကြော်​သ​ဖြင့် လူ​အ​စု​အ​ဝေး​တို့​သည် ယဇ်​ပူ​ဇော်​ခြင်း​ကို မ​ပြု​ရ​မည်​အ​ကြောင်း မြစ်​တား​ခဲ​သော​အ​မှု​ကို မြစ်​တား​လေ၏။

တမန်တော် 14:8-18 Common Language Bible (BCL)

လုတ္တ​ရ​မြို့​တွင်​အ​ဘယ်​အ​ခါ​က​မျှ​လမ်း​မ လျှောက်​နိုင်​ခဲ့​သူ၊ မွေး​စ​က​ပင်​ခြေ​မ​စွမ်း​မ​သန် ခဲ့​သူ​လူ​တစ်​ယောက်​ရှိ​၏။- သူ​သည်​ပေါ​လု​ဟော​ပြော​သည်​ကို​နား​ထောင် လျက်​နေ​၏။ ပေါ​လု​သည်​သူ့​အား​စိုက်​ကြည့် လိုက်​သော​အ​ခါ ရော​ဂါ​ပျောက်​ကင်း​စေ​နိုင် လောက်​အောင်​သူ့​မှာ​ယုံ​ကြည်​မှု​ရှိ​ကြောင်း ကို​သိ​မြင်​လျှင်၊- ``ထ​၍​မတ်​မတ်​ရပ်​လော့'' ဟု​ထို​သူ​အား အ​သံ​ကျယ်​စွာ​ဆို​၏။ ထို​အ​ခါ​သူ​သည် ခုန်​၍​ထ​ပြီး​လျှင်​လမ်း​လျှောက်​လေ​၏။- လူ​ပရိသတ်​တို့​သည်​ပေါ​လု​ပြု​သော​အ​မှု အ​ရာ​ကို​မြင်​လျှင် ``နတ်​ဘု​ရား​တို့​သည်​လူ့ အ​သွင်​ကို​ဆောင်​၍ ငါ​တို့​ထံ​သို့​သက်​ဆင်း လာ​လေ​ပြီ'' ဟု​မိ​မိ​တို့​လု​ကော​နိ​ဘာ​သာ စ​ကား​ဖြင့်​ကြွေး​ကြော်​ကြ​၏။- သူ​တို့​သည်​ဗာ​န​ဗ​အား​ဇု​သ​ဟု​ခေါ်​ကြ​၏။ ခေါင်း​ဆောင်​၍​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် ပေါ​လု အား​ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။- ဇု​သ​နတ်​ဘု​ရား​၏​ဗိ​မာန်​သည်​မြို့​အ​ပြင်​တွင် ရှိ​ရာ ထို​နတ်​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား လား​များ​နှင့်​ပန်း​ကုံး​များ​ကို​မြို့​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​၏။ သူ​နှင့်​တ​ကွ​လူ​ပ​ရိ​သတ်​တို့ သည် တ​မန်​တော်​တို့​အား​ယဇ်​ပူ​ဇော်​ပ​သ​လို ကြ​၏။ ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊- အ​ချင်း​လူ​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည်​လည်း​သင်​တို့​ကဲ့ သို့​ပင်​လူ​သာ​မန်​များ​သာ​ဖြစ်​ကြ​၏။ သင်​တို့ သည်​ဤ​သို့​အ​ကျိုး​မ​ရှိ​သည့်​အ​မှု​အ​ရာ​များ ကို​စွန့်​ပစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​အား​ဆည်း​ကပ်​ကြ​စေ​ရန် ငါ​တို့​သည် သင်​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ရောက်​ရှိ​လာ​ကြ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​မိုး​မြေ​ကို​လည်း​ကောင်း ပင်​လယ်​နှင့်​အ​ရပ်​ခပ်​သိမ်း​တွင်​ရှိ​လေ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​ကောင်း​ဖန်​ဆင်း​တော် မူ​၏။- လွန်​ခဲ့​သော​ခေတ်​ကာ​လ​များ​က​ကိုယ်​တော် သည်​လူ​မျိုး​တ​ကာ​တို့​အား မိ​မိ​တို့​အ​လို ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​ကျင့်​ခွင့်​ကို​ပေး​တော် မူ​ခဲ့​၏။- သို့​ရာ​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​သက် သေ​ခံ​အ​ထောက်​အ​ထား​များ​ဖြင့် လူ​တို့​အား အ​စဉ်​ပင်​ပြ​သ​တော်​မူ​၏။ ကိုယ်​တော်​သည် ကောင်း​ကင်​မှ​မိုး​ကို​ရွာ​စေ​လျက်​အ​ချိန်​တန် လျှင် သီး​နှံ​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။ သင် တို့​အား​အ​စာ​အာ​ဟာ​ရ​ကျွေး​မွေး​၍​စိတ် ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ​၏'' ဟု​ကြွေး ကြော်​လေ​သည်။- ဤ​သို့​တ​မန်​တော်​တို့​ကြွေး​ကြော်​ကြ​သော် လည်း လူ​တို့​ယဇ်​ပူ​ဇော်​ရန်​ကြိုး​စား​မှု​ကို​မူ ဆီး​တား​၍​မ​ရ​ချေ။

တမန်တော် 14:8-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လုတ္တရ​မြို့​တွင် ခြေ​ချည့်​သော​လူ​တစ်​ဦး​ထိုင်​လျက်​နေ​၏။ သူ​သည် အမိ​ဝမ်းတွင်း​ကပင် ခြေ​မသန်စွမ်း​သူ​ဖြစ်​လျက် တစ်ခါမျှ လမ်း​မ​လျှောက်​ခဲ့​ဖူး​ပေ။ ထို​သူ​သည် ပေါလု​ဟောပြော​သည်​ကို နားထောင်​နေ​၏။ ပေါလု​သည် ထို​သူ​ကို စေ့စေ့​ကြည့်​၍ အကောင်း​ပကတိ​ဖြစ်​ရန် သူ​၌ ယုံကြည်​ခြင်း​ရှိ​ကြောင်း မြင်​လျှင် “ထ​၍ သင့်​ခြေထောက်​ဖြင့် မတ်မတ်​ရပ်​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​၏။ ထိုအခါ သူ​သည် ထခုန်​၍ လမ်းလျှောက်​လေ​၏။ လူ​တို့​သည် ပေါလု​ပြု​သော​အရာ​ကို မြင်​လျှင် “ဘုရား​များ​သည် လူ့​အသွင်​ကို​ဆောင်​လျက် ငါ​တို့​ထံသို့ ဆင်းသက်​လာ​လေ​ပြီ”​ဟု မိမိ​တို့​အသံ​ကို​ကျယ်စွာပြု​၍ လုကောနိ​ဘာသာ​စကား​ဖြင့် ပြောဆို​ကြ​၏။ သူ​တို့​သည် ဗာနဗ​ကို ဇုသ​ဟု​ခေါ်​၍ ပေါလု​သည် ဦးဆောင်​ဟောပြော​သူ​ဖြစ်​သောကြောင့် သူ့​ကို ဟေရမေ​ဟု​ခေါ်​ကြ​၏။ မြို့​အပြင်​၌​ရှိ​သော ဇုသ​၏​ယဇ်ပုရောဟိတ်​သည် လူထု​ပရိသတ်​နှင့်အတူ ယဇ်​ပူဇော်​လို​၍ နွားလား​နှင့်​ပန်းကုံး​များ​ကို မြို့​တံခါးဝ​သို့ ယူဆောင်​လာ​၏။ တမန်တော်​ဗာနဗ​နှင့်​ပေါလု​တို့​သည် ထို​အကြောင်း​ကို​ကြား​လျှင် မိမိ​တို့​၏​အဝတ်​ကို​ဆုတ်ဖြဲ​၍ လူထု​ပရိသတ်​အလယ်​သို့​ပြေးသွား​ကာ “မိတ်ဆွေ​တို့၊ အဘယ်ကြောင့် ဤ​အရာ​တို့​ကို ပြု​ကြ​သနည်း။ ငါ​တို့​သည်​လည်း သင်​တို့​နည်းတူ သာမန်​လူသား​များ​ဖြစ်​ကြ​ပြီး သင်​တို့​သည် ဤ​အချည်းနှီး​သော​အရာ​များ​ကို​စွန့်ခွာ​၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော အသက်ရှင်​သည့်​ဘုရားသခင်​ထံသို့ ပြောင်းလဲ​ကြ​ရန် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏။ လွန်လေပြီး​သော​ခေတ်​ကာလ​များ​တွင် ဘုရားသခင်​သည် လူမျိုး​တကာ​တို့​ကို မိမိ​တို့​လမ်းစဉ်​အတိုင်း​လျှောက်လှမ်း​ကြ​ရန် အခွင့်​ပေး​ထား​တော်မူ​၏။ သို့သော် မိမိ​အကြောင်း​ကို သက်သေ​မ​ခံ​ဘဲ​နေ​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် သင်​တို့​အတွက် ကောင်းကင်​မှ​မိုး​ရွာ​စေ​တော်မူ​၍ အသီးအနှံ​ဖြစ်ထွန်း​သော ရာသီ​တို့​ကို​ပေး​ကာ အစာ​အာဟာရ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ဖြင့် သင်​တို့​စိတ်နှလုံး​ကို ပြည့်ဝ​စေ​လျက် ကောင်း​သော​အမှု​ကို ပြု​တော်မူ​၏”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။ သူ​တို့​သည် ထိုသို့​ပြောဆို​လျက် မိမိ​တို့​အား ယဇ်​ပူဇော်​ခြင်း​မ​ပြု​ကြ​ရန် လူထု​ပရိသတ်​များ​ကို ခဲယဉ်း​စွာ​တားမြစ်​ရ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။