YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 14:19-22

တမန်တော် 14:19-22 Judson Bible (JBMLE)

ထို​အ​ခါ ယု​ဒ​လူ​တို့​သည် အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့​မှ​လာ​ကြ၍ လူ​အ​စု​အ​ဝေး​တို့​ကို ညှိ​ညွတ်​တိုင်​ပင်​ပြီး​လျှင်၊ ပေါ​လု​ကို ကျောက်​ခဲ​နှင့်​ပစ်၍ သေ​ပြီ​ဟု စိတ်​ထင်​နှင့် မြို့​ပြင်​သို့ ဆွဲ​ငင်​ကြ၏။- တ​ပည့်​တော်​တို့​သည် ဝန်း​ရံ၍​နေ​ကြ​စဉ်၊ ပေါ​လု​သည်​ထ၍ မြို့​ထဲ​သို့​ဝင်​ပြန်၏။ နက်​ဖြန်​နေ့၌ ဗာ​န​ဗ​နှင့်​တ​ကွ ဒေ​ရ​ဗေ​မြို့​သို့ ထွက်​သွား​လေ၏။ ထို​မြို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ လူ​များ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ​ပြီး​မှ၊ လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၊ အ​န္တိ​အုတ်​မြို့​တို့​ကို အ​စဉ်​အ​တိုင်း လှည့်​လည်၍​ပြန်​ကြ၏။- ထို​သို့​ပြန်​ကြ​စဉ်၊ တ​ပည့်​တော်​များ၏​စိတ်​နှ​လုံး​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မည်​အ​ကြောင်း နှိုး​ဆော်​ချီ​ပင့်၍၊ ငါ​တို့​သည် များ​ပြား​သော​ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ရ​ကြ​မည်​ဟု ဟော​ပြော​ပြ​ညွှန်​ကြ၏။

တမန်တော် 14:19-22 Common Language Bible (BCL)

သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​အ​ချို့​သည်​အန္တိ အုတ်​မြို့​နှင့်​ဣ​ကော​နိ​မြို့​တို့​မှ​ရောက်​လာ​ကြ ပြီး​လျှင် လူ​ပ​ရိ​သတ်​တို့​ကို​မိ​မိ​တို့​ဘက်​သို့ ပါ​အောင်​ဆွဲ​ဆောင်​ကြ​၏။ ထို​နောက်​ပေါ​လု​ကို ခဲ​ဖြင့်​ပေါက်​၍ သေ​လု​ပြီ​ဟု​ထင်​သ​ဖြင့်​မြို့ ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။- သို့​သော်​မိ​မိ​၏​ပတ်​လည်​တွင်​တ​ပည့်​တော်​တို့ ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​ထ​၍​မြို့ ထဲ​သို့​ဝင်​လေ​၏။ နောက်​တစ်​နေ့​၌​ပေါ​လု​နှင့် ဗာ​န​ဗ​သည်​ဒေ​ရ​ဗေ​မြို့​သို့​ထွက်​ခွာ​သွား ကြ​၏။ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ဒေ​ရ​ဗေ​မြို့​တွင် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သ​ဖြင့် လူ​အ​မြောက်​အ​မြား​တ​ပည့်​တော်​များ​ဖြစ် လာ​ကြ​၏။ ထို​နောက်​လုတ္တ​ရ​မြို့၊ ဣ​ကော​နိ မြို့​နှင့်​ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ပြန် ကြ​၏။- ``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။

တမန်တော် 14:19-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ အန္တိအုတ်​မြို့​နှင့်​ဣကောနိ​မြို့​တို့​မှ ဂျူး​လူမျိုး​တို့​သည် ရောက်လာ​ကြ​ပြီး လူထု​ပရိသတ်​များ​ကို​စည်းရုံး​ကာ ပေါလု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်မှတ်​လျက် မြို့​ပြင်​သို့​ဆွဲထုတ်​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ့​ကို​ဝိုင်းရံ​လျက်​နေ​ကြ​စဉ် သူ​သည် ထ​၍ မြို့​ထဲသို့​ဝင်​လေ​၏။ နောက်တစ်နေ့​တွင် ပေါလု​သည် ဗာနဗ​နှင့်အတူ ဒေရဗေ​မြို့​သို့ ထွက်ခွာ​သွား​လေ​၏။ သူ​တို့​သည် ထို​မြို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​များစွာ​တို့​ကို တပည့်​တော်​ဖြစ်​စေ​ကြ​၏။ ထို့နောက် လုတ္တရ​မြို့၊ ဣကောနိ​မြို့​နှင့် အန္တိအုတ်​မြို့​များ​သို့ ပြန်သွား​ပြီးလျှင် တပည့်​တော်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​လျက် ယုံကြည်​ခြင်း​၌ ဆက်၍​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​ကာ “ငါ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် များစွာ​သော​ဆင်းရဲ​ဒုက္ခ​ကို ဖြတ်သန်း​ရ​မည်”​ဟု ဆို​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။