YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 14:19-22

တမန်တော်ဝတ္ထု 14:19-22 BCL

သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​အ​ချို့​သည်​အန္တိ အုတ်​မြို့​နှင့်​ဣ​ကော​နိ​မြို့​တို့​မှ​ရောက်​လာ​ကြ ပြီး​လျှင် လူ​ပ​ရိ​သတ်​တို့​ကို​မိ​မိ​တို့​ဘက်​သို့ ပါ​အောင်​ဆွဲ​ဆောင်​ကြ​၏။ ထို​နောက်​ပေါ​လု​ကို ခဲ​ဖြင့်​ပေါက်​၍ သေ​လု​ပြီ​ဟု​ထင်​သ​ဖြင့်​မြို့ ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။- သို့​သော်​မိ​မိ​၏​ပတ်​လည်​တွင်​တ​ပည့်​တော်​တို့ ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​ထ​၍​မြို့ ထဲ​သို့​ဝင်​လေ​၏။ နောက်​တစ်​နေ့​၌​ပေါ​လု​နှင့် ဗာ​န​ဗ​သည်​ဒေ​ရ​ဗေ​မြို့​သို့​ထွက်​ခွာ​သွား ကြ​၏။ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ဒေ​ရ​ဗေ​မြို့​တွင် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သ​ဖြင့် လူ​အ​မြောက်​အ​မြား​တ​ပည့်​တော်​များ​ဖြစ် လာ​ကြ​၏။ ထို​နောက်​လုတ္တ​ရ​မြို့၊ ဣ​ကော​နိ မြို့​နှင့်​ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ပြန် ကြ​၏။- ``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။