YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 13:13-52

တမန်တော် 13:13-52 Judson Bible (JBMLE)

ပေါ​လု​နှင့် ပါ​သော​သူ​တို့​သည် ပါ​ဖု​မြို့​မှ​လွှင့်၍ ပမ်​ဖု​လိ​ပြည်၊ ပေ​ရ​ဂေ​မြို့​သို့​ရောက်​ကြ​လျှင်၊ ယော​ဟန်​သည် သူ​တို့​ထံ​မှ​ထွက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လေ၏။- ပေ​ရ​ဂေ​မြို့​မှ​ထွက်​သွား​ပြန်၍ ပိ​သိ​ဒိ​ပြည်၊ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ထိုင်​ကြ၏။- ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​ကို ဖတ်​ရွတ်​ပြီး​မှ၊ တ​ရား​ဇ​ရပ်​မှူး​တို့​သည်၊ ညီ​အစ်​ကို​တို့၊ လူ​များ​အား ဆုံး​မ​စ​ရာ​စ​ကား​ရှိ​လျှင် ဟော​ပြော ကြ​ပါ​ဟု လူ​ကို​စေ​လွှတ်၍ ကြား​ပြော​စေ၏။ ထို​အ​ခါ​ပေါ​လု​သည်​ထ၍ မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လျက်၊ ဣ​သ​ရေ​လ​လူ​မှ​စ၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။- ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘိုး​ဘေး​များ​ကို ရွေး​ကောက်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​သော ထို​လူ​မျိုး​ကို ချီး​မြှောက်​သ​ဖြင့်၊ ထင်​ရှား​သော လက်​တော်​နှင့် ထို​ပြည်​မှ နုတ်​ဆောင်​တော်​မူ၏။- အ​နှစ်​လေး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး တော၌ ကျွေး​မွေး​တော်​မူ၏။- ခါ​နာန်​ပြည်၌ လူ​ခု​နစ်​မျိုး​တို့​ကို ပယ်​ရှား​ပြီး​လျှင်၊ ထို​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ပေး​ကမ်း ဝေ​ငှ​တော်​မူ၏။- ထို​နောက်​မှ ပ​ရော​ဖက်​ရှ​မွေ​လ​မ​ပေါ်​မ​ရှိ​မီ အ​နှစ်​လေး​ရာ​ငါး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး၊ တ​ရား​သူ​ကြီး​တို့​ကို ပေး​တော်​မူ၏။- နောက်​တစ်​ဖန် ရှင်​ဘု​ရင်​ကို တောင်း​ကြ​သော​အ​ခါ ရှော​လု​အ​မည်​ရှိ​သော ကိ​ရှ၏​သား၊ ဗင်္ယာ​မိန် အ​မျိုး​ဖြစ်​သော​သူ​ကို အ​နှစ်​လေး​ဆယ်​ပတ်​လုံး ပေး​တော်​မူ၏။- နောက်​မှ​ထို​သူ​ကို​ပယ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဒါ​ဝိဒ်​ကို ချီး​မြှောက်​တော်​မူ၏။ ထို​သူ​အား သက်​သေ​ခံ​တော်​မူ​လျက်၊ စိတ်​နှ​လုံး၌ ညီ​ညွတ်​သည်​ဖြစ်၍ ငါ့​အ​လို​ကို​ပြည့်​စုံ​စေ​မည့်​သူ၊ ယေ​ရှဲ၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ရ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​သူ၏​အ​မျိုး​အ​နွယ်​ထဲ၌ ဘု​ရား​သ​ခင်​သည် က​တိ​တော်​အ​တိုင်း ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ကို ဣ​သ​ရေ​လ​လူ​တို့​အား ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။- ထို​သ​ခင်​ကြွ​လာ​တော်​မ​မူ​မီ ယော​ဟန်​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား နောင်​တ​နှင့် စပ်​ဆိုင်​သော​ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​ပြော​နှင့်​လေ၏။- ယော​ဟန်​သည် မိ​မိ​ဆောင်​ရွက်​ရ​သော အ​မှု​ကို​ပြု၍ နေ​စဉ်​တွင်၊ ငါ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို သင်​တို့ ထင်​မှတ်​ကြ​သ​နည်း။ ငါ​သည် ထို​သူ​ဖြစ်​သည်​မ​ဟုတ်။ ငါ့​နောက်​ကြွ​လာ​သော​သူ​တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကို ငါ​မ​ချွတ်​ထိုက်​ဟု​ဆို၏။- အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော ညီ​အစ်​ကို​မှ​စ၍ သင်​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ဤ​ကယ်​တင်​တော်​မူ​ခြင်း တ​ရား​စ​ကား​ကို သင်​တို့​အား ကြား​လိုက်​တော်​မူ၏။- ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​သူ​တို့​နှင့်​တ​ကွ မင်း​များ​တို့​သည် ထို​သ​ခင်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​တိုင်း​အ​စဉ်​ဖတ်​ရွတ်​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို​လည်း​ကောင်း၊ မ​သိ​နား​မ​လည်​သော​ကြောင့်၊ ထို​သ​ခင်​ကို​စီ​ရင်​သော​အား​ဖြင့်၊ ထို​ပ​ရော​ဖက်​တို့၏ စ​ကား​ကို​ပြည့်​စုံ​စေ​ကြ​ပြီ။- ကိုယ်​တော်၌​သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​သော်​လည်း၊ ကွပ်​မျက်​စေ​မည်​အ​ကြောင်း ပိ​လတ်​မင်း​ထံ၌ တောင်း​လျှောက်​ကြ၏။- ထို​သ​ခင်​ကို​ရည်​မှတ်၍ ကျမ်း​စာ၌ ရေး​ထား​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ပြီး​လျှင်၊ အ​လောင်း​တော်​ကို သစ်​တိုင်​မှ​ချ၍ သင်္ချိုင်း​တွင်း၌ ထား​ကြ၏။- ဘု​ရား​သ​ခင်​သည်လည်း သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊- ဂါ​လိ​လဲ​ပြည်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​နောက်​တော်၌ လိုက်​သော​သူ​တို့​အား နေ့​ရက်​များ​စွာ ကိုယ်​ကို ထင်​ရှား​ပြ​တော်​မူ၏။- ထို​သူ​တို့​သည် လူ​များ​တို့​အား သက်​သေ​ခံ ဖြစ်​ကြ၏။- ဆာ​လံ​ကျမ်း​ဒု​တိ​ယ​ခန်း၌ လာ​သည်​ကား၊ သင်​သည်​ငါ့​သား ဖြစ်၏။- ယ​နေ့​ပင် သင့်​ကို​ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟု လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ ငါ​တို့​ဘိုး​ဘေး များ၌​ရှိ​သော က​တိ​တော်​ကို ထို​သူ​တို့၏ သား​ဖြစ်​သော​ငါ​တို့​အား​ပြည့်​စုံ​စေ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒါ​ဝိဒ်၌​မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား ငါ​ပေး​မည်​ဟူ​သော​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ၍၊ နောက်​တစ်​ဖန် ပုပ်​စပ်​ခြင်း​သို့ မ​ပြန်​ဘဲ အ​စဉ်​ကင်း​လွတ်​ရ​မည်​အ​ခွင့်​ကို ပေး​တော်​မူ​သည်​ဟူ၍​လည်း​ကောင်း၊ ဝမ်း​မြောက်​စ​ရာ​သ​တင်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။- ထို​ကြောင့် ဆာ​လံ​ကျမ်း​တစ်​ခန်း၌ လာ​သည်​ကား၊ ကိုယ်​တော်၏​သန့်​ရှင်း​သော​သူ​အား ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဟု လာ၏။- ဒါ​ဝိဒ်​သည် မိ​မိ​ကာ​လ၌ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင်၊ ကျိန်း​စက်၍ မိ​မိ​ဘိုး​ဘေး​စု​ထဲ​သို့​ဝင်​သ​ဖြင့် ပုပ်​စပ်​ခြင်း​သို့ ရောက်​လေ၏။- ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သော သူ​မူ​ကား၊ ပုပ်​စပ်​ခြင်း​သို့ မ​ရောက်။ ထို​ကြောင့် ညီ​အစ်​တို့၊ ထို​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို သင်​တို့​အား ဟော​ကြား​သည်​ကို​လည်း​ကောင်း၊- ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ ရှိ​သ​မျှ​တို့​သည် မော​ရှေ၏ တ​ရား​အ​တိုင်း မ​လွတ်​နိုင်​သော အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် လွတ်​ရ​ကြ​သည်​ကို​လည်း​ကောင်း သိ​မှတ် ကြ​လော့။- အ​နာ​ဂ​တ္တိ​ကျမ်း၌​လာ​သည်​ကား၊ မ​ထီ​မဲ့​မြင် ပြု​တတ်​သော​သူ​တို့၊ ကြည့်​ရှု​အံ့​ဩ၍ ပြယ်​ပျောက်​ခြင်း​သို့ ရောက်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​အား သူ​တစ်​ပါး ပြ​ညွှန်​သော်​လည်း၊ သင်​တို့​မ​ယုံ​သော အ​မှု​ကို သင်​တို့​လက်​ထက်​ကာ​လ၌ ငါ​ပြု​သည်​ဟု ကျမ်း​စာ၌ ပါ​သော​အ​ရာ​ကို သင်​တို့​အ​ပေါ်​သို့ မ​ရောက်​စေ​မည်​အ​ကြောင်း၊ သ​တိ​ပြု​ကြ​လော့​ဟု ပေါ​လု​ဟော​ပြော​လေ၏။ လူ​များ​တို့​သည် တ​ရား​ဇ​ရပ်​မှ ထွက်​သွား​ကြ​စဉ်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို မိ​မိ​တို့​အား နောက်​ဥ​ပုသ်​နေ့၌ ဟော​ပြော​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- အ​စည်း​အ​ဝေး​ပြီး၍ ပြန်​ကြ​သော​အ​ခါ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော ဘာ​သာ​ဝင်​သူ​များ​တို့​သည် ပေါ​လု​နှင့် ဗာ​န​ဗ​နောက်​သို့ လိုက်​ကြ​သည်​ဖြစ်၍ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်၌ တည်​ကြည်​မည်​အ​ကြောင်း၊ တ​မန်​တော်​တို့​သည် ဖြား​ယောင်း၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။- နောက်​ဥ​ပုသ်​နေ့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​ထောင်​အံ့​သော​ငှာ တစ်​မြို့​လုံး ကုန်​မ​တတ်​စည်း​ဝေး​ကြ၏။- ယု​ဒ​လူ​တို့​သည် အ​စည်း​အ​ဝေး​တို့​ကို မြင်​လျှင် ငြူ​စူ​သော​စိတ်​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ပေါ​လု၏​စ​ကား​ကို ငြင်း​ခုံ​သည်​သာ​မ​က ဆဲ​ရေး​ကြ၏။- ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို သင်​တို့​အား ရှေ့​ဦး​စွာ ဟော​ပြော​ရ၏။ သို့​သော်​လည်း သင်​တို့​သည်​ပယ်၍ ထာ​ဝ​ရ​အ​သက်​ကို မိ​မိ​တို့ မ​ခံ​ထိုက်​သည်​ဟု မိ​မိ​တို့​စီ​ရင်​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မှာ​တော်​မူ​သည်​အ​တိုင်း ငါ​တို့​သည်​မျက်​နှာ​ကို​လွှဲ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ လှည့်​ကြ၏။- မှာ​တော်​မူ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ကား၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သားတို့​လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား၏​ဟု ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု ရဲ​ရင့်​စွာ ပြော​ဆို​ကြ၏။- ထို​စ​ကား​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြား​လျှင် ဝမ်း​မြောက်၍ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ကြ၏။ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော သူ​ရှိ​သ​မျှ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ​သ​ဖြင့်၊- ထာ​ဝ​ရ​ဘု​ရား၏​သာ​သ​နာ​တော်​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​လေ၏။- ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။- တ​မန်​တော်​တို့​သည် မိ​မိ​တို့​ခြေ​ဖ​ဝါး၌​ကပ်​သော မြေ​မှုန့်​ကို ထို​သူ​တို့​အား ခါ​လိုက်​ပြီး​မှ၊ ဣ​ကော​နိ​မြို့​သို့ သွား​ကြ၏။- တ​ပည့်​တော်​များ​တို့​သည် ဝမ်း​မြောက်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။

တမန်တော် 13:13-52 Common Language Bible (BCL)

ပေါ​လု​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ပါ​ဖု​မြို့​မှ သင်္ဘော​လွှင့်​၍ ပံ​ဖု​လိ​ပြည်​ပေ​ရ​ဂေ​မြို့​သို့​ရောက် ကြ​၏။ ထို​အ​ခါ​ယော​ဟန်​မာ​ကု​သည်​သူ​တို့ နှင့်​ခွဲ​ခွာ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။- သူ​တို့​သည်​ပေ​ရ​ဂေ​မြို့​မှ​ထွက်​ခွာ​ကြ​ရာ ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ရောက်​၍ ဥ​ပုသ် နေ့​၌​တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ထိုင်​ကြ​၏။- ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​ကို​ဖတ်​ပြီး သော​အ​ခါ တ​ရား​ဇ​ရပ်​အ​မှု​ဆောင်​လူ​ကြီး များ​သည်​သူ​တို့​အား ``ညီ​အစ်​ကို​တို့၊ လူ​တို့ အား​တိုက်​တွန်း​အား​ပေး​စ​ကား​ပြော​ကြား ရန်​ရှိ​ပါ​လျှင်​ပြော​ကြ​ပါ'' ဟု​လူ​လွှတ်​၍ အ​ကြောင်း​ကြား​ကြ​၏။- ပေါ​လု​သည်​နေ​ရာ​မှ​ထ​၍​လက်​ရိပ်​ပြ ပြီး​နောက် ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ငါ​တို့​ဘိုး​ဘေး​များ​အီ​ဂျစ်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင်​ကြ​စဉ်၊ သူ​တို့​အား​ရွေး​ကောက်​၍ လူ​မျိုး​ကြီး​ဖြစ်​စေ တော်​မူ​၏။ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ထို​ပြည် မှ​ထုတ်​ဆောင်​သွား​တော်​မူ​ကာ၊- တော​ကန္တာ​ရ​တွင်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး သူ​တို့​အား​သည်း​ခံ​တော်​မူ​၏။- ထို​နောက်​ခါ​နာန်​ပြည်​နေ​လူ​ခု​နစ်​မျိုး​တို့ ကို​ဖယ်​ရှား​ပြီး​လျှင်​ထို​ပြည်​ကို၊- မိ​မိ​လူ​စု​တော်​အား​ပိုင်​ဆိုင်​ခွင့်​ကို​ပေး တော်​မူ​၏။ ဤ​အ​ဖြစ်​အ​ပျက်​အ​ထိ​နှစ် ပေါင်း​လေး​ရာ့​ငါး​ဆယ်​ကြာ​ခဲ့​၏။ ထို​နောက်​ပ​ရော​ဖက်​ရှ​မွေ​လ​ပေါ်​ထွန်း​ချိန် အ​ထိ တ​ရား​သူ​ကြီး​များ​ကို​ပေါ်​ထွန်း​စေ တော်​မူ​၏။- သူ​တို့​သည်​ရှင်​ဘု​ရင်​တစ်​ပါး​ခန့်​ပေး​ရန် ရှ​မွေ​လ​အား​တောင်း​ဆို​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​သည်​ကိ​ရှ​၏​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင် ရှော​လု​ကို​ခန့်​ထား​တော်​မူ​၏။ ရှော​လု​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး​နန်း​စံ​တော်​မူ သ​တည်း။- ထို​နောက်​ဘု​ရား​သ​ခင်​သည်​ရှော​လု​ကို​ဖယ် ရှား​ပြီး​လျှင် ဒါ​ဝိဒ်​အား​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က `ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ငါ​၏​စိတ်​တော်​နှင့် တွေ့​သူ၊ ငါ​ဆောင်​ရွက်​စေ​လို​သ​မျှ​တို့​ကို​ဆောင် ရွက်​မည့်​သူ​ဖြစ်​ကြောင်း​ငါ​တွေ့​ရှိ​ရ​ပြီ' ဟု ဒါ​ဝိဒ်​နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​တိ​တော်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့​ကယ်​တင်​ရှင် ကို ထို​သူ​၏​သား​မြေး​များ​အ​ထဲ​မှ​ပေါ်​ထွန်း စေ​တော်​မူ​၏။ ထို​အ​ရှင်​ကား​သ​ခင်​ယေ​ရှု​ပင် ဖြစ်​သ​တည်း။- ထို​အ​ရှင်​အ​မှု​တော်​ကို​စ​တင်​၍​ဆောင်​ရွက် တော်​မ​မူ​မီ​ယော​ဟန်​သည် ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား `နောင်​တ​ရ​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ခံ​ကြ​လော့' ဟု​ဟော​ပြော​၏။- မိ​မိ​ဆောင်​ရွက်​ရ​မည့်​အ​မှု​ပြီး​ဆုံး​ချိန်​နီး သော​အ​ခါ ယော​ဟန်​က `ငါ​သည်​သင်​တို့​စောင့် မျှော်​နေ​သည့်​အ​ရှင်​မ​ဟုတ်။ ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို အ​ရှင်​၏​ဖိ​နပ်​ကို​မျှ​မ​ချွတ်​ထိုက်' ဟု​ဆို​၏။ ``အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သူ​ငါ့​ညီ​အစ်​ကို တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ ဤ​ကယ်​တင်​ခြင်း​ဆိုင်​ရာ တ​ရား​ကို​ငါ​တို့​ထံ​သို့​ရောက်​ရှိ​လာ​စေ​၏။- ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့်​သူ​တို့​၏​ခေါင်း ဆောင်​များ​ကား ထို​အ​ရှင်​သည်​ကယ်​တင်​ရှင် ဖြစ်​သည်​ကို​မ​သိ​မ​မြင်​ကြ။ ဥ​ပုသ်​နေ့​တိုင်း မိ​မိ​တို့​ဖတ်​ကြ​သည့်​ပ​ရော​ဖက်​ကျမ်း​စ​ကား ကို​လည်း​နား​မ​လည်​ကြ။ သို့​သော်​ထို​သူ​တို့ သည်​ပ​ရော​ဖက်​များ​၏​ဟော​ကြား​ချက်​အ​တိုင်း ဖြစ်​ပျက်​စေ​ရန် ထို​အ​ရှင်​ကို​သေ​ဒဏ်​စီ​ရင် ကြ​၏။- ဤ​သို့​သေ​ဒဏ်​စီ​ရင်​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​တွေ့​သော်​လည်း သေ​ဒဏ်​ပေး ရန်​ပိ​လတ်​မင်း​အား​တောင်း​ဆို​ကြ​၏။- သူ​တို့​သည်​ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​ပြု​ကြ​ပြီး​နောက် ထို​အ​ရှင်​၏​တ​ပည့်​တို့ သည်​အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ ချ​၍​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။- ထို​နောက်​ထို​အ​ရှင်​သည်​ယ​ခင်​က​မိ​မိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​ပါ ကြ​သူ​တို့​အား ရက်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ တော်​မူ​၏။ သူ​တို့​သည်​ယ​ခု​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ကိုယ်​တော်​၏​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​ရှိ​ကြ​၏။- ဒု​တိ​ယ​ဆာ​လံ​တွင်၊`သင်​သည်​ငါ​၏​သား​တော် ဖြစ်​၏။ ယ​နေ့​ပင်​သင့်​အား​သား​တော်​အ​ရာ​ကို ငါ​ပေး​ပြီ' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​နှင့်​အ​ညီ ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး များ​အား​ထား​တော်​မူ​သော​က​တိ​တော်​ကို​သူ တို့​၏​သား​မြေး​ဖြစ်​သူ ငါ​တို့​အ​တွက်​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပြီ။ ငါ​တို့​သည်​ဤ​သ​တင်း ကောင်း​ကို​သင်​တို့​အား​ကြား​ပြော​ရန်​ဤ​အ​ရပ် သို့​ရောက်​ရှိ​နေ​ကြ​ခြင်း​ဖြစ်​၏။- နောက်​တစ်​ဖန်​သင်္ချိုင်း​တွင်​မ​ပုပ်​ပျက်​ဘဲ​သေ​ခြင်း မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်​ပတ် သက်​၍​ဘု​ရား​သ​ခင်​က၊ `ဒါ​ဝိဒ်​အား​ကောင်း​ချီး​ပေး​ရန်​က​တိ​ပြု​ခဲ့​သည့် နည်း​တူ၊ သင်​တို့​အား​လည်း​ယုံ​ကြည်​စိတ်​ချ​ရ​သည့် မြတ်​သော​ကောင်း​ချီး​ပေး​ရန်​ငါ​ပေး​မည်' ဟူ​၍​မိန့်​တော်​မူ​သည်။ အ​ခြား​ဆာ​လံ​တွင်၊ `ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​စောင့်​သည့် အ​စေ​ခံ​ကို သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်' ဟု​ပါ​ရှိ​၏။- ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။- သို့​ရာ​တွင်​သေ​ခြင်း​မှ​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​၏​ကိုယ်​ခန္ဓာ ကား​ထို​သို့​ပုပ်​ပျက်​ခြင်း​မ​ရှိ။- ညီ​အစ်​ကို​တို့၊ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ပြစ် ပြေ​လွှတ်​ခြင်း​အ​ကြောင်း​ကို သင်​တို့​အား​ငါ ပြော​ကြား​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို အ​ရှင်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​က မ​ဖြေ​မ​လွှတ် နိုင်​သည့်​အ​ပြစ်​ဟူ​သ​မျှ​မှ​ပြေ​လွတ်​နိုင် ကြောင်း​ကို​လည်း​ကောင်း​သိ​မှတ်​ကြ​လော့။- ပ​ရော​ဖက်​ကျမ်း​များ​တွင်၊ `ငါ​မိန့်​တော်​မူ​သည်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့၊ နား​ထောင်​ကြ။ အံ့​သြ​လျက်​သေ​ကြ​လော့။ ယ​နေ့​ငါ​ပြု​မည့်​အ​မှု​ကို​သူ​တစ်​ပါး​က ရှင်း​လင်း​ဖော်​ပြ​သော်​လည်း၊ သင်​တို့​ယုံ​ကြည်​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​ဖော်​ပြ​ပါ​ရှိ​၏။ ထို​ဖော်​ပြ​ချက်​အ​တိုင်း​မ ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့'' ဟု​ဟော​ပြော လေ​၏။ တ​ရား​ဇ​ရပ်​မှ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ထွက်​ခွာ လာ​ကြ​စဉ် လူ​တို့​က​မိ​မိ​တို့​အား​နောက်​လာ မည့်​ဥ​ပုသ်​နေ့​၌ ဤ​အ​ကြောင်း​အ​ရာ​များ​ကို တစ်​ဖန်​ဟော​ပြော​ရန်​တောင်း​ပန်​ကြ​၏။- တ​ရား​ဇ​ရပ်​မှ​လူ​စု​ကွဲ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​အ​မြောက်​အ​မြား​နှင့် ယု​ဒ​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​အ​မြောက်​အ​မြား​တို့​သည် ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​၏​နောက်​သို့​လိုက်​ကြ​၏။ တ​မန်​တော်​တို့​က​ထို​သူ​တို့​အား ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​၌​ဆက်​လက်​သက်​ရှင်​ကြ​ရန် အား​ပေး​တိုက်​တွန်း​ကြ​၏။ နောက်​ဥ​ပုသ်​နေ့​၌​သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​နာ​ရန် မြို့​လုံး​ကျွတ်​နီး ပါး​လူ​တို့​လာ​ရောက်​ကြ​၏။- သို့​သော်​ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​ပ​ရိ​သတ် ကို​မြင်​သော​အ​ခါ မ​နာ​လို​စိတ်​ရှိ​သ​ဖြင့် ပေါ​လု ဟော​ပြော​သော​စ​ကား​များ​ကို​ငြင်း​ခုံ​ကာ​ပုတ် ခတ်​ပြော​ဆို​ကြ​၏။- ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က​ယ​ခင်​က​ထက်​ပို​မို ရဲ​ရင့်​စွာ​ဟော​ကြား​သည်​မှာ ``ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဦး​စွာ​ပ​ထ​မ​ဟော​ပြော​ရ​ပေ​မည်။ သို့​ရာ​တွင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ မိ​မိ တို့​ကိုယ်​ကို​ထာ​ဝ​ရ​အ​သက်​နှင့်​မ​ထိုက်​မ​တန် သူ​များ​ဖြစ်​သည်​ဟု​စီ​ရင်​ကြ​သော​ကြောင့် ငါ​တို့ သည်​သင်​တို့​ထံ​မှ​ထွက်​ခွာ​၍​လူ​မျိုး​ခြား​တို့ ထံ​သို့​သွား​ကြ​ပါ​မည်။- ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က၊ `ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ကမ္ဘာ​တစ်​ဝန်း​လုံး ရ​ရှိ​စေ​ရန်​သင်​တို့​အား၊ လူ​မျိုး​ခြား​များ​အ​ဖို့​အ​လင်း​ဖြစ်​စေ​အံ့​သော​ငှာ ငါ​ခန့်​ထား​၏' ဟူ​၍​မိန့်​တော်​မူ​ခဲ့​ပေ​သည်'' ဟု​ဟော​ပြော​ကြ​၏။ လူ​မျိုး​ခြား​တို့​သည်​ထို​စ​ကား​ကို​ကြား​သော အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​ကာ​သ​ခင်​ဘု​ရား​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ပြော​ဆို ကြ​၏။ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ရန်​ရွေး​ကောက် ခြင်း​ခံ​ရ​သူ​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ် လာ​ကြ​၏။- သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် ထို​ဒေ​သ​တစ်​ခု​လုံး​တွင်​နှံ့​ပြား​လေ​၏။- သို့​သော်​လည်း​ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ထက်​တန်း​လွှာ​အ​မျိုး သ​မီး​များ​နှင့် မြို့​မျက်​နှာ​ဖုံး​အ​မျိုး​သား​များ ကို​လှုံ့​ဆော်​ကာ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​အား ညှဉ်း​ပန်း​နှိပ်​စက်​စေ​ကြ​၏။ သူ​တို့​သည်​ထို​သူ နှစ်​ဦး​အား​မိ​မိ​တို့​နယ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။- ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​၏​စိတ် သ​ဘော​ကို​မ​နှစ်​သက်​သည့်​အ​နေ​ဖြင့် မိ​မိ တို့​ခြေ​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ပြီး​လျှင် ဣ​ကော​နိ​မြို့​သို့​ထွက်​သွား​ကြ​၏။- အန္တိ​အုတ်​မြို့​ရှိ​တ​ပည့်​တော်​တို့​သည်​ရွှန်​လန်း ဝမ်း​မြောက်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက်​ရှိ​ကြ​၏။

တမန်တော် 13:13-52 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပေါလု​နှင့်​သူ​၏​အပေါင်းအပါ​တို့​သည် ပါဖု​မြို့​မှ​ရွက်လွှင့်​၍ ပံဖုလိ​ပြည်၊ ပေရဂေ​မြို့​သို့​ရောက်​ကြ​၏။ ထိုအခါ ယောဟန်​သည် သူ​တို့​ထံမှ ခွဲခွာ​၍ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏။ သူ​တို့​မူကား ပေရဂေ​မြို့​ကို​ဖြတ်သွား​၍ ပိသိဒိ​ပြည်၊ အန္တိအုတ်​မြို့​သို့​ရောက်​ကြ​ပြီးလျှင် ဥပုသ်​နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့​ဝင်​၍ ထိုင်​ကြ​၏။ ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို ဖတ်ကြား​ပြီး​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​များ​သည် သူ​တို့​ထံ လူ​လွှတ်​၍ “ညီအစ်ကို​တို့၊ သင်​တို့​တွင် လူ​တို့​အား တိုက်တွန်း​အားပေး​စကား​တစ်စုံတစ်ခု​ရှိ​လျှင် ပြော​ကြ​ပါ”​ဟု ဆို​ကြ​၏။ ထိုအခါ ပေါလု​သည်​ထ​၍ လက်ရိပ်​ပြ​လျက် “အစ္စရေး​အမျိုးသား​တို့​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​တို့၊ နားထောင်​ကြ​ပါ။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် ငါ​တို့​ဘိုးဘေး​များ​ကို ရွေးကောက်​တော်မူ​၍ အီဂျစ်​ပြည်​၌ ဧည့်သည်​အဖြစ်​နေထိုင်​စဉ် ဤ​လူမျိုး​တော်​ကို ချီးမြှောက်​တော်မူ​၏။ ထို့နောက် အားကြီး​သော​လက်ရုံး​တော်​အားဖြင့် သူ​တို့​ကို ထို​တိုင်းပြည်​မှ ထုတ်ဆောင်​တော်မူ​ပြီး အနှစ်​လေးဆယ်​ခန့်မျှ​သော​ကာလ​ပတ်လုံး တော​ကန္တာရ​တွင် သူ​တို့​ကို သည်းခံ​တော်မူ​၏။ ထို့နောက် ခါနာန်​ပြည်​ရှိ​လူမျိုး​ခုနစ်​မျိုး​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​တိုင်းပြည်​ကို လူမျိုး​တော်​အား အမွေ​အဖြစ်​ခွဲဝေ​ပေး​တော်မူ​၏။ ဤ​အရာ​တို့​သည် နှစ်​ပေါင်း​လေးရာ​ငါးဆယ်​ခန့်​ကြာ​၏။ ထို့နောက် ပရောဖက်​ရှမွေလ​ခေတ်​တိုင်အောင် သူ​တို့​အား တရားသူကြီး​များ​ကို ပေး​တော်မူ​၏။ ထို​မှ​တစ်ဖန် သူ​တို့​သည် ဘုရင်​ကို​တောင်း​ကြ​သဖြင့် ဘုရားသခင်​သည် ဗင်္ယာမိန်​အနွယ်​မှ ကိရှ​၏​သား​ရှောလု​ကို အနှစ်​လေးဆယ်​တိုင်တိုင် သူ​တို့​အား ပေး​တော်မူ​၏။ ရှောလု​ကို​ဖယ်ရှား​ပြီးနောက် ဒါဝိဒ်​အား သူ​တို့​၏​ဘုရင်​အဖြစ် ချီးမြှောက်​တော်မူ​လျက် သူ​နှင့်ပတ်သက်၍ သက်သေခံ​သည်​ကား ‘ငါ​၏​စိတ်​နှင့်​တွေ့​သူ၊ ယေရှဲ​၏​သား​ဒါဝိဒ်​ကို ငါ​တွေ့​ပြီ။ သူ​သည် ငါ​၏​အလို​ရှိသမျှ​ကို ဆောင်ရွက်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏။ ဘုရားသခင်​သည် ကတိ​တော်​အတိုင်း အစ္စရေး​လူမျိုး​အတွက် ကယ်တင်ရှင်​ယေရှု​ကို ဤ​ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​စေ​တော်မူ​၏။ ထို​အရှင်​ကြွလာ​တော်​မ​မူ​မီ ယောဟန်​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို ကြိုတင်​ဟောပြော​လေ​၏။ ယောဟန်​သည် တစ်​ဘဝ​တာ တာဝန်​ပြီးစီး​တော့မည့်​အချိန်​၌ ‘သင်​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု ထင်မှတ်​ကြ​သနည်း။ ငါ​သည် ထို​အရှင်​မ​ဟုတ်။ ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​တော်မူ​၏။ ထို​အရှင်​၏​ခြေ​မှ ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်’​ဟု ဆို​၏။ အာဗြဟံ​၏​အမျိုးအနွယ်​ဝင်​ဖြစ်​သူ​များ​နှင့် သင်​တို့​ထဲမှ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​ညီအစ်ကို​တို့၊ ဤ​ကယ်တင်​ခြင်း​သတင်း​စကား​သည် ငါ​တို့​ထံသို့ ပေးပို့​ခြင်း​ခံရ​၏။ ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော​သူ​များ​နှင့် သူ​တို့​၏​အကြီးအကဲ​များ​သည် ထို​အရှင်​ကို​လည်းကောင်း၊ ဥပုသ်နေ့​တိုင်း​ဖတ်ကြား​သည့် ပရောဖက်​တို့​၏​စကား​ကို​လည်းကောင်း မ​သိ​နား​မ​လည်​ကြ​၍ ထို​အရှင်​ကို ပြစ်ဒဏ်​စီရင်​ခြင်း​အားဖြင့် ထို​စကား​တို့​ကို ပြည့်စုံ​စေ​ကြ​၏။ သူ​တို့​သည် ကိုယ်တော်​၌ သေဒဏ်​ချမှတ်​နိုင်​သည့်​ပြစ်မှု​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့​သော်လည်း ကိုယ်တော်​ကို​ကွပ်မျက်​ရန် ပိလတ်​မင်း​အား တောင်းဆို​ကြ​၏။ ဤသို့ဖြင့် ကိုယ်တော်​ကို​ရည်ညွှန်း​၍ ရေး​ထား​သော​အရာ​အားလုံး​တို့​ကို ပြု​ကြ​ပြီး​သောအခါ အလောင်း​တော်​ကို သစ်​တိုင်​မှ​ချ​၍ သင်္ချိုင်း​ဂူ​ထဲတွင် သွင်း​ထား​ကြ​၏။ သို့သော် ဘုရားသခင်​သည် ကိုယ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​၏။ ကိုယ်တော်​သည် ဂါလိလဲ​နယ်​မှ ဂျေရုဆလင်​မြို့​သို့ မိမိ​နှင့်အတူ​လိုက်ပါ​ခဲ့​ကြ​သော​သူ​တို့​အား ရက်​ပေါင်း​များစွာ​အတွင်း ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ယခု​အခါ ထို​သူ​တို့​သည် လူ​တို့​ရှေ့တွင် ကိုယ်တော်​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည်​လည်း ဘိုးဘေး​များ​အား​ပေး​တော်မူ​သော ကတိ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ဟောပြော​ကြ​၏။ ဘုရားသခင်​သည် ယေရှု​ကို​ထမြောက်​စေ​၍ ဘိုးဘေး​တို့​၏​သားသမီး​များ​ဖြစ်​ကြ​သော​ငါ​တို့​အတွက် ထို​ကတိ​တော်​တို့​ကို ပြည့်စုံ​စေ​တော်မူ​ပြီ။ ဤသည်ကား ဒုတိယ​မြောက်​သော​ဆာလံ​ကျမ်း​၌ ‘သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ’​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ ကိုယ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​ပြီး နောက်တစ်ဖန် ပုပ်ပျက်​ခြင်း​သို့​မ​ရောက်​စေ​သည့်​အကြောင်း​နှင့်ပတ်သက်၍ ဘုရားသခင်​က ‘ငါ​သည် ဒါဝိဒ်​အား​ပေး​ထား​သည့် သန့်ရှင်း​၍​ယုံကြည်​ထိုက်​သော​ကောင်းချီး​ကို သင်​တို့​အား​ပေး​မည်’​ဟု မိန့်​တော်မူ​ခဲ့​၏။ ထို့ကြောင့် အခြား​သော​ဆာလံ​ကျမ်း​တွင်​လည်း ‘ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​အား ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်’​ဟု မိန့်ဆို​ထား​၏။ အကြောင်းမှာ ဒါဝိဒ်​သည် မိမိ​လက်ထက်​၌ ဘုရားသခင်​၏​အလို​တော်​ကို ဆောင်ရွက်​ပြီးလျှင် အိပ်ပျော်​၍ မိမိ​ဘိုးဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ခြင်း​ခံရ​လျက် ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ရ​၏။ သို့သော် ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော​အရှင်​မူကား ပုပ်ပျက်​ခြင်း​နှင့် မ​ကြုံတွေ့​ခဲ့​ပေ။ ထို့ကြောင့် ညီအစ်ကို​တို့၊ ထို​အရှင်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​တရား​ကို သင်​တို့​အား ဟောပြော​သည်​ကို​လည်းကောင်း၊ ယုံကြည်​သူ​အပေါင်း​တို့​သည် မောရှေ​၏​ပညတ်​တရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​မ​ခံရ​နိုင်​သော​အရာ​အားလုံး​တို့​မှ​လွတ်​၍ ထို​အရှင်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​ကို​လည်းကောင်း သင်​တို့​သိမှတ်​ကြ​လော့။ သို့ဖြစ်၍ ‘မထီမဲ့မြင်​ပြု​တတ်​သော​သူ​တို့၊ ကြည့်ရှု​လျက်​အံ့ဩ​ကြ​ကာ ပျက်စီး​ခြင်း​သို့​ရောက်​ကြ​လော့။ အကြောင်းမူကား ငါ​သည် သင်​တို့​လက်ထက်​၌ အမှု​တစ်ခု​ကို ပြုလုပ်​မည်။ တစ်စုံတစ်ယောက်​က ထို​အမှု​ကို သင်​တို့​အား အကုန်အစင်​ပြောပြ​သော်လည်း သင်​တို့​သည် လုံးဝ​ယုံကြည်​ကြ​မည်​မ​ဟုတ်’​ဟု ပရောဖက်​များ​အားဖြင့် မိန့်​တော်မူ​ထား​သော​အရာ​သည် သင်​တို့​အပေါ် မ​သက်ရောက်​မည့်အကြောင်း သတိပြု​ကြ​လော့”​ဟု ဆို​လေ​၏။ ပေါလု​နှင့်​ဗာနဗ​တို့ ထွက်ခွာ​လာ​ကြ​စဉ် လူ​တို့​က လာမည့်​ဥပုသ်နေ့​၌​လည်း ဤ​အကြောင်းအရာ​များ​ကို မိမိ​တို့​အား ဟောပြော​ပါ​ရန်​တောင်းပန်​ကြ​၏။ ဝတ်ပြု​စည်းဝေး​ကျောင်း​ဆင်း​သောအခါ များစွာ​သော​ဂျူး​လူမျိုး​မှစ၍ ဘုရားသခင်​ကို​ကိုးကွယ်​သည့် ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ​တို့​သည် ပေါလု​နှင့်​ဗာနဗ​တို့​နောက်​သို့ လိုက်​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​လည်း ထို​သူ​တို့​အား ဘုရားသခင်​၏​ကျေးဇူး​တော်​၌ ဆက်လက်​တည်နေ​ကြ​ရန် အားပေး​တိုက်တွန်း​ကြ​၏။ နောက်​ဥပုသ်နေ့​တွင် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရန် တစ်​မြို့​လုံး​နီးပါး စုဝေး​လာ​ကြ​၏။ သို့သော် ဂျူး​လူမျိုး​တို့​သည် ထို​လူ​အစုအဝေး​ကို​မြင်​လျှင် မနာလို​စိတ်​နှင့်​ပြည့်​၍ ပေါလု​ဟောပြော​သော​အကြောင်းအရာ​များ​ကို ဆန့်ကျင်​လျက် စော်ကား​ပြောဆို​ကြ​၏။ ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ရဲရင့်​စွာ​ဟောပြော​လျက် “ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​အား ဦးစွာ​ဟောပြော​ရန်​လိုအပ်​၏။ သို့သော် သင်​တို့​သည် ၎င်း​ကို​ငြင်းပယ်​၍ မိမိတို့ကိုယ်ကို ထာဝရ​အသက်​နှင့်​မ​ထိုက်တန်​ဟု စီရင်​ကြ​သောကြောင့် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့ လှည့်​သွား​ကြ​၏။ အကြောင်းမူကား သခင်​ဘုရား​က ‘သင်​တို့​သည် ကယ်တင်​ခြင်း​ကျေးဇူး​ကို မြေကြီး​စွန်း​တိုင်အောင် ရောက်ရှိ​စေရန် ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​အတွက် အလင်း​အဖြစ် ခန့်ထား​ပြီ’​ဟူ၍ ငါ​တို့​အား မိန့်မှာ​တော်မူ​၏”​ဟု ဆို​လေ​၏။ လူမျိုးခြား​တို့​သည် ထို​စကား​ကို​ကြား​လျှင် ဝမ်းမြောက်​လျက် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ချီးမွမ်း​ကြ​၏။ ထာဝရ​အသက်​ရရှိ​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ယုံကြည်​ကြ​၏။ ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် ထို​အရပ်​ဒေသ​တစ်လျှောက်လုံး​တွင် ပျံ့နှံ့​သွား​လေ​၏။ သို့သော် ဂျူး​လူမျိုး​တို့​သည် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​များ​နှင့် မြို့​၏​ခေါင်းဆောင်​များ​ကို တိုက်တွန်း​၍ ပေါလု​နှင့်​ဗာနဗ​တို့​ကို ညှဉ်းဆဲ​စေရန် သွေးထိုး​လှုံ့ဆော်​ကာ သူ​တို့​ကို မိမိ​တို့​၏​အရပ်​ဒေသ​မှ နှင်ထုတ်​ကြ​၏။ ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ထို​သူ​တို့​တစ်ဖက်​၌ ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ပြီးလျှင် ဣကောနိ​မြို့​သို့ သွား​ကြ​၏။ တပည့်​တော်​တို့​သည်​လည်း ဝမ်းမြောက်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​လျက်​ရှိ​ကြ​၏။