YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 13:1-12

တမန်တော် 13:1-12 Judson Bible (JBMLE)

အ​န္တိ​အုတ်​မြို့​တွင်​ရှိ​သော အ​သင်း​တော်၌ ဗာ​န​ဗ​မှ​စ၍ နိ​ဂါ​ဟု​ခေါ်​ဝေါ်​သော ရှု​မောင်၊ ကု​ရေ​နေ​ပြည်​သား လု​ကိ၊ စော်​ဘွား​ဟေ​ရုဒ်၏ သူ​ငယ်​ချင်း​အ​ရင်း​ဖြစ်​သော မာ​နင်​နှင့် ရှော​လု​တည်း​ဟူ​သော ပ​ရော​ဖက်​ပြု​သူ၊ ဆ​ရာ​ပြု​သူ​ရှိ​ကြ၏။- ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊- အ​စာ​ရှောင်၍ ပ​တ္ထ​နာ​ပြု​လျက်၊ ထို​သူ​တို့​ခေါင်း​ပေါ်​မှာ လက်​ကို​တင်၍ လွှတ်​လိုက်​ကြ၏။ ထို​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော် စေ​လွှတ်​တော်​မူ​သော​အား​ဖြင့်၊ ထို​သူ​တို့​သည် သေ​လု​ကိ​မြို့​သို့​သွား၍ ထို​မြို့​မှ သင်္ဘော​နှင့်​လွှင့်​သ​ဖြင့်၊ ကု​ပ​ရု​ကျွန်း​သို့ ရောက်​ကြ၏။- ရှာ​လ​မိ​မြို့၌​ရှိ​နေ​စဉ်၊ ယု​ဒ​တ​ရား​ဇ​ရပ်​များ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။ ယော​ဟန်​သည်​လည်း ထို​သူ​တို့၏​လက်​ထောက် ဖြစ်​သ​တည်း။- တစ်​ကျွန်း​လုံး​ကို​လျှောက်၍ ပါ​ဖု​မြို့​သို့​ရောက်​လျှင်၊- ဗာ​ယေ​ရှု​အ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား မိ​စ္ဆာ​ပ​ရော​ဖက်​ဖြစ်​သော နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ကို မြို့​ဝန်​မင်း​သေ​ရ​ဂိ​ပေါ​လု​ထံ၌ တွေ့​ကြ၏။ ထို​မြို့​ဝန်​သည် ပ​ညာ​သ​တိ​ရှိ​သ​ဖြင့်၊ ဗာ​န​ဗ​နှင့် ရှော​လု​တို့​ကို​ခေါ်​ပင့်၍ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ​လို​သော​စိတ်​ရှိ​သော်၊- အ​နက်​အား​ဖြင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ဟု ဆို​လို​သော ဧ​လု​မ အ​မည်​ရှိ​သော​ထို​သူ​သည် မြို့​ဝန်​ကို ယုံ​ကြည်​ခြင်း​မှ လွှဲ​အံ့​သော​ငှာ တ​မန်​တော်​တို့​ကို ဟန့်​တား​လေ၏။- ထို​အ​ခါ​ပေါ​လု​ဟု အ​မည်​တွင်​သော ရှော​လု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ထို​နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ကို စေ့​စေ့​ကြည့်​ရှု​လျက်၊- လှည့်​ဖြား​ခြင်း၊ အ​ကျိုး​ကို​ဖျက်​ခြင်း အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော မာရ်​နတ်၏​သား၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​ရန်​သူ၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဖြောင့်​မတ်​သော​လမ်း​ခ​ရီး​တို့​ကို မ​ဖျက်​ဆီး​ဘဲ​မ​နေ​နိုင်​သ​လော။- ယ​ခု​ပင် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် သင့်​အ​ပေါ်​သို့​ရောက်၍၊ နေ​ကို​မျှ​မ​မြင်​နိုင်​အောင် အင်​တန်​ကာ​လ​ပတ်​လုံး သင်၏ မျက်​စိ​ကွယ်​လိမ့်​မည်​ဟု ပေါ​လု​ဆို​သော ခ​ဏ​ချင်း​တွင် မျက်​စိ​မြှေး​ယှက်၍ မှောင်​မိုက်​အ​တိ​ဖြစ်​သ​ဖြင့်၊ လက်​ဆွဲ​ပေး​သော သူ​တို့​ကို​ရှာ​လျက် တ​လည်​လည်​ရှိ၍​နေ၏။- ထို​အ​ကြောင်း​အ​ရာ​ကို မြင်​လျှင်၊ မြို့​ဝန်​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်၍၊ သ​ခင်​ဘု​ရား၏ ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။

တမန်တော် 13:1-12 Common Language Bible (BCL)

အန္တိ​အုတ်​မြို့​အ​သင်း​တော်​တွင် ပ​ရော​ဖက်​များ နှင့်​ဆ​ရာ​များ​ရှိ​၏။ ထို​သူ​တို့​ကား​ဗာ​န​ဗ၊ နိ​ဂါ​ခေါ်​ရှုမောင်၊ ကု​ရေ​နေ​ပြည်​သား​လု​ကိ၊ (စော်​ဘွား​ဟေ​ရုဒ်​၏​ငယ်​သူ​ငယ်​ချင်း​ဖြစ်​သူ) မာ​နင်​နှင့်​ရှော​လု​တို့​တည်း။- ထို​သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​၍ အ​စာ​ရှောင်​လျက်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​သူ​တို့​အား ``ရှော​လု နှင့်​ဗာ​န​ဗ​တို့​ကို ငါ​၏​အ​မှု​တော်​ဆောင်​ရန် အ​တွက်​သီး​သန့်​ရွေး​ချယ်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင် ဗာ​န​ဗ​နှင့်​ရှော​လု တို့​၏​ဦး​ခေါင်း​ပေါ်​တွင်​မိ​မိ​တို့​လက်​ကို​တင် ကြ​၏။ ထို​နောက်​သူ​တို့​အား​အ​မှု​တော် ဆောင်​ရွက်​ရန်​စေ​လွှတ်​လိုက်​ကြ​၏။ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း သေ​လု​ကိ​မြို့​သို့​သွား​ရောက်​၍​ထို​မြို့​မှ ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော​လွှင့်​ကြ​၏။- သူ​တို့​သည်​ရှာ​လ​မိ​မြို့​သို့​ရောက်​သော​အ​ခါ တ​ရား​ဇ​ရပ်​များ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။ ယော​ဟန်​မာ​ကု​သည်​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ကူ​ညီ​ဆောင်​ရွက်​၏။ သူ​တို့​သည်​ထို​ကျွန်း​ကို​ဖြတ်​၍​ပါ​ဖု​မြို့ အ​ထိ​လျှောက်​သွား​ကြ​၏။ ထို​မြို့​တွင်​ယု​ဒ အ​မျိုး​သား​မိစ္ဆာ​ပ​ရော​ဖက်​ဖြစ်​သော​မှော် ဆ​ရာ​တစ်​ယောက်​ကို​တွေ့​ကြ​၏။ သူ​၏​နာ​မည် မှာ​ဗာ​ယေ​ရှု​ဖြစ်​၏။- သူ​သည်​ဘု​ရင်​ခံ​သေ​ရ​ဂိ​ပေါ​လု​၏​မိတ်​ဆွေ ဖြစ်​၏။ ထို​ဘု​ရင်​ခံ​ကား​သ​တိ​ပ​ညာ​ရှိ​သူ တစ်​ယောက်​ဖြစ်​ပေ​သည်။ သူ​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​လို​၍ ဗာ​န​ဗ​နှင့်​ရှော​လု​ကို​ပင့်​ဖိတ်​လေ​၏။- သို့​ရာ​တွင် (ဂ​ရိ​ဘာ​သာ​အား​ဖြင့်​ဧ​လု​မ​ဟု နာ​မည်​ရှိ​သော) ထို​မှော်​ဆ​ရာ​သည်​ဘု​ရင်​ခံ အား​ယုံ​ကြည်​ခြင်း​လွဲ​မှား​စေ​ရန် ဗာ​န​ဗ နှင့်​ရှော​လု​တို့​ကို​အ​တိုက်​အ​ခံ​ပြု​လေ​၏။- ထို​အ​ခါ​ပေါ​လု​ခေါ်​ရှော​လု​သည် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက် မှော် ဆ​ရာ​အား​စိုက်​ကြည့်​ပြီး​နောက်၊- ``မာရ်​နတ်​၏​သား၊ လှည့်​စား​လိမ်​လည်​တတ်​သူ၊ အ​မှန်​တ​ရား​၏​ရန်​သူ၊ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဖြောင့်​မှန်​သော​တ​ရား​လမ်း​ကို ကောက်​လိမ်​အောင်​ပြု​ပါ​သည်​တ​ကား။- ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​လက်​တော် သည် သင့်​ပေါ်​သို့​ကျ​ရောက်​တော်​မူ​သ​ဖြင့် သင် သည်​မျက်​စိ​ကွယ်​လိမ့်​မည်။ ကာ​လ​အ​တန် အ​ကြာ​နေ​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မြွက်​ဆို​၏။ ချက်​ချင်း​ပင်​မှော်​ဆ​ရာ​သည်​မျက်​စိ​မြှေး ယှက်​၍ မှောင်​အ​တိ​ကျ​ရောက်​လာ​သ​ကဲ့​သို့ ဖြစ်​သ​ဖြင့် လက်​ဆွဲ​၍​လမ်း​ပြ​ခေါ်​ဆောင်​ပေး မည့်​သူ​ကို​ရှာ​ရ​လေ​၏။- ဘု​ရင်​ခံ​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​မြင်​လျှင် ယုံ​ကြည်​လာ​၏။ သူ​သည်​သ​ခင်​ဘု​ရား​၏​တ​ရား တော်​ကို​ကြား​သော​အ​ခါ​အံ့​သြ​မိန်း​မော​၍ နေ​၏။

တမန်တော် 13:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အန္တိအုတ်​မြို့​၌​ရှိ​သော​အသင်းတော်​တွင် ဗာနဗ၊ နိဂါ​ဟု​ခေါ်​သော​ရှိမောင်၊ ကုရေနေ​မြို့သား​လုကိ၊ နယ်စား​ဟေရုဒ်​နှင့်​နို့စို့ဖက်​ဖြစ်​သူ​မာနင်​နှင့် ရှောလု စသည့်​ပရောဖက်​များ​နှင့်​ဆရာ​များ​ရှိ​ကြ​၏။ သူ​တို့​သည် သခင်​ဘုရား​ကို​ဝတ်ပြု​လျက် အစာရှောင်​နေ​ကြ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ဗာနဗ​နှင့်​ရှောလု​တို့​ကို သူ​တို့​အတွက်​ငါ​သတ်မှတ်​ထား​သော​အမှု​ကို​ဆောင်ရွက်​စေရန် ငါ့​အတွက် သီးသန့်​ရွေးချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် အစာရှောင်​၍ ဆုတောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အပေါ် လက်​တင်​ပြီးနောက် သူ​တို့​ကို​စေလွှတ်​လိုက်​ကြ​၏။ ဤသို့ဖြင့် သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​စေလွှတ်​တော်မူ​ခြင်း​ကို​ခံရ​၍ သေလုကိ​မြို့​သို့ ဆင်းသွား​ပြီးလျှင် ထို​မြို့​မှ ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​ကြ​၏။ ရှာလမိ​မြို့​သို့​ရောက်​ကြ​သောအခါ ဂျူး​လူမျိုး​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ဟောပြော​ကြ​၏။ သူ​တို့​သည်​ယောဟန်​ကို​လည်း အကူအညီ​ပေး​သူ​အဖြစ် ခေါ်​သွား​ကြ​၏။ တစ်​ကျွန်း​လုံး​ကို​လှည့်လည်​၍ ပါဖု​မြို့​အထိ​ရောက်​လျှင် ပရောဖက်​အတုအယောင်​ဖြစ်​သည့် ဗာယေရှု​အမည်​ရှိ​သော ဂျူး​လူမျိုး​မှော်ဆရာ​တစ်​ဦး​ကို တွေ့​ကြ​၏။ ထို​သူ​သည် ဉာဏ်ထက်မြက်​သူ​တစ်​ဦး​ဖြစ်​သည့် အုပ်ချုပ်ရေးမှူး​သေရဂိ​ပေါလု​နှင့်အတူ​ရှိ​နေ​၏။ ထို​အုပ်ချုပ်ရေးမှူး​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​လို​၍ ဗာနဗ​နှင့်​ရှောလု​တို့​ကို ဖိတ်ခေါ်​လေ​၏။ သို့သော် မှော်ဆရာ​ဟု​အဓိပ္ပာယ်​ရ​သည့် ဧလုမ​အမည်​ရှိ​သော ထို​သူ​သည် အုပ်ချုပ်ရေးမှူး​အား ယုံကြည်​ခြင်း​မှ​လွှဲဖယ်​စေရန် ကြိုးစား​ရှာကြံ​လျက် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဟန့်တား​လေ​၏။ ထိုအခါ ပေါလု​ဟု​လည်း​ခေါ်​သော​ရှောလု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် သူ့​ကို စေ့စေ့​ကြည့်​ကာ “အို စဉ်းလဲ​ခြင်း​အပေါင်း​နှင့်​လှည့်စား​မှု​ရှိသမျှ​တို့​ဖြင့်​ပြည့်ဝ​သူ၊ မာရ်နတ်​၏​သား၊ ဖြောင့်မတ်​ခြင်း​အပေါင်း​တို့​၏​ရန်သူ၊ သင်​သည် ထာဝရ​ဘုရား​၏​ဖြောင့်မတ်​သော​လမ်း​တို့​ကို ကွေ့ကောက်​အောင်​လုပ်​ခြင်း​မှ မ​ရပ်တန့်​ဘဲ​နေ​မည်​လော။ ကြည့်​လော့။ ထာဝရ​ဘုရား​၏​လက်​တော်​သည် ယခု​ပင် သင့်​အပေါ်သို့​ကျရောက်​သဖြင့် သင်​သည် မျက်စိကွယ်​လျက် ကာလ​အတန်ကြာ နေ​ကို​မ​မြင်​ဘဲ​နေ​လိမ့်မည်”​ဟု ဆို​၏။ ထို​ခဏချင်း​တွင် မှုန်ဝါး​ခြင်း​နှင့်​မှောင်မိုက်​ခြင်း​တို့​သည် သူ့​အပေါ်​ကျရောက်​သဖြင့် သူ​သည် လက်ဆွဲ​၍​လမ်းပြ​မည့်​သူ​ကို စမ်းတဝါးဝါး​လိုက်ရှာ​လေ​၏။ အုပ်ချုပ်ရေးမှူး​သည် ဖြစ်ပျက်​သော​အမှုအရာ​ကို​မြင်​လျှင် သခင်​ဘုရား​နှင့်​ပတ်သက်သော​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​လျက် ယုံကြည်​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။