YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 11:19-30

တမန်တော် 11:19-30 Judson Bible (JBMLE)

ထို​မှ​တစ်​ပါး၊ သ​တေ​ဖန်၏​အ​မှု​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​သော​သူ​တို့​သည် ဖိ​နိတ်၊ ကု​ပ​ရု၊ အ​န္တိ​အုတ်​မြို့​များ​သို့ တိုင်​အောင်​သွား၍၊ ယု​ဒ လူ​တို့​အား​သာ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။- နောက်​မှ ထို​သူ​အ​ချို့​တို့​သည် ကု​ပ​ရု​ပြည်​သား၊ ကု​ရေ​နေ​ပြည်​သား​ဖြစ်၍ အ​န္တိ​အုတ်​သို့​သွား​ပြီး​လျှင်၊ သ​ခင်​ယေ​ရှု၏ အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟေ​လေ​နစ်​လူ​တို့​အား ဟော​ပြော​ကြ၏။- သ​ခင်​ဘု​ရား၏ လက်​တော်​သည် ထို​သူ​တို့​နှင့်​တ​ကွ ရှိ​တော်​မူ​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်၍ သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ကြား​လျှင်၊ အ​န္တိ​အုတ်​မြို့​တိုင်​အောင် သွား​စေ​မည်​အ​ကြောင်း ဗာ​န​ဗ​ကို​စေ​လွှတ်​လေ၏။- ထို​သူ​သည် ရောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မြင်​လျှင် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍ ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် သ​ခင်​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​မည်​အ​ကြောင်း တိုက်​တွန်း နှိုး​ဆော်​လေ၏။- ထို​သူ​သည် သူ​တော်​ကောင်း​ဖြစ်၍၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ ပြည့်​စုံ​သော​အား​ဖြင့်၊ လူ​များ​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ထံ​သို့ ဝင်​စား​ကြ၏။ ဗာ​န​ဗ​သည်​လည်း ရှော​လု​ကို ရှာ​လျက် တာ​ရှု​မြို့​သို့​သွား၏။ တွေ့​လျှင်​အ​န္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့၏။- ထို​သူ​တို့​သည် တစ်​နှစ်​ပတ်​လုံး ထို​အ​သင်း​တော်​နှင့်​အ​တူ စည်း​ဝေး၍၊ လူ​များ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။ တ​ပည့်​တော်​တို့​သည်​လည်း ခ​ရစ်​ယာန်​ဟူ​သော ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို အ​န္တိ​အုတ်​မြို့၌ အ​ဦး​ခံ​ရ​ကြ၏။ ထို​အ​ခါ၌ ပ​ရော​ဖက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ အ​န္တိ​အုတ်​မြို့​သို့​လာ​ကြ၏။- ထို​သူ​တို့​အ​ဝင်၊ အာ​ဂ​ဗု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်​ထ၍၊ မြေ​တစ်​ပြင်​လုံး၌ အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း​ဖြစ်​လ​တ္တံ့​ဟု ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ၏။ ထို​ခေါင်း​ပါး​ခြင်း​သည် ကဲ​သာ​ဘု​ရင် က​လော​ဒိ​လက်​ထက်၌ ဖြစ်​သ​တည်း။- ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​အ​သီး တတ်​နိုင်​ကြ​သည်​အ​တိုင်း၊ ယု​ဒ​ပြည်၌​နေ​သော ညီ​အစ်​ကို​တို့​အား အ​ကူ​အ​မ ပေး​လိုက်​မည်​ဟု၊- စီ​ရင်​ကြ​သည်​နှင့်​အ​ညီ ဗာ​န​ဗ​နှင့် ရှော​လု​တို့​တွင် သင်း​အုပ်​တို့​ထံ​သို့ ပေး​လိုက်​ကြ၏။

တမန်တော် 11:19-30 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ​တို့​သည် သ​တေ​ဖန် အ​သတ်​ခံ​ရ​ချိန်​၌​ဖြစ်​ပေါ်​လာ​သော​နှိပ်​စက် ညှဉ်း​ဆဲ​မှု​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​သွား ကြ​၏။ ထို​သူ​အ​ချို့​တို့​သည်​ဖိ​နိတ်​ပြည်၊ ကု​ပ​ရု​ကျွန်း၊ အန္တိ​အုတ်​မြို့​သို့​တိုင်​အောင် ရောက်​ရှိ​ကြ​၏။ သူ​တို့​သည်​ဘုရား​သခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ယု​ဒ​အ​မျိုး သား​တို့​အား​သာ​ဟော​ပြော​ကြ​၏။- သို့​ရာ​တွင်​သူ​တို့​အ​ထဲ​တွင်​သ​ခင်​ယေ​ရှု ကို​ယုံ​ကြည်​သူ ကု​ပ​ရု​ပြည်​သား​နှင့်​ကု​ရေ နေ​ပြည်​သား​အ​ချို့​ပါ​၏။ သူ​တို့​သည်​အန္တိ အုတ်​မြို့​သို့​သွား​၍ လူ​မျိုး​ခြား​တို့​အား​လည်း သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​ကြေ​ညာ​ကြ​၏။- သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော် ကို​ခံ​ယူ​ရ​သ​ဖြင့် လူ​အ​မြောက်​အ​မြား ပင်​ယုံ​ကြည်​၍​သ​ခင်​ဘု​ရား​ထံ​ပြောင်း​လဲ လာ​ကြ​၏။ ဤ​သ​တင်း​ကို​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း တော်​ကြား​လျှင် ဗာ​န​ဗ​အား​အန္တိ​အုတ်​မြို့ သို့​စေ​လွှတ်​ကြ​၏။- သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။- ဗာ​န​ဗ​သည်​သူ​တော်​ကောင်း​ဖြစ်​၍​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည် ခြင်း​နှင့်​လည်း​ကောင်း​ပြည့်​ဝ​သ​ဖြင့်​များ​စွာ သော​သူ​တို့​အား​သ​ခင်​ဘု​ရား​ကို​ယုံ​ကြည် စေ​၏။ ထို​နောက်​ဗာ​န​ဗ​သည်​ရှော​လု​ကို​ရှာ​ရန် တာ​ရှု​မြို့​သို့​သွား​၏။- သူ့​ကို​တွေ့​လျှင်​အန္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့​၏။ သူ​တို့ နှစ်​ဦး​သည်​တစ်​နှစ်​ပတ်​လုံး​အ​သင်း​တော်​ဝင်​တို့ နှင့်​တွေ့​ဆုံ​၍ များ​စွာ​သော​လူ​ပ​ရိ​သတ်​တို့​ကို သွန်​သင်​ကြ​၏။ တ​ပည့်​တော်​တို့​သည်​ပ​ထ​မ​ဆုံး အ​ကြိမ်​ခ​ရစ်​ယာန်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ခံ ကြ​ရ​သည့်​အ​ရပ်​မှာ​အန္တိ​အုတ်​မြို့​ဖြစ်​သ​တည်း။ ထို​အ​ခါ​ကာ​လ​၌​ပ​ရော​ဖက်​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​အန္တိ​အုတ်​မြို့​သို့​လာ​ကြ​၏။- ထို​သူ​တို့​အ​နက်​အာ​ဂ​ဗု​နာ​မည်​ရှိ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​အ​ရ ထ​၍ ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​အ​စား​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​သင့်​လိမ့်​မည်​ဟု ဟော​ပြော​လေ​၏။ (ဧ​က​ရာဇ်​ဘု​ရင်​က​လော​ဒိ လက်​ထက်​၌ အ​ကယ်​ပင်​ဤ​သို့​ငတ်​မွတ်​ခေါင်း ပါး​ခဲ့​သ​တည်း။)- တ​ပည့်​တော်​တို့​သည်​အ​သီး​သီး​တတ်​နိုင်​သ​မျှ အ​တိုင်း ယု​ဒ​ပြည်​ရှိ​ညီ​အစ်​ကို​များ​အား​ကူ​ညီ ထောက်​ပံ့​ရန်​ဆုံး​ဖြတ်​ကြ​၏။- ဤ​သို့​ဆုံး​ဖြတ်​ကြ​ပြီး​နောက်​ထောက်​ပံ့​ငွေ များ​ကို​ဗာ​န​ဗ​နှင့်​ရှော​လု​မှ​တစ်​ဆင့် ယေ​ရု ရှ​လင်​မြို့​အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့ ပေး​ပို့​ကြ​၏။

တမန်တော် 11:19-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သတေဖန်​နှင့်​ဆက်စပ်​၍ ဖြစ်ပေါ်​လာ​သည့်​နှိပ်စက်​ခြင်း​ကြောင့် ကွဲလွင့်​သွား​ကြ​သော​သူ​တို့​သည် ဖိုနီးရှား​နယ်​မှစ၍ ဆိုက်ပရပ်​ကျွန်း​နှင့် အန္တိအုတ်​မြို့​အထိ ရောက်သွား​ကြ​၏။ သူ​တို့​သည် ဂျူး​လူမျိုး​တို့​မှတစ်ပါး မည်သူ့​ကို​မျှ နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ကြ​ချေ။ သို့သော် ထို​သူ​တို့​တွင် ဆိုက်ပရပ်​ကျွန်း​နှင့်​ကုရေနေ​မြို့​မှ လူ​အချို့​တို့​ပါ​၍ သူ​တို့​သည် အန္တိအုတ်​မြို့​သို့​သွား​ပြီးလျှင် ဂရိ​စကား​ပြော​သော​သူ​တို့​နှင့်​စကားပြော​လျက် သခင်​ယေရှု​အကြောင်း​ကို ဟောပြော​ကြ​၏။ သခင်​ဘုရား​၏​လက်​တော်​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​သဖြင့် များစွာ​သော​သူ​တို့​သည်​ယုံကြည်​၍ သခင်​ဘုရား​ထံသို့​ပြောင်းလဲ​လာ​ကြ​၏။ ထို​သူ​တို့​နှင့်ပတ်သက်​သည့်​သတင်း​ကို ဂျေရုဆလင်​မြို့​၌​ရှိ​သော အသင်းတော်​သည်​ကြား​လျှင် ဗာနဗ​ကို အန္တိအုတ်​မြို့​အထိ​သွား​ရန် စေလွှတ်​လေ​၏။ ဗာနဗ​သည် ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​မြင်​သောအခါ ဝမ်းမြောက်​လျက် ထို​သူ​အပေါင်း​တို့​အား စိတ်နှလုံး​ခိုင်မြဲ​စွာ​ဖြင့် သခင်​ဘုရား​၌ ဆက်လက်​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​လေ​၏။ အကြောင်းမူကား သူ​သည် သူတော်ကောင်း​ဖြစ်​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ယုံကြည်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​သော​သူ​ဖြစ်​၏။ ထိုအခါ များစွာ​သော​လူ​တို့​သည် သခင်​ဘုရား​ထံသို့ ပြောင်းလဲ​လာ​ကြ​၏။ ထို့နောက် ဗာနဗ​သည် ရှောလု​ကို​ရှာ​ရန် တာရှု​မြို့​သို့​ထွက်သွား​၍ သူ့​ကို​တွေ့​လျှင် အန္တိအုတ်​မြို့​သို့​ခေါ်လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်လုံး အသင်းတော်​၌​စုဝေး​လျက် များစွာ​သော​လူ​တို့​ကို သွန်သင်​ကြ​၏။ တပည့်​တော်​တို့​သည် ထို​အန္တိအုတ်​မြို့​၌ “ခရစ်ယာန်”​ဟု ပထမ​ဦးဆုံး​ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​၏။ ထို​နေ့ရက်​များ​၌ ပရောဖက်​တို့​သည် ဂျေရုဆလင်​မြို့​မှ အန္တိအုတ်​မြို့​သို့ ဆင်းလာ​ကြ​၏။ ထို​သူ​တို့​အထဲမှ အာဂဗု​အမည်​ရှိ​သူ​တစ်​ဦး​သည် ထ​၍ ကမ္ဘာ​တစ်ဝန်းလုံး​၌ ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး ကျရောက်​တော့မည်​ဟု ဝိညာဉ်​တော်​အားဖြင့် ကြိုတင်​ဟောပြော​၏။ ထို​ဘေး​သည် ကလောဒိ​မင်း​၏​လက်ထက်​တွင် ဖြစ်ပေါ်​ခဲ့​၏။ ထိုအခါ တပည့်​တော်​တို့​သည် အသီးသီး​တတ်နိုင်​သည့်​အတိုင်း ယုဒ​ပြည်​၌​နေထိုင်​ကြ​သော ညီအစ်ကို​တို့​အား အထောက်အပံ့​ပို့ပေး​ရန် ဆုံးဖြတ်​ကြ​၏။ သူ​တို့​သည် ထို​အတိုင်း​ပြု​လျက် ၎င်း​ကို ဗာနဗ​နှင့်​ရှောလု​တို့​၏​လက်​မှ​တစ်ဆင့် အသင်းတော်​အကြီးအကဲ​များ​ထံသို့ ပေးပို့​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။