YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 10:27-30

တမန်တော် 10:27-30 Judson Bible (JBMLE)

ထို​သို့​နှုတ်​ဆက်၍ ဝင်​လေ​သော် စု​ဝေး​လျက်​ရှိ​ကြ​သော လူ​များ​ကို​တွေ့​လျှင်၊- ပေ​တ​ရု​က၊ ယု​ဒ​လူ​ဖြစ်​သော​သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဖော် မ​ချည်း​ကပ်​အပ်​သည်​ကို သင်​တို့​သိ​ကြ၏။ သို့​သော်​လည်း ညစ်​ညူး​သည် မ​စင်​ကြယ်​ဟု အ​ဘယ်​သူ​ကို​မျှ မ​ခေါ်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်၊ ငါ့​အား ဆုံး​မ​ပြ​သ​တော်​မူ​ပြီ။- ထို​ကြောင့် ငါ့​ကို​ခေါ်​ကြ​သော​အ​ခါ ငါ​သည် မ​ငြင်း​မ​ခုံ​ဘဲ​လျက် လာ၏။ သို့​ဖြစ်၍ အ​ဘယ်​အ​ကြောင်း​ကြောင့် ငါ့​ကို​ခေါ်​ကြ​သ​နည်း၊ ငါ​မေး​လို​သည်​ဟု ထို​သူ​တို့ အား​ပြော​ဆို၏။ ကော်​နေ​လိ​က​လည်း၊ အ​ကျွန်ုပ်​သည် ယ​ခု​အ​ချိန် နာ​ရီ​တိုင်​အောင် အ​စာ​ရှောင်၍ သုံး​ချက်​တီး​အ​ချိန်​တွင် အိမ်၌​ဆု​တောင်း​လျက် နေ​သည်၊ ယ​ခု လေး​ရက်​ရှိ​ပါ​ပြီ။ ထို​အ​ချိန်၌ လူ​တစ်​ယောက်​သည် ထွန်း​တောက်​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ကျွန်ုပ် ရှေ့​မှောက်၌​ရပ်၍၊

တမန်တော် 10:27-30 Common Language Bible (BCL)

ထို​နောက်​ကော်​နေ​လိ​နှင့်​အ​တူ​စ​ကား​ပြော လျက်​အိမ်​ထဲ​သို့​ဝင်​သွား​သော​အ​ခါ လူ အ​မြောက်​အ​မြား​စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​မြင်​ရ​၏။- ထို​သူ​တို့​အား​ပေ​တ​ရု​က ``ယု​ဒ​အ​မျိုး​သား သည်​လူ​မျိုး​ခြား​များ​နှင့်​မ​ပေါင်း​မ​သင်း​ရ ဟူ​၍​လည်း​ကောင်း၊ သူ​တို့​၏​ထံ​သို့​အ​လည် အ​ပတ်​မ​သွား​ရ​ဟူ​၍​လည်း​ကောင်း၊ ဘာ​သာ တ​ရား​က​တား​မြစ်​သည်​ကို​သင်​တို့​သိ​ကြ​၏။ သို့​သော်​မည်​သူ့​ကို​မျှ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​ညစ်​ညမ်း​သူ​သို့​မ​ဟုတ် မ​သန့်​စင်​သူ ဟူ​၍​မ​ခေါ်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ့ အား​ဖော်​ပြ​တော်​မူ​ပြီ။- ထို့​ကြောင့်​ငါ့​ကို​သင်​ခေါ်​ဖိတ်​သော​အ​ခါ ငါ​သည်​မ​ငြင်း​မ​ဆို​ဘဲ​လိုက်​လာ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ဖိတ်​ရ​ကြောင်း ပြော​ကြား​ပါ​လော့'' ဟု​ဆို​၏။ ကော်​နေ​လိ​က ``လွန်​ခဲ့​သော​သုံး​ရက်​က​မွန်း လွဲ​သုံး​နာ​ရီ​၌ အ​ကျွန်ုပ်​သည်​အိမ်​မှာ​ဆု​တောင်း လျက်​နေ​ပါ​၏။ ထို​အ​ခါ​တောက်​ပြောင်​သော အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သူ​လူ​တစ်​ယောက် သည် အ​ကျွန်ုပ်​၏​ရှေ့​တွင်​ရုတ်​တ​ရက်​ရပ်​၍၊

တမန်တော် 10:27-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကော်နေလိ​နှင့်​စကား​ပြော​ရင်း အိမ်​ထဲသို့​ဝင်​လျှင် လူ​များစွာ​တို့​စုဝေး​နေ​ကြ​သည်​ကို တွေ့​လေ​၏။ ထိုအခါ ပေတရု​က “ဂျူး​လူမျိုး​တို့​အတွက် လူမျိုးခြား​ထံ အလည်အပတ်​သွား​ခြင်း​၊ သို့မဟုတ် သူ​တို့​နှင့်​ပေါင်းဖော်​ခြင်း​သည် တရား​တော်​နှင့်​မ​ညီ​ကြောင်း သင်​တို့​သိ​ကြ​၏။ သို့သော် မည်သူ့​ကို​မျှ ညစ်ညူး​သော​သူ​၊ သို့မဟုတ် မစင်ကြယ်​သော​သူ​ဟူ၍ မ​ခေါ်​ရ​မည့်​အကြောင်း ဘုရားသခင်​သည် ငါ့​အား ပြသ​တော်မူ​ပြီ။ ထို့ကြောင့် ငါ​သည် ခေါ်ဖိတ်​ခြင်း​ခံရ​သောအခါ မ​ငြင်းဆို​ဘဲ လာ​ခဲ့​၏။ သို့ဖြစ်၍ ငါ့​အား မည်သည့်​အကြောင်း​ကြောင့် ခေါ်ဖိတ်​ကြ​သည်​ကို ငါ​မေး​လို​သည်”​ဟု ဆို​လေ​၏။ ကော်နေလိ​က​လည်း “လွန်ခဲ့သော​သုံး​ရက်​က ဤ​အချိန်​မွန်းလွဲ​သုံး​နာရီ​တွင် အကျွန်ုပ်​အိမ်​၌ အကျွန်ုပ်​ဆုတောင်း​နေ​စဉ် တောက်ပ​သည့်​အဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အကျွန်ုပ်​ရှေ့​၌​ရပ်​လျက်