YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 10:27-30

တမန်တော်ဝတ္ထု 10:27-30 MSBU

ထို့နောက် ကော်နေလိ​နှင့်​စကား​ပြော​ရင်း အိမ်​ထဲသို့​ဝင်​လျှင် လူ​များစွာ​တို့​စုဝေး​နေ​ကြ​သည်​ကို တွေ့​လေ​၏။ ထိုအခါ ပေတရု​က “ဂျူး​လူမျိုး​တို့​အတွက် လူမျိုးခြား​ထံ အလည်အပတ်​သွား​ခြင်း​၊ သို့မဟုတ် သူ​တို့​နှင့်​ပေါင်းဖော်​ခြင်း​သည် တရား​တော်​နှင့်​မ​ညီ​ကြောင်း သင်​တို့​သိ​ကြ​၏။ သို့သော် မည်သူ့​ကို​မျှ ညစ်ညူး​သော​သူ​၊ သို့မဟုတ် မစင်ကြယ်​သော​သူ​ဟူ၍ မ​ခေါ်​ရ​မည့်​အကြောင်း ဘုရားသခင်​သည် ငါ့​အား ပြသ​တော်မူ​ပြီ။ ထို့ကြောင့် ငါ​သည် ခေါ်ဖိတ်​ခြင်း​ခံရ​သောအခါ မ​ငြင်းဆို​ဘဲ လာ​ခဲ့​၏။ သို့ဖြစ်၍ ငါ့​အား မည်သည့်​အကြောင်း​ကြောင့် ခေါ်ဖိတ်​ကြ​သည်​ကို ငါ​မေး​လို​သည်”​ဟု ဆို​လေ​၏။ ကော်နေလိ​က​လည်း “လွန်ခဲ့သော​သုံး​ရက်​က ဤ​အချိန်​မွန်းလွဲ​သုံး​နာရီ​တွင် အကျွန်ုပ်​အိမ်​၌ အကျွန်ုပ်​ဆုတောင်း​နေ​စဉ် တောက်ပ​သည့်​အဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အကျွန်ုပ်​ရှေ့​၌​ရပ်​လျက်

​တမန်တော်ဝတ္ထု 10:27-30 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။