YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ရှင်ယောဟန် 1:9-12

၃ ရှင်ယောဟန် 1:9-12 Judson Bible (JBMLE)

အ​သင်း​တော်​ထံ​သို့ မှာ​စာ​ကို ငါ​ရေး၍ ပေး​လိုက်​လေ​ပြီ။ သို့​သော်​လည်း၊ အ​ကဲ​အ​မှူး​လုပ်​ချင်​သော ဒ​ယော​တ​ရပ်​သည် ငါ​တို့​အား အ​ခွင့်​မ​ပေး။- ထို​ကြောင့်၊ ငါ​လာ​သော​အ​ခါ သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မိ​မိ​သ​တိ​ရ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ ထို​သူ​သည်၊ ငြူ​စူ​သော​စ​ကား​နှင့် ငါ​တို့​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကဲ့​ရဲ့​ခြင်း​နှင့် စိတ်​မ​ပြေ​ဘဲ​လျက်၊ ညီ​အစ်​ကို​တို့​ကို ကိုယ်​တိုင်​လက်​မ​ခံ၊ လက်​ခံ​ချင်​သော​သူ​တို့​ကို​လည်း မြစ်​တား၍၊ အ​သင်း​တော်​ထဲ​က နှင်​ထုတ်​တတ်၏။- အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။- လူ​အ​ပေါင်း​တို့​သည် ဒေ​မေ​တ​ရိ၏ သက်​သေ​ဖြစ်​ကြ၏။ သ​မ္မာ​တ​ရား​သည်​လည်း သူ၏​သက်​သေ​ဖြစ်၏။ ငါ​တို့​သည်​လည်း ထို​သူ​ဘက်၌ သက်​သေ​ခံ​ကြ၏။ ငါ​တို့၏ သက်​သေ​ခံ​ခြင်း​သည် ဟုတ်​မှန်​သည်​ကို သင်​တို့ သိ​ကြ၏။

၃ ရှင်ယောဟန် 1:9-12 Common Language Bible (BCL)

ငါ​သည်​အ​သင်း​တော်​သို့​စာ​ရေး​ခဲ့​သော် လည်း အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​လို သူ​ဒ​ယော​တ​ရပ်​က​ငါ့​စ​ကား​ကို​မ​နာ ခံ။- သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။ ချစ်​ဆွေ၊ စံ​န​မူ​နာ​ကောင်း​ကို​အ​တု​ယူ​ပါ။ စံ​န​မူ​နာ​ဆိုး​ကို​အ​တု​မ​ယူ​နှင့်။ အ​ကျင့် ကောင်း​ကို​ပြု​ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏ ဘက်​တော်​သား​ဖြစ်​၏။ အ​ကျင့်​ဆိုး​ကို​ပြု ကျင့်​သူ​ကား​ဘု​ရား​သ​ခင်​ကို​မ​သိ​မြင် သေး​သူ​ဖြစ်​၏။ ဒေ​မေ​တ​ရိ​ကို လူ​တိုင်း​ချီး​မွမ်း​ပြော​ဆို ကြ​ပေ​သည်။ သမ္မာ​တ​ရား​သည်​သူ့​ဘက်​၌ သက်​သေ​ခံ​၏။ ငါ​တို့​သည်​ထပ်​လောင်း​၍ ထောက်​ခံ​၏။ ငါ​တို့​ထောက်​ခံ​ချက်​သည် ခိုင်​လုံ​ကြောင်း​သင်​သိ​၏။

၃ ရှင်ယောဟန် 1:9-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် အသင်းတော်​ထံသို့ စာ​အနည်းငယ်​ရေး​ခဲ့​သော်လည်း သူ​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော ဒယောတရပ်​သည် ငါ​တို့​ကို​လက်​မ​ခံ။ ထို့ကြောင့် ငါ​လာ​သောအခါ သူ​ပြု​နေ​သော​အမှု​ကို​ထောက်ပြ​မည်။ သူ​သည် မကောင်း​သော​စကား​အမျိုးမျိုး​တို့​ဖြင့် ငါ​တို့​ကို ကဲ့ရဲ့​ပြစ်တင်​ပြီး ဤမျှ​နှင့်​သာ​မ​ကျေနပ်​ဘဲ သူ​ကိုယ်တိုင်​လည်း ညီအစ်ကို​တို့​ကို​လက်​မ​ခံ၊ လက်ခံ​လို​သော​သူ​များ​ကို​လည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်​၏။ ချစ်​ရ​သော​သူ၊ မကောင်း​သော​အမှု​ကို​အတု​မ​ယူ​ဘဲ ကောင်း​သော​အမှု​ကို​အတုယူ​လော့။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​မူကား ဘုရားသခင်​ကို မ​သိ​မ​မြင်​ဖူး​ချေ။ ဒေမေတရိ​အကြောင်း​ကို လူ​အပေါင်း​တို့​မှစ၍ သမ္မာတရား​ကိုယ်တိုင်​က သက်သေခံ​၏။ ငါ​တို့​သည်​လည်း သက်သေခံ​ကြ​၏။ ငါ​တို့​၏​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို​လည်း သင်​သိ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။