YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:9-12

ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:9-12 MSBU

ငါ​သည် အသင်းတော်​ထံသို့ စာ​အနည်းငယ်​ရေး​ခဲ့​သော်လည်း သူ​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော ဒယောတရပ်​သည် ငါ​တို့​ကို​လက်​မ​ခံ။ ထို့ကြောင့် ငါ​လာ​သောအခါ သူ​ပြု​နေ​သော​အမှု​ကို​ထောက်ပြ​မည်။ သူ​သည် မကောင်း​သော​စကား​အမျိုးမျိုး​တို့​ဖြင့် ငါ​တို့​ကို ကဲ့ရဲ့​ပြစ်တင်​ပြီး ဤမျှ​နှင့်​သာ​မ​ကျေနပ်​ဘဲ သူ​ကိုယ်တိုင်​လည်း ညီအစ်ကို​တို့​ကို​လက်​မ​ခံ၊ လက်ခံ​လို​သော​သူ​များ​ကို​လည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်​၏။ ချစ်​ရ​သော​သူ၊ မကောင်း​သော​အမှု​ကို​အတု​မ​ယူ​ဘဲ ကောင်း​သော​အမှု​ကို​အတုယူ​လော့။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​မူကား ဘုရားသခင်​ကို မ​သိ​မ​မြင်​ဖူး​ချေ။ ဒေမေတရိ​အကြောင်း​ကို လူ​အပေါင်း​တို့​မှစ၍ သမ္မာတရား​ကိုယ်တိုင်​က သက်သေခံ​၏။ ငါ​တို့​သည်​လည်း သက်သေခံ​ကြ​၏။ ငါ​တို့​၏​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို​လည်း သင်​သိ​၏။