YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ရှင်ယောဟန် 1

1
1အ​သက်​ကြီး​သူ​သည် ချစ်​အပ်​သော​ဂါ​ယု​ကို ကြား​လိုက်​ပါ​၏။ ငါ​သည် သင်၌ မှန်​ကန်​သော​ချစ်​ခြင်း မေ​တ္တာ​ရှိ၏။- 2အ​ချင်း​ချစ်​သူ၊ သင်၏​စိတ်​နှ​လုံး​သည် ကောင်း​စား​သ​ကဲ့​သို့၊ သင်​သည် အ​ရာ​ရာ၌​ကောင်း​စား​ခြင်း​နှင့် ကျန်း​မာ​ခြင်း​ရှိ​မည်​အ​ကြောင်း ငါ​ဆု​တောင်း၏။- 3သင်​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​အ​တိုင်း သင်၌​ရှိ​သော သ​မ္မာ​တ​ရား၏​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် လာ၍ သက်​သေ​ခံ​ကြ​သော​အ​ခါ၊ ငါ​သည် အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ၏။- 4ငါ၏​သား​သ​မီး​တို့​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​ကို ငါ​ကြား၍ ဝမ်း​မြောက်​ခြင်း​ထက် သာ၍ ဝမ်း​မြောက်​ခြင်း​မ​ရှိ။
ဂါ​ယု​ကို​ချီး​မွမ်း​ခြင်း
5အ​ချင်း​ချစ်​သူ၊ သင်​သည် ညီ​အစ်​ကို​တို့​အား​လည်း​ကောင်း၊ အာ​ဂ​န္တု​တို့​အား​လည်း​ကောင်း ပြု​သ​မျှ​သော​ဝတ်​တို့​ကို သ​စ္စာ​နှင့်​အ​ညီ ပြု​တတ်၏။- 6ထို​သူ​တို့​သည် သင်၏​ချစ်​ခြင်း​မေ​တ္တာ​အ​ကြောင်း​ကို အ​သင်း​တော်​ရှေ့၌ သက်​သေ​ခံ​ကြ၏။ သင်​သည် ထို​သူ​တို့​ကို ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ပို့​လိုက်​ပြန်​လျှင်၊ ကောင်း​သော​အ​မှု​ကို ပြု​လိမ့်​မည်။- 7အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် နာ​မ​တော်​ကို​ထောက်၍၊ သာ​သ​နာ​ပ​လူ​တို့​တွင် အ​လှူ​မ​ခံ​ဘဲ​သွား​ကြ၏။- 8ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ကူ​မ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ ထို​သို့​သော​သူ​တို့​အား ဧည့်​သည်​ဝတ်​ကို ပြု​အပ်​ကြ၏။
ဒ​ယော​တ​ရပ်​နှ​င့် ဒေ​မေ​တ​ရိ
9အ​သင်း​တော်​ထံ​သို့ မှာ​စာ​ကို ငါ​ရေး၍ ပေး​လိုက်​လေ​ပြီ။ သို့​သော်​လည်း၊ အ​ကဲ​အ​မှူး​လုပ်​ချင်​သော ဒ​ယော​တ​ရပ်​သည် ငါ​တို့​အား အ​ခွင့်​မ​ပေး။- 10ထို​ကြောင့်၊ ငါ​လာ​သော​အ​ခါ သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မိ​မိ​သ​တိ​ရ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ ထို​သူ​သည်၊ ငြူ​စူ​သော​စ​ကား​နှင့် ငါ​တို့​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကဲ့​ရဲ့​ခြင်း​နှင့် စိတ်​မ​ပြေ​ဘဲ​လျက်၊ ညီ​အစ်​ကို​တို့​ကို ကိုယ်​တိုင်​လက်​မ​ခံ၊ လက်​ခံ​ချင်​သော​သူ​တို့​ကို​လည်း မြစ်​တား၍၊ အ​သင်း​တော်​ထဲ​က နှင်​ထုတ်​တတ်၏။- 11အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။- 12လူ​အ​ပေါင်း​တို့​သည် ဒေ​မေ​တ​ရိ၏ သက်​သေ​ဖြစ်​ကြ၏။ သ​မ္မာ​တ​ရား​သည်​လည်း သူ၏​သက်​သေ​ဖြစ်၏။ ငါ​တို့​သည်​လည်း ထို​သူ​ဘက်၌ သက်​သေ​ခံ​ကြ၏။ ငါ​တို့၏ သက်​သေ​ခံ​ခြင်း​သည် ဟုတ်​မှန်​သည်​ကို သင်​တို့ သိ​ကြ၏။
နောက်​ဆုံး​နှုတ်​ဆက်​စ​ကား
13ငါ​ရေး​စ​ရာ​အ​ကြောင်း အ​များ​ရှိ​သော်​လည်း၊ မင်​နှင့် မင်​တံ​ဖြင့် ရေး​ခြင်း​ငှာ အ​လို​မ​ရှိ၊- 14မ​ကြာ​မ​မြင့်​မီ သင့်​ကို ငါ​တွေ့​မြင်​လျှင် အ​ချင်း​ချင်း​နှုတ်​ဆက်၍ စ​ကား​ပြော​မည်​ဟု မျှော်​လ​င့်​လျက်​နေ၏။ သင်၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။ အ​ဆွေ​တို့​သည် သင့်​ကို​နှုတ်​ဆက်​ကြ၏။ သင်၌​ရှိ​သော အ​ဆွေ​တို့၏​နာ​မည်​ကို ထုတ်၍ နှုတ်​ဆက်​လော့။
ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​တ​တိ​ယ​စောင်​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

၃ ရှင်ယောဟန် 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ