YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ရှင်ယောဟန် 1:1-4

၃ ရှင်ယောဟန် 1:1-4 Judson Bible (JBMLE)

အ​သက်​ကြီး​သူ​သည် ချစ်​အပ်​သော​ဂါ​ယု​ကို ကြား​လိုက်​ပါ​၏။ ငါ​သည် သင်၌ မှန်​ကန်​သော​ချစ်​ခြင်း မေ​တ္တာ​ရှိ၏။- အ​ချင်း​ချစ်​သူ၊ သင်၏​စိတ်​နှ​လုံး​သည် ကောင်း​စား​သ​ကဲ့​သို့၊ သင်​သည် အ​ရာ​ရာ၌​ကောင်း​စား​ခြင်း​နှင့် ကျန်း​မာ​ခြင်း​ရှိ​မည်​အ​ကြောင်း ငါ​ဆု​တောင်း၏။- သင်​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​အ​တိုင်း သင်၌​ရှိ​သော သ​မ္မာ​တ​ရား၏​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် လာ၍ သက်​သေ​ခံ​ကြ​သော​အ​ခါ၊ ငါ​သည် အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ၏။- ငါ၏​သား​သ​မီး​တို့​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​ကို ငါ​ကြား၍ ဝမ်း​မြောက်​ခြင်း​ထက် သာ၍ ဝမ်း​မြောက်​ခြင်း​မ​ရှိ။

၃ ရှင်ယောဟန် 1:1-4 Common Language Bible (BCL)

အ​သက်​ကြီး​သူ​ထံ​မှ​အ​မှန်​ပင်​သမ္မာ​တ​ရား တော်​အား​ဖြင့် ငါ​ချစ်​မြတ်​နိုး​သူ​ဂါ​ယု​ထံ သို့​စာ​ရေး​လိုက်​သည်။ ချစ်​ဆွေ၊ သင်​သည်​အ​စ​စ​အ​ရာ​ရာ​တွင် ကြီး​ပွား​တိုး​တက်​၍​ကျန်း​မာ​ရွှင်​လန်း​စေ ရန်​ငါ​ဆု​တောင်း​၏။ သင်​၏​ဝိ​ညာဉ်​ပါ​ရ​မီ တိုး​တက်​လျက်​ရှိ​ကြောင်း​ငါ​သိ​၏။- သင်​သည်​သမ္မာ​တ​ရား​ကို​အ​မြဲ​လိုက်​နာ​ခဲ့ သည့်​အ​တိုင်း ယ​ခု​လည်း​သစ္စာ​နှင့်​လိုက်​နာ​ကျင့် သုံး​လျက်​ရှိ​ကြောင်း​ကို ညီ​အစ်​ကို​အ​ချို့​တို့ လာ​ရောက်​ပြော​ပြ​၍​ကြား​ရ​သ​ဖြင့်​ငါ သည်​အ​လွန်​ဝမ်း​မြောက်​၏။- ငါ့​အား​ဝမ်း​အ​မြောက်​ဆုံး​ဖြစ်​စေ​သည့်​အ​ရာ မှာ သမ္မာ​တ​ရား​ကို​ငါ့​သား​သ​မီး​များ​လိုက် နာ​ကျင့်​သုံး​ကြ​ကြောင်း​သ​တင်း​ကို​ကြား​ရ ခြင်း​ပင်​ဖြစ်​သည်။

၃ ရှင်ယောဟန် 1:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌ ငါ​ချစ်​သည့် ချစ်​ရ​သော​ဂါယု​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ချစ်​ရ​သော​သူ၊ သင်​၏​စိတ်​ဝိညာဉ်​ကြီးပွား​သကဲ့သို့ သင်​သည် အရာရာ​၌​ကြီးပွား​၍ ကျန်းမာ​ပါစေ​ဟု ငါ​ဆုတောင်း​၏။ သင်​သည် သမ္မာတရား​၌ အသက်ရှင်​လျှောက်လှမ်း​နေ​သည့်​အလျောက် ညီအစ်ကို​အချို့​တို့​သည်​လာ​၍ သင်​၌​ရှိ​သော​သမ္မာတရား​အကြောင်း​ကို သက်သေခံ​ကြ​သောအခါ ငါ​သည် အလွန်​ဝမ်းမြောက်​၏။ ငါ့​သားသမီး​တို့​သည် သမ္မာတရား​၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြောင်း​ကို ကြား​ရ​သည်​ထက် ဝမ်းမြောက်​စရာ​ကောင်း​သော​အရာ​သည် ငါ​၌​မ​ရှိ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။