YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ရှင်ယောဟန် 1:1-14

၃ ရှင်ယောဟန် 1:1-14 Judson Bible (JBMLE)

အ​သက်​ကြီး​သူ​သည် ချစ်​အပ်​သော​ဂါ​ယု​ကို ကြား​လိုက်​ပါ​၏။ ငါ​သည် သင်၌ မှန်​ကန်​သော​ချစ်​ခြင်း မေ​တ္တာ​ရှိ၏။- အ​ချင်း​ချစ်​သူ၊ သင်၏​စိတ်​နှ​လုံး​သည် ကောင်း​စား​သ​ကဲ့​သို့၊ သင်​သည် အ​ရာ​ရာ၌​ကောင်း​စား​ခြင်း​နှင့် ကျန်း​မာ​ခြင်း​ရှိ​မည်​အ​ကြောင်း ငါ​ဆု​တောင်း၏။- သင်​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​အ​တိုင်း သင်၌​ရှိ​သော သ​မ္မာ​တ​ရား၏​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် လာ၍ သက်​သေ​ခံ​ကြ​သော​အ​ခါ၊ ငါ​သည် အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ၏။- ငါ၏​သား​သ​မီး​တို့​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​ကို ငါ​ကြား၍ ဝမ်း​မြောက်​ခြင်း​ထက် သာ၍ ဝမ်း​မြောက်​ခြင်း​မ​ရှိ။ အ​ချင်း​ချစ်​သူ၊ သင်​သည် ညီ​အစ်​ကို​တို့​အား​လည်း​ကောင်း၊ အာ​ဂ​န္တု​တို့​အား​လည်း​ကောင်း ပြု​သ​မျှ​သော​ဝတ်​တို့​ကို သ​စ္စာ​နှင့်​အ​ညီ ပြု​တတ်၏။- ထို​သူ​တို့​သည် သင်၏​ချစ်​ခြင်း​မေ​တ္တာ​အ​ကြောင်း​ကို အ​သင်း​တော်​ရှေ့၌ သက်​သေ​ခံ​ကြ၏။ သင်​သည် ထို​သူ​တို့​ကို ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ပို့​လိုက်​ပြန်​လျှင်၊ ကောင်း​သော​အ​မှု​ကို ပြု​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် နာ​မ​တော်​ကို​ထောက်၍၊ သာ​သ​နာ​ပ​လူ​တို့​တွင် အ​လှူ​မ​ခံ​ဘဲ​သွား​ကြ၏။- ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ကူ​မ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ ထို​သို့​သော​သူ​တို့​အား ဧည့်​သည်​ဝတ်​ကို ပြု​အပ်​ကြ၏။ အ​သင်း​တော်​ထံ​သို့ မှာ​စာ​ကို ငါ​ရေး၍ ပေး​လိုက်​လေ​ပြီ။ သို့​သော်​လည်း၊ အ​ကဲ​အ​မှူး​လုပ်​ချင်​သော ဒ​ယော​တ​ရပ်​သည် ငါ​တို့​အား အ​ခွင့်​မ​ပေး။- ထို​ကြောင့်၊ ငါ​လာ​သော​အ​ခါ သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မိ​မိ​သ​တိ​ရ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ ထို​သူ​သည်၊ ငြူ​စူ​သော​စ​ကား​နှင့် ငါ​တို့​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကဲ့​ရဲ့​ခြင်း​နှင့် စိတ်​မ​ပြေ​ဘဲ​လျက်၊ ညီ​အစ်​ကို​တို့​ကို ကိုယ်​တိုင်​လက်​မ​ခံ၊ လက်​ခံ​ချင်​သော​သူ​တို့​ကို​လည်း မြစ်​တား၍၊ အ​သင်း​တော်​ထဲ​က နှင်​ထုတ်​တတ်၏။- အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။- လူ​အ​ပေါင်း​တို့​သည် ဒေ​မေ​တ​ရိ၏ သက်​သေ​ဖြစ်​ကြ၏။ သ​မ္မာ​တ​ရား​သည်​လည်း သူ၏​သက်​သေ​ဖြစ်၏။ ငါ​တို့​သည်​လည်း ထို​သူ​ဘက်၌ သက်​သေ​ခံ​ကြ၏။ ငါ​တို့၏ သက်​သေ​ခံ​ခြင်း​သည် ဟုတ်​မှန်​သည်​ကို သင်​တို့ သိ​ကြ၏။ ငါ​ရေး​စ​ရာ​အ​ကြောင်း အ​များ​ရှိ​သော်​လည်း၊ မင်​နှင့် မင်​တံ​ဖြင့် ရေး​ခြင်း​ငှာ အ​လို​မ​ရှိ၊- မ​ကြာ​မ​မြင့်​မီ သင့်​ကို ငါ​တွေ့​မြင်​လျှင် အ​ချင်း​ချင်း​နှုတ်​ဆက်၍ စ​ကား​ပြော​မည်​ဟု မျှော်​လ​င့်​လျက်​နေ၏။ သင်၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။ အ​ဆွေ​တို့​သည် သင့်​ကို​နှုတ်​ဆက်​ကြ၏။ သင်၌​ရှိ​သော အ​ဆွေ​တို့၏​နာ​မည်​ကို ထုတ်၍ နှုတ်​ဆက်​လော့။ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​တ​တိ​ယ​စောင်​ပြီး၏။

၃ ရှင်ယောဟန် 1:1-14 Common Language Bible (BCL)

အ​သက်​ကြီး​သူ​ထံ​မှ​အ​မှန်​ပင်​သမ္မာ​တ​ရား တော်​အား​ဖြင့် ငါ​ချစ်​မြတ်​နိုး​သူ​ဂါ​ယု​ထံ သို့​စာ​ရေး​လိုက်​သည်။ ချစ်​ဆွေ၊ သင်​သည်​အ​စ​စ​အ​ရာ​ရာ​တွင် ကြီး​ပွား​တိုး​တက်​၍​ကျန်း​မာ​ရွှင်​လန်း​စေ ရန်​ငါ​ဆု​တောင်း​၏။ သင်​၏​ဝိ​ညာဉ်​ပါ​ရ​မီ တိုး​တက်​လျက်​ရှိ​ကြောင်း​ငါ​သိ​၏။- သင်​သည်​သမ္မာ​တ​ရား​ကို​အ​မြဲ​လိုက်​နာ​ခဲ့ သည့်​အ​တိုင်း ယ​ခု​လည်း​သစ္စာ​နှင့်​လိုက်​နာ​ကျင့် သုံး​လျက်​ရှိ​ကြောင်း​ကို ညီ​အစ်​ကို​အ​ချို့​တို့ လာ​ရောက်​ပြော​ပြ​၍​ကြား​ရ​သ​ဖြင့်​ငါ သည်​အ​လွန်​ဝမ်း​မြောက်​၏။- ငါ့​အား​ဝမ်း​အ​မြောက်​ဆုံး​ဖြစ်​စေ​သည့်​အ​ရာ မှာ သမ္မာ​တ​ရား​ကို​ငါ့​သား​သ​မီး​များ​လိုက် နာ​ကျင့်​သုံး​ကြ​ကြောင်း​သ​တင်း​ကို​ကြား​ရ ခြင်း​ပင်​ဖြစ်​သည်။ ချစ်​ဆွေ၊ သင်​သည်​မိ​မိ​မ​သိ​မ​ကျွမ်း​သူ​ညီ အစ်​ကို​များ​ကို​ပင်​လျှင် သင်​ပြု​ရ​မည့်​ဝတ်​ကို သစ္စာ​နှင့်​ဆောင်​ရွက်​ပေ​သည်။- ထို​သူ​တို့​သည်​သင်​၏​မေတ္တာ​အ​ကြောင်း​ကို ဤ အ​သင်း​တော်​ရှေ့​၌​သက်​သေ​ခံ​ကြ​လေ​ပြီ။ သူ တို့​သည်​ရှေ့​သို့​ခ​ရီး​ဆက်​နိုင်​ကြ​စေ​ရန်​သူ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့် အ​တိုင်း​ကူ​ညီ​မ​စ​ပါ​လော့။- သူ​တို့​သည်​ယုံ​ကြည်​သူ​မ​ဟုတ်​သူ​များ​ထံ​မှ အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ နာ​မ​တော်​အ​ကြောင်း ဟော​ပြော​ရန်​ခ​ရီး​ထွက်​ကြ​သူ​များ​ဖြစ်​ပေ သည်။- သို့​ဖြစ်​၍​ငါ​တို့​များ​သည်​သမ္မာ​တ​ရား​ပြန့် ပွား​ရေး​လုပ်​ငန်း​တွင် ထို​သူ​တို့​၏​လုပ်​ဖော် ဆောင်​ဘက်​များ​ဖြစ်​နိုင်​ရန်​သူ​တို့​အား​ကူ​ညီ မ​စ​ရ​မည်။ ငါ​သည်​အ​သင်း​တော်​သို့​စာ​ရေး​ခဲ့​သော် လည်း အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​လို သူ​ဒ​ယော​တ​ရပ်​က​ငါ့​စ​ကား​ကို​မ​နာ ခံ။- သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။ ချစ်​ဆွေ၊ စံ​န​မူ​နာ​ကောင်း​ကို​အ​တု​ယူ​ပါ။ စံ​န​မူ​နာ​ဆိုး​ကို​အ​တု​မ​ယူ​နှင့်။ အ​ကျင့် ကောင်း​ကို​ပြု​ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏ ဘက်​တော်​သား​ဖြစ်​၏။ အ​ကျင့်​ဆိုး​ကို​ပြု ကျင့်​သူ​ကား​ဘု​ရား​သ​ခင်​ကို​မ​သိ​မြင် သေး​သူ​ဖြစ်​၏။ ဒေ​မေ​တ​ရိ​ကို လူ​တိုင်း​ချီး​မွမ်း​ပြော​ဆို ကြ​ပေ​သည်။ သမ္မာ​တ​ရား​သည်​သူ့​ဘက်​၌ သက်​သေ​ခံ​၏။ ငါ​တို့​သည်​ထပ်​လောင်း​၍ ထောက်​ခံ​၏။ ငါ​တို့​ထောက်​ခံ​ချက်​သည် ခိုင်​လုံ​ကြောင်း​သင်​သိ​၏။ သင်​တို့​အား​ပြော​စ​ရာ​အ​ကြောင်း​အ​ရာ များ​စွာ​ရှိ​သော်​လည်း​ငါ​သည်​စာ​အား​ဖြင့် မ​ရေး​ဘဲ၊- ငါ​သည်​သင့်​ထံ​သို့​မ​ကြာ​မီ​ရောက်​၍​သင်​နှင့် မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​ပြော​ဆို​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​၏။

၃ ရှင်ယောဟန် 1:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌ ငါ​ချစ်​သည့် ချစ်​ရ​သော​ဂါယု​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ချစ်​ရ​သော​သူ၊ သင်​၏​စိတ်​ဝိညာဉ်​ကြီးပွား​သကဲ့သို့ သင်​သည် အရာရာ​၌​ကြီးပွား​၍ ကျန်းမာ​ပါစေ​ဟု ငါ​ဆုတောင်း​၏။ သင်​သည် သမ္မာတရား​၌ အသက်ရှင်​လျှောက်လှမ်း​နေ​သည့်​အလျောက် ညီအစ်ကို​အချို့​တို့​သည်​လာ​၍ သင်​၌​ရှိ​သော​သမ္မာတရား​အကြောင်း​ကို သက်သေခံ​ကြ​သောအခါ ငါ​သည် အလွန်​ဝမ်းမြောက်​၏။ ငါ့​သားသမီး​တို့​သည် သမ္မာတရား​၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြောင်း​ကို ကြား​ရ​သည်​ထက် ဝမ်းမြောက်​စရာ​ကောင်း​သော​အရာ​သည် ငါ​၌​မ​ရှိ။ ချစ်​ရ​သော​သူ၊ သင်​သည် ညီအစ်ကို​များ​အပေါ် အထူးသဖြင့် သူစိမ်း​ဧည့်သည်​များ​အပေါ် ပြု​သမျှ​သော​ဝတ်​ကို သစ္စာ​ရှိ​စွာ​ပြု​တတ်​၏။ ထို​သူ​တို့​သည် သင်​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့​၌ သက်သေခံ​ကြ​၏။ သင်​သည် ထို​သူ​တို့​ကို ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆက်လက်​ပို့ဆောင်​ပေး​လျှင် ကောင်း​သော​အမှု​ပြု​ခြင်း​ဖြစ်​လိမ့်မည်။ ထို​သူ​တို့​သည် သာသနာပ​လူမျိုးခြား​တို့​ထံမှ မည်သည့်​အရာ​ကို​မျှ​မ​ယူ​ဘဲ နာမ​တော်​အတွက်​ခရီး​ပြု​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် သမ္မာတရား​အတွက် သူတို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​ကြ​ရန် သူ​တို့​ကို​ကူညီ​ထောက်ပံ့​သင့်​၏။ ငါ​သည် အသင်းတော်​ထံသို့ စာ​အနည်းငယ်​ရေး​ခဲ့​သော်လည်း သူ​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော ဒယောတရပ်​သည် ငါ​တို့​ကို​လက်​မ​ခံ။ ထို့ကြောင့် ငါ​လာ​သောအခါ သူ​ပြု​နေ​သော​အမှု​ကို​ထောက်ပြ​မည်။ သူ​သည် မကောင်း​သော​စကား​အမျိုးမျိုး​တို့​ဖြင့် ငါ​တို့​ကို ကဲ့ရဲ့​ပြစ်တင်​ပြီး ဤမျှ​နှင့်​သာ​မ​ကျေနပ်​ဘဲ သူ​ကိုယ်တိုင်​လည်း ညီအစ်ကို​တို့​ကို​လက်​မ​ခံ၊ လက်ခံ​လို​သော​သူ​များ​ကို​လည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်​၏။ ချစ်​ရ​သော​သူ၊ မကောင်း​သော​အမှု​ကို​အတု​မ​ယူ​ဘဲ ကောင်း​သော​အမှု​ကို​အတုယူ​လော့။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​မူကား ဘုရားသခင်​ကို မ​သိ​မ​မြင်​ဖူး​ချေ။ ဒေမေတရိ​အကြောင်း​ကို လူ​အပေါင်း​တို့​မှစ၍ သမ္မာတရား​ကိုယ်တိုင်​က သက်သေခံ​၏။ ငါ​တို့​သည်​လည်း သက်သေခံ​ကြ​၏။ ငါ​တို့​၏​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို​လည်း သင်​သိ​၏။ သင့်​ထံ ငါ​ရေး​စရာ​များစွာ​ရှိ​သော်လည်း မင်​နှင့်​မင်တံ​ဖြင့်​ငါ​မ​ရေး​လို​ပေ။ သင်​နှင့်​အလျင်အမြန်​တွေ့​၍ မျက်နှာချင်းဆိုင်​စကား​ပြောဆို​ရန် ငါ​မျှော်လင့်​ထား​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။