YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 24:18-25

၂ ဓမ္မရာဇဝင် 24:18-25 Judson Bible (JBMLE)

ထို​နေ့​ချင်း​တွင် ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကြွ​ပါ။ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​သည်​အ​တိုင်း ဒါ​ဝိဒ်​သည် သွား​လေ၏။ ထို​သို့​ရှင်​ဘု​ရင်​သည် အ​ခြံ​အ​ရံ​တော်​နှင့်​တ​ကွ ကြွ​လာ​သည်​ကို အ​ရော​န​သည် ကြည့်၍​မြင်​လျှင်၊ ပြင်​သို့​ထွက်၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ အ​ဘယ်​ကြောင့် ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​လျှင်၊ ဒါ​ဝိဒ်​က၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို​ငြိမ်း​စေ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လို၍၊ သင်၏​ကောက်​နယ်​တ​လင်း​ကို ဝယ်​အံ့​သော​ငှာ​လာ​သည်​ဟု အ​မိန့်​ရှိ​သော်၊ အ​ရော​န​က၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် စိတ်​တော်​ရှိ​သည်​အ​တိုင်း ယူ၍​ပူ​ဇော်​တော်​မူ​ပါ။ မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​များ​ရှိ​ပါ၏။ ထင်း​ဖို့ ကောက်​နယ်​တန်​ဆာ၊ နွား​နှင့်​ဆိုင်​သော​တန်​ဆာ​များ ရှိ​ပါ၏​ဟု ဒါ​ဝိဒ်​အား​လျှောက်​လျက်၊ အ​လုံး​စုံ​တို့​ကို ရှင်​ဘု​ရင်​အား ဆက်၍၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို လက်​ခံ​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လေ၏။ ရှင်​ဘု​ရင်​က​လည်း၊ ထို​သို့​ငါ​မ​ယူ​ရ။ စင်​စစ် အ​ဖိုး​ပေး၍ ငါ​ဝယ်​မည်။ ကိုယ်​ငွေ​မ​ကုန်​ဘဲ​ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ငါ​မ​ပူ​ဇော်​လို​ဟု အ​ရော​န​အား​ဆို​သ​ဖြင့်၊ ငွေ​အ​ကျပ်​ငါး​ဆယ်​ကို​ပေး၍၊ ထို​ကောက်​နယ်​တ​လင်း​နှင့် နွား​တို့​ကို​ဝယ်​ပြီး​မှ၊ ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​ပြည်​အ​ဖို့ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်၍ ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​တော်​မူ၏။ ဓ​မ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး၏။

၂ ဓမ္မရာဇဝင် 24:18-25 Common Language Bible (BCL)

ထို​နေ့​၌​ပင်​လျှင်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သွား ၍``အ​ရှင်​သည်​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န ၏​ကောက်​နယ်​တ​လင်း​၌​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လော့'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို လေ​၏။- ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း အ​ရော​န​၏​ကောက်​နယ်​တ​လင်း​သို့ သွား​တော်​မူ​၏။- အ​ရော​န​သည်​ကြည့်​လိုက်​သော​အ​ခါ​မိ​မိ​ထံ သို့​မင်း​ကြီး​နှင့်​မှူး​မတ်​များ​လာ​နေ​ကြ​သည် ကို​မြင်​လျှင်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​မြေ​ပေါ်​သို့ လှဲ​ချ​ပျပ်​ဝပ်​လျက်၊- ``အ​ရှင်​မင်း​ကြီး​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။ ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​ငြိမ်း​အေး​သွား​စေ ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​လို​သ​ဖြင့် သင်​၏​ကောက်​နယ်​တ​လင်း ကို​ဝယ်​ယူ​ရန်​ငါ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။ အ​ရော​န​က``အ​ရှင်​မင်း​ကြီး​ဤ​ကောက်​နယ် တလင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​တော်​ရှိ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​တော်​မူ​ပါ။ ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​မှာ ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ထမ်း​ပိုး များ​နှင့်​ကောက်​နယ်​တန်​ဆာ​များ​လည်း​ဤ မှာ​ရှိ​ပါ​၏။- ထို​အ​ရာ​အ​ပေါင်း​ကို​မင်း​ကြီး​အား​ဆက်​ပါ ၏။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ရှင်​၏​ပူ​ဇော်​သကာ​ကို​လက်​ခံ​တော် မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ သို့​ရာ​တွင်​မင်း​ကြီး​က``ဤ​သို့​မ​ယူ​လို။ တန် ဖိုး​ကို​ငါ​ပေး​မည်။ ငါ​သည်​မိ​မိ​အ​ဖိုး​မ​ပေး ဘဲ​ရ​ရှိ​သည့်​ပူ​ဇော်​သကာ​များ​ကို ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မင်း​ကြီး သည်​ကောက်​နယ်​တ​လင်း​နှင့်​နွား​များ​ကို​ငွေ သား​ကျပ်​ငါး​ဆယ်​ပေး​၍​ဝယ်​ယူ​တော်​မူ​၏။- သူ​သည်​ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘုရား​၏ အ​တွက် ယဇ်​ပလ္လင်​ကို​တည်​ဆောက်​တော်​မူ​ပြီး လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့ ကို​ပူ​ဇော်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား ညောင်း​တော်​မူ​၍ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ကပ်​ရော​ဂါ​ဘေး​ကို​ငြိမ်း​အေး​စေ​တော် မူ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး​၏။

၂ ဓမ္မရာဇဝင် 24:18-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့​တွင် ဂဒ်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​၍ “ယေဗုသိ​လူမျိုး အရောန​၏​ကောက်နယ်တလင်း​နား​သို့ တက်သွား​၍ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​လော့​”​ဟု ဆို​၏​။ ဒါဝိဒ်​မင်းကြီး​သည်​လည်း ဂဒ်​အား ထာဝရဘုရား​ဆင့်ဆို​စေ​သည့်​စကား​အတိုင်း သွား​၍ ပြု​လေ​၏​။ အရောန​သည် ရှင်ဘုရင်​နှင့်​မင်းမှုထမ်း​တို့ သူ့​ထံသို့​လာ​နေ​သည်​ကို လှမ်းမြင်​လျှင် ရှင်ဘုရင်​ထံသို့​သွား​၍ ရှေ့​တော်​တွင် မြေ​မှာ​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​သခင်​အရှင်မင်းကြီး​၊ အရှင့်​အစေအပါး​ထံ အဘယ်​အရေး​ကြောင့်​ကြွလာ​ရ​ပါ​သနည်း​”​ဟု အရောန​မေးလျှောက်​လျှင် ဒါဝိဒ်​မင်းကြီး​က “​လူ​တို့​တွင်​ကျရောက်​သော​ဘေးဒဏ် ငြိမ်း​မည့်​အကြောင်း ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​တည်​ရ​မည်​ဖြစ်၍ သင့်​ကောက်နယ်တလင်း​ကို ဝယ်ယူ​ရန် လာ​ပါ​သည်​”​ဟု မိန့်ဆို​လျှင် အရောန​က ဒါဝိဒ်​မင်းကြီး​အား “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ မီးရှို့ရာယဇ်​အဖို့ နွား​ရှိ​ပါ​၏​။ ထင်း​အဖို့ ကောက်နယ်​သစ်သားပြား​နှင့် လယ်ထွန်​တန်ဆာပလာ​များ​လည်း ရှိ​ပါ​၏​။ အလိုရှိ​သည့်​အတိုင်း ယူ​တော်မူ​ပါ​။ ပူဇော်​တော်မူ​ပါ​။ အို အရှင်မင်းကြီး​၊ အရောန​၌​ရှိသမျှ​ကို အရှင်မင်းကြီး​အား ပေး​ပါ​၏​”​ဟု လျှောက်တင်​၏​။ ထို့ပြင် အရောန​သည် ရှင်ဘုရင်​အား “​အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အရှင့်​ကို လက်ခံ​တော်မူ​ပါစေသော​”​ဟု လျှောက်ဆို​၏​။ သို့သော် ရှင်ဘုရင်​က အရောန​အား “​ထိုသို့​မ​ဟုတ်​ပါ​။ စင်စစ် သင့်​မြေ​ကို အဖိုးအခ​ပေး​၍ ဝယ်​ပါ​မည်​။ ငါ​သည် အဖိုးအခမပေး​ဘဲ မီးရှို့ရာယဇ်​ကို ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ မ​ပူဇော်​လို​ပါ​”​ဟု မိန့်ဆို​၍ ဒါဝိဒ်​မင်းကြီး​သည် ကောက်နယ်တလင်း​နှင့် နွား​ကို ငွေ​ရှယ်ကယ်​ငါးဆယ်​ဖြင့် ဝယ်ယူ​လေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ထို​နေရာ​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​လေ​၏​။ ထာဝရဘုရား​သည်​လည်း တိုင်းပြည်​အတွက် အသနားခံ​သည်​ကို နားညောင်း​တော်မူ​ပြီး အစ္စရေး​လူမျိုး​တို့ ခံရ​သော​ဘေးဒဏ်​ကို ငြိမ်း​စေ​လေ​၏​။