ထိုနေ့ချင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ၍၊ ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ကောက်နယ်တလင်း၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ရမည်ဟု၊ ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည် သွားလေ၏။ ထိုသို့ရှင်ဘုရင်သည် အခြံအရံတော်နှင့်တကွ ကြွလာသည်ကို အရောနသည် ကြည့်၍မြင်လျှင်၊ ပြင်သို့ထွက်၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပျပ်ဝပ်လျက်၊ ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်းဟု မေးလျှောက်လျှင်၊ ဒါဝိဒ်က၊ လူတို့တွင် ကာလနာဘေးကိုငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လို၍၊ သင်၏ကောက်နယ်တလင်းကို ဝယ်အံ့သောငှာလာသည်ဟု အမိန့်ရှိသော်၊ အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်း ယူ၍ပူဇော်တော်မူပါ။ မီးရှို့ရာယဇ်ဖို့ နွားများရှိပါ၏။ ထင်းဖို့ ကောက်နယ်တန်ဆာ၊ နွားနှင့်ဆိုင်သောတန်ဆာများ ရှိပါ၏ဟု ဒါဝိဒ်အားလျှောက်လျက်၊ အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်၍၊ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ ထိုသို့ငါမယူရ။ စင်စစ် အဖိုးပေး၍ ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲငါ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအားဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကိုပေး၍၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကိုဝယ်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဖို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာဘေးကို ငြိမ်းစေတော်မူ၏။ ဓမ္မရာဇဝင်ဒုတိယစောင်ပြီး၏။
၂ ဓမ္မရာဇဝင် 24 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 24:18-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ