YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 13:6-20

၂ ဓမ္မရာဇဝင် 13:6-20 Judson Bible (JBMLE)

အာ​မ​နုန်​သည် တုံး​လုံး​နေ၍ နာ​ဟန်​ပြု၏။ ရှင်​ဘု​ရင်​သည် အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အာ​မ​နုန်​က၊ အ​ကျွန်ုပ်​နှ​မ​တာ​မာ လာ​ပါ​စေ။ သူ​လက်၌ အ​ကျွန်ုပ်​သည် စား​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှေ့​မှာ မုန့်​ပြား​နှစ်​ပြား​ကို​လုပ်​ပါ​စေ​ဟု ရှင်​ဘု​ရင်​အား အ​ခွင့်​တောင်း​လေ၏။ ဒါ​ဝိဒ်​သည်​လည်း တာ​မာ​အိမ်​သို့ လူ​ကို​စေ​လွှတ်၍၊ သင်၏​မောင် အာ​မ​နုန်​အိမ်​သို့ သွား​ပြီး​လျှင် စား​စ​ရာ​ကို​ချက်​ပေး​ပါ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ တာ​မာ​သည် မောင်​အာ​မ​နုန်​အိမ်​သို့​သွား၍ အာ​မ​နုန်​သည် တုံး​လုံး​နေ၏။ တာ​မာ​သည် မုန့်​ညက်​ကို​ယူ၍ နယ်​ပြီး​မှ၊ မောင်​ရှေ့​မှာ မုန့်​ပြား​တို့​ကို​လုပ်၍ ဖုတ်​လေ၏။ ပန်း​ကန်​ပြား​ကို​လည်း​ယူ၍ အာ​မ​နုန်​ရှေ့​မှာ​လောင်း​ထား​သော်​လည်း သူ​သည်​မ​စား​ဘဲ လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​မှ​ထွက်​သွား​စေ​ဟု ဆို​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ထွက်​သွား​ကြ၏။ တာ​မာ​အား​လည်း၊ သင့်​လက်၌ ငါ​စား​ရ​အောင် အ​ခန်း​ထဲ​သို့​ယူ​ခဲ့​လော့​ဟု ဆို​သည်​အ​တိုင်း၊ တာ​မာ​သည် မိ​မိ​လုပ်​သော​မုန့်​ပြား​တို့​ကို​ယူ၍ မောင်​အာ​မ​နုန်​ရှိ​ရာ အ​ခန်း​ထဲ​သို့​ဝင်​လေ၏။ ထို​သို့ အာ​မ​နုန်​စား​စ​ရာ​ဖို့ ယူ​ခဲ့​သော​အ​ခါ၊ သူ​သည် နှ​မ​လက်​ကို​ဆွဲ၍၊ ငါ့​နှ​မ၊ ငါ​နှင့်​အိပ်​ပါ​ဟု ဆို၏။ တာ​မာ​က​လည်း မ​ပြု​ပါ​နှင့် ငါ့​မောင်။ ငါ့​ကို မ​ရှုတ်​ချ​ပါ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​သို့​သော​အ​မှု​ကို မ​ပြု​သင့်၊ ဤ​အ​မှု​ဆိုး​ကို မ​ပြု​ပါ​နှင့်။ ပြု​လျှင် ငါ​သည်​ရှက်​ခြင်း​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​မည်​နည်း။ သင်​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ လူ​မိုက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​ကို လျှောက်​ပါ​လော့။ လျှောက်​လျှင် မ​ပေး​စား​ဘဲ နေ​တော်​မ​မူ​ပါ​ဟု ပြော​ဆို​သော်​လည်း၊ အာ​မ​နုန်​သည် နား​မ​ထောင်။ နှ​မ​ထက်​အား​ကြီး​သ​ဖြင့် အ​နိုင်​ပြု၍ အိပ်​လေ၏။ တစ်​ဖန် အာ​မ​နုန်​သည် နှ​မ​ကို​အ​လွန်​မုန်း​ပြန်၏။ အ​ရင် ချစ်​အား​ကြီး​သည်​ထက် မုန်း​အား​သာ၍​ကြီး​သ​ဖြင့်၊ သင်​ထ၍​သွား​တော့​ဟု ဆို၏။ နှ​မ​က​လည်း အ​ကြောင်း​မ​ရှိ​ပါ။ ငါ၌​ပြု​ဖူး​သော​အ​ပြစ်​ထက် ယ​ခု​နှင်​ထုတ်​သော​အ​ပြစ် သာ၍​ကြီး​သည်​ဟု ဆို​သော်​လည်း၊ အာ​မ​နုန်​သည် နား​မ​ထောင်။ အ​စေ​ခံ​ကျွန်​တစ်​ယောက်​ကို ခေါ်၍ ဤ​မိန်း​မ​ကို​နှင်​ထုတ်​လော့။ သူ​နောက်​မှာ တံ​ခါး​ကျင်​ထိုး​လော့​ဟု စီ​ရင်၏။ အ​ပျို​က​ညာ​ဖြစ်​သော ရှင်​ဘု​ရင်၏​သ​မီး​တော် ဝတ်​တတ်​သည်​အ​တိုင်း၊ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဝတ်​လျက်​ရှိ​သော တာ​မာ​ကို အ​စေ​ခံ​ကျွန်​သည်​နှင်​ထုတ်၍ သူ​နောက်​မှာ တံ​ခါး​ကျင်​ထိုး​လေ၏။ တာ​မာ​သည်​လည်း ခေါင်း​ပေါ်​မှာ ပြာ​ကို​တင်၍ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဆုတ်​ပြီး​မှ၊ ခေါင်း​ပေါ်၌​လက်​တင်၍ ငို​ကြွေး​လျက် ပြန်​သွား၏။ မောင်​ရင်း​အ​ဗ​ရှ​လုံ​က​လည်း၊ ငါ့​အစ်​ကို​အာ​မ​နုန်​သည် သင်​နှင့်​အ​တူ​ရှိ​ပြီ​လော။ သို့​သော်​လည်း​ငါ့​နှ​မ တိတ်​ဆိတ်​စွာ​နေ​လော့။ သူ​သည် သင်၏​မောင်​ဖြစ်၏။ ဤ​အ​မှု​ကို​မ​မှတ်​နှင့်​ဟု ဆို​သော်၊ တာ​မာ​သည် မိ​မိ​မောင်​အ​ဗ​ရှ​လုံ​အိမ်၌ ဆိတ်​ညံ​စွာ​နေ၏။

၂ ဓမ္မရာဇဝင် 13:6-20 Common Language Bible (BCL)

သို့​ဖြစ်​၍​အာ​မ​နုန်​သည်​ဖျား​နာ​ဟန်​ပြု ၍​အိပ်​ရာ​ပေါ်​တွင်​အိပ်​နေ​လေ​၏။ ဒါ​ဝိဒ်​မင်း​သည်​သူ့​ကို​လာ​၍​ကြည့်​သော​အ​ခါ အာ​မ​နုန်​က``တာ​မာ​ကို​စေ​လွှတ်​၍​အ​ကျွန်ုပ် ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​လုပ်​စေ​ပြီး​လျှင်​သူ့ လက်​ဖြင့်​အ​ကျွန်ုပ်​အား​ကျွေး​မွေး​စေ​တော် မူ​ပါ'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​နန်း​တော်​တွင်း​ရှိ​တာ​မာ ၏​အိမ်​သို့​လူ​ကို​စေ​လွှတ်​၍ အာ​မ​နုန်​၏​အိမ် သို့​သွား​၍​သူ့​အ​တွက်​အ​စား​အ​စာ​အ​နည်း ငယ်​ကို​ပြင်​ဆင်​ပေး​လော့'' ဟု​မှာ​လိုက်​၏။- တာ​မာ​ရောက်​ရှိ​သော​အ​ခါ​အာ​မ​နုန်​ကို အိပ်​ရာ​ထဲ​တွင်​တွေ့​ရှိ​ရ​၏။ တာ​မာ​သည် မုန့်​ညက်​အ​နည်း​ငယ်​ကို​ယူ​၍​နယ်​ပြီး​လျှင် အာ​မ​နုန်​၏​ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​ကို​လုပ် ၏။ ထို​နောက်​မုန့်​ကို​ဖုတ်​၍၊- အာ​မ​နုန်​စား​ရန်​မုန့်​ကို​အိုး​ကင်း​မှ​ယူ​၍ ထည့်​ထား​ပေး​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည် မ​စား​ဘဲ``လူ​အ​ပေါင်း​တို့​အား​ငါ့​ထံ​မှ ထွက်​ခွာ​သွား​စေ​လော့'' ဟု​ဆို​၏။ သူ​တို့ သည်​လည်း​ထွက်​သွား​ကြ​၏။- ထို​အ​ခါ​သူ​သည်​တာ​မာ​အား``မုန့်​ကို​ငါ​၏ အိပ်​ရာ​သို့​ယူ​ခဲ့​၍​သင်​ကိုယ်​တိုင်​ငါ့​အား​ကျွေး ပါ​လော့'' ဟု​ဆို​၏။ တာ​မာ​သည်​မိ​မိ​လုပ်​ထား သည့်​မုန့်​ကို​ယူ​၍​အာ​မ​နုန်​ရှိ​ရာ​သို့​သွား​၏။- မုန့်​ကို​ကမ်း​၍​ပေး​လိုက်​သော​အ​ခါ​အာ​မ​နုန် သည်​တာ​မာ​၏​လက်​ကို​ဆွဲ​ကိုင်​ကာ``ငါ​နှင့် အ​တူ​အိပ်​စက်​ပါ​လော့'' ဟု​ဆို​၏။ တာ​မာ​က``ဤ​ယုတ်​မာ​မှု​ကို​မ​ပြု​ပါ​နှင့်။ ဤ အ​မှု​သည်​ရွံ​ရှာ​စက်​ဆုတ်​ဖွယ်​ကောင်း​ပါ​၏။- ကျွန်​မ​သည်​လူ​ပုံ​လယ်​တွင်​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ခေါင်း​ထောင်​ရဲ​တော့​မည်​မ​ဟုတ်​ပါ။ သင်​သည် လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင်​လုံး​ဝ အ​သ​ရေ​ပျက်​သွား​ပါ​လိမ့်​မည်။ ကျေး​ဇူး​ပြု​၍ မင်း​ကြီး​အား​လျှောက်​ထား​ပါ​လော့။ ထို​သို့ လျှောက်​ထား​ပါ​လျှင်​မင်း​ကြီး​သည်​ကျွန်​မ အား သင်​နှင့်​မ​ပေး​စား​ဘဲ​နေ​တော်​မူ​မည်​မ ဟုတ်​ကြောင်း​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​ဆို​၏။- သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်။ သူ​သည်​တာ​မာ​ထက်​ပို​၍ ခွန်​အား​ကြီး​သ​ဖြင့် တာ​မာ​အား​မ​တော် မ​တ​ရား​ပြု​ကျင့်​လေ​၏။ ထို​နောက်​အာ​မ​နုန်​သည်​တာ​မာ​ကို​လွန်​စွာ​မုန်း လေ​၏။ သူ​သည်​ယ​ခင်​အ​ခါ​က​ချစ်​အား​ကြီး သည်​ထက် ယ​ခု​အ​ခါ​၌​မုန်း​အား​ပို​၍​ကြီး သ​ဖြင့်​တာ​မာ​အား``ထွက်​သွား​လော့'' ဟု​နှင် ထုတ်​လေ​သည်။ တာ​မာ​က``နှ​မ​တော်​ကို​ဤ​သို့​နှင်​ထုတ်​ခြင်း​မှာ ခု​တင်​က​သင်​ကူး​လွန်​သည့်​ပြစ်​မှု​ထက်​ပင် ပို​မို​ဆိုး​ရွား​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ၊- သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ကို​ခေါ်​၍``ဤ​မိန်း​မ ကို​ငါ့​မျက်​မှောက်​မှ​ထုတ်​၍​တံ​ခါး​ကျင်​ကို ထိုး​ထား​လော့'' ဟု​ဆို​၏။- အ​စေ​ခံ​သည်​လည်း​တာ​မာ​ကို​အ​ပြင်​သို့ ထုတ်​၍​တံ​ခါး​ကျင်​ကို​ထိုး​လိုက်​၏။ တာ​မာ​သည်​ထို​ခေတ်​အ​ခါ​က​အိမ်​ထောင်​မ​ပြု ရ​သေး​သည့် မင်း​သ​မီး​များ​ဝတ်​ဆင်​တတ်​သည့် လက်​ရှည်​ဝတ်​လုံ​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​၏။- သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ပြာ​လူး​၍​ဝတ် လုံ​ကို​လည်း​ဆုတ်​ဖြဲ​ကာ မျက်​နှာ​ကို​လက်​ဖြင့် အုပ်​၍​ငို​ယို​လျက်​ထွက်​ခွာ​သွား​လေ​သည်။- သူ​၏​အစ်​ကို​အ​ဗ​ရှ​လုံ​က``သင့်​အား​အာ​မ​နုန် စော်​ကား​လိုက်​ပြီ​လော။ ငါ့​နှ​မ၊ အ​ခြား​မည်​သူ့ ကို​မျှ​မ​ပြော​နှင့်။ သူ​သည်​သင်​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​၏။ ဤ​အမှု​ကြောင့် များ​စွာ​စိတ်​ဒုက္ခ​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​၏။

၂ ဓမ္မရာဇဝင် 13:6-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် အာမနုန်​သည် နေမကောင်း​ယောင်ဆောင်​ပြီး လှဲ​နေ​လေ​၏​။ ရှင်ဘုရင်​လာကြည့်​သောအခါ အာမနုန်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​နှမ တာမာ​ကို လွှတ်ပေး​ပြီး အကျွန်ုပ်​ရှေ့​တွင် မုန့်​နှစ်​ပြား​ကို​လုပ်ပေး​စေ​ပါ​။ သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို အကျွန်ုပ်​စား​လို​ပါ​၏​”​ဟု လျှောက်​လျှင် ဒါဝိဒ်​မင်းကြီး​က​လည်း တာမာ​ရှိ​ရာ​နန်းဆောင်​သို့​လူ​လွှတ်​၍ “​ယခု သင့်​အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​ပြီး သူ့​အတွက် စားစရာ​ကို​ပြင်ဆင်​ပေး​ပါ​”​ဟု မှာလိုက်​၏​။ ထို့ကြောင့် တာမာ​သည် အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​၍ လဲလျောင်း​နေ​သော အာမနုန်​ရှေ့​တွင် မုန့်ညက်​ကို​ယူ​၍ နယ်​ပြီးလျှင် မုန့်​ကို​ဖုတ်​လေ​၏​။ ဒယ်အိုး​ထဲမှ​မုန့်​ကို​ယူ​၍ အာမနုန်​ရှေ့​၌ ချပေး​သော်လည်း သူ​သည်​မစား​ဘဲ “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဆို​သဖြင့် လူ​အားလုံး သူ့​ထံမှ​ထွက်သွား​ကြ​၏​။ ထိုအခါ အာမနုန်​က တာမာ​အား “​မုန့်​ကို အိပ်ခန်း​ထဲ​ယူလာ​ပြီး ငါ့​ကို သင့်​လက်​နှင့် ခွံ့ကျွေး​ပါ​”ဟု ဆို​သဖြင့် တာမာ​သည် မိမိ​ပြင်ဆင်​ထား​သော​မုန့်​တို့​ကို​ယူ​၍ အစ်ကို​အာမနုန်​အိပ်ခန်း​ထဲသို့ ဆောင်သွား​၏​။ အာမနုန်​စား​ဖို့ မုန့်​ကို​ကမ်းပေး​လိုက်​သောအခါ အာမနုန်​က သူ့​ကို​ဖမ်းဆွဲ​ပြီး “​ငါ့​နှမ လာ​ပါ​။ ငါ​နှင့်အတူ အိပ်​ပါ​”​ဟု ဆို​၏​။ တာမာ​က​လည်း သူ့​အား “​မ​လုပ်​ပါ​နှင့် အစ်ကို​။ အကျွန်ုပ်​ကို အဓမ္မ​မ​ပြု​ပါ​နှင့်​။ အစ္စရေး​လူမျိုး​တွင် ဤသို့​ပြု​လေ့​မ​ရှိ​။ ဤသို့ ယုတ်ညံ့​သော​အမှု​ကို မ​ပြု​ပါ​နှင့်​။ ဤသို့​ပြု​လျှင် အကျွန်ုပ်​ဘယ်သွားသွား ကဲ့ရဲ့​ခံရ​ပါ​လိမ့်မည်​။ သင်​သည်​လည်း အစ္စရေး​လူမျိုး​တွင် မိုက်မဲ​သော​သူ​တစ်​ဦး ဖြစ်​ရ​ပါ​လိမ့်မည်​။ ထို့ကြောင့် ရှင်ဘုရင်​ကို လျှောက်တင်​ပါ​လော့​။ သင်​နှင့်​အကျွန်ုပ်​ကို သဘော​မ​တူ​ဘဲ​မ​နေ​ပါ​”​ဟု ဆို​သော်လည်း နှမ​စကား​ကို နား​မ​ထောင်​ဘဲ နှမ​ထက်​အားကြီး​သောကြောင့် သူ့​ကို အဓမ္မပြုကျင့်​ကာ အတူ​အိပ်​လေ​၏​။ ထို့နောက် အာမနုန်​သည် သူ့​ကို အမုန်း ကြီး ​မုန်း​သွား​ပြန်​၏​။ ယခင်​ချစ်​သော​စိတ်​ထက် မုန်း​သော​စိတ်​ပို၍​ကြီး​သဖြင့် အာမနုန်​က သူ့​အား “​ထ​လော့​၊ ထွက်သွား​လော့​”​ဟု ဆို​၏​။ တာမာ​က​လည်း “​မ​နှင်ထုတ်​ပါ​နှင့်​။ အကျွန်ုပ်​ကို​နှင်ထုတ်​ခြင်း​သည် အကျွန်ုပ်​ကို အဓမ္မပြုကျင့်​သည်​ထက် သာ၍​ဆိုး​ပါ​၏​”​ဟု ဆို​သော်လည်း သူ​သည် နား​မ​ထောင်​။ သူ့​ထံ၌​ခစား​သော​ငယ်သား​တစ်​ယောက်​ကို​ခေါ်​၍ “​ဤ​မိန်းမ​ကို ငါ့​ထံမှ အပြင်​သို့​နှင်ထုတ်​ပြီး တံခါး​ကို​ပိတ်​ထား​လော့​”​ဟု ဆို​၏​။ ထို​ငယ်သား​သည်​လည်း ဘုရင့်​သမီး​တော်​အပျိုစင်​တို့ ဝတ်ဆင်​ရ​လေ့​ရှိ​သော​ရောင်စုံသင်တိုင်း​ကို ဝတ်ဆင်​ထား​သော​တာမာ​အား နှင်ထုတ်​ပြီးလျှင် တံခါး​ကို​ပိတ်​ထား​လိုက်​လေ​၏​။ တာမာ​သည် ခေါင်း​ပေါ်မှာ​ပြာ​ကို​တင်​လျက် မိမိ​ဝတ်​ထား​သော​ရောင်စုံသင်တိုင်း​ကို ဆွဲဆုတ်​ပစ်​လေ​၏​။ ထို့နောက် ခေါင်း​ပေါ်မှာ​လက်​ကို​တင်​ကာ အော်ဟစ်​ငိုကြွေး​လျက် ပြန်သွား​လေ​၏​။ သူ့​အစ်ကို အဗရှလုံ​က သူ့​အား “​သင့်​အစ်ကို အာမနုန်​က သင့်​ကို​အဓမ္မပြု​လိုက်​ပြီ​လော​။ ငါ့​နှမ​၊ ယခု ဆိတ်ဆိတ်​နေ​လော့​။ သူ​သည် သင့်​အစ်ကို ဖြစ်​သည့်​အတွက် ဤ​ကိစ္စ​ကို သင့်​စိတ်​ထဲ​မ​ထား​ပါ​နှင့်​”​ဟု နှစ်သိမ့်​၏​။ တာမာ​က​လည်း သူ့​အစ်ကို အဗရှလုံ​၏​နန်းဆောင်​တွင် ဆိတ်ဆိတ်​နေ​လေ​၏​။