YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 1:3-15

၂ ရှင်ပေတရု 1:3-15 Judson Bible (JBMLE)

ထို​သို့​နှင့်​အ​ညီ ငါ​တို့​ကို ဘုန်း​တန်​ခိုး​တော်​နှင့် ခေါ်​တော်​မူ​သော​ဘု​ရား​ကို သိ​သော​ဉာဏ်​အား​ဖြင့်၊ ငါ​တို့​အား အ​သက်​ရှင်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့် စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ဘု​ရား​တန်​ခိုး​တော်​သည် ပေး​သ​နား​တော်​မူ​ပြီ။- ထို​သို့​သော​အား​ဖြင့်​လည်း အ​လွန်​ကြီး​မြတ်၍ အ​ဖိုး​ထိုက်​သော က​တိ​များ​ကို ငါ​တို့၌ အပ်​ပေး​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထို​က​တိ​တော်​များ​ကို အ​မှီ​ပြု၍ သင်​တို့​သည် လော​ကီ​တပ်​မက်​ခြင်း အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​သ​ဖြင့်၊ ဘု​ရား​ပ​က​တိ​ကို ဆက်​ဆံ​ရ​သော​သူ ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။- ထို​သို့​အ​လို​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ သီ​လ​ကို​လည်း​ကောင်း၊ သီ​လ၌ ပ​ညာ​ကို​လည်း​ကောင်း၊- ပ​ညာ၌ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ကို​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း၌ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း၌ ဘု​ရား​ဝတ်​ကို​ပြု၍ မွေ့​လျော်​ခြင်း​ကို​လည်း​ကောင်း၊- ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ထို​ပါ​ရ​မီ​တို့​သည် သင်​တို့၌​ရှိ၍ ကြွယ်​ဝ​လျှင်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌ မ​ပျင်း​ရိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျိုး​မဲ့ မ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြင်​တတ်​ကြ၏။- ထို​ပါ​ရ​မီ​နှင့် ကင်း​သော​သူ​မူ​ကား၊ မျက်​စိ​ကန်း၏။ ကိုယ်​မျက်​စိ​ကို ကိုယ်​ပိတ်၏။ မိ​မိ​အ​ပြစ်​ဟောင်း ဆေး​ကြော​ကြောင်း​ကို မေ့​လျော့၏။- ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ခေါ်​တော်​မူ​ခြင်း​နှင့် ရွေး​ချယ်​တော်​မူ​ခြင်း​ကို တည်​မြဲ​စေ​ခြင်း​ငှာ သာ၍ ကြိုး​စား​အား​ထုတ်​ကြ​လော့။ သို့​ပြု​လျှင်၊ ရွေ့​လျော့​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​သည်​ဖြစ်၍၊- ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထာ​ဝ​ရ​နိုင်​ငံ​တော်​ထဲ​သို့ ဝင်​စား​ခြင်း​အ​ခွင့်​ကို သင်​တို့​အား ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လ​တ္တံ့။ ထို​ကြောင့်၊ ယ​ခု​ဟော​ပြော​သော သ​မ္မာ​တ​ရား​ကို သင်​တို့​သည် နား​လည်၍ တည်​ကြည်​ခြင်း​ရှိ​သော်​လည်း၊ ဤ​သို့​သော စ​ကား​များ​နှင့် သင်​တို့​အား အ​စဉ်​မ​ပြတ် သ​တိ​ပေး​မည်​အ​မှု​ကို ငါ​မ​မေ့​မ​လျော့။- ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​အ​တိုင်း၊ ငါ​တည်း​ခို​ရာ​တဲ​ကို မ​ကြာ​မ​မြင့်​မီ ငါ​ပစ်​သွား​ရ​မည်​အ​ရာ​ကို ငါ​သိ​မှတ်၍၊ ဤ​တဲ၌ ရှိ​နေ​စဉ် ကာ​လ​ပတ်​လုံး၊ သင်​တို့​ကို သ​တိ​ပေး၍ နှိုး​ဆော်​အပ်​သည်​ဟု ငါ​သ​ဘော​ရှိ၏။- ထို​မှ​တစ်​ပါး၊ ငါ​စု​တေ့​သည်​နောက်၊ သင်​တို့​သည် ဤ​အ​ရာ​များ​ကို အ​စဉ်​မှတ်​မိ​စေ​ခြင်း​ငှာ ငါ​ကြိုး​စား အား​ထုတ်​မည်။

၂ ရှင်ပေတရု 1:3-15 Common Language Bible (BCL)

ငါ​တို့​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း​အား ဖြင့် ဘု​ရား​ဝတ်​၌​အ​မှန်​ပင်​မွေ့​လျော်​နိုင်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ တို့​လို​အပ်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ချ​ပေး တော်​မူ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ဘုန်း​အ​သ ရေ​တော်​နှင့်​ကောင်း​မြတ်​ခြင်း​ကို ငါ​တို့​ခံ​ယူ နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​ပေ​သည်။- ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။- ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​မိ​မိ​တို့​၏ ယုံ​ကြည်​ခြင်း​ကို​အ​ကျင့်​သီ​လ​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​သီ​လ​ကို​အသိ​ပ​ညာ​ဖြင့် လည်း​ကောင်း၊- အ​သိ​ပ​ညာ​ကို​ကာမ​ဂုဏ်​ချုပ်​တည်း​ခြင်း ဖြင့်​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း ကို​ခံ​နိုင်​ရည်​ရှိ​ခြင်း​ဖြင့်​လည်း​ကောင်း၊ ခံ​နိုင် ရည်​ရှိ​ခြင်း​ကို​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း ဖြင့်​လည်း​ကောင်း၊- ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​ကို​ညီ​အစ်​ကို စုံ​မက်​ခြင်း​ဖြင့်​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက် ခြင်း​ကို​ချစ်​ခြင်း​မေတ္တာ​ဖြင့်​လည်း​ကောင်း​ထပ် လောင်း​ဖြည့်​စွက်​ပေး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​လော့။- ဤ​အ​ရည်​အ​ချင်း​များ​သည်​သင်​တို့​တွင်​များ စွာ​ရှိ​လျှင် ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​၌​သင်​တို့​ထိ​ရောက်​လျက် အ​ကျိုး​ဖြစ်​ထွန်း​လိမ့်​မည်။- ဤ​အ​ရည်​အ​ချင်း​များ​နှင့်​ကင်း​သူ​သည် အ​မြင်​တို​၍​မျက်​စိ​ကန်း​သူ​ဖြစ်​၏။ သူ​သည် ယ​ခင်​က​မိ​မိ​၏​အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့် ရ​ရှိ​သည်​ကို​မေ့​လျော့​လေ​ပြီ။ သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​ဘု​ရား​သ​ခင် ခေါ်​ယူ​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​တည်​မြဲ​စေ​ရန် ပို​၍​ပင်​ကြိုး​စား​ကြ​ပါ​မူ​သင်​တို့​သည်​အ​ဘယ် အ​ခါ​မျှ မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ် ကြ​လိမ့်​မည်​မ​ဟုတ်။- ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ငါ​တို့​ကို​အ​ရှင် သ​ခင်​နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု ခ​ရစ်​၏​ထာ​ဝ​ရ​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန် အ​ခွင့် အ​ရေး​အ​ပြည့်​အ​ဝ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ထို့​ကြောင့်​သင်​တို့​သည်​ဤ​အ​ကြောင်း​အ​ရာ များ​ကို​သိ​ရှိ​နား​လည်​လျက် မိ​မိ​တို့​ခံ​ယူ​ရ ရှိ​ထား​သည့်​သမ္မာ​တ​ရား​တော်​တွင်​အ​ခြေ​ခိုင် ၍​နေ​ပြီ​ဖြစ်​သော်​လည်း ငါ​သည်​သင်​တို့​အား ထို​အ​ရာ​များ​အ​ကြောင်း​ကို​အ​စဉ်​သ​တိ ပေး​လို​၏။- ငါ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​အ​ရာ​များ​အ​ကြောင်း​ကို​သင်​တို့​အား​သ​တိ ပေး​နှိုး​ဆော်​လျက်​နေ​သင့်​သည်​ဟု​လည်း​ယူ​ဆ ၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​မ​ကြာ​မီ​ပင် ဤ​ပျက်​စီး​တတ်​သည့်​ကိုယ်​ခန္ဓာ​ကို​စွန့်​ပစ်​ရ​လိမ့် မည်​ဖြစ်​ကြောင်း​သိ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ငါ တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​က​လည်း​ယင်း​သို့ ဖြစ်​မည်​ဟု​ငါ့​အား​အတိ​အ​လင်း​မိန့်​ကြား ထား​၏။- သို့​ဖြစ်​၍​ငါ​မ​ရှိ​သည့်​နောက်​သင်​တို့​သည် ဤ အ​ကြောင်း​အ​ရာ​များ​ကို​အ​စဉ်​မှတ်​မိ​စေ​ခြင်း ငှာ ငါ​သည်​အ​စွမ်း​ကုန်​ကြိုး​စား​အား​ထုတ်​မည်။

၂ ရှင်ပေတရု 1:3-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ခြင်း​အားဖြင့် ကိုယ်တော်​၌​ရှိ​သော​ဘုရား​တန်ခိုး​တော်​သည် အသက်ရှင်​ခြင်း​နှင့်တကွ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​တို့​နှင့်ဆိုင်သော အရာ​ခပ်သိမ်း​တို့​ကို ငါ​တို့​အား​ပေး​သနား​တော်မူ​ပြီ။ ကိုယ်တော်​သည် ထို​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​တို့​အားဖြင့် ကြီးမြတ်​၍ အဖိုးတန်​သော​ကတိ​တော်​များ​ကို ငါ​တို့​အား ပေး​သနား​တော်မူ​၏။ ဤသည်ကား ထို​ကတိ​တော်​အားဖြင့် သင်​တို့​သည် ဤ​ကမ္ဘာ​လောက​၌​ရှိ​သည့်​တပ်မက်​ခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သော​ပျက်စီး​ခြင်း​မှ လွတ်မြောက်​၍ ဘုရား​ဇာတိ​အဖြစ်​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။ ဤ​အကြောင်း​ကြောင့် သင်​တို့​၏​ယုံကြည်​ခြင်း​၌ ကောင်းမြတ်​ခြင်း​ကို​လည်းကောင်း၊ ကောင်းမြတ်​ခြင်း​၌ အသိပညာ​ကို​လည်းကောင်း၊ အသိပညာ​၌ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ကို​လည်းကောင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​၌ သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​၌ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​ကို​လည်းကောင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၌ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​လည်းကောင်း၊ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ချစ်​ခြင်း​မေတ္တာ​ကို​လည်းကောင်း လုံ့လ​ဝီရိယ​ရှိသမျှ​ဖြင့် ထပ်ဆင့်​ဖြည့်စွက်​ကြ​လော့။ အကြောင်းမူကား ဤ​ပါရမီ​များ​သည် သင်​တို့​၌​ရှိ​၍ တိုးပွား​နေ​သည်​ဆိုလျှင် သင်​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အရာ​၌ အကျိုး​မ​ရှိ​သော​သူ၊ အသီး​မ​သီး​သော​သူ ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။ ထို​ပါရမီ​များ​မ​ရှိ​သော​သူ​မူကား မျက်စိ​မမြင်​သော​သူ၊ အဝေးမှုန်​သော​သူ​ဖြစ်​ပြီး ယခင်​ပြု​ခဲ့​သော​မိမိ​အပြစ်​များ စင်ကြယ်​စေ​ခြင်း​ခံရ​သည်​ကို မေ့လျော့​နေ​၏။ ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ခံရ​သော ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ရွေးကောက်​တော်မူ​ခြင်း​ကို တည်မြဲ​စေရန် သာ၍​ကြိုးစား​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​နေ​သရွေ့ သင်​တို့​သည် မည်သည့်​အခါ​မျှ မှားယွင်း​ကြ​မည်​မ​ဟုတ်။ ထို့ပြင် ငါ​တို့​၏​သခင်​နှင့် ကယ်တင်ရှင်​ဖြစ်​တော်မူ​သော​ယေရှု​ခရစ်တော်​၏​ထာဝရ​နိုင်ငံ​တော်​ထဲသို့ ဝင်စား​ရ​သော​အခွင့်​ကို သင်​တို့​သည် ကြွယ်ဝ​စွာ​ရရှိ​ကြ​လိမ့်မည်။ ထို့ကြောင့် သင်​တို့​သည် ဤ​အကြောင်းအရာ​များ​ကို​သိရှိ​ကြ​၍ သင်​တို့​တွင်​ရှိ​သော​သမ္မာတရား​၌ ခိုင်ခံ့​မြဲမြံ​ကြ​ပြီ​ဖြစ်​သော်လည်း ၎င်း​တို့​နှင့်​ပတ်သက်၍ သင်​တို့​ကို အစဉ်​သတိပေးနှိုးဆော်​ရန် ငါ​ကြံရွယ်​ထား​၏။ ဤ​ခန္ဓာ​တဲ​၌ ငါ​ရှိ​နေ​သမျှ​ကာလ​ပတ်လုံး ထိုသို့​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​ကို​နိုးကြား​တက်ကြွ​စေ​သင့်​သည်​ဟု ငါ​မှတ်ယူ​ထား​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​သည်​လည်း ငါ့​အား​ဖော်ပြ​တော်မူ​သည့်​အတိုင်း ငါ​၏​ခန္ဓာ​တဲ​ကို မကြာမီ​ချွတ်ပယ်​ရ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။ ဤ​လောက​မှ ငါ​ထွက်ခွာ​သွား​ပြီး​နောက်တွင်​လည်း ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အစဉ်အမြဲ​သတိရ​စေရန် ငါ​ကြိုးစား​မည်။