YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 9:30-37

၄ ဓမ္မရာဇဝင် 9:30-37 Judson Bible (JBMLE)

ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​သည်​ကို ယေ​ဇ​ဗေ​လ​သည် ကြား​လျှင်၊ မျက်​ခမ်း​တို့​ကို ဆေး​သုတ်၍ ဆံ​ပင်​ကို​တန်​ဆာ​ဆင်​ပြီး​မှ၊ ပြတင်း​ပေါက်​ဝ၌ ကြည့်​ရှု​လျက်​နေ၏။ ယေ​ဟု​သည် တံ​ခါး​ဝ​သို့​ဝင်​သော​အ​ခါ ယေ​ဇ​ဗေ​လ​က၊ မိ​မိ​သ​ခင်​ကို​သတ်​သော ဇိ​မ​ရိ​သည် ချမ်း​သာ​ရ​သ​လော​ဟု မေး​လျှင်၊ ယေ​ဟု​သည် မျှော်​ကြည့်၍၊ ငါ့​ဘက်​မှာ​အ​ဘယ်​သူ​နေ​သ​နည်း။ အ​ဘယ်​သူ​ဟု မေး​လေ​သော်၊ မိန်း​မ​စိုး နှစ်​ယောက်​သုံး​ယောက်​တို့​သည် ပြတင်း​ပေါက်​ထဲ​က ကြည့်​ရှု​ကြ၏။ ယေ​ဟု​က၊ သူ့​ကို​တွန်း​ချ​လိုက်​ဟု ဆို​သည်​အ​တိုင်း တွန်း​ချ​သ​ဖြင့်၊ သူ၏​အ​သွေး​သည် နန်း​တော်​ထ​ရံ​အ​ပေါ်၌​လည်း​ကောင်း၊ မြင်း​တို့​အ​ပေါ်၌​လည်း​ကောင်း စဥ်၏။ ယေ​ဟု​သည် သူ့​ကိုယ်​ကို နင်း​လေ၏။ အ​ထဲ​သို့​ဝင်၍၊ စား​သောက်​ပြီး​မှ၊ ထို​ကျိန်​အပ်​သော​မိန်း​မ​သည် ရှင်​ဘု​ရင်​သ​မီး​ဖြစ်​သော​ကြောင့်၊ သွား​ကြည့်၍​သင်္ဂြိုဟ်​လော့​ဟု ဆို​သည်​အ​တိုင်း၊ သင်္ဂြိုဟ်​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဦး​ခေါင်း​ခွံ၊ ခြေ​ဖျား၊ လက်​ဝါး​တို့​ကို​သာ​တွေ့​သော​ကြောင့်၊ တစ်​ဖန်​လာ၍ ကြား​လျှောက်​ကြ၏။ ယေ​ဟု​က၊ ယေ​ဇ​ရေ​လေ​မြေ​ကွက်၌ ခွေး​တို့​သည် ယေ​ဇ​ဗေ​လ၏​အ​သား​ကို စား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တိ​ရှ​ဘိ​မြို့​သား ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​သည် ဤ​သို့​ပြည့်​စုံ​ပြီ။ သို့​ဖြစ်၍ ဤ​သင်္ချိုင်း​သည် ယေ​ဇ​ဗေ​လ​သင်္ချိုင်း​ဖြစ်၏​ဟု အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​မည်​အ​ကြောင်း၊ သူ၏​အ​လောင်း​သည် ယေ​ဇ​ရေ​လ​မြေ​ကွက်​တွင်၊ လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​ရှိ​ရ​လိမ့်​မည်​ဟု ဆို၏။

၄ ဓမ္မရာဇဝင် 9:30-37 Common Language Bible (BCL)

ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​ရှိ​လာ ၏။ ယေ​ဇ​ဗေ​လ​သည်​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​ကို​ကြား​သိ​ပြီး​ဖြစ်​သ​ဖြင့် မိ​မိ​၏​မျက် ခမ်း​တို့​ကို​ဆေး​ဆိုး​၍​ဆံ​ပင်​ကို​အ​လှ​ပြင် ကာ နန်း​တော်​ပြူ​တင်း​မှ​လမ်း​သို့​မျှော်​ကြည့် လျက်​နေ​၏။- ယေ​ဟု​သည်​နန်း​တော်​ဝင်​တံ​ခါး​ဝ​ကို​ဝင်​၍ လာ​သော​အ​ခါ ယေ​ဇ​ဗေ​လ​သည်​ယေ​ဟု အား``ကိုယ့်​သ​ခင်​ကို​သတ်​သော​အ​ချင်း ဇိ​မ​ရိ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ သ​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။ ယေ​ဟု​သည်​မော်​၍​ကြည့်​ပြီး​လျှင်``ငါ​၏​ဘက် သို့​အ​ဘယ်​သူ​ပါ​မည်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ သူ့​အား​မိန်း​မ​စိုး​နှစ်​ယောက်​သုံး​ယောက်​တို့​သည် နန်း​တော်​ပြူ​တင်း​မှ​ငုံ့​၍​ကြည့်​ကြ​၏။- ယေ​ဟု​က​သူ​တို့​အား``သူ့​ကို​တွန်း​ချ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ယေ​ဇ​ဗေ​လ ကို​တွန်း​ချ​ကြ​သ​ဖြင့် သွေး​စက်​သည်​နန်း တော်​နံ​ရံ​နှင့်​မြင်း​များ​အ​ပေါ်​သို့​စဉ်​၍​ကျ လေ​သည်။ ယေ​ဟု​သည်​ယေ​ဇ​ဗေ​လ​၏​အ​လောင်း ပေါ်​ဖြတ်​၍ မိ​မိ​၏​စစ်​ရ​ထား​ကို​မောင်း​နှင် ပြီး​လျှင်၊- နန်း​တော်​သို့​ဝင်​၍​အ​စား​အ​စာ​စား​၏။ ထို နောက်​သူ​က``အ​မင်္ဂ​လာ​ခံ​ရ​သော​ထို​မိန်း​မ ကို​သင်္ဂြိုဟ်​ကြ​လော့။ မည်​သို့​ပင်​ဆို​စေ​ကာ​မူ သူ​သည်​မင်း​သ​မီး​ဖြစ်​သည်'' ဟု​ဆို​၏။- သို့​ရာ​တွင်​သူ့​အား​သင်္ဂြိုဟ်​ရန်​သွား​ကြ​သော သူ​တို့​သည် သူ​၏​ဦး​ခွံ၊ လက်​ရိုး၊ ခြေ​ရိုး​မျှ​ကို သာ​တွေ့​ရှိ​ရ​ကြ​သ​ဖြင့်၊- ယေ​ဟု​အား​အ​စီ​ရင်​ခံ​ကြ​၏။ ထို​အ​ခါ ယေ​ဟု​က``ယေ​ဇ​ဗေ​လ​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင်​ခွေး​စာ​ဖြစ်​လိမ့်​မည်။- သူ​၏​အ​လောင်း​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​အောင် ထို​အ​ရပ်​တွင်​နောက်​ချေး​ကဲ့​သို့​ကြဲ​လျက်​နေ လိမ့်​မည်​ဟု ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ချက်​နှင့်​အ​ညီ​ဖြစ်​သည်'' ဟု​ဆို​၏။

၄ ဓမ္မရာဇဝင် 9:30-37 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေဇရေလ​မြို့​သို့ ယေဟု​ရောက်လာ​ကြောင်း​ကို ယေဇဗေလ​ကြား​လျှင် မျက်လုံး​ကို​အရောင်ခြယ်​ပြီး ဆံကေသာ​ကို ပြင်ဆင်​ကာ ပြတင်းပေါက်​မှ ကြည့်​နေ​၏​။ မြို့​တံခါး​ထဲသို့ ယေဟု​ဝင်လာ​သောအခါ ယေဇဗေလ​က “​ကိုယ့်​သခင်​ကို​သတ်​ခဲ့​သော ဇိမရိ​သည် ချမ်းသာ​ရာ​ရ​ပါ​၏​လော​”​ဟု မေး​၏​။ ထိုအခါ ယေဟု​က ပြတင်းပေါက်​သို့​မော့ကြည့်​ပြီး “​မည်သူ​ရှိ​သနည်း​၊ ငါ့​ဘက်​မှာ မည်သူ​နေ​မည်နည်း​”​ဟု မေး​၏​။ ထိုအခါ မိန်းမစိုး​နှစ်​ဦး​သုံး​ဦး​က သူ့​ကို ငုံ့ကြည့်​ကြ​သဖြင့် ယေဟု​က သူ​တို့​အား “​သူ့​ကို တွန်းချ​ပစ်​လိုက်​”​ဟု ဆို​၏​။ သူ​တို့​က​လည်း ယေဇဗေလ​ကို တွန်းချ​လိုက်​ရာ သူ့​သွေး​တို့​သည် နံရံ​များ​၊ မြင်း​များ​ပေါ်သို့ စဉ်သွား​လေ​၏​။ ယေဟု​လည်း သူ့​ကို​တက်နင်း​သွား​လေ​၏​။ ယေဟု​သည် အထဲသို့​ဝင်​၍​စား​သောက်​ပြီးမှ “​ကျိန်စာသင့်​သော​ဤ​မိန်းမ​သည် ဘုရင့်​သမီး​တော်​ဖြစ်​သောကြောင့် ကြည့်​ပြီး​သင်္ဂြိုဟ်​လိုက်​ကြ​ပါ”​ဟု ဆို​၏​။ ယေဇဗေလ​ကို သင်္ဂြိုဟ်​ဖို့​သွား​ကြ​သောအခါ ဦးခေါင်းခွံ​၊ ခြေထောက်​၊ လက်ဖဝါး​တို့​မှလွဲ၍ အခြား​ဘာမျှ​မ​ရှိ​တော့​ပေ​။ ထို​သူ​တို့ ပြန်လာ​ပြီး ယေဟု​အား ပြောပြ​ကြ​လျှင် ယေဟု​က “​ဤသည်ကား ထာဝရဘုရား​က မိမိ​အစေအပါး တိရှဘိ​မြို့သား ဧလိယ​အား ‘​ယေဇရေလ​မြေကွက်​တွင် ယေဇဗေလ​၏​အသား​ကို ခွေး​တို့ စား​ကြ​လိမ့်မည်​။ ယေဇဗေလ​၏​အလောင်း​သည် ယေဇရေလ​ပိုင်​မြေကွက်​ပေါ်တွင် နောက်ချေးပုံ​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​သူ​မှာ ယေဇဗေလ​ဖြစ်​သည်​ဟု ပြော​၍​မ​ရ​အောင်​ပင် ဖြစ်​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ခဲ့​သည့်​စကား အတိုင်း​ဖြစ်​၏​”​ဟု ဆို​လေ​၏​။