YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 9

9
ယေ​ဟု​အား​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ခြင်း
1ထို​အ​ခါ​ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည် ပ​ရော​ဖက်​အ​မျိုး​သား​တစ်​ယောက်​ကို ခေါ်၍၊ သင်၏​ခါး​ကို စည်း​လော့။ ဤ​ဆီ​ဘူး​ကို​ယူ၍ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ သွား​လော့။ 2ရောက်​သော​အ​ခါ၊ နိမ်​ရှိ​သား ယော​ရှ​ဖတ်၏​သား​ယေ​ဟု​ကို​ရှာ၍ သူ့​ထံ​သို့​ဝင်​လျက်၊ သူ့​ကို သူ၏​အ​ပေါင်း​အ​ဖော်​စု​ထဲ​က ထွက်​စေ၍၊ အ​တွင်း​အ​ခန်း​ထဲ​သို့​ခေါ်​ပြီး​လျှင်၊ 3ဤ​ဆီ​ဘူး​ကို​ကိုင်၍ သူ၏​ခေါင်း​ပေါ်၌ ဆီ​ကို​လောင်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​သင့်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​သည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ပြီး​မှ၊ တံ​ခါး​ကို​ဖွင့်၍ မ​ဆိုင်း​မ​လင့်​ဘဲ​ပြေး​လော့​ဟု မှာ​ထား​လေ၏။ 4ထို​ပ​ရော​ဖက်​အ​မျိုး​သား လု​လင်​သည် ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့​သွား၏။ 5ရောက်​သော​အ​ခါ၊ ဗိုလ်​မင်း​တို့​သည် အ​တူ​ထိုင်​လျက်​ရှိ​ကြ၏။ ပ​ရော​ဖက်​က၊ အို​ဗိုလ်​မင်း၊ ကိုယ်​တော်​အား ပြော​စ​ရာ​ရှိ​သည်​ဟု ဆို​လျှင်၊ ယေ​ဟု​က၊ ငါ​တို့​အ​ပေါင်း​တွင် အ​ဘယ်​သူ​အား​ပြော​စ​ရာ​ရှိ​သ​နည်း​ဟု မေး​သော်၊ အို​ဗိုလ်​မင်း၊ ကိုယ်​တော်​အား ပြော​စ​ရာ​ရှိ​သည်​ဟု ပြန်​ဆို၏။ 6ထို​အ​ခါ ယေ​ဟု​သည် ထ၍​အိမ်​ထဲ​သို့​ဝင်​သ​ဖြင့်၊ ပ​ရော​ဖက်​သည် သူ၏​ခေါင်း​ပေါ်၌ ဆီ​ကို​လောင်း​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​သင့်​ကို ထာ​ဝ​ရ​ဘု​ရား၏​လူ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး၏။#၃​ရာ၊ ၁၉:၁၆။ 7ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ကို​သတ်​သော​အ​ပြစ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​အ​ပေါင်း​ကို သတ်​သော​အ​ပြစ်​အ​လျောက်၊ ယေ​ဇ​ဗေ​လ၌ ငါ​ဒဏ်​ပေး​မည်​အ​ကြောင်း၊ သင်​သည် သင့်​သ​ခင်​အာ​ဟပ်​အ​မျိုး​ကို လုပ်​ကြံ​ရ​မည်။ 8အာ​ဟပ်​အ​မျိုး​သား​ရှိ​သ​မျှ​တို့​ကို ပျက်​စီး​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​မြို့​ရွာ၌ အ​ချုပ်​ခံ​သော​သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ​ဖြစ်​စေ၊ အာ​ဟပ်​အ​မျိုး​သား ယောက်ျား​များ​ကို​ငါ​ပယ်​ဖြတ်​မည်။ 9အာ​ဟပ်​အ​မျိုး​ကို နေ​ဗတ်၏​သား ယေ​ရော​ဗောင်​အ​မျိုး​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ၏​သား ဗာ​ရှာ​အ​မျိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​မည်။ 10ယေ​ဇ​ဗေ​လ​ကို သင်္ဂြိုဟ်​သော​သူ မ​ရှိ။ ယေ​ဇ​ရေ​လ​မြေ​ကွက်၌၊ ခွေး​တို့​သည် သူ့​ကို​စား​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ပြီး​မှ တံ​ခါး​ကို​ဖွင့်၍ ပြေး၏။#၃​ရာ၊ ၂၁:၂၃။ 11ထို​အ​ခါ ယေ​ဟု​သည် မိ​မိ​သ​ခင်၏​ကျွန်​တို့​ရှိ​ရာ​သို့ ထွက်၍၊ တစ်​ယောက်​က၊ ရှိ​သ​မျှ​ကောင်း​သ​လော။ ထို​အ​ရူး​သည် အ​ဘယ်​ကြောင့် လာ​သ​နည်း​ဟု မေး​လျှင်၊ ယေ​ဟု​က၊ သင်​တို့​သည် ထို​သူ​ကို​လည်း​ကောင်း၊ သူ​ပြော​သော စ​ကား​ကို​လည်း​ကောင်း သိ​ကြ၏​ဟု​ဆို​သော်၊ 12သူ​တို့​က ငါ​တို့​မ​သိ။ ပြော​ပါ​လော့​ဟု ဆို​ပြန်​သော်၊ ယေ​ဟု​က၊ ထို​သူ​သည် ဤ​မည်​သော​စ​ကား​ကို ပြော၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​သင့်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​သည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​သည်​ဟု ပြန်​ပြော​သော​အ​ခါ၊ 13သူ​တို့​သည် အ​လျင်​အ​မြန်​ထ​သ​ဖြင့်၊ အ​သီး​အ​သီး မိ​မိ​တို့​ဝတ်​လုံ​ကို​ယူ၍ လှေ​ကား​ထိပ်​ပေါ် ယေ​ဟု​အောက်​မှာ ခင်း​လျက်၊ ယေ​ဟု​သည် ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၏​ဟု​တံ​ပိုး​မှုတ်၍ ဟစ်​ကြော်​ကြ၏။
ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ​လုပ်​ကြံ​ခံ​ရ​ခြင်း
14ထို​သို့ နိမ်​ရှိ​သား​ယော​ရှ​ဖတ်၏​သား​ယေ​ဟု​သည် ယော​ရံ​မင်း​တစ်​ဖက်​သင်း ဖွဲ့​လေ၏။ ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ကြောင့်၊ ယော​ရံ​မင်း​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို စောင့်​ရှောက်​ကြ၏။ 15သို့​ရာ​တွင် ယော​ရံ​မင်း​သည် ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို စစ်​တိုက်​သော​အ​ခါ၊ ရှု​ရိ​လူ​ထိ​ခိုက်​သော အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား​နှင့်​ပြီ။ ယေ​ဟု​က​လည်း၊ သင်​တို့​အ​လို​ရှိ​လျှင်၊ ယေ​ဇ​ရေ​လ​မြို့​သို့​သွား၍ သ​တင်း​ကြား​ပြော​ရ​သော​သူ တစ်​စုံ​တစ်​ယောက်​ကို​မျှ မြို့​ထဲ​က​မ​ထွက်​မ​သွား​စေ​နှင့်​ဟု စီ​ရင်၏။ 16ထို​သို့ ယော​ရံ​မင်း​သည် ယေ​ဇ​ရေ​လ​မြို့၌ ရှိ​နေ​သော​ကြောင့်၊ ယေ​ဟု​သည် ရ​ထား​ကို​စီး၍ ထို​မြို့​သို့​သွား၏။ ထို​အ​ခါ ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သည်​လည်း၊ ယော​ရံ​မင်း​ကို ကြည့်​ရှု​အံ့​သော​ငှာ ရောက်​လာ​ပြီ။ 17ယေ​ဇ​ရေ​လ​မြို့၌ မျှော်​စင်​ပေါ်​မှာ စောင့်​သော​သူ​သည် ရပ်​လျက်၊ ယေ​ဟု​နှင့်​လိုက်​လာ​သော အ​လုံး​အ​ရင်း​ကို မြင်​သော​အ​ခါ၊ လူ​အ​လုံး​အ​ရင်း​ကို ငါ​မြင်​သည်​ဟု ဆို​လျှင်၊ ဆီး​ကြို​ခြင်း​ငှာ​သွား၍ ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု မေး​မည်​အ​ကြောင်း၊ ယော​ရံ​သည် မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို စေ​လွှတ်​သည်​အ​တိုင်း၊ 18မြင်း​စီး​သူ​ရဲ​သည် ဆီး​ကြို​ခြင်း​ငှာ​သွား၍၊ ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု ရှင်​ဘု​ရင်​မေး​တော်​မူ​ကြောင်း​ကို​ပြော​ဆို​သော်၊ ယေ​ဟု​က၊ သင်​သည် ငြိမ်​သက်​ခြင်း​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​နောက်​သို့​လှည့်၍ လိုက်​လော့​ဟု​ဆို၏။ စောင့်​သော​သူ​က​လည်း၊ မြင်း​စီး​သူ​ရဲ​သည် အ​လုံး​အ​ရင်း​သို့​ရောက်၍ ပြန်​မ​လာ​ပါ​ဟု​ဆို​သော်၊ 19ရှင်​ဘု​ရင်​သည် အ​ခြား​သော မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို စေ​လွှတ်​ပြန်၍၊ သူ​သည် ရောက်​သော​အ​ခါ၊ ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု ရှင်​ဘု​ရင်​မေး​တော်​မူ​ကြောင်း​ကို ပြော​ဆို​သော်၊ ယေ​ဟု​က၊ သင်​သည် ငြိမ်​သက်​ခြင်း​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​နောက်​သို့​လှည့်၍ လိုက်​လော့​ဟု ဆို၏။ 20စောင့်​သော​သူ​က​လည်း၊ မြင်း​စီး​သူ​ရဲ​သည် ရောက်၍ ပြန်​မ​လာ​ပါ။ လာ​သော​သူ​သည် နိမ်​ရှိ​သား​ယေ​ဟု​နှင်​တတ်​သ​ကဲ့​သို့ အ​လွန်​ပြင်း​ထန်​စွာ​နှင်၍ လာ​ပါ​သည်​ဟု​ဆို၏။ 21ယော​ရံ​မင်း​က​လည်း၊ မြင်း​ရ​ထား​ကို ပြင်​ဆင်​လော့​ဟု ဆို​သည်​အ​တိုင်း၊ မြင်း​ရ​ထား​ကို ပြင်​ဆင်​ကြ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရံ​နှင့် ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​တို့​သည် ရ​ထား​တော်​တစ်​ခု​စီ​စီး​လျက် ယေ​ဟု​ကို ဆီး​ကြို​မည်​ဟု ထွက်​သွား၍၊ ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်၏​မြေ​ကွက်​တွင် တွေ့​ကြ၏။ 22ယော​ရံ​သည် ယေ​ဟု​ကို​မြင်​လျှင်၊ ယေ​ဟု ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု မေး​သော်၊ ယေ​ဟု​က၊ သင့်​အ​မိ​ယေ​ဇ​ဗေ​လ​ပြု​သော အ​ဓ​မ္မ​မေ​ထုန်​အ​မှု၊ ပြု​စား​သော​အ​မှု များ​သော​ကာ​လ​အ​တွင်း​တွင်၊ အ​ဘယ်​သို့​သော ငြိမ်​သက်​ခြင်း​ရှိ​လိမ့်​မည်​နည်း​ဟု ပြန်​ပြော​သော်၊ 23ယော​ရံ​က၊ အို​အာ​ခ​ဇိ၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု​ဆို​လျက် လှည့်၍​ပြေး၏။ 24ယေ​ဟု​သည်​လည်း လေး​ကို​တင်၍​ပစ်​သ​ဖြင့်၊ ယော​ရံ​ကို ပ​ခုံး​ကြား​မှာ မှန်၏။ မြား​သည်​လည်း နှ​လုံး​ကို ထုတ်​ချင်း​ဖောက်၍၊ ယော​ရံ​သည် ရ​ထား​တော်​ပေါ်​မှာ​လဲ​နေ၏။ 25ယေ​ဟု​က​လည်း၊ သူ့​ကို​ဆွဲ၍ ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​မြေ​ကွက်၌ ချ​ပစ်​လော့။ သင်​နှင့်​ငါ​သည် သူ့​အ​ဘ​အာ​ဟပ်​နောက်​သို့ မြင်း​စီး၍ လိုက်​သော​အ​ခါ၊ ဤ​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကို မ​မှတ်​မိ​သ​လော။ 26အ​ကယ်​စင်​စစ် နာ​ဗုတ်​အ​သွေး၊ သူ့​သား​တို့၏​အ​သွေး​ကို မ​နေ့​က ငါ​ကြည့်​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​မြေ​ကွက်၌ သင့်​ကို အ​ပြစ်​နှင့်​အ​လျောက် ငါ​ဒဏ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ရှိ​သည် အ​တိုင်း၊ ဤ​မြေ​ကွက်၌ အ​လောင်း​ကို​ချ​ပစ်​လော့​ဟု မိ​မိ​ရ​ထား​မှူး​ဗိ​ဒ​က​ကို ဆို၏။#၃​ရာ၊ ၂၁:၁၉။
ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​လုပ်​ကြံ​ခံ​ရ​ခြင်း
27ထို​အ​မှု​ကို ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သည်​မြင်​လျှင်၊ ဥ​ယျာဉ်​စံ​နန်း​လမ်း​ဖြင့် ပြေး၏။ ယေ​ဟု​က​လည်း၊ သူ့​ကို ရ​ထား​ပေါ်​မှာ​ထိုး​တော့​ဟု လိုက်​လျက်​ဆို​သည်​အ​တိုင်း၊ ဣ​ဗ​လံ​မြို့​နား၊ ဂု​ရ​မြို့​သို့​သွား​သော​လမ်း​တွင် ပြု​ကြ​သ​ဖြင့်၊ သူ​သည် မေ​ဂိ​ဒ္ဒေါ​မြို့​သို့​ပြေး၍ သေ၏။ 28သူ၏​ကျွန်​တို့​သည် အ​လောင်း​ကို ရ​ထား​ပေါ်​သို့​တင်​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊ ဒါ​ဝိဒ်​မြို့​တွင် မိ​မိ​သင်္ချိုင်း၌ ဘိုး​ဘေး​တို့​နှင့်​အ​တူ သင်္ဂြိုဟ်​ကြ၏။ 29ထို​မင်း​အာ​ခ​ဇိ​သည် အာ​ဟပ်​သား ယော​ရံ​နန်း​စံ ဆယ်​နှစ်​နှစ်​တွင် ယု​ဒ​နိုင်​ငံ၌ နန်း​ထိုင်၏။
ယေ​ဇ​ဗေ​လ​အ​သတ်​ခံ​ရ​ခြင်း
30ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​သည်​ကို ယေ​ဇ​ဗေ​လ​သည် ကြား​လျှင်၊ မျက်​ခမ်း​တို့​ကို ဆေး​သုတ်၍ ဆံ​ပင်​ကို​တန်​ဆာ​ဆင်​ပြီး​မှ၊ ပြတင်း​ပေါက်​ဝ၌ ကြည့်​ရှု​လျက်​နေ၏။ 31ယေ​ဟု​သည် တံ​ခါး​ဝ​သို့​ဝင်​သော​အ​ခါ ယေ​ဇ​ဗေ​လ​က၊ မိ​မိ​သ​ခင်​ကို​သတ်​သော ဇိ​မ​ရိ​သည် ချမ်း​သာ​ရ​သ​လော​ဟု မေး​လျှင်၊ 32ယေ​ဟု​သည် မျှော်​ကြည့်၍၊ ငါ့​ဘက်​မှာ​အ​ဘယ်​သူ​နေ​သ​နည်း။ အ​ဘယ်​သူ​ဟု မေး​လေ​သော်၊ မိန်း​မ​စိုး နှစ်​ယောက်​သုံး​ယောက်​တို့​သည် ပြတင်း​ပေါက်​ထဲ​က ကြည့်​ရှု​ကြ၏။ 33ယေ​ဟု​က၊ သူ့​ကို​တွန်း​ချ​လိုက်​ဟု ဆို​သည်​အ​တိုင်း တွန်း​ချ​သ​ဖြင့်၊ သူ၏​အ​သွေး​သည် နန်း​တော်​ထ​ရံ​အ​ပေါ်၌​လည်း​ကောင်း၊ မြင်း​တို့​အ​ပေါ်၌​လည်း​ကောင်း စဥ်၏။ ယေ​ဟု​သည် သူ့​ကိုယ်​ကို နင်း​လေ၏။ အ​ထဲ​သို့​ဝင်၍၊ 34စား​သောက်​ပြီး​မှ၊ ထို​ကျိန်​အပ်​သော​မိန်း​မ​သည် ရှင်​ဘု​ရင်​သ​မီး​ဖြစ်​သော​ကြောင့်၊ သွား​ကြည့်၍​သင်္ဂြိုဟ်​လော့​ဟု ဆို​သည်​အ​တိုင်း၊ 35သင်္ဂြိုဟ်​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဦး​ခေါင်း​ခွံ၊ ခြေ​ဖျား၊ လက်​ဝါး​တို့​ကို​သာ​တွေ့​သော​ကြောင့်၊ တစ်​ဖန်​လာ၍ ကြား​လျှောက်​ကြ၏။ 36ယေ​ဟု​က၊ ယေ​ဇ​ရေ​လေ​မြေ​ကွက်၌ ခွေး​တို့​သည် ယေ​ဇ​ဗေ​လ၏​အ​သား​ကို စား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တိ​ရှ​ဘိ​မြို့​သား ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​သည် ဤ​သို့​ပြည့်​စုံ​ပြီ။#၃​ရာ၊ ၂၁:၂၃။ 37သို့​ဖြစ်၍ ဤ​သင်္ချိုင်း​သည် ယေ​ဇ​ဗေ​လ​သင်္ချိုင်း​ဖြစ်၏​ဟု အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​မည်​အ​ကြောင်း၊ သူ၏​အ​လောင်း​သည် ယေ​ဇ​ရေ​လ​မြေ​ကွက်​တွင်၊ လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​ရှိ​ရ​လိမ့်​မည်​ဟု ဆို၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ