YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 8

8
ရှု​နင်​မြို့​သူ​ပြန်​လာ​ခြင်း
1တစ်​ဖန် ဧ​လိ​ရှဲ​သည် အ​ထက်​က အ​သက်​ရှင်​စေ​သော သူ​ငယ်၏​အ​မိ​ကို​ခေါ်၍၊ သင်​သည် အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ထ​သွား​လော့။ တည်း​ခို၍​နေ​နိုင်​သော​အ​ရပ် တစ်​စုံ​တစ်​ရပ်၌ တည်း​ခို၍​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​စာ​ခေါင်း​ပါး​ရာ​ကာ​လ​ကို မှာ​လိုက်​တော်​မူ​ပြီ။ တစ်​ပြည်​လုံး၌ ခု​နစ်​နှစ်​ခေါင်း​ပါး​လိမ့်​မည်​ဟု သ​တိ​ပေး၏။#၄​ရာ၊ ၄:၈-၃၇။ 2ထို​မိန်း​မ​သည် ဘု​ရား​သ​ခင့်​လူ၏​စ​ကား​ကို နား​ထောင်​သ​ဖြင့်၊ အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ သွား၍ ဖိ​လိ​တ္တိ​ပြည်၌ ခု​နစ်​နှစ်​နေ၏။ 3ခု​နစ်​နှစ်​စေ့​သော​အ​ခါ၊ ဖိ​လိ​တ္တိ​ပြည်​မှ​ပြန်​လာ၍ ကိုယ်​အိမ်၊ ကိုယ်​မြေ​ကို​ရ​အံ့​သော​ငှာ အ​သ​နား​တော်​ခံ​မည့်​အ​ကြံ​နှင့် ရှင်​ဘု​ရင်​ထံ​သို့ သွား၏။ 4ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဘု​ရား​သ​ခင့်​လူ၏​ကျွန်​ဂေ​ဟာ​ဇိ​နှင့်​နှုတ်​ဆက်​လျက်၊ ဧ​လိ​ရှဲ​ပြု​သော​အံ့​ဩ​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ပြော​ပါ​လော့​ဟု မိန့်​တော်​မူ၍၊ 5ဧ​လိ​ရှဲ​သည် သေ​သော​သူ အ​သက်​ရှင်​စေ​ကြောင်း​ကို ဂေ​ဟာ​ဇိ​သည် ပြန်​လျှောက်​စဉ်​တွင်၊ အ​သက်​ရှင်​စေ​သော သူ​ငယ်၏​အ​မိ​သည် ကိုယ်​အိမ်၊ ကိုယ်​မြေ​ကို​ရ​အံ့​သော​ငှာ အ​သ​နား​တော်​ခံ​လေ၏။ ဂေ​ဟာ​ဇိ​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ဤ​မိန်း​မ​ကား ယ​ခု​ပြော​သော​မိန်း​မ၊ ဤ​သူ​ငယ်​ကား ဧ​လိ​ရှဲ​အ​သက်​ရှင်​စေ​သော​သူ​ငယ်​ဖြစ်​ပါ​သည်​ဟု လျှောက်​လျှင်၊ 6ရှင်​ဘု​ရင်​သည် မိန်း​မ​ကို​မေး၍ မိန်း​မ​လည်း​သက်​သေ​ခံ၏။ ထို​အ​ခါ​ရှင်​ဘု​ရင်​က၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ပြည်​တော်​က ထွက်​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် သူ့​မြေ၌​ဖြစ်​သ​မျှ​ကို​လည်း​ကောင်း ပြန်​ပေး​စေ​ဟု မိန့်​တော်​မူ​လျက်၊ သူ၏​အ​မှု​ကို စောင့်​စေ​ခြင်း​ငှာ အ​ရာ​ရှိ​တစ်​ယောက်​ကို ခန့်​ထား​တော်​မူ၏။
ဧ​လိ​ရှဲ​နှ​င့်ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်
7တစ်​ဖန် ဧ​လိ​ရှဲ​သည် ဒ​မာ​သက်​မြို့​သို့​သွား၏။ ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် နာ​နေ၏။ ဘု​ရား​သ​ခင်၏​လူ​ရောက်​ကြောင်း​ကို နား​တော်​လျှောက်​လေ​သော်၊ 8ဟာ​ဇေ​လ​ကို​ခေါ်၍၊ သင်​သည် လက်​ဆောင်​ကို​ဆောင်​လျက် ဘု​ရား​သ​ခင်၏​လူ​ကို ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊ ငါ​သည်​ဤ​အ​နာ​မှ ထ​မြောက်​မည်​လော​ဟု သူ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လော့​ဟု စေ​လွှတ်​သည်​အ​တိုင်း၊ 9ဟာ​ဇေ​လ​သည် ကု​လား​အုတ်​လေး​ဆယ်​အ​ပေါ်​မှာ ဒ​မာ​သက်​ဥ​စ္စာ​များ​ကို​တင်၍၊ လက်​ဆောင်​ကို​ဆောင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လူ​ကို ခ​ရီး​ဦး​ကြို ပြု​ခြင်း​ငှာ​သွား၍ ရှေ့​တော်၌​ရပ်​လျက်၊ ကိုယ်​တော်၏​သား ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​က၊ ငါ​သည် ဤ​အ​နာ​မှ​ထ​မြောက်​ရ​မည်​လော​ဟု မေး​မြန်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​ကို​စေ​လွှတ်​ပါ​သည်​ဟု ဆို၏။ 10ဧ​လိ​ရှဲ​က​လည်း၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ထ​မြောက်​နိုင်​ပါ၏​ဟု ပြန်​လျှောက်​လော့။ သို့​သော်​လည်း ဆက်​ဆက်​သေ​ရ​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ 11စေ့​စေ့​ကြည့်​ရှု၍ ဟာ​ဇေ​လ​သည်​မျက်​နှာ​ပျက်​လေ၏။ ဘု​ရား​သ​ခင်၏​လူ​သည်​လည်း မျက်​ရည်​ကျ၏။ 12ဟာ​ဇေ​လ​က​လည်း၊ သ​ခင်​သည် အ​ဘယ်​ကြောင့် မျက်​ရည်​ကျ​တော်​မူ​သ​နည်း​ဟု မေး​လျှင် ဧ​လိ​ရှဲ​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​လ​တ္တံ့​သော​ဘေး​ဥ​ပဒ်​တည်း​ဟူ​သော သူ​တို့၏​ရဲ​တိုက်​များ​ကို မီး​ရှို့​ခြင်း၊ လု​လင်​များ​ကို ဓား​နှင့်​သတ်​ခြင်း၊ သူ​ငယ်​များ​ကို မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​များ၌ ဝမ်း​ခွဲ​ခြင်း​ကို ပြု​လိမ့်​မည်​ဟု ငါ​သိ​မြင်​သော​ကြောင့် မျက်​ရည်​ကျ​သည်​ဟု ပြန်​ပြော​သော်၊ 13ဟာ​ဇေ​လ​က၊ ကိုယ်​တော်​ကျွန်​သည် ခွေး​ဖြစ်​လျက်​နှင့် ဤ​မျှ​လောက်​ကြီး​သော​အ​မှု​ကို ပြု​ရ​ပါ​လိမ့်​မည်​လော​ဟု မေး​ပြန်​သော်၊ ဧ​လိ​ရှဲ​က၊ သင်​သည် ရှု​ရိ​နိုင်​ငံ​ကို စိုး​စံ​ရ​လိမ့်​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​ပြီ​ဟု​ဆို၏။#၃​ရာ၊ ၁၉:၁၅။ 14ဟာ​ဇေ​လ​သည်​သွား၍ မိ​မိ​သ​ခင့်​ထံ​သို့​ရောက်​သော​အ​ခါ၊ သ​ခင်​က၊ ဧ​လိ​ရှဲ​သည် အ​ဘယ်​သို့​ဆို​သ​နည်း​ဟု​မေး​လျှင်၊ ကိုယ်​တော်​သည် အ​နာ​မှ​ဆက်​ဆက်​ထ​မြောက်​တော်​မူ​မည် ဆို​ပါ​သည်​ဟု လျှောက်​လေ၏။ 15နက်​ဖြန်​နေ့၌ ဟာ​ဇေ​လ​သည် သိုး​မွေး​အ​ဝတ်​ကို ရေ၌​နှစ်​ပြီး​လျှင်၊ ရှင်​ဘု​ရင်၏ မျက်​နှာ​ကို​ဖုံး​အုပ်​သ​ဖြင့်၊ ရှင်​ဘု​ရင်​သေ၍ ဟာ​ဇေ​လ​သည် နန်း​ထိုင်​လေ၏။
ယု​ဒ​ဘု​ရင်​ယ​ဟော​ရံ
(၆​ရာ၊ ၂၁:၁-၂၀)
16ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သား​ယော​ရံ နန်း​စံ​ငါး​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သား ယ​ဟော​ရံ​သည် နန်း​ထိုင်​လေ၏။ 17အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ ယေ​ရု​ရှ​လင်​မြို့၌​မင်း​ပြု၍ ရှစ်​နှစ်​စိုး​စံ၏။ 18အာ​ဟပ်​သ​မီး​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​လိုက်​ရာ​လမ်း​သို့ အာ​ဟပ်​အ​မျိုး​ကဲ့​သို့​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ 19သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော​သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်၏ မျက်​နှာ​ကို​ထောက်၍၊ ယု​ဒ​ပြည်​ကို​မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။#၃​ရာ၊ ၁၁:၃၆။ 20ထို​မင်း​လက်​ထက်၌၊ ဧ​ဒုံ​ပြည်​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို​ပုန်​ကန်၍ ကိုယ်​အ​မျိုး​သား​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။#က၊ ၂၇:၄၀။ 21ယ​ဟော​ရံ​မင်း​သည် ရ​ထား​စီး​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဇာ​ဣ​ရ​မြို့​သို့​စစ်​ချီ၍ ည​အ​ခါ​ဝိုင်း​သော ဧ​ဒုံ​လူ​များ၊ ရ​ထား​အုပ်​များ​ကို လုပ်​ကြံ​သ​ဖြင့်၊ ဧ​ဒုံ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့​ပြေး​ကြ၏။ 22သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်၏။ ထို​ကာ​လ၌​လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။ 23ယ​ဟော​ရံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 24ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ
(၆​ရာ၊ ၂၂:၁-၆)
25ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သား​ယော​ရံ နန်း​စံ​ဆယ်​နှစ်​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယ​ဟော​ရံ​သား အာ​ခ​ဇိ​သည် နန်း​ထိုင်​လေ၏။ 26အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ မင်း​ပြု၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဩ​မ​ရိ​မြေး အာ​သ​လိ​အ​မည်​ရှိ၏။ 27အာ​ခ​ဇိ​သည် အာ​ဟပ်၏​သ​မက်​ဖြစ်​သ​ဖြင့်၊ အာ​ဟပ်​အ​မျိုး​လိုက်​ရာ​လမ်း​သို့ လိုက်၍၊ အာ​ဟပ်​အ​မျိုး​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ 28အာ​ဟပ်၏​သား​ယော​ရံ​နှင့် ဝိုင်း​လျက်၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍၊ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို တိုက်​ရာ​တွင် ရှု​ရိ​လူ​တို့​သည် ယော​ရံ​ကို​ထိ​ခိုက်​ကြ၏။ 29ထို​သို့ ရာ​မုတ်​မြို့၌ ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​ကို​တိုက်၍၊ ရှု​ရိ​လူ​ထိ​ခိုက်​သော​အ​နာ​ပျောက်​စေ​ခြင်း​ငှာ၊ ယော​ရံ​မင်း​ကြီး​သည် ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား၍ နာ​လျက်​နေ​စဉ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယ​ဟော​ရံ​သား​အာ​ခ​ဇိ​သည်​လည်း၊ အာ​ဟပ်​သား​ယော​ရံ​ကို ကြည့်​ရှု​ခြင်း​ငှာ ထို​မြို့​သို့ ဆင်း​သွား​လေ၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ