ယေဇရေလမြို့သို့ ယေဟုရောက်လာကြောင်းကို ယေဇဗေလကြားလျှင် မျက်လုံးကိုအရောင်ခြယ်ပြီး ဆံကေသာကို ပြင်ဆင်ကာ ပြတင်းပေါက်မှ ကြည့်နေ၏။ မြို့တံခါးထဲသို့ ယေဟုဝင်လာသောအခါ ယေဇဗေလက “ကိုယ့်သခင်ကိုသတ်ခဲ့သော ဇိမရိသည် ချမ်းသာရာရပါ၏လော”ဟု မေး၏။ ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့် ယေဟုက သူတို့အား “သူ့ကို တွန်းချပစ်လိုက်”ဟု ဆို၏။ သူတို့ကလည်း ယေဇဗေလကို တွန်းချလိုက်ရာ သူ့သွေးတို့သည် နံရံများ၊ မြင်းများပေါ်သို့ စဉ်သွားလေ၏။ ယေဟုလည်း သူ့ကိုတက်နင်းသွားလေ၏။ ယေဟုသည် အထဲသို့ဝင်၍စားသောက်ပြီးမှ “ကျိန်စာသင့်သောဤမိန်းမသည် ဘုရင့်သမီးတော်ဖြစ်သောကြောင့် ကြည့်ပြီးသင်္ဂြိုဟ်လိုက်ကြပါ”ဟု ဆို၏။ ယေဇဗေလကို သင်္ဂြိုဟ်ဖို့သွားကြသောအခါ ဦးခေါင်းခွံ၊ ခြေထောက်၊ လက်ဖဝါးတို့မှလွဲ၍ အခြားဘာမျှမရှိတော့ပေ။ ထိုသူတို့ ပြန်လာပြီး ယေဟုအား ပြောပြကြလျှင် ယေဟုက “ဤသည်ကား ထာဝရဘုရားက မိမိအစေအပါး တိရှဘိမြို့သား ဧလိယအား ‘ယေဇရေလမြေကွက်တွင် ယေဇဗေလ၏အသားကို ခွေးတို့ စားကြလိမ့်မည်။ ယေဇဗေလ၏အလောင်းသည် ယေဇရေလပိုင်မြေကွက်ပေါ်တွင် နောက်ချေးပုံကဲ့သို့ဖြစ်လိမ့်မည်။ ဤသူမှာ ယေဇဗေလဖြစ်သည်ဟု ပြော၍မရအောင်ပင် ဖြစ်လိမ့်မည်’ဟူ၍ မိန့်တော်မူခဲ့သည့်စကား အတိုင်းဖြစ်၏”ဟု ဆိုလေ၏။
ဓမ္မရာဇဝင်စတုတ္ထစောင် 9 ကိုဖတ်ပါ။
နားထောင်ပါ။ ဓမ္မရာဇဝင်စတုတ္ထစောင် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဓမ္မရာဇဝင်စတုတ္ထစောင် 9:30-37
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ