၄ ဓမ္မရာဇဝင် 6:15-17
၄ ဓမ္မရာဇဝင် 6:15-17 Judson Bible (JBMLE)
နံနက်စောစော ဘုရားသခင့်လူ၏ကျွန်သည်ထ၍ ပြင်သို့ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကိုဝိုင်းလျက် ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အားဆို၏။ ဧလိရှဲက မစိုးရိမ်နှင့်။ ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ၍များကြသည်ဟုဆိုလျက်၊ အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ထာဝရဘုရားသည် ထိုလုလင်၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တစ်တောင်လုံးသည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။
၄ ဓမ္မရာဇဝင် 6:15-17 Common Language Bible (BCL)
နောက်တစ်နေ့နံနက်စောစော၌ဧလိရှဲ၏ အစေခံသည်ထ၍အိမ်ပြင်သို့ထွက်လိုက်ရာ မြို့ကိုဝိုင်းရံထားသောရှုရိတပ်သားများနှင့် တကွမြင်းစီးသူရဲများ၊ စစ်ရထားများကို မြင်လေ၏။ သူသည်ဧလိရှဲထံသို့ပြန်လာပြီး လျှင်``ကျွန်တော်တို့ခက်ချေပြီ။ အဘယ်သို့ပြု ရကြပါမည်နည်း'' ဟုဟစ်အော်၍ပြော၏။ ဧလိရှဲက``မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိနေ သူတို့သည် သူတို့ဘက်၌ရှိနေသူတို့ထက် ပိုမိုများပြား၏'' ဟုဆို၏။- ထိုနောက်သူသည်``အို ထာဝရဘုရား၊ ဤသူ၏ မျက်စိကိုဖွင့်တော်မူပါ'' ဟုဆုတောင်းသည် အတိုင်းထာဝရဘုရားသည်ထိုသူ၏မျက်စိ ကိုဖွင့်တော်မူသဖြင့် သူသည်ဧလိရှဲ၏ပတ် လည်တောင်ကုန်းပေါ်၌ မီးမြင်းများနှင့်မီး စစ်ရထားများပြည့်နှက်လျက်နေသည်ကို မြင်လေ၏။
၄ ဓမ္မရာဇဝင် 6:15-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားသခင့်လူ၏ငယ်သားတစ်ယောက်က စောစောထ၍အပြင်ထွက်ကြည့်သောအခါ စစ်သည်နှင့် မြင်းများ၊ ရထားများ မြို့ကိုဝိုင်းရံထားသည်ကို တွေ့သဖြင့် ထိုငယ်သားက သူ့သခင်အား “အို အကျွန်ုပ်၏သခင်၊ အကျွန်ုပ်တို့ မည်သို့ပြုရပါမည်နည်း”ဟု မေးလျှောက်၏။ သူ့သခင်ကလည်း “မကြောက်ရွံ့နှင့်။ ငါတို့နှင့်အတူရှိသောသူသည် သူတို့၌ရှိသောလူထက်သာ၍များ၏”ဟု ပြန်ပြော၏။ ထို့နောက် ဧလိရှဲက “အို ထာဝရဘုရား၊ သူ၏မျက်စိကိုဖွင့်ပေး၍ သူ့ကိုမြင်စေတော်မူပါ”ဟု ဆုတောင်းလျှင် ထာဝရဘုရားသည် ထိုငယ်သား၏မျက်စိကိုဖွင့်ပေးတော်မူသဖြင့် ဧလိရှဲပတ်ပတ်လည်တွင် မြင်းနှင့်ကသောမီးစစ်ရထားများ တောင်တစ်တောင်လုံးပြည့်နေသည်ကို တွေ့ရလေ၏။