YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 6:15-17

ဓမ္မရာဇဝင်စတုတ္ထစောင် 6:15-17 MSBU

ဘုရားသခင့်​လူ​၏​ငယ်သား​တစ်ယောက်​က စောစောထ​၍​အပြင်ထွက်​ကြည့်​သောအခါ စစ်သည်​နှင့် မြင်း​များ​၊ ရထား​များ မြို့​ကို​ဝိုင်းရံ​ထား​သည်​ကို တွေ့​သဖြင့် ထို​ငယ်သား​က သူ့​သခင်​အား “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု မေးလျှောက်​၏​။ သူ့​သခင်​က​လည်း “​မ​ကြောက်ရွံ့​နှင့်​။ ငါ​တို့​နှင့်အတူ​ရှိ​သော​သူ​သည် သူ​တို့​၌​ရှိ​သော​လူ​ထက်​သာ၍​များ​၏​”​ဟု ပြန်ပြော​၏​။ ထို့နောက် ဧလိရှဲ​က “​အို ထာဝရဘုရား​၊ သူ​၏​မျက်စိ​ကို​ဖွင့်ပေး​၍ သူ့​ကို​မြင်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လျှင် ထာဝရဘုရား​သည် ထို​ငယ်သား​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​သဖြင့် ဧလိရှဲ​ပတ်ပတ်လည်​တွင် မြင်း​နှင့်​က​သော​မီး​စစ်ရထား​များ တောင်​တစ်တောင်လုံး​ပြည့်​နေ​သည်​ကို တွေ့​ရ​လေ​၏​။