YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 2:1-14

၄ ဓမ္မရာဇဝင် 2:1-14 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​ကို လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ ချီ​တော်​မူ​ချိန်​နီး​သော​အ​ခါ၊ ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့ သွား၏။ ဧ​လိ​ယ​က​လည်း၊ ဤ​အ​ရပ်၌ နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို ဗေ​သ​လ​မြို့​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ် မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ဗေ​သ​လ​မြို့​သို့​သွား​ကြ၏။ ထို​မြို့၌​ရှိ​သော ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​သ​ခင်​ကို ကိုယ်​တော်​ခေါင်း​မှ ယ​နေ့​နုတ်​သွား​တော်​မူ​မည်​ကို သိ​တော်​မူ​သ​လော​ဟု မေး​လျှင်၊ ဟုတ်​ကဲ့ ငါ​သိ၏။ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​ဟု ပြော​ဆို၏။ ဧ​လိ​ယ​က​လည်း၊ အို ဧ​လိ​ရှဲ၊ ဤ​အ​ရပ်၌​နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ယေ​ရိ​ခေါ​မြို့​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ် မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့​သွား​ကြ၏။ ထို​မြို့၌​ရှိ​သော ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​သ​ခင်​ကို ကိုယ်​တော်​ခေါင်း​မှ၊ ယ​နေ့ နုတ်​သွား​တော်​မူ​မည်​ကို သိ​တော်​မူ​သ​လော​ဟု မေး​လျှင်၊ ဟုတ်​ကဲ့ ငါ​သိ၏။ တိတ်​ဆိတ်​စွာ နေ​ကြ​ပါ​ဟု ပြော​ဆို၏။ ဧ​လိ​ယ​က​လည်း ဤ​အ​ရပ်၌ နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ယော်​ဒန်​မြစ်​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​သွား​ကြ၏။ ပ​ရော​ဖက်​အ​မျိုး​သား​ငါး​ကျိပ်​တို့​သည် အ​ဝေး​က​ကြည့်​ရှု​ခြင်း​ငှာ သွား၍​ရပ်​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ရပ်​နေ​ကြ၏။ ဧ​လိ​ယ​သည် မိ​မိ​ဝတ်​လုံ​ကို​ယူ၍​လိပ်​ပြီး​မှ၊ ရေ​ကို​ရိုက်​သ​ဖြင့် ရေ​သည် တစ်​ဖက်​တစ်​ချက်​ကွဲ၍၊ ထို​သူ​နှစ်​ယောက်​တို့​သည် မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၏။ မြစ်​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ၊ ဧ​လိ​ယ​က၊ သင်​နှင့်​ငါ​မ​ကွာ​မီ ငါ၌ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လော့​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ကိုယ်​တော်​ဝိ​ညာဉ်​နှစ်​ဆ​သော​အ​ဖို့​ကို အ​ကျွန်ုပ်​အ​ပေါ်​မှာ ရှိ​ပါ​စေ​သော​ဟု တောင်း​သော်၊ ဧ​လိ​ယ​က သင်​သည်​ရ​ခဲ​သော​ဆု​ကို တောင်း၏။ သင်​နှင့်​ငါ​ကွာ​သည်​ကို မြင်​လျှင်​ရ​မည်။ သို့​မ​ဟုတ် မ​ရ​ဟု ပြော​ဆို၏။ ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။ ဧ​လိ​ရှဲ​သည် ကြည့်​မြင်​လျှင် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဟစ်​သော်​လည်း၊ နောက်​တစ်​ဖန် ဧ​လိ​ယ​ကို​မ​မြင်​ရ။ မိ​မိ​အ​ဝတ်​ကို​ကိုင်၍ နှစ်​ပိုင်း​ဆုတ်​လေ၏။ အောက်​သို့​ကျ​သော ဧ​လိ​ယ​ဝတ်​လုံ​ကို ကောက်၍ ပြန်​လေ၏။ ယော်​ဒန်​မြစ်​နား​မှာ​ရပ်၍၊ ရေ​ကို ဝတ်​လုံ​နှင့်​ရိုက်​လျက်၊ ဧ​လိ​ယ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟူ၍ တစ်​ဖန် ရိုက်​သော​အ​ခါ၊ ရေ​သည်​တစ်​ဖက်​တစ်​ချက်​ကွဲ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​ကူး​သွား၏။

၄ ဓမ္မရာဇဝင် 2:1-14 Common Language Bible (BCL)

ဧ​လိ​ယ​အား​လေ​ပွေ​ဖြင့် ကောင်း​ကင်​ဘုံ​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​ယူ​တော်​မူ​ရန်​အ​ချိန် ကျ​ရောက်​လာ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ၊- လမ်း​တွင်​ဧ​လိ​ယ​က``ဤ​တွင်​နေ​ရစ်​ပါ​လော့။ ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​သည် ဗေ​သ​လ​မြို့ သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဧ​လိ​ရှဲ​အား ပြော​၏။ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် ခွဲ​ခွာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ်​ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​နှစ်​ဦး​သည်​ဗေ​သ​လ​မြို့ သို့​ဆက်​၍​သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ကိုယ်​တော်​၏​သ​ခင် ကို​ကိုယ်​တော့်​ထံ​မှ ယ​နေ့​ထာ​ဝရ​ဘု​ရား​ရုပ် သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု​မေး ကြ​၏။ ဧ​လိ​ရှဲ​က``ငါ​သိ​၏။ ဆိတ်​ဆိတ်​နေ​ကြ​လော'' ဟု​ပြန်​၍​ဖြေ​ကြား​၏။ ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​အ​ရပ် တွင်​နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယေ​ရိ​ခေါ​မြို့​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် ခွဲ​ခွာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ်​ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား ကြ​၏။ ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ထာ​ဝရ​ဘု​ရား​သည် ကိုယ်​တော်​၏​သ​ခင်​ကို​ကိုယ်​တော်​ထံ​မှ ယ​နေ့ ရုပ်​သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု မေး​ကြ​၏။ ဧ​လိ​ရှဲ​က``ငါ​သိ​၏။ ဆိတ်​ဆိတ်​နေ​ကြ​လော့'' ဟု​ပြန်​၍​ဖြေ​ကြား​၏။ ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​တွင် နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယော်​ဒန်​မြစ်​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု ဆို​၏။ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​ခွဲ​ခွာ​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ် ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင်​တည်​၍​ကျိန် ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ သို့​ဖြစ်​၍ သူ​တို့​သည်​ဆက်​လက်​ထွက်​ခွာ​သွား​ကြ​၏။- ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ထိ လိုက်​သွား​ကြ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​တို့​သည် မြစ်​အ​နီး​တွင်​ရပ်​တန့်​ကြ​သော​အ​ခါ ပ​ရော ဖက်​ငါး​ကျိပ်​တို့​သည်​မ​လှမ်း​မ​ကမ်း​တွင်​ရပ် လျက်​နေ​ကြ​၏။- ထို​နောက်​ဧ​လိ​ယ​သည်​မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ် ၍​လိပ်​ပြီး​လျှင် ရေ​ကို​ရိုက်​လေ​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​၍​သွား​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ မြစ်​တစ်​ဘက်​သို့​ကူး​ကြ​၏။- ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ​ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​အား``သင်​နှင့်​မ​ခွဲ​မ​ခွာ​ရ​မီ​ငါ့​ထံ ဆု​တစ်​ခု​ကို​တောင်း​လော့'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``အ​ရှင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ နိုင်​ရန် သား​ဦး​ရ​သင့်​ရ​ထိုက်​သော​အ​ရှင်​၏ တန်​ခိုး​ဝေ​စု ကို အ​ကျွန်ုပ်​အား​ပေး​တော်​မူ​ပါ'' ဟု​တောင်း လေ​၏။ ဧ​လိ​ယ​က``သင်​တောင်း​သော​ဆု​ကို​ပေး​ရန် မလွယ်​ကူ​ပါ။ သို့​ရာ​တွင်​သင်​သည်​ငါ့​အား​ဆောင် ယူ​သွား​သည်​ကို​တွေ့​မြင်​ရ​ပါ​လျှင် သင်​တောင်း သော​ဆု​ကို​ရ​လိမ့်​မည်။ အ​ကယ်​၍​သင်​မ​တွေ့ မ​မြင်​ရ​ပါ​မူ​ထို​ဆု​ကို​ရ​မည်​မ​ဟုတ်'' ဟု ဆို​၏။ သူ​တို့​သည်​စ​ကား​ပြော​လျက်​ဆက်​လက်​လျှောက် သွား​ကြ​စဉ် ရုတ်​တ​ရက်​သူ​တို့​နှစ်​ယောက်​၏​စပ် ကြား​၌ မီး​မြင်း​များ​က​လျက်​မီး​လျှံ​ထ​နေ သော​ရ​ထား​တစ်​စီး​ပေါ်​လာ​ပြီး​လျှင် ဧ​လိ​ယ အား​လေ​ပွေ​ဖြင့်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ သွား​လေ​၏။- ဧ​လိ​ရှဲ​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​ဖြင့် ဧ​လိ​ယ​အား``အို အ​ကျွန်ုပ်​၏​အ​ဖ၊ အို အ​ကျွန်ုပ် ၏​အ​ဖ၊ တန်​ခိုး​ကြီး​မား​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​သော​အ​ရှင်၊ ကိုယ် တော်​သည်​ထွက်​ခွာ​သွား​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ဟစ်​အော်​၍​ပြော​၏။ ထို​နောက်​သူ​သည်​ဧ​လိ​ယ ကို​တစ်​ဖန်​ပြန်​၍​မ​တွေ့​မ​မြင်​ရ​တော့​ချေ။ ဧ​လိ​ရှဲ​သည်​ကြေ​ကွဲ​ဝမ်း​နည်း​သ​ဖြင့် မိ​မိ​၏ ဝတ်​လုံ​ကို​နှစ်​ခြမ်း​ဆုတ်​ဖြဲ​လိုက်​၏။- ထို​နောက်​သူ​သည်​ဧ​လိ​ယ​ထံ​မှ​ကျ​ခဲ့​သည့် ဝတ်​လုံ​ကို​ကောက်​ယူ​ပြီး​လျှင် ယော်​ဒန်​မြစ် သို့​ပြန်​လာ​၏။- သူ​သည်​မြစ်​ကမ်း​ပေါ်​တွင်​ရပ်​လျက်​ရေ​ကို ဧ​လိ​ယ​၏​ဝတ်​လုံ​ဖြင့်​ရိုက်​၏။ သို့​ရာ​တွင်​ရေ သည်​ကွဲ​၍​မ​သွား​ချေ။ ဧ​လိ​ရှဲ​သည်``ဧ​လိ​ယ ၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကား​အ​ဘယ်​မှာ​နည်း'' ဟု​ဟစ်​အော်​ပြီး လျှင် ရေ​ကို​တစ်​ဖန်​ရိုက်​ပြန်​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​သ​ဖြင့် သူ​သည်​မြစ်​တစ်​ဘက် ကမ်း​သို့​လျှောက်​၍​သွား​လေ​သည်။

၄ ဓမ္မရာဇဝင် 2:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က ဧလိယ​အား လေပွေ​ဖြင့် ကောင်းကင်​သို့ ချီဆောင်​သွား​ချိန်​ရောက်လာ​လျှင် ဧလိယ​သည် ဧလိရှဲ​နှင့်အတူ ဂိလဂါလ​မြို့​မှ ထွက်လာ​ကြ​၏​။ ဧလိယ​က ဧလိရှဲ​အား “​ယခု ဤ​မြို့​၌​နေ​ခဲ့​လော့​။ ထာဝရဘုရား​က ငါ့​ကို ဗေသလ​မြို့​သို့ စေလွှတ်​တော်မူ​၏​”​ဟု ဆို​လျှင် ဧလိရှဲ​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အရှင်​လည်း အသက်ရှင်​နေ​သည်​နှင့်အညီ အရှင့်​ကို​အကျွန်ုပ် စွန့်ခွာ​မ​သွား​ပါ​”​ဟု ပြန်ပြော​၏​။ ထို့ကြောင့် သူ​တို့​သည် ဗေသလ​မြို့​သို့ ဆင်းသွား​ကြ​၏​။ ဗေသလ​မြို့​ရှိ ပရောဖက်​အဖွဲ့သား​တို့​က ဧလိရှဲ​ထံသို့​လာ​ပြီး “​ထာဝရဘုရား​က သင့်​အရှင်​ကို​သင့်​ထံမှ ယနေ့​ဆောင်ယူ​သွား​မည်​ကို သင်​သိ​ပါ​သလော​”​ဟု​မေး​လျှင် ဧလိရှဲ​က “​ငါ​သိ​ပါ​၏​။ တိတ်တိတ်နေ​ကြ​ပါ​”​ဟု ပြန်ပြော​၏​။ တစ်ဖန် ဧလိယ​က “​ဧလိရှဲ​၊ ယခု ဤ​မြို့​၌ နေ​ခဲ့​ပါ​တော့​။ ထာဝရဘုရား​က ငါ့​ကို ဂျေရိခေါ​မြို့​သို့ စေလွှတ်​တော်မူ​၏​”​ဟု ဆို​၏​။ ဧလိရှဲ​က​လည်း “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အရှင်​လည်း အသက်ရှင်​နေ​သည်​နှင့်အညီ အရှင့်​ကို​အကျွန်ုပ် စွန့်ခွာ​မ​သွား​ပါ​”​ဟု ပြန်ပြော​၏​။ ထို့ကြောင့် သူ​တို့​သည် ဂျေရိခေါ​မြို့​သို့ သွား​ကြ​၏​။ ဂျေရိခေါ​မြို့​ရှိ ပရောဖက်​အဖွဲ့သား​တို့​သည် ဧလိရှဲ​ထံသို့​လာ​ပြီး “​ထာဝရဘုရား​က သင့်​အရှင်​ကို​သင့်​ထံမှ ယနေ့​ဆောင်ယူ​သွား​မည်​ကို သင်​သိ​ပါ​သလော​”​ဟု​မေး​လျှင် ဧလိရှဲ​က “​ငါ​သိ​ပါ​၏​။ တိတ်တိတ်နေ​ကြ​ပါ​”​ဟု ပြန်ပြော​၏​။ တစ်ဖန် ဧလိယ​က ဧလိရှဲ​အား “​ယခု ဤ​မြို့​မှာ နေ​ခဲ့​ပါ​တော့​။ ငါ့​ကို ဂျော်ဒန်​မြစ်​သို့ ထာဝရဘုရား စေလွှတ်​တော်မူ​၏​”​ဟု​ဆို​လျှင် ဧလိရှဲ​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အရှင်​လည်း အသက်ရှင်​နေ​သည်​နှင့်အညီ အရှင့်​ကို​အကျွန်ုပ် စွန့်ခွာ​မ​သွား​ပါ​”​ဟု ပြန်ပြော​၏​။ ထို့ကြောင့် သူ​တို့​နှစ်​ဦး ဆက်သွား​ကြ​၏​။ သူ​တို့​နှစ်​ဦး ဂျော်ဒန်​မြစ်​နား​တွင် ရပ်​နေ​ကြ​စဉ်​ပရောဖက်​အဖွဲ့သား အယောက်​ငါးဆယ်​တို့​သည် လာ​၍ မျက်နှာချင်းဆိုင်​ခပ်လှမ်းလှမ်း​တွင် ရပ်​နေ​ကြ​၏​။ ထို့နောက် ဧလိယ​သည် မိမိ​အဝတ်​ကို​ယူ​၍ လိပ်​ပြီးမှ ဂျော်ဒန်​မြစ်ရေ​ကို ရိုက်​လေ​၏​။ ထိုအခါ ရေ​သည် ထက်ခြမ်းကွဲ​သွား​၍ သူ​တို့​နှစ်​ဦး ခြောက်သွေ့​သော​မြေ​ပေါ်တွင် လမ်းလျှောက်​ကူးသွား​ကြ​၏​။ သူ​တို့ မြစ်​ကို​ဖြတ်ကူး​ပြီးလျှင် ဧလိယ​က ဧလိရှဲ​အား “​ငါ​သည် သင့်​ထံမှ ဆောင်ယူ​သွား​ခြင်း​မ​ခံရ​မီ သင့်​အဖို့ မည်သည့်​အရာ​ပြု​ပေး​ရ​မည်​ကို ပြော​ပါ​လော့​”​ဟု ဆို​လျှင် ဧလိရှဲ​က “​အရှင့်​ထံ၌​ရှိ​သော​ဝိညာဉ်​မျိုး အကျွန်ုပ်​၌ နှစ်ဆ​ရှိ​ပါစေသော​”​ဟု တောင်းဆို​၏​။ ဧလိယ​က​လည်း “​သင်​သည် ရ​ဖို့​ခက်ခဲ​သော​ဆု​ကို တောင်းဆို​ပြီ​။ သင့်​ထံမှ ငါ​ဆောင်ယူ​သွား​ခြင်း​ခံရ​သည်​ကို သင်​မြင်​လျှင် သင့်​အဖို့ ထိုသို့​ဖြစ်​လိမ့်မည်​။ သို့သော် သင်​မ​မြင်​လျှင် ထိုသို့​ဖြစ်​မည်​မ​ဟုတ်​”​ဟု ဆို​၏​။ ထိုသို့ စကားပြော​လျက်​သွား​နေ​ကြ​စဉ်တွင်ပင် မီး​မြင်း​နှင့်​က​သော​မီးရထား​တစ်စီး ရုတ်ခြည်း​ပေါ်လာ​ပြီး သူ​တို့​နှစ်​ဦး​ကို​ခွဲပစ်​ကာ ဧလိယ​သည် လေပွေ​ဖြင့် ကောင်းကင်​သို့ ပါသွား​လေ​၏​။ ထို​အခြင်းအရာ​ကို ဧလိရှဲ​မြင်​လျှင် “​အကျွန်ုပ်​အဖ​၊ အကျွန်ုပ်​အဖ​၊ အစ္စရေး​စစ်ရထား​နှင့် မြင်းစီးသူရဲ​များ​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။ ထို​အချိန်​မှစ၍ ဧလိယ​ကို သူ မ​မြင်​ရ​တော့​ပေ​။ သူ​သည် မိမိ​အဝတ်​ကို​ကိုင်​၍ နှစ်​ပိုင်း​ဆုတ်ဖြဲ​၏​။ ဧလိယ​ကိုယ်​မှ ပြုတ်ကျ​ကျန်ခဲ့​သော​အဝတ်​ကို​ကောက်ယူ​ပြီး ပြန်လာ​ခဲ့​၏​။ ဂျော်ဒန်​မြစ်ကမ်း​နား​ရောက်​လျှင် ရပ်​နေ​၍ ဧလိယ​ကိုယ်​မှ​ကျကျန်​ခဲ့​သော​အဝတ်​ကို​ယူ​၍ ရေ​ကို​ရိုက်​ပြီး “​ဧလိယ​၏​ဘုရားသခင်​ထာဝရဘုရား​ကား အဘယ်မှာ​နည်း​”​ဟု ဆို​၏​။ ထိုသို့ ရေ​ကို​ရိုက်​သောအခါ ရေ​သည် ထက်ခြမ်းကွဲ​သွား​သဖြင့် ဧလိရှဲ​လည်း မြစ်​ကို​ကူးသွား​လေ​၏​။