YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 2

2
ဧ​လိ​ယ​ကို​ကောင်း​ကင်​သို့​ဆောင်​ယူ​သွား​ခြင်း
1ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​ကို လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ ချီ​တော်​မူ​ချိန်​နီး​သော​အ​ခါ၊ ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့ သွား၏။ 2ဧ​လိ​ယ​က​လည်း၊ ဤ​အ​ရပ်၌ နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို ဗေ​သ​လ​မြို့​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ် မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ဗေ​သ​လ​မြို့​သို့​သွား​ကြ၏။ 3ထို​မြို့၌​ရှိ​သော ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​သ​ခင်​ကို ကိုယ်​တော်​ခေါင်း​မှ ယ​နေ့​နုတ်​သွား​တော်​မူ​မည်​ကို သိ​တော်​မူ​သ​လော​ဟု မေး​လျှင်၊ ဟုတ်​ကဲ့ ငါ​သိ၏။ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​ဟု ပြော​ဆို၏။ 4ဧ​လိ​ယ​က​လည်း၊ အို ဧ​လိ​ရှဲ၊ ဤ​အ​ရပ်၌​နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ယေ​ရိ​ခေါ​မြို့​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ် မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့​သွား​ကြ၏။ 5ထို​မြို့၌​ရှိ​သော ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​သ​ခင်​ကို ကိုယ်​တော်​ခေါင်း​မှ၊ ယ​နေ့ နုတ်​သွား​တော်​မူ​မည်​ကို သိ​တော်​မူ​သ​လော​ဟု မေး​လျှင်၊ ဟုတ်​ကဲ့ ငါ​သိ၏။ တိတ်​ဆိတ်​စွာ နေ​ကြ​ပါ​ဟု ပြော​ဆို၏။ 6ဧ​လိ​ယ​က​လည်း ဤ​အ​ရပ်၌ နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ယော်​ဒန်​မြစ်​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​သွား​ကြ၏။ 7ပ​ရော​ဖက်​အ​မျိုး​သား​ငါး​ကျိပ်​တို့​သည် အ​ဝေး​က​ကြည့်​ရှု​ခြင်း​ငှာ သွား၍​ရပ်​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ရပ်​နေ​ကြ၏။ 8ဧ​လိ​ယ​သည် မိ​မိ​ဝတ်​လုံ​ကို​ယူ၍​လိပ်​ပြီး​မှ၊ ရေ​ကို​ရိုက်​သ​ဖြင့် ရေ​သည် တစ်​ဖက်​တစ်​ချက်​ကွဲ၍၊ ထို​သူ​နှစ်​ယောက်​တို့​သည် မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၏။ 9မြစ်​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ၊ ဧ​လိ​ယ​က၊ သင်​နှင့်​ငါ​မ​ကွာ​မီ ငါ၌ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လော့​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ကိုယ်​တော်​ဝိ​ညာဉ်​နှစ်​ဆ​သော​အ​ဖို့​ကို အ​ကျွန်ုပ်​အ​ပေါ်​မှာ ရှိ​ပါ​စေ​သော​ဟု တောင်း​သော်၊#တ​ရား၊ ၂၁:၁၇။ 10ဧ​လိ​ယ​က သင်​သည်​ရ​ခဲ​သော​ဆု​ကို တောင်း၏။ သင်​နှင့်​ငါ​ကွာ​သည်​ကို မြင်​လျှင်​ရ​မည်။ သို့​မ​ဟုတ် မ​ရ​ဟု ပြော​ဆို၏။ 11ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။ 12ဧ​လိ​ရှဲ​သည် ကြည့်​မြင်​လျှင် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဟစ်​သော်​လည်း၊ နောက်​တစ်​ဖန် ဧ​လိ​ယ​ကို​မ​မြင်​ရ။ မိ​မိ​အ​ဝတ်​ကို​ကိုင်၍ နှစ်​ပိုင်း​ဆုတ်​လေ၏။#၄​ရာ၊ ၁၃:၁၄။ 13အောက်​သို့​ကျ​သော ဧ​လိ​ယ​ဝတ်​လုံ​ကို ကောက်၍ ပြန်​လေ၏။ ယော်​ဒန်​မြစ်​နား​မှာ​ရပ်၍၊ 14ရေ​ကို ဝတ်​လုံ​နှင့်​ရိုက်​လျက်၊ ဧ​လိ​ယ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟူ၍ တစ်​ဖန် ရိုက်​သော​အ​ခါ၊ ရေ​သည်​တစ်​ဖက်​တစ်​ချက်​ကွဲ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​ကူး​သွား၏။ 15ယေ​ရိ​ခေါ​မြို့​မှာ ကြည့်​ရှု​သော​ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ကို​မြင်​လျှင်၊ ဧ​လိ​ယ၏​ဝိ​ညာဉ်​သည် ဧ​လိ​ရှဲ​အ​ပေါ်​မှာ ကျိန်း​ဝပ်​သည်​ဟု​ဆို​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ​သွား၍ သူ့​ရှေ့၌ မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ကြ၏။ 16သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့၌ ခွန်​အား​ကြီး​သော​သူ ငါး​ကျိပ်​ရှိ​ပါ၏။ သူ​တို့​သည်​သွား၍ ကိုယ်​တော်၏​သ​ခင်​ကို ရှာ​မည်​အ​ကြောင်း၊ အ​ခွင့်​ပေး​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​ကို​ချီ​ယူ၍ တစ်​စုံ​တစ်​ခု​သော တောင်​ပေါ်၌​ဖြစ်​စေ၊ ချိုင့်​ထဲ​သို့​ဖြစ်​စေ ချ​ကောင်း​ချ​တော်​မူ​လိမ့်​မည်​ဟု အ​ခွင့်​တောင်း​လျှင်၊ မ​စေ​လွှတ်​ကြ​နှင့်​ဟု ဧ​လိ​ရှဲ​သည် မြစ်​တား​သော်​လည်း၊ 17သူ​တို့​သည် ဧ​လိ​ရှဲ​စိတ်​အား​လျော့​သည်​တိုင်​အောင် အ​လွန်​တောင်း​ပန်​သော​အ​ခါ၊ စေ​လွှတ်​ကြ​ဟု ဆို၏။ သူ​တို့​သည် လူ​ငါး​ကျိပ်​ကို စေ​လွှတ်​သ​ဖြင့်၊ သုံး​ရက်​ပတ်​လုံး​ရှာ၍ မ​တွေ့​နိုင်​ကြ။ 18ဧ​လိ​ရှဲ​သည် ယေ​ရိ​ခေါ​မြို့​မှာ နေ​သေး​သည်​ဖြစ်၍၊ လူ​တို့​သည် ပြန်​လာ​သော​အ​ခါ၊ မ​သွား​ကြ​နှင့်​ဟု ငါ​မြစ်​တား​သည် မ​ဟုတ်​လော​ဟု ဆို၏။
ဧ​လိ​ရှဲ​၏​နိ​မိတ်​လ​က္ခ​ဏာ​များ
19ထို​မြို့​သား​တို့​က၊ ကိုယ်​တော်​မြင်​တော်​မူ​သည်​အ​တိုင်း၊ ဤ​မြို့​တည်​ရာ​အ​ရပ်​သည် သာ​ယာ​ပါ၏။ သို့​ရာ​တွင် ရေ​မ​ကောင်း၊ မြေ​လည်း ကိုယ်​ဝန်​ပျက်​စေ​တတ်​ပါ​သည်​ဟု ဧ​လိ​ရှဲ​အား​လျှောက်​ကြ​လျှင်၊ 20ဧ​လိ​ရှဲ​က၊ ဘူး​သစ်​တစ်​လုံး​ကို ဆား​ထည့်၍ ယူ​ခဲ့​ကြ​လော့​ဟု​ဆို​သည်​အ​တိုင်း ယူ​ခဲ့​ကြ၏။ 21ဧ​လိ​ရှဲ​သည် စမ်း​ရေ​တွင်း​သို့​သွား၍ ဆား​ကို​ခတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား ဤ​ရေ​ကို​ငါ​ချို​စေ၏။ နောက်​တစ်​ဖန် သေ​စေ​မည်​အ​ကြောင်း၊ ကိုယ်​ဝန်​ပျက်​စေ​မည်​အ​ကြောင်း​ကို မ​ပြု​ရ​ဟု၊ 22ဧ​လိ​ရှဲ​ဆင့်​ဆို​သော​အ​မိန့်​တော်​အ​တိုင်း ထို​ရေ​သည် ယ​နေ့​တိုင်​အောင် ချို​လေ၏။
23ထို​မြို့​မှ ဗေ​သ​လ​မြို့​သို့​ပြန်၍ ခ​ရီး​သွား​စဉ်​တွင်၊ လု​လင်​ပျို​တို့​သည် မြို့​ထဲ​က​ထွက်၍၊ ဟေ​ဦး​ပြည်း၊ တက်​ဦး​လော့။ ဟေ​ဦး​ပြည်း၊ တက်​ဦး​လော့​ဟု ကဲ့​ရဲ့​ကြ၏။ 24ဧ​လိ​ရှဲ​သည် လှည့်​ကြည့်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကျိန်​ဆို​သ​ဖြင့်၊ ဝံ​မ​နှစ်​ကောင်​တို့​သည် တော​ထဲ​က​ထွက်၍ လု​လင်​ပျို လေး​ကျိပ်​နှစ်​ယောက်​တို့​ကို ကိုက်​သတ်​လေ၏။ 25ထို​မြို့​မှ က​ရ​မေ​လ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​မှ ရှ​မာ​ရိ​မြို့​သို့​လည်း​ကောင်း အ​စဉ်​အ​တိုင်း​သွား၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ