YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 9:6-15

၂ ကောရိန္သု 9:6-15 Judson Bible (JBMLE)

အ​နည်း​ငယ်​သော​မျိုး​စေ့​ကို ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​သာ​ရိတ်​ရ​မည်။ များ​စွာ​ကြဲ​သော​သူ​သည် များ​စွာ​ရိတ်​ရ​မည်​ဟု မှတ်​ကြ​လော့။- လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။- ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။- သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။- မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ ပေး​တော်​မူ​သော​သူ​သည်၊ သင်​တို့​အား မျိုး​စေ့​ကို ပေး၍ ပွား​များ​စေ​တော်​မူ​မည်။ သင်​တို့၏ ဖြောင့်​မတ်​ခြင်း​ကို​လည်း ကြွယ်​ဝ​စေ​တော်​မူ​မည်။- ထို​သို့​သင်​တို့​သည် စေ​တ​နာ​စိတ်​နှင့် အ​မျိုး​မျိုး​သော စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​အ​လို​ငှာ အ​ရာ​ရာ၌​ကြွယ်​ဝ​ခြင်း ရှိ​သည်​ဖြစ်၍၊ ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း ရှိ​လိမ့်​မည်။- အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု​သည် သန့်​ရှင်း​သူ​တို့၏ ဆင်း​ရဲ​ခြင်း​ကို မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း အ​များ​နှင့် ပြည့်​စုံ​လျက်​ရှိ၏။- သင်​တို့​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား အ​လို​သို့ ထင်​ရှား​စွာ​လိုက်​ခြင်း အ​လို​ကို​လည်း​ကောင်း၊ ထို​သန့်​ရှင်း​သူ​တို့​မှ​စ​သော လူ​အ​ပေါင်း​တို့​အား ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​သည် အောက်​မေ့​သော​အ​ခါ၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု၏ လ​က္ခ​ဏာ သက်​သေ​ကို​ထောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​တတ်​ကြ၏။- သင်​တို့၌ ထူး​မြတ်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​လည်း သူ​တို့​သည်​ထောက်​လျှင်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း၍၊ အ​လွန်​ချစ်​ခင်​မြတ်​နိုး​ခြင်း​စိတ် ရှိ​ကြ၏။- ပြော၍​မ​ကုန်​နိုင်​သော ဘု​ရား​သ​ခင်၏ ဆု​ကျေး​ဇူး​တော်​ကို အောက်​မေ့၍ ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။

၂ ကောရိန္သု 9:6-15 Common Language Bible (BCL)

မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။- လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။- သင်​တို့​သည်​လို​သ​မျှ​သော​အ​ရာ​များ​ကို အ​စဉ်​ပင်​ရ​ရှိ​ပြီး​လျှင်​ကောင်း​မှု​အ​မျိုး​မျိုး တို့​တွင်​ကူ​ညီ​မ​စ​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​သင်​တို့​အား​လို​သ​မျှ​သော အ​ရာ​တို့​ထက်​ပို​၍​ပေး​ရန်​တတ်​နိုင်​တော် မူ​၏။- ကျမ်း​စာ​တော်​တွင်၊ ``သူ​သည်​ဆင်း​ရဲ​သူ​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​စွန့်​ကြဲ​၏။ သူ​၏​သ​နား​ကြင်​နာ​မှု​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပေ​သည်။- မျိုး​ကြဲ​သူ​အား​မျိုး​စေ့​နှင့်​အ​စာ​ရေ​စာ​ကို ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ​တို့​လို သ​မျှ​သော​မျိုး​စေ့​ကို​လည်း​ပေး​၍​အ​ပင် ပေါက်​ရှင်​သန်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ ရက်​ရော​သော​စိတ်​စေ​တ​နာ​မှ​အ​သီး​အ​ပွင့် များ​ကို​လည်း​ဖြစ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။- သင်​တို့​သည်​အ​ခါ​ခပ်​သိမ်း​ရက်​ရော​စွာ​ပေး လှူ​နိုင်​ကြ​စေ​ရန်​ကိုယ်​တော်​သည်​သင်​တို့​အား အ​စဉ်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​မှ​တစ်​ဆင့်​သင်​တို့​ပေး​လှူ​သော​အ​လှူ ငွေ​များ​ကို​ခံ​ယူ​ရ​ရှိ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။- သင်​တို့​သည်​ဤ​ကောင်း​မှု​အား​ဖြင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​အား​ချို့​တဲ့​နေ​စဉ်​ကူ​ညီ မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သံ​ကို​လည်း​တ​ခဲ​နက်​ထွက် ပေါ်​လာ​စေ​၏။- ဤ​ကောင်း​မှု​၏​သာ​ဋ္ဌ​က​ကို​ထောက်​၍​လူ အ​မြောက်​အ​မြား​တို့​သည်​ခ​ရစ်​တော်​အ​ကြောင်း သ​တင်း​ကောင်း​ကို​သစ္စာ​ရှိ​စွာ​သင်​တို့​ခံ​ယူ ယုံ​ကြည်​ကြ​သည့်​အ​တွက်​လည်း​ကောင်း၊ သင် တို့​၏​စည်း​စိမ်​ချမ်း​သာ​များ​ကို​မိ​မိ​တို့​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား ရက်​ရော​စွာ ဝေ​မျှ​ပေး​ကမ်း​ကြ​သည့်​အ​တွက်​လည်း ကောင်း ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော် ကို​ချီး​ကူး​ကြ​ပေ​အံ့။- သင်​တို့​သည်​ထူး​ကဲ​သော​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​ကြ​သ​ဖြင့် သူ​တို့​သည်​သင်​တို့​ကို အ​လွန်​ချစ်​ခင်​မြတ်​နိုး​လျက်​သင်​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လိမ့်​မည်။- ငါ​တို့​သည်​တန်​ဖိုး​မ​ဖြတ်​နိုင်​သော​ဆု ကျေး​ဇူး​တော်​အ​တွက်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု ကြ​ကုန်​စို့။

၂ ကောရိန္သု 9:6-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ဤသို့​ဆိုလို​၏။ အနည်းငယ်​သာ​မျိုးကြဲ​သော​သူ​သည် အနည်းငယ်​သာ​ရိတ်သိမ်း​ရ​မည်။ များစွာ​မျိုးကြဲ​သော​သူ​သည် များစွာ​ရိတ်သိမ်း​ရ​မည်။ လူ​တစ်ဦးစီ​သည် နှမြော​သော​စိတ်​ဖြင့်​မ​ဟုတ်။ မလွှဲမရှောင်​သာ​သော​အားဖြင့်​လည်း​မ​ဟုတ်​ဘဲ မိမိ​၏​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​သည့်​အတိုင်း ပေးလှူ​သင့်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ကြည်ဖြူ​သော​စိတ်​ဖြင့်​ပေးလှူ​သော​သူ​ကို နှစ်သက်​တော်မူ​၏။ သင်​တို့​သည် အရာရာ​၌ အစဉ်အမြဲ ကျေနပ်​တင်းတိမ်​မှု​အပြည့်အဝ​ရှိ​၍ ကောင်း​သော​အမှု​ရှိသမျှ​တို့​နှင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ဘုရားသခင်​သည် အလုံးစုံ​သော​ကျေးဇူး​တော်​ကို သင်​တို့​အပေါ် ကြွယ်ဝ​စွာ​ချ​ပေး​ရန် တတ်နိုင်​တော်မူ​၏။ ဤသည်ကား “သူ​သည်​စွန့်ကြဲ​၍ ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​၏။ သူ​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝစဉ်​တည်​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ မျိုးကြဲ​သော​သူ​အား မျိုးစေ့​ကို​ပေး​၍ အစာ​အတွက် မုန့်​ကို​ပေး​တော်မူ​သော​အရှင်​သည် သင်​တို့​၏​မျိုးစေ့​ကို​လည်း ပြင်ဆင်​ပေး​၍ ပွားများ​စေ​ကာ သင်​တို့​၏​ဖြောင့်မတ်​ခြင်း​ဆိုင်ရာ အသီးအပွင့်​တို့​ကို တိုးပွား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ သင်​တို့​သည် ရက်ရော​စွာ​ပေးကမ်း​ခြင်း​အလုံးစုံ​တို့​အတွက် အရာရာ​၌ ကြွယ်ဝ​ပြည့်စုံ​သဖြင့် ထို​အမှုအရာ​သည် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​ဖြစ်စေ​၏။ အဘယ်ကြောင့်​ဆိုသော် ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​သည် သန့်ရှင်း​သူ​တို့​လိုအပ်သည့်​အရာ​များ​ကို ဖြည့်ဆည်း​ပေး​သည်​သာမက ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​လည်း များစွာ​တိုးပွား​စေ​၏။ သူ​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ဝန်ခံ​ခြင်း​အားဖြင့်​ဖြစ်လာ​သည့် သင်​တို့​၏​နာခံ​မှု​ကို​လည်းကောင်း၊ သူ​တို့​မှစ၍ လူ​အပေါင်း​တို့​အား သင်​တို့​ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​သော​အမှု​ကို​လည်းကောင်း ထောက်၍ ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​၌ ထင်ရှား​သော​သက်သေ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။ ထို့ပြင် သင်​တို့​အပေါ်​သက်ရောက်​သည့် ဘုရားသခင်​၏​ထူးကဲ​သော​ကျေးဇူး​တော်​ကြောင့် သူ​တို့​သည် သင်​တို့​ကို​လွမ်းဆွတ်​လျက် သင်​တို့​အတွက် ဆုတောင်း​ပေး​ကြ​လိမ့်မည်။ ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်တော်​၏​ကောင်းချီး​လက်ဆောင်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ပါ​၏။