YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 5:11-21

၂ ကောရိန္သု 5:11-21 Judson Bible (JBMLE)

သို့​ဖြစ်၍ သ​ခင်​ဘု​ရား​နှင့်​ဆိုင်​သော ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ငါ​တို့​သည် သိ​လျှင်၊ လူ​များ​ကို နှိုး​ဆော်​သွေး​ဆောင်​ရ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထင်​ရှား​ကြ၏။ သင်​တို့၏​စိတ်​ရှေ့၌​လည်း ထင်​ရှား​ကြ​သည်​ဟု ငါ​ထင်​မှတ်၏။- ငါ​တို့​သည် သင်​တို့​ရှေ့၌ တစ်​ဖန် ကိုယ်​ကို​ကိုယ် ချီး​မွမ်း​ကြ​သည် မ​ဟုတ်။ စိတ်​သ​ဘော​ကို​မ​ထောက်၊ အ​သွေး​အ​ဆင်း​ကို​ထောက်၍ ဝါ​ကြွား​သော​သူ​တို့၏ စ​ကား​ကို သင်​တို့​သည် ချေ​နိုင်​မည်​အ​ကြောင်း၊ ငါ​တို့​ကြောင့် ဝါ​ကြွား​ခြင်း​အ​ခွင့်​ကို​သာ ပေး​ကြ၏။- ငါ​တို့​သည် သူ​ရူး​ဖြစ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​ကြ၏။ စိတ်​ကောင်း​သော​သူ​ဖြစ်​လျှင် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​သည်​မှန်​လျှင်၊- လူ​အ​ပေါင်း​တို့​သည် သေ​လျက်​နေ​ကြ​သည် ဟူ၍​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​တို့​သည် တစ်​ဖန် ကိုယ်​အ​လို​သို့​လိုက်၍ မ​ရှင်၊ သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ပြီး​မှ ထ​မြောက်​တော်​မူ​သော သူ​တို့၏​အ​လို​သို့ လိုက်၍ ရှင်​စေ​မည်​အ​ကြောင်း၊ လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သည် သ​ဘော​ထား​လျက်၊ ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​သည် ငါ​တို့​ကို အ​နိုင်​အ​ထက် သွေး​ဆောင်၏။- သို့​ဖြစ်​လျှင်၊ ယ​ခု​မှ​စ၍ ငါ​တို့​သည် ဇာ​တိ​အ​မျိုး​ကို​ထောက်၍ အ​ဘယ်​သူ​ကို​မျှ မ​သိ​မ​မှတ်။ ဇာ​တိ​အ​မျိုး​ကို​ထောက်၍ ခ​ရစ်​တော်​ကို အ​ထက်​က သိ​မှတ်​သော်​လည်း၊ ယ​ခု​မှ​စ၍ ထို​သို့​သော​သိ​မှတ်​ခြင်း မ​ရှိ။ လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။- ထို​သို့​ဖြစ်​သော် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့၏​ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။- ထို​တ​ရား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ထဲ၌ ရှိ​နေ​လျက်၊ လော​ကီ​သား​တို့၏ အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ၊ ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို​လည်း ငါ​တို့၌ အပ်​ပေး​တော်​မူ၏။- ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

၂ ကောရိန္သု 5:11-21 Common Language Bible (BCL)

ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သ​ခင်​ဘု​ရား​အား ကြောက်​ရွံ့​ရ​ကြောင်း​ကို​သိ​သ​ဖြင့် လူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​၏။ ငါ​တို့​၏​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​အ​ကြွင်း​မဲ့​သိ​တော်​မူ​၏။ သင် တို့​သည်​လည်း​စိတ်​နှ​လုံး​ထဲ​က​ငါ့​အ​ကြောင်း ကို​လည်း ကောင်း​စွာ​သိ​ကြ​လိမ့်​မည်​ဟု​ငါ မျှော်​လင့်​၏။- ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​တစ်​ဖန်​မိ​မိ​တို့ ကိုယ်​ကို​ဂုဏ်​ဖော်​လို​၍​မ​ဟုတ်။ ငါ​တို့​အ​ပေါ် တွင်​သင်​တို့​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ခွင့်​ရ​ရှိ​ကြ စေ​ရန်​သာ​ဖြစ်​၏။ သို့​မှ​သာ​လျှင်​လူ​၏​အ​ကျင့် စာ​ရိတ္တ​ကို​မ​ထောက်​ဘဲ ပြင်​ပ​အ​ဆင်း​သဏ္ဌာန် ကို​သာ​ထောက်​၍ ဂုဏ်​ယူ​ဝါ​ကြွား​တတ်​သူ​တို့ ၏​စ​ကား​ကို​သင်​တို့​ပြန်​လည်​ချေ​ပ​နိုင် ကြ​ပေ​မည်။- ငါ​တို့​သည်​ရူး​သွပ်​လေ​ပြီ​လော။ ရူး​သွပ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့​ဖြစ်​၏။ အ​ကယ်​၍​မ​ရူး မ​သွပ်​လျှင်​လည်း​သင်​တို့​အ​ဖို့​ဖြစ်​၏။- တစ်​ယောက်​သော​သူ​သည်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​သေ​ခံ​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ထို​သူ​နှင့်​အ​တူ​အ​သေ​ခံ​ကြ​ကြောင်း ကို​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ​ဖြစ်​၍ ငါ​တို့​ကို ခ​ရစ်​တော်​၏​မေတ္တာ​တော်​သည်​အုပ်​စိုး​လေ ပြီ။- ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​ခြင်း​မှာ​လူ​တို့​သည်​အ​သက်​ရှင်​စဉ် ကိုယ်​ကျိုး​အ​တွက်​ဆက်​လက်​၍​အ​သက်​မ​ရှင် ကြ​တော့​ဘဲ မိ​မိ​တို့​အ​တွက်​အ​သက်​ကို​စွန့် တော်​မူ​ပြီး​နောက်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သော​အ​ရှင်​၏​အ​ဖို့​အ​သက်​ရှင်​ကြ စေ​ရန်​ဖြစ်​ပေ​သည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​ယ​ခု​မှ​စ​၍​အ​ဘယ်​သူ ကို​မျှ​လူ​တို့​စံ​နှုန်း​အ​ရ​အ​ကဲ​မ​ဖြတ်​ကြ တော့​ပေ။ ယ​ခင်​အ​ခါ​က​ခ​ရစ်​တော်​အား​လူ တို့​စံ​နှုန်း​အ​ရ ငါ​တို့​အ​ကဲ​ဖြတ်​ခဲ့​ကြ​သော် လည်း​ယ​ခု​အ​ခါ​၌​ထို​သို့​မ​ပြု​တော့​ပြီ။- ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သူ​သည် သတ္တ​ဝါ​သစ်​ဖြစ်​၏။ သူ​သည်​ဘ​ဝ​ဟောင်း​ကို​စွန့် ၍​ဘ​ဝ​သစ်​သို့​ဝင်​စား​ပြီ။- ဤ​အ​မှု​ခပ်​သိမ်း​ကို​ဘု​ရား​သ​ခင်​ပြု​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ခ​ရစ်​တော်​အား​ဖြင့်​ပြောင်း​လဲ​စေ​တော်​မူ ပြီး​လျှင် အ​ခြား​သူ​တို့​သည်​လည်း​မိ​မိ​၏ မိတ်​ဆွေ​များ​ဖြစ်​လာ​စေ​ရန်​ဆောင်​ရွက်​သည့် တာ​ဝန်​ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​၏။- ငါ​တို့​ဟော​ပြော​သော​တ​ရား​မှာ​ဘု​ရား​သ​ခင် သည်​ခ​ရစ်​တော်​အား​ဖြင့်​လူ​သား​အ​ပေါင်း​တို့ အား မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​စေ​တော်​မူ​ခြင်း ဆိုင်​ရာ​တ​ရား​ဖြစ်​၏။ ကိုယ်​တော်​သည်​လူ​သား တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​မှတ်​ထား​တော် မ​မူ။ လူ​သား​တို့​အား​မိ​မိ​၏​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​ပေ​သည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​၏​သံ​တ​မန် အ​ဖြစ်​နှင့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​၏။ ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​မှ​တစ်​ဆင့် သင်​တို့​ကို​မေတ္တာ​ရပ်​သ​ကဲ့​သို့​သင်​တို့​အား မေတ္တာ​ရပ်​ခံ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ပြောင်း​လဲ​ကြ​ပါ​ဟူ​၍​ခ​ရစ်​တော်​၏ ကိုယ်​စား​ငါ​တို့​တောင်း​ပန်​၏။- ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။

၂ ကောရိန္သု 5:11-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​နှင့်ပတ်သက်​သည့်​အကြောင်း​ကို ငါ​တို့​သိ​သဖြင့် လူ​တို့​ကို​စည်းရုံး​ကြ​၏။ ငါ​တို့​အကြောင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ ထင်ရှား​ပြီ​ဖြစ်၍ သင်​တို့​၏​အသိစိတ်​၌​လည်း ထင်ရှား​ပြီ​ဟု ငါ​မျှော်လင့်​၏။ ငါ​တို့​သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်​တို့​ရှေ့၌ ထောက်ခံ​ချီးကျူး​နေ​ကြ​သည်​မ​ဟုတ်။ သို့သော် စိတ်နှလုံး​ကို​မ​ကြည့်​ဘဲ အပြင်​သဏ္ဌာန်​ကို​သာ​ကြည့်​၍ ဝါကြွား​တတ်​သော​သူ​တို့​၏​စကား​ကို သင်​တို့​ပြန်လည်​ချေပ​နိုင်​ရန် ငါ​တို့​နှင့်​ပတ်သက်၍ ဝါကြွား​ရ​သော​အခွင့်​ကို သင်​တို့​အား​ပေး​လိုက်​ခြင်း​သာ​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် စိတ်​ဖောက်ပြန်​နေ​သည်​ဆို​လျှင် ဘုရားသခင်​အတွက်​ဖြစ်၍ ပကတိ​စိတ်​ရှိ​လျှင် သင်​တို့​အတွက်​ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤသို့​ယူဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အပေါင်း​တို့​အတွက် အသေခံ​သည်​ဖြစ်၍ လူ​အပေါင်း​တို့​သည် သေဆုံး​ခဲ့​ကြ​ပြီ။ ထိုသို့ လူ​အပေါင်း​တို့​အတွက် ကိုယ်တော်​အသေခံ​တော်မူ​ခြင်း​မှာ အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​အတွက် အသက်​မ​ရှင်​တော့​ဘဲ သူ​တို့​အတွက်​အသေခံ​တော်မူ​ပြီး ထမြောက်​တော်မူ​သော​အရှင်​အတွက် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။ ထို့ကြောင့် ယခု​မှစ၍ ငါ​တို့​သည် မည်သူ့​ကို​မျှ သွေးသား​ဇာတိ​သဘော​ဖြင့် မ​သိမှတ်​တော့​ပေ။ ငါ​တို့​သည် ခရစ်တော်​ကို သွေးသား​ဇာတိ​သဘော​ဖြင့် သိမှတ်​ခဲ့​လျှင်​လည်း ယခု​တွင် ထိုသို့​မ​သိမှတ်​တော့​ပေ။ သို့ဖြစ်၍ မည်သူမဆို ခရစ်တော်​၌​ရှိ​လျှင် အသစ်​ဖန်ဆင်း​ခံရ​သူ​ဖြစ်​၏။ ဟောင်း​သော​အရာ​တို့​သည် ကွယ်ပျောက်​သွား​၍ ခပ်သိမ်း​သော​အရာ​တို့​သည် အသစ်​ဖြစ်​ကြ​လေ​ပြီ။ ဤ​အရာ​အားလုံး​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​၍ ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​နှင့်ဆိုင်သော​အမှု​တော်​ကို ပေး​အပ်​တော်မူ​၏။ ဆိုလို​သည်​မှာ ဘုရားသခင်​သည် လောကီ​သား​တို့​ကျူးလွန်​သော​အပြစ်​များ​ကို သူ​တို့​အပေါ်​သင့်ရောက်​စေ​တော်​မ​မူ​ဘဲ သူ​တို့​ကို ခရစ်တော်​၌ မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​ပြီး ပြန်လည်​သင့်မြတ်​ခြင်း​တရား​ကို ငါ​တို့​၌​အပ်​ထား​တော်မူ​၏။ ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။ ဘုရားသခင်​သည် အပြစ်​ကင်းစင်​သော​အရှင်​ကို ငါ​တို့​အတွက် အပြစ်​ဖြစ်​သွား​စေ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ထို​အရှင်​အားဖြင့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်လာ​မည့်​အကြောင်း​တည်း။