၂ ကောရိန္သု 13:5
၂ ကောရိန္သု 13:5 Judson Bible (JBMLE)
သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကို ကိုယ်မသိကြသလော။
၂ ကောရိန္သု 13:5 Common Language Bible (BCL)
သင်တို့သည်ယုံကြည်ခြင်း၌တည်ကြည်သူများ ဟုတ်မဟုတ် မိမိတို့ကိုယ်ကိုဆန်းစစ်ကြလော့။ ဤ သို့အစစ်အဆေးခံရာတွင်အောင်မြင်ပါမူ သင် တို့သည်မိမိတို့စိတ်နှလုံးအတွင်း၌ ခရစ်တော် ကိန်းအောင်းတော်မူကြောင်းအသေအချာသိရှိ ကြမည်။
၂ ကောရိန္သု 13:5 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်တို့သည် ယုံကြည်ခြင်း၌တည်နေခြင်းရှိ၊ မရှိ မိမိကိုယ်ကိုစမ်းသပ်ကြလော့။ မိမိကိုယ်ကိုစစ်ဆေးကြလော့။ သင်တို့အထဲ၌ ယေရှုခရစ်တော်ရှိကြောင်း သင်တို့ကိုယ်တိုင်မသိကြသလော၊ သို့မဟုတ် သင်တို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများဖြစ်လေပြီလော။