YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 10:3-7

၂ ကောရိန္သု 10:3-7 Judson Bible (JBMLE)

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် လူ​ဇာ​တိ၌ ကျင်​လည်​သော်​လည်း၊ ဇာ​တိ​ပ​က​တိ အ​လို​သို့​လိုက်၍ စစ်​တိုက်​ကြ​သည်​မ​ဟုတ်။- ငါ​တို့​စစ်​တိုက်၍ သုံး​စွဲ​သော လက်​နက်​သည် ဇာ​တိ​ပ​က​တိ​လက်​နက် မ​ဟုတ်။ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် မြို့​ရိုး​မြို့​ပြ​တို့​ကို ဖြို​ဖျက်​နိုင်​သော​လက်​နက် ဖြစ်၏။- ထို​လက်​နက်​အား​ဖြင့် လူ​တို့၏ အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော​ပ​ညာ​ကို တား​ဆီး​သော မာန်​မာ​န ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နှိမ့်​ချ​မှောက်​လှန်၍၊ ခပ်​သိမ်း​သော​စိတ်​တို့​ကို ဖမ်း​သွား​ချုပ်​ထား​လျက်၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​စေ​ကြ၏။- သင်​တို့၏ နား​ထောင်​ခြင်း​အ​မှု​သည် ပြည့်​စုံ​ပြီး​မှ၊ နား​မ​ထောင်​ဘဲ​နေ​သော သူ​အ​ပေါင်း​တို့​ကို ဒဏ်​ပေး​ခြင်း​ငှာ ငါ​တို့​သည် အ​သင့်​ရှိ​ကြ၏။ မျက်​နှာ​ကို​သာ ကြည့်​မှတ်​ကြ​သ​လော။ အ​ကြင်​သူ​က၊ ငါ​သည်​ခ​ရစ်​တော်၏​လူ ဖြစ်​သည်​ဟု မိ​မိ၌ စွဲ​လမ်း​ခြင်း​ရှိ၏၊ ထို​သူ​သည် ခ​ရစ်​တော်၏​လူ​ဖြစ်​သ​ကဲ့​သို့၊ ငါ​တို့​လည်း ခ​ရစ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို တစ်​ဖန် အ​လို​အ​လျောက် ဆင်​ခြင်​သိ​မှတ်​စေ။

၂ ကောရိန္သု 10:3-7 Common Language Bible (BCL)

ငါ​တို့​သည်​ဤ​လော​က​၌​အ​သက်​ရှင်​နေ ထိုင်​လျက်​ရှိ​ကြ​သည်​မှန်​သော်​လည်း လော​ကီ အ​ကျိုး​ကို​မျှော်​ကိုး​၍​တိုက်​ပွဲ​ဝင်​နေ​ကြ သည်​မ​ဟုတ်။- ငါ​တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​သည်​လူ​သား တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​မ​ဟုတ်။ ခံ​တပ်​များ ကို​ဖြို​ဖျက်​နိုင်​သည့်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​နှင့်​ပြည့်​စုံ​သော​လက်​နက်​များ​ဖြစ်​၏။ ငါ တို့​သည်​မ​မှန်​ကန်​သည့်​ဆွေး​နွေး​ငြင်း​ခုံ​ချက် များ​ကို​လည်း​ကောင်း၊- ဘု​ရား​သ​ခင်​အား​သိ​ကျွမ်း​မှု​ပ​ညာ​ကို ပိတ်​ပင်​ဆီး​တား​သည့်​မာန်​မာ​န​မှန်​သ​မျှ ကို​လည်း​ကောင်း ဖြို​ဖျက်​ချေ​မှုန်း​ကြ​၏။ ငါ တို့​သည်​လူ​တို့​၏​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ချုပ်​ပြီး​လျှင် ခ​ရစ်​တော်​အား​နာ​ခံ စေ​ကြ​၏။- သင်​တို့​သည်​ငါ​တို့​စ​ကား​ကို​အ​ကြွင်း​မဲ့​လိုက် နာ​ကြောင်း​ကို​သိ​သည့်​အ​ခါ​၌ ငါ​တို့​သည်​မ လိုက်​နာ​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် အ​သင့်​ရှိ​မည်။ သင်​တို့​သည်​အ​ပြင်​အ​ပ​လက္ခ​ဏာ​များ​ကို​သာ ကြည့်​ရှု​တတ်​ကြ​၏။ သင်​တို့​အ​နက်​မိ​မိ​ကိုယ် ကို​ခ​ရစ်​တော်​၏​တပည့်​ဖြစ်​သည်​ဟု​စိတ်​ချ​သူ ရှိ​လျှင် ထို​သူ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ် သ​ကဲ့​သို့ ငါ​တို့​သည်​လည်း​ခရစ်​တော်​၏​တ​ပည့် များ​ဖြစ်​ကြောင်း​ကို​ပြန်​လည်​စဉ်း​စား​ကြည့် စေ။

၂ ကောရိန္သု 10:3-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် သွေးသား​ဇာတိ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​သည်​မှန်​သော်လည်း သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ တိုက်ပွဲ​ဝင်​ကြ​သည်​မ​ဟုတ်။ အကြောင်းမူကား တိုက်ပွဲ​၌ ငါ​တို့​သုံး​သော​လက်နက်​များ​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​လက်နက်​များ​မ​ဟုတ်​ဘဲ ဘုရားသခင်​အားဖြင့် အစွမ်းထက်​သော​လက်နက်​များ​ဖြစ်​ကြ​ပြီး ခံတပ်​များ​ကို​ပင် ဖြိုဖျက်​နိုင်​သည်​သာမက ဘုရားသခင်​ကို​သိ​သော​ဉာဏ်​ကို ဆန့်ကျင်​တားဆီး​သည့် စဉ်းစား​ဆင်ခြင်​မှု​နှင့်​မာန်မာန​ရှိသမျှ​တို့​ကို​ဖြိုဖျက်​၍ ခပ်သိမ်း​သော​တွေးတော​ကြံစည်​မှု​များ​ကို ဖမ်းဆီး​ချုပ်နှောင်​ကာ ခရစ်တော်​အား နာခံ​စေ​ကြ​၏။ သင်​တို့​သည် နာခံ​မှု​နှင့်​ပြည့်စုံ​သောအခါ မ​နာခံ​မှု​ရှိသမျှ​တို့​ကို တရား​သဖြင့်​စီရင်​ရန် ငါ​တို့​အသင့်​ရှိ​ကြ​၏။ သင်​တို့​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​နေ​ကြ​၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​သည်​ဟု ယုံမှတ်​လျှင် သူ​သည် ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​သကဲ့သို့ ငါ​တို့​သည်​လည်း ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​ကြောင်း သူ​ကိုယ်တိုင် ပြန်လည်​ဆင်ခြင်​သိမှတ်​ပါစေ။