အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိ အလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။- ငါတို့စစ်တိုက်၍ သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက် မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သောလက်နက် ဖြစ်၏။- ထိုလက်နက်အားဖြင့် လူတို့၏ အကြံအစည်တို့ကိုလည်းကောင်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာန ရှိသမျှတို့ကိုလည်းကောင်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်စေကြ၏။- သင်တို့၏ နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှာ ငါတို့သည် အသင့်ရှိကြ၏။ မျက်နှာကိုသာ ကြည့်မှတ်ကြသလော။ အကြင်သူက၊ ငါသည်ခရစ်တော်၏လူ ဖြစ်သည်ဟု မိမိ၌ စွဲလမ်းခြင်းရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့လည်း ခရစ်တော်၏လူဖြစ်ကြောင်းကို တစ်ဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ။
၂ ကောရိန္သု 10 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ ကောရိန္သု 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 10:3-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ