YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 28:16-19

၂ ရာဇဝင်ချုပ် 28:16-19 Judson Bible (JBMLE)

ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လာ၍​ကူ​မ​စေ​ခြင်း​ငှာ၊ အာ​ခတ်​မင်း​ကြီး​သည် သံ​တ​မန်​ကို စေ​လွှတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ဧ​ဒုံ​လူ​တို့​သည် လာ​ပြန်​သ​ဖြင့်၊ ယု​ဒ​ပြည်​ကို လုပ်​ကြံ၍၊ လူ​များ​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ​ပြီ။ ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ နိုင်​ငံ​အောက်​ပိုင်း​နှင့် ယု​ဒ​ပြည်​တောင်​ပိုင်း၌​ရှိ​သော မြို့​တို့​ကို​တိုက်၍၊ ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန်​မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့​ရွာ၊ တိ​မ​နာ​မြို့​ရွာ၊ ဂိ​မ​ဇော​မြို့​ရွာ​များ​ကို ယူ၍ နေ​ရာ​ချ​ကြ၏။ ယု​ဒ​ရှင်​ဘု​ရင်​အာ​ခတ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို အ​လွန်​နှိမ့်​ချ၏။ ထို​မင်း​သည် ယု​ဒ​ပြည်၏ အ​ဝတ်​တန်​ဆာ​ကို​ချွတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြမ်း​တမ်း​စွာ ပြစ်​မှား၏။

၂ ရာဇဝင်ချုပ် 28:16-19 Common Language Bible (BCL)

ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ကို​တစ်​ဖန် လာ​ရောက်​တိုက်​ခိုက်​ကာ သုံ့​ပန်း​အ​မြောက်​အမြား ကို​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သ​ဖြင့် အာ​ခတ်​မင်း သည်​အာ​ရှု​ရိ​ဘု​ရင်​ထံ​အ​ကူ​အ​ညီ​တောင်း ခံ​လေ​သည်။- ထို​အ​ချိန်​ကာ​လ​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​နှင့်​အ​နောက် ဘက်​ရှိ​တောင်​ခြေ​ရင်း​မြို့​များ​ကို​တိုက်​ခိုက် ကြ​၏။ သူ​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန် မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့၊ တိ​မ​နာ​မြို့၊ ဂိ​မ​ဇော​မြို့​များ​နှင့်​ကျေး​ရွာ​များ​ကို​သိမ်း ယူ​ပြီး​လျှင် ထို​မြို့​ရွာ​တို့​တွင်​အတည်​တ​ကျ နေ​ထိုင်​ကြ​လေ​သည်။- ယု​ဒ​ဘု​ရင်​အာခတ်​သည်​ပြည်​သူ​တို့​အား အ​ခွင့်​အ​ရေး​များ​ဆုံး​ရှုံး​စေ​လျက် ထာ​ဝရ ဘု​ရား​ကို​သစ္စာ​ဖောက်​သ​ဖြင့်​ထာ​ဝရ​ဘု​ရား သည် ယု​ဒ​ပြည်​ကို​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။

၂ ရာဇဝင်ချုပ် 28:16-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အချိန်​တွင် အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​ထံ လူ​လွှတ်​၍​စစ်ကူတောင်း​၏​။ အကြောင်းမူကား ဧဒုံ​အမျိုးသား​တို့​သည် နောက်တစ်ဖန် ချီလာ​၍ ယုဒ​ပြည်​ကို​တိုက်ခိုက်​ပြီး သုံ့ပန်း​များ​ကို​ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။ ထို့ပြင် ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မြေနိမ့်ဒေသ​ရှိ​မြို့ရွာ​များ​နှင့် ယုဒ​ပြည်​နေဂေ့​အရပ်​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး ဗက်ရှေမက်​မြို့​၊ အာယလုန်​မြို့​၊ ဂေဒရုတ်​မြို့​၊ စောခေါ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တိမနတ်​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​၊ ဂိမဇော​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​ကို သိမ်းပိုက်​ကာ ထို​နေရာ​တို့​၌ နေထိုင်​ကြ​၏​။ အစ္စရေး​ဘုရင်​အာခတ်​မင်းကြီး​ကြောင့် ယုဒ​ပြည်သား​တို့​သည် ထာဝရဘုရား​အပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း​၍ အထိန်းအကွပ်မဲ့​ပြုမူ​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ယုဒ​ပြည်​ကို နှိမ့်ချ​တော်မူ​၏​။