YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 28:1-15

၂ ရာဇဝင်ချုပ် 28:1-15 Judson Bible (JBMLE)

အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ မ​ကျင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​မ​ပြု။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့​လိုက်၍၊ ဗာ​လ​ဘု​ရား​တို့​အ​ဖို့ ရုပ်​တု​ဆင်း​တု​များ​ကို သွန်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။ မြင့်​သော​အ​ရပ်၊ တောင်​ပေါ်၊ သစ်​ပင်​အောက်​တို့၌ ယဇ်​ပူ​ဇော်၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်၏။ ထို​ကြောင့်၊ သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ့​ကို ရှု​ရိ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် လုပ်​ကြံ​လျက်၊ များ​စွာ​သော​လူ​တို့​ကို​ဖမ်း​ဆီး၍၊ ဒ​မာ​သက်​မြို့​သို့ သိမ်း​သွား​ကြ၏။ တစ်​ဖန် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​ရေ​မ​လိ​သား ပေ​ကာ​သည် ကြမ်း​တမ်း​စွာ​လုပ်​ကြံ၍၊ ရဲ​ရင့်​သော​ယု​ဒ​အ​မျိုး​သား တစ်​သိန်း​နှစ်​သောင်း​ကို တစ်​နေ့​ချင်း​တွင် သတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​သ​တည်း။ ခွန်​အား​ကြီး​သော ဧ​ဖ​ရိမ်​သား ဇိ​ခ​ရိ​သည်၊ ရှင်​ဘု​ရင်​သား မာ​သေ​ယ၊ နန်း​တော်​အုပ် အာ​ဇ​ရိ​ကံ၊ ရှင်​ဘု​ရင်​နောက် ဒု​တိ​ယ​မင်း ဧ​လ​ကာ​န​ကို​သတ်၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း၊ မိ​မိ​တို့​နှင့် ပေါက်​ဖော်​တော်​သော ယောက်ျား၊ မိန်း​မ၊ သား၊ သ​မီး​ပေါင်း​နှစ်​သိန်း​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ၏။ များ​စွာ​သော​ဥ​စ္စာ​ကို​လည်း လု​ယူ၍ ရှာ​မာ​ရိ​မြို့​သို့ ဆောင်​သွား​ကြ၏။ ဩ​ဒက်​အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​တစ်​ပါး​ရှိ၍၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​လာ​သော​တပ်​ကို ဆီး​ကြို​လျက်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို​အ​မျက်​တော်​ထွက်​သော​ကြောင့်၊ သင်​တို့​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် မိုး​ကောင်း​ကင်​သို့​ထိ​သော ဒေါ​သ​အ​ဟုန်​နှင့် သူ​တို့​ကို သတ်​ကြ​ပြီ​တ​ကား။ ယ​ခု​တွင်​လည်း၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား ယောက်ျား၊ မိန်း​မ​တို့​ကို အ​စေ​ခံ​ကျွန်​လုပ်၍၊ နှိပ်​စက်​မည့်​အ​ကြံ ရှိ​ကြ​သည်​တ​ကား။ သို့​ပြု​လျှင် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ရာ​သို့​ရောက်​သည် မ​ဟုတ်​လော။ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ယ​ခု​ဖမ်း​ဆီး၍ သိမ်း​ယူ​ခဲ့​သော သင်​တို့၏​ညီ​အစ်​ကို​များ​ကို လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သင်​တို့​အ​ပေါ်​မှာ သက်​ရောက်​လိမ့်​မည်​ဟု သ​တိ​ပေး၏။ ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ကြီး​အ​ကဲ၊ ယော​ဟ​နန်​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​သား ဗေ​ရ​ခိ၊ ရှ​လ္လုံ​သား ဟေ​ဇ​ကိ၊ ဟာ​ဒ​လဲ​သား အာ​မ​သာ​တို့​သည် စစ်​တိုက်​ရာ​မှ​လာ​သော သူ​တို့​ကို ဆီး​တား၍၊ သင်​တို့​သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို ဤ​မြို့​ထဲ​သို့ မ​သွင်း​ရ။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပြီ။ အ​ပြစ်​ရင်း​အ​ပေါ်​မှာ​ထပ်၍ ပြစ်​မှား​စေ​ဦး​မည်​ဟု သင်​တို့ ကြံ​စည်​ကြ​သည်​တ​ကား။ ယ​ခု​တွင် ငါ​တို့​အ​ပြစ်​ကြီး​လှ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​သည်​ဟု ဆို​သော​ကြောင့်၊ စစ်​သူ​ရဲ​တို့​သည် သိမ်း​ယူ​ခဲ့​သော​လူ​များ​နှင့် လု​ယူ​ခဲ့​သော​ဥ​စ္စာ​များ​ကို မင်း​တို့​ရှေ့၊ ပ​ရိ​သတ်​တို့​ရှေ့​မှာ ထား​ကြ၏။ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ထ​လျက်၊ သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို​ခေါ်၍၊ အ​ဝတ်​မ​ရှိ​သော​သူ​တို့​ကို လက်​ရ​ဥ​စ္စာ​ဖြင့် ဝတ်​ဆင်​စေ​ကြ၏။ ခြေ​နင်း​ကို စီး​စေ​ကြ၏။ စား​သောက်​စ​ရာ​ဖို့​ပေး​ကြ၏။ ဆီ​နှင့် လိမ်း​စေ​ကြ၏။ အား​မ​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို မြည်း​ပေါ်​မှာ​တင်၍၊ သူ​တို့ ပေါက်​ဖော်​ရှိ​ရာ ယေ​ရိ​ခေါ​မြို့​တည်း​ဟူ​သော စွန်​ပ​လွံ​ပင်​မြို့​သို့ ပို့​ပြီး​မှ၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​သွား​ကြ၏။

၂ ရာဇဝင်ချုပ် 28:1-15 Common Language Bible (BCL)

အာ​ခတ်​သည်​အ​သက်​နှစ်​ဆယ်​၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း စံ​ရ​လေ​သည်။ သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း ၏​ကောင်း​သော​စံ​န​မူ​နာ​ကို​မ​လိုက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော​အ​မှု​တို့ ကို​ပြု​၍၊- ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ်​ကို​လိုက်​၏။ သူ​သည်​ဗာ​လ​ဘု​ရား​၏​ရုပ်​တု​များ​ကို သွန်း​လုပ်​စေ​၍၊- ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို အ​တု​ခိုး​၍ မိ​မိ​၏​သား​တော်​များ​ကို​ပင် မီး​ရှို့​၍​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​ရုပ်​တု တို့​အား​ပူ​ဇော်​လေ​သည်။- ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​၌​လည်း​ကောင်း၊ တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​အောက်​၌ လည်း​ကောင်း​အာ​ခတ်​သည်​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။ အာ​ခတ်​သည်​အ​ပြစ်​ပြု​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ရှု​ရိ​ဘု​ရင်​အား​သူ့​ကို​နှိမ်​နင်း​၍ ယု​ဒ​ပြည် သူ​အ​မြောက်​အ​မြား​ကို​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် ဒ​မာ​သက်​မြို့​သို့​သိမ်း​သွား​ခွင့်​ပေး​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​မ​လိ​၏​သား၊ ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ​အား​အာ​ခတ်​ကို နှိမ်​နင်း​၍​တစ်​နေ့​ချင်း​တွင် ယု​ဒ​တပ်​သား တစ်​သိန်း​နှစ်​သောင်း​ကို​လည်း​သတ်​ဖြတ်​ခွင့် ပေး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​စွန့်​ပစ်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ဤ​သို့​ဖြစ်​ပျက်​စေ​တော်​မူ​ခြင်း​ဖြစ် သ​တည်း။- ဇိ​ခ​ရိ​ဆို​သူ​ဣ​သ​ရေ​လ​တပ်သား​တစ်​ယောက် သည် အာ​ခတ်​၏​သား​တော်​မာ​သေ​ယ၊ နန်း​တော် အုပ်​ချုပ်​ရေး​မှူး​အာ​ဇ​ရိ​ကံ​နှင့်​ဘု​ရင့်​အ​မတ် ချုပ်​ဧ​လ​ကာ​န​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ် လိုက်​လေ​သည်။- ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​မိ​မိ​တို့​၏​ဆွေ မျိုး​သား​ချင်း​ဖြစ်​ကြ​သော​အ​မျိုး​သား​တို့ အ​နက် ယု​ဒ​အ​မျိုး​သ​မီး​နှင့်​က​လေး​နှစ်​သိန်း ကို​ဖမ်း​ဆီး​၍​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား နှင့်​တ​ကွ​ရှ​မာ​ရိ​မြို့​သို့​သိမ်း​သွား​ကြ​၏။ သြ​ဒက်​အ​မည်​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော ဖက်​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​၏။ သူ​သည် တိုက်​ပွဲ​မှ​ပြန်​လာ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​မြို့​အ​ဝင်​ဝ​မှ​ဆီး​ကြို​ပြီး​လျှင်``သင် တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ယု​ဒ​ပြည်​သူ​တို့​ကို​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​အား​သူ​တို့​ကို နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​၏။ သို့​ရာ​တွင်​သင် တို့​သည်​မိ​မိ​တို့​အ​မျက်​ဒေါ​သ​ကို​မ​ချုပ် တည်း​ဘဲ​သုတ်​သင်​သတ်​ဖြတ်​မှု​ကို​ပြု​ခဲ့ ကြ​၏။- ယ​ခု​အ​ခါ​၌​လည်း​ယေရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့​အား​ကျွန်​ခံ စေ​ရန် သင်​တို့​အ​ကြံ​ရှိ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လည်း​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သူ​များ​ဖြစ် သည်​ကို​မ​သိ​ကြ​ပါ​သ​လော။- ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​သုံ့​ပန်း များ​သည် ငါ​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​ပေ သည်။ သူ​တို့​ကို​ပြန်​၍​လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​အ​မျက် တော်​ထွက်​၍ သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်'' ဟု​ပြော​၏။ ထို​အ​ခါ​မြောက်​ပိုင်း​နိုင်​ငံ​အ​ကြီး​အ​ကဲ လေး​ဦး​ဖြစ်​ကြ​သော ယော​ဟ​နန်​၏​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​၏​သား​ဗေ​ရ​ခိ၊ ရှလ္လုံ ၏​သား​ဟေ​ဇ​ကိ​နှင့် ဟာ​ဒ​လဲ​၏​သား အာ​မ​သာ​တို့​သည်​လည်း တပ်​မ​တော်​၏ အ​ပြု​အ​မူ​ကို​ကန့်​ကွက်​ကြ​လေ​သည်။- သူ​တို့​က``သင်​တို့​၏​သုံ့​ပန်း​များ​ကို​ဤ​မြို့ ထဲ​သို့​မ​ခေါ်​ခဲ့​ကြ​နှင့်။ ငါ​တို့​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​စေ​လောက်​အောင်​ပင် ထာ​ဝရ​ဘု​ရား​ကို​ငါ​တို့​ပြစ်​မှား​ခဲ့​လေ​ပြီ။ ယ​ခု​သင်​တို့​သည်​ငါ​တို့​အ​ပြစ်​ကို​ပို​မို ကြီး​လာ​အောင်​ပြု​လို​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။- သို့​ဖြစ်​၍​တပ်​မ​တော်​သား​တို့​သည်​ပြည် သူ​များ​နှင့် ခေါင်း​ဆောင်​များ​လက်​သို့​သုံ့​ပန်း များ​နှင့်​လက်​ရ​ပစ္စည်း​များ​ကို​ပေး​အပ် လိုက်​ကြ​၏။- ပြည်​သူ​တို့​သည်​သုံ့​ပန်း​များ​အား​လက်​ရ ပစ္စည်း​များ​ထဲ​က အ​ဝတ်​အ​စား​ဝေငှ​ပေး​ရေး အ​တွက်​အ​ကြီး​အ​ကဲ​လေး​ဦး​ကို​ခန့်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​သုံ့​ပန်း​များ​ဝတ် ဆင်​ရန်​အ​ဝတ်​အ​စား​များ၊ ဖိ​နပ်​များ​နှင့် စား​ရန်​အ​စား​အ​စာ​အ​လုံ​အ​လောက်​ကို ပေး​၍ သူ​တို့​၏​ဒဏ်​ရာ​များ​ကို​သံ​လွင်​ဆီ နှင့်​လိမ်း​ပေး​ကြ​၏။ အား​နည်း​သူ​တို့​ကို မြည်း​စီး​စေ​လျက် ယု​ဒ​နယ်​မြေ​ရှိ​စွန် ပ​လွံ​မြို့​ခေါ်​ယေ​ရိ​ခေါ​မြို့​သို့​အ​ရောက် ပို့​ကြ​၏။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရှ​မာ​ရိ​မြို့​သို့​ပြန်​ကြ​၏။

၂ ရာဇဝင်ချုပ် 28:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ်​စိုးစံ​၏​။ သူ​သည် သူ​၏​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ မ​ပြုကျင့်​။ ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​မ​ပြုကျင့်​ဘဲ အစ္စရေး​ဘုရင်​တို့ လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ခဲ့​၏​။ ဗာလ​ရုပ်တု​များ​ကို​လည်း သွန်းလုပ်​၏​။ သူ​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​တွင် နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​၏​။ အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ကိုယ့်​သား​များ​ကို​ပင် မီးရှို့​ပူဇော်​ခဲ့​၏​။ ထို့ပြင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ တောင်ကုန်း​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက်​တို့​တွင် ယဇ်ပူဇော်​၍ နံ့သာပေါင်း​ကို​လည်း မီးရှို့ပူဇော်​၏​။ ထို့ကြောင့် သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို ဆီးရီးယား​ဘုရင်​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ဆီးရီးယား​လူမျိုး​တို့​သည် သူ့​ကို​အောင်​နိုင်​ပြီး သုံ့ပန်း​အမြောက်အမြား​ကို ဒမတ်စကပ်​မြို့​သို့ ဖမ်းဆီး​ခေါ်ဆောင်​သွား​၏​။ သူ​သည် အစ္စရေး​ဘုရင်​လက်​သို့​လည်း အပ်လိုက်​ခြင်း​ခံရ​သဖြင့် ထို​ဘုရင်​သည် သူ့​ကို အပြင်းအထန်​တိုက်ခိုက်​ချေမှုန်း​လေ​၏​။ သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​သောကြောင့် ယုဒ​ပြည်​တွင် ရေမလိ​၏​သား​ပေကာ​မင်းကြီး​၏​လက်ချက်​ဖြင့် စစ်သူရဲ​အားလုံး တစ်သိန်းနှစ်သောင်း တစ်နေ့ချင်း​တွင် သေ​ကြ​ရ​၏​။ ဧဖရိမ်​စစ်သူရဲ​ဇိခရိ​သည်​လည်း ဘုရင့်​သား​တော်​မာသေယ​၊ နန်းတော်အုပ်​အာဇရိကံ​၊ ရှင်ဘုရင်​ပြီးလျှင် ရာထူး​အကြီးဆုံး​ဧလကာန​တို့​ကို ကွပ်မျက်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​၏​ဆွေမျိုးသားချင်း​ထဲမှ မိန်းမ​များ​၊ သားသမီး​များ​စုစုပေါင်း နှစ်သိန်း​တို့​ကို​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​ထံမှ တိုက်ရာပါပစ္စည်း​အများအပြား​တို့​ကို​လည်း သိမ်းယူ​ပြီး ရှမာရိ​မြို့​သို့ ယူဆောင်​သွား​ကြ​၏​။ ရှမာရိ​မြို့​၌ ဩဒက်​အမည်​ရှိ​သော​ထာဝရဘုရား​၏​ပရောဖက်​တစ်​ပါး ရှိ​၏​။ သူ​သည် ရှမာရိ​မြို့​သို့​ပြန်လာ​သော​စစ်သည်​ဗိုလ်ခြေ​တို့​ကို ထွက်ကြို​ပြီး “​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ယုဒ​အမျိုး​ကို အမျက်​ထွက်​၍ သူ​တို့​ကို သင်​တို့​၏​လက်​သို့​အပ်​တော်မူ​သည်​ကို သင်​တို့​သည် မိုး​ထိ​အောင်​အမျက်​ထွက်​၍ သူ​တို့​ကို​သတ်ဖြတ်​လေ​ပြီ​။ ယခု​လည်း သင်​တို့​သည် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​ကို သင်​တို့​အဖို့ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​များ​အဖြစ် ခိုင်းစေ​ရန် ကြံရွယ်​လေ​ပြီ​။ သင်​တို့​ကိုယ်တိုင်​လည်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​ကြ​သည်​မ​ဟုတ်​လော​။ ယခု ငါ​ပြော​သော​စကား​ကို နားထောင်​ပါ​လော့​။ သုံ့ပန်း​အဖြစ် သင်​တို့​ဖမ်းဆီးခေါ်ဆောင်​လာ​သော ကိုယ့်​ညီအစ်ကိုချင်း​တို့​ကို ပြန်လွှတ်​ပေး​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​”​ဟု ဆို​၏​။ ထိုအခါ ယေဟောဟနန်​၏​သား​အာဇရိ​၊ မေရှိလမုတ်​၏​သား​ဗေရခိ​၊ ရှလ္လုံ​၏​သား​ဟေဇကိ​၊ ဟာဒလဲ​၏​သား​အာမသ စသည့်​ဧဖရိမ်​အမျိုးသား​ခေါင်းဆောင်​အချို့​တို့​သည်​ထ​၍ စစ်ပွဲ​မှ​ပြန်လာ​သူ​တို့​အား မျက်နှာချင်းဆိုင်​လျက် “​စစ်သုံ့ပန်း​တို့​ကို ဤ​နေရာ​သို့ မ​ခေါ်လာ​ကြ​ပါ​နှင့်​။ ငါ​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​၍ ငါ​တို့​၏​အပြစ်​ပေါ်​အပြစ်​ထပ်​တင်​ရန် သင်​တို့​ကြံရွယ်​နေ​ကြ​ပါ​သည်​တကား​။ ငါ​တို့​အပြစ်​ကြီးမား​လွန်း​သောကြောင့် အစ္စရေး​လူမျိုး​ကို အမျက်​တော်​ပြင်းထန်​စွာ​ထွက်​လျက် ရှိ​၏​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် စစ်သည်​တို့​သည် သုံ့ပန်း​များ​နှင့်​တိုက်ရာပါပစ္စည်း​များ​ကို အကြီးအကဲ​များ​နှင့် လူထု​တစ်ရပ်လုံး​ထံ အပ်နှံ​လိုက်​ကြ​၏​။ ထိုအခါ နာမည်​နှင့်တကွ​တာဝန်ရှိ​သူ​တို့​သည် ထ​၍ စစ်သုံ့ပန်း​များ​ကို​ခေါ်​ပြီး အဝတ်မရှိ​သူ​တို့​အား တိုက်ရာပါပစ္စည်း​များ​ထဲမှ​အဝတ်​များ​ကို​ဝတ်​စေ​၏​။ အဝတ်အစား​များ​၊ ဖိနပ်​များ​၊ အစား​အသောက်​များ​၊ လိမ်းစရာ​ဆီ​များ စသည်​တို့​ကို​လည်း​ပေး​၏​။ အားမရှိ​သော​သူ​တို့​ကို​လည်း မြည်း​ပေါ်​တင်​ကာ သူ​တို့​၏​ဆွေမျိုးသားချင်း​တို့​ရှိ​ရာ စွန်ပလွံ​မြို့ ခေါ် ဂျေရိခေါ​မြို့​သို့ ပြန်ပို့​ပြီးမှ ရှမာရိ​မြို့​သို့ ပြန်လာ​ကြ​၏​။