YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 20:1-30

၂ ရာဇဝင်ချုပ် 20:1-30 Judson Bible (JBMLE)

ထို​နောက်​မှ၊ မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဧ​ဒုံ​အ​မျိုး​သား​အ​ချို့​နှင့်​တ​ကွ၊ ယော​ရှ​ဖတ်​ကို စစ်​တိုက်​မည်​ဟု ချီ​လာ​ကြ၏။ အိုင်​ကြီး​တစ်​ဖက်၊ ဧ​ဒုံ​ပြည်​ဘက်​က များ​စွာ​သော အ​လုံး​အ​ရင်း စစ်​ချီ​လာ၍၊ အင်္ဂေ​ဒိ​အ​မည်​ရှိ​သော ဟာ​ဇ​ဇု​န္တာ​မာ​မြို့​မှာ ရှိ​ကြ​ပါ​သည်​ဟု ယော​ရှ​ဖတ်​အား ကြား​လျှောက်​လျှင်၊ ယော​ရှ​ဖတ်​သည် ကြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​သ​ဘော​ချ​လျက်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​စေ​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​မည်​ဟု​စု​ဝေး၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​အံ့​သော​ငှာ၊ ယု​ဒ​မြို့​ရှိ​သ​မျှ​မှ ထွက်​လာ​ကြ၏။ ယော​ရှ​ဖတ်​သည် ဗိ​မာန်​တော်​တံ​တိုင်း​သစ်​ရှေ့၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​လယ်၌​ရပ်​လျက်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​အောင် ခွန်​အား​တန်​ခိုး ကြီး​တော်​မူ​သည် မ​ဟုတ်​လော။ ဤ​ပြည်၌​နေ​ဖူး​သော သူ​တို့​ကို ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်၍၊ ကိုယ်​တော်​အ​ဆွေ အာ​ဗြ​ဟံ၏​သား​မြေး​တို့​အား၊ ဤ​ပြည်​ကို အ​စဉ်​ပေး​တော်​မူ​သော အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ သူ​တို့​သည် နေ​ရာ​ကျ၍၊ နာ​မ​တော်​အ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ ဒဏ်​ခတ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တစ်​စုံ​တစ်​ခု​ရောက်၍၊ နာ​မ​တော်​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၊ အ​ထံ​တော်​သို့ အ​ကျွန်ုပ်​တို့​သည် ချဉ်း​ကပ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ကြောင့် အော်​ဟစ်​ကြ​သော​အ​ခါ၊ နား​ထောင်၍​ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​ပါ​ပြီ။ ယ​ခု​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ တိုက်​ရ​သော​အ​ခွင့် ပေး​တော်​မ​မူ။ လွှဲ​ရှောင်၍ မ​ဖျက်​ဆီး​ဘဲ​ထား​ခဲ့​သော အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ စိ​ရ​တောင်​သား​တို့​သည်၊ အ​ကျွန်ုပ်​တို့​အား အ​ပိုင်​ပေး​တော်​မူ​သော အ​မွေ​ခံ​ရာ​မြေ​ထဲ​က၊ အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လာ၍၊ အ​ဘယ်​သို့ ကျေး​ဇူး​ဆပ်​ကြ​ပါ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ။ အို​အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်၊ သူ​တို့​ကို မ​စီ​ရင်​ဘဲ​နေ​တော်​မူ​မည်​လော။ အ​ကျွန်ုပ်​တို့​ကို တိုက်​အံ့​သော​ငှာ လာ​သော ဤ​အ​လုံး​အ​ရင်း​ကြီး​ကို၊ အ​ကျွန်ုပ်​တို့​သည် ဆီး​တား​ခြင်​ငှာ မ​တတ်​နိုင်​ပါ။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို မ​သိ​ပါ။ ကိုယ်​တော်​ကို​သာ မျှော်​ကြည့်​လျက်​နေ​ကြ​ပါ​သည်​ဟု ဆု​တောင်း၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သား​မ​ယား သူ​ငယ်​တို့​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။ ထို​အ​ခါ ပ​ရိ​သတ်​အ​လယ်၌​ရှိ​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​အ​နွယ်၊ မ​တ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ၊ ဇာ​ခ​ရိ​တို့​မှ ဆင်း​သက်​သော ယ​ဟာ​ဇေ​လ​အ​ပေါ်​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သက်​ရောက်၍၊ ထို​သူ​က၊ အို​ယော​ရှ​ဖတ်​မင်း​ကြီး​နှင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​လုံး​အ​ရင်း​ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ စစ်​မှု​သည် သင်​တို့​တာ​မ​ဟုတ်၊ ဘု​ရား​သ​ခင့်​တာ ဖြစ်၏။ နက်​ဖြန်​နေ့ သူ​တို့​ရှိ​ရာ​သို့ ချီ​သွား​ကြ​လော့။ သူ​တို့​သည် ဇိ​ဇ​မြို့​သို့ တက်​ရာ​လမ်း​ဖြင့် လာ​ကြ​စဉ်၊ ယေ​ရွေ​လ​တော​စပ်​နား၊ ချိုင့်​ဝ​မှာ သင်​တို့​တွေ့​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် စစ်​တိုက်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ဖြစ်၍၊ တည်​ကြည်​စွာ မတ်​တတ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ကြည့်​ရှု​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ နက်​ဖြန်​နေ့ ချီ​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု မြွက်​ဆို၏။ ယော​ရှ​ဖတ်​သည် မြေ​ပေါ်​မှာ​ဦး​ချ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပျပ်​ဝပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။ လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်​သား​နှင့် ကော​ရ​အ​နွယ်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို၊ ကျယ်​သော​အ​သံ​နှင့် ချီး​မွမ်း​ခြင်း​ငှာ ရပ်​နေ​ကြ၏။ နက်​ဖြန်​နံ​နက်​စော​စော​ထ၍၊ တေ​ကော​တော​သို့ ထွက်​သွား​ကြ၏။ သွား​ကြ​စဉ်​တွင်၊ ယော​ရှ​ဖတ်​သည် ရပ်၍၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် တည်​ကြည်​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​တော်​တို့​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် အောင်​မြင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ လူ​များ​နှင့်​တိုင်​ပင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့​ဟု တပ်​ရှေ့​မှာ​ချီ​သွား​လျက်၊ သန့်​ရှင်း​ခြင်း​အ​သ​ရေ​ကို ချီး​မွမ်း​ရ​သော သီ​ချင်း​သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခန့်​ထား​တော်​မူ၏။ ထို​သူ​တို့​သည် ချီး​မွမ်း​ရာ​သီ​ချင်း​ကို ဆို​စ​ပြု​ကြ​သော​အ​ခါ၊ ယု​ဒ​ပြည်​ကို​တိုက်​အံ့​သော​ငှာ လာ​သော၊ စိ​ရ​တောင်​သား​တို့​ကို အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​တို့ တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား ချောင်း​မြောင်း​စေ​တော်​မူ​သ​ဖြင့်၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​တို့​သည် အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့်၊ တစ်​ဖန် စိ​ရ​တောင်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ လှန်၍​တိုက်​သ​ဖြင့်၊ အ​ကုန်​အ​စင်​သတ်​ပြီး​မှ၊ တစ်​ယောက်​ကို​တစ်​ယောက် တိုက်​ခိုက်၍၊ ပျက်​စီး​ခြင်း​သို့​ရောက်​ကြ၏။ ယု​ဒ​လူ​တို့​သည် တော၌​ရှိ​သော ကင်း​မျှော်​စင်​သို့​ရောက်၍၊ ထို​အ​လုံး​အ​ရင်း​ကို ကြည့်​ရှု​သော​အ​ခါ၊ ထို​လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ​မ​လွတ်၊ မြေ​ပေါ်​မှာ​လဲ​သော အ​သေ​ကောင်​ဖြစ်​ကြ၏။ ယော​ရှ​ဖတ်​နှင့် သူ၏​လူ​တို့​သည်၊ ရန်​သူ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ အ​သေ​ကောင်​တို့၌ များ​စွာ​သော​ဥ​စ္စာ၊ အ​ဖိုး​ထိုက်​သော တန်​ဆာ​တို့​ကို တွေ့​သ​ဖြင့်၊ ထမ်း၍​မ​သွား​နိုင်​အောင် ချွတ်​ယူ​ကြ၏။ လက်​ရ​ဥ​စ္စာ အ​လွန်​များ​သော​ကြောင့်၊ သုံး​ရက်​ပတ်​လုံး လု​ယူ​ထုပ်​ထား​လျက် နေ​ကြ၏။ စ​တု​တ္ထ​နေ့​တွင် ဗ​ရာ​ခ​ချိုင့်၌​စည်း​ဝေး၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ၏။ ထို​ကြောင့်၊ ယ​နေ့​တိုင်​အောင် ထို​အ​ရပ်​သည် ဗ​ရာ​ခ​ချိုင့်​ဟူ၍ တွင်​သ​တည်း။ ထို​အ​ခါ သူ​တို့​သည် ရန်​သူ​တို့​အ​ပေါ်​မှာ ဝမ်း​မြောက်​သော​အ​ခွင့်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ကြောင့်၊ ယော​ရှ​ဖတ်​သည် ရှေ့​ဦး​စွာ​ကြွ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား၍၊ စောင်း၊ တ​ယော၊ တံ​ပိုး​ကို တီး​မှုတ်​လျက်၊ ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့ ရောက်​လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ရန်​သူ​တို့​ကို တိုက်​တော်​မူ​ကြောင်း​ကို၊ အ​ခြား​တိုင်း​နိုင်​ငံ​သား ရှိ​သ​မျှ​တို့​သည်​ကြား၍၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ၏။ ထို​သို့ ဘု​ရား​သ​ခင်​သည် အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​သော​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ ယော​ရှ​ဖတ်၏​နိုင်​ငံ​တော်​သည် သာ​ယာ၏။

၂ ရာဇဝင်ချုပ် 20:1-30 Common Language Bible (BCL)

ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​မော​ဘ ပြည်​နှင့်​အမ္မုန်​ပြည်​မှ​စစ်​တပ်​များ​သည် မိ​မိ တို့​၏​မ​ဟာ​မိတ်​မ​ဟု​နိမ် နှင့်​အ​တူ​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ ကြ​၏။- သ​တင်း​ပို့​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ထံ​လာ ရောက်​၍``အင်​အား​ကြီး​မား​သည့်​တပ်​ကြီး​တစ် တပ်​သည်​အ​ရှင့်​အား တိုက်​ခိုက်​ရန်​ပင်​လယ်​သေ တစ်​ဖက်​ကမ်း​ဧ​ဒုံ​ပြည်​မှ​ချီ​တက်​လာ​ပါ​ပြီ။ သူ​တို့​သည်​အင်္ဂေ​ဒိ​ခေါ်​ဟာ​ဇ​ဇုန္တာ​မာ​မြို့​ကို သိမ်း​ယူ​လိုက်​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား ကြ​၏။- ယော​ရှ​ဖတ်​သည်​ကြောက်​လန့်​သ​ဖြင့်​လမ်း ပြ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ​ပြု တော်​မူ​၏။ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​၌ အ​စာ​ရှောင်​ရန်​နေ့​ကို​သတ်​မှတ်​တော်​မူ​၏။- ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​လူ​တို့​သည်​ထာ​ဝရ ဘု​ရား​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လေ​သည်။- ထို​နောက်​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​အ​တူ ဗိ​မာန်​တော်​တံ​တိုင်း​သစ် တွင်​စု​ဝေး​ကြ​၏။ ယော​ရှ​ဖတ်​မင်း​သည်​သူ တို့​၏​ရှေ့​သို့​လာ​၍​ရပ်​ပြီး​လျှင်၊- ``အို အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ တွင်​စံ​တော်​မူ​၍ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ကို​အုပ်​စိုး​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​တန်​ခိုး အာ​နု​ဘော်​ပြည့်​စုံ​တော်​မူ​သ​ဖြင့်​အ​ဘယ် သူ​မျှ​ကိုယ်​တော်​အား​အ​တိုက်​အ​ခံ​မ​ပြု နိုင်​ပါ။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​ဖြစ် တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ပြည်​တော်​သို့ ဝင်​ရောက်​လာ​ချိန်​၌​ကိုယ်​တော်​သည်​မူ​လ​နေ ထိုင်​သော​ပြည်​သား​တို့​ကို​နှင်​ထုတ်​၍ ပြည် တော်​ကို​ကိုယ်​တော်​၏​အ​ဆွေ​တော်​အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​ပေး သ​နား​တော်​မူ​ပါ​၏။- သူ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​လျက်​ကိုယ်​တော် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ကြ​ပါ​၏။- စစ်​မက်​ဘေး၊ ကူး​စက်​တတ်​သော​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​အ​စ​ရှိ​သော ကြီး​မား​သည့် အ​ဘယ်​ဘေး​အန္တ​ရာယ်​မ​ဆို ကျ​ရောက်​လာ​ချိန်​၌ သူ​တို့​သည်​ကိုယ်​တော်​အား ကိုး​ကွယ်​ဝတ်​ပြု​ရာ ဤ​ဗိ​မာန်​တော်​ရှေ့​သို့​လာ ၍​ရပ်​လျက်​ပတ္ထနာ​ပြု​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​၍​သူ​တို့​အား​ကယ်​ဆယ် တော်​မူ​မည်​ဟု​ယုံ​ကြည်​ကြ​ပါ​၏။'' ``ယ​ခု​အ​ခါ​အမ္မုန်​ပြည်​သား၊ မော​ဘ​ပြည်​သား နှင့်​ဧ​ဒုံ​ပြည်​သား​တို့​သည်​အ​ကျွန်ုပ်​အား​တိုက် ခိုက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​အ​ခါ​က ဘိုး​ဘေး​တို့​သည်​ထို​ပြည်​များ​သို့​ဝင်​ရောက် ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မ​မူ​ပါ။ သို့​ဖြစ် ၍​သူ​တို့​သည်​ထို​ပြည်​များ​ကို​ရှောင်​ကွင်း ပြီး​လျှင်​မ​ဖျက်​မ​ဆီး​ဘဲ​ထား​ခဲ့​ကြ ပါ​၏။- ဤ​သို့​ပြု​သည့်​အ​တွက်​ကျေး​ဇူး​ဆပ်​သည့် အ​နေ​ဖြင့်​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​ပေး​သနား​တော်​မူ​သည့်​ပြည်​တော် မှ​နှင်​ထုတ်​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​၏။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။ ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သား မယား​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​ရှေ့​တွင် ရပ်​လျက်​နေ​ကြ​၏။- ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​သည်​လူ​အုပ်​ထဲ​တွင် ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မူ​၏။ ထို​သူ​သည်​ဇာ​ခ​ရိ သား​ယ​ဟာ​ဇေ​လ​ဖြစ်​၏။ မတ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ​နှင့်​အာ​သပ်​မှ​ဆင်း​သက်​လာ​သူ အာ​သပ်​အ​နွယ်​ဝင်​တည်း။- ယ​ဟာ​ဇေ​လ​က``အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယု​ဒ​ပြည်​သူ​များ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့၊ သင်​တို့​သည်​စိတ်​မ​ပျက်​အား မ​လျော့​ကြ​နှင့်။ ဤ​ကြီး​မား​သည့်​တပ်​မ​တော် ကို​ရင်​ဆိုင်​ရန်​မ​ကြောက်​ကြ​နှင့်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ တိုက်​ပွဲ​သည်​သင် တို့​၏​အ​ပေါ်​တွင်​မ​တည်။ ဘု​ရား​သ​ခင် ၏​အ​ပေါ်​တွင်​တည်​ပေ​သည်။- နက်​ဖြန်​ထို​သူ​တို့​ဇိ​ဇ​မြို့​တောင်​ကြား​လမ်း သို့​ချီ​တက်​လာ​သော​အ​ခါ သူ​တို့​အား​တိုက် ခိုက်​ကြ​လော့။ သင်​တို့​သည်​ယေ​ရွေ​လ​အ​နီး တော​ကန္တာ​ရ​သို့​သွား​ရာ​ချိုင့်​ဝှမ်း​အ​ဆုံး​၌ သူ​တို့​နှင့်​တွေ့​ဆုံ​မိ​ကြ​လိမ့်​မည်။- သင်​တို့​သည်​ဤ​တိုက်​ပွဲ​ကို​ဆင်​နွဲ​ရ​ကြ​မည် မ​ဟုတ်။ နေ​ရာ​သာ​ယူ​၍​စောင့်​နေ​ကြ​လော့။ ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​သည်​ကို​တွေ့​ရ​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့၊ မ​တွန့်​မ​ဆုတ်​ကြ​နှင့်။ မ​ကြောက် မ​လန့်​ဘဲ​တိုက်​ပွဲ​သို့​ဝင်​ကြ​လော့။ ထာ​ဝရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ လိမ့်​မည်'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။ ထို​အ​ခါ​ယော​ရှ​ဖတ်​မင်း​သည်​မြေ​သို့​တိုင် အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ပြည်​သူ အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​နှင့်​အ​တူ ပျပ်​ဝပ်​ကာ​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ကြ​၏။- ကော​ဟတ်​နှင့်​ကော​ရ​သား​ချင်း​စု​များ​မှ​လေဝိ အ​နွယ်​ဝင်​တို့​သည်​မတ်​တပ်​ရပ်​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင်​ထာ​ဝရ​ဘု​ရား အား​အ​သံ​ကျယ်​စွာ​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ နောက်​တစ်​နေ့​နံ​နက်​စော​စော​၌ ပြည်​သူ​တို့​သည် တေ​ကော​အ​နီး​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား ကြ​၏။ ထွက်​ခွာ​စ​ပြု​သော​အ​ခါ ယော​ရှ​ဖတ် သည်​ပြည်​သူ​တို့​အား``ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လျှင်​ရပ်​တည်​နိုင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ဟော​ကြား သည်​ကို​ယုံ​ကြည်​ကြ​လျှင်​အောင်​မြင် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- မင်း​ကြီး​သည်​ပြည်​သူ​တို့​နှင့်​တိုင်​ပင်​၍​ဂီ​တ ပ​ညာ​သည် အ​ချို့​ကို​နေ့​ထူး​နေ့​မြတ်​များ​တွင် ဝတ်​ဆင်​လေ့​ရှိ​သည့်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၍ တပ်​မ​တော်​ရှေ့​က​ချီ​တက်​စေ​ပြီး​လျှင်``ထာ​ဝရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော် ၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​၏'' ဟု​သီ​ဆို ကြ​စေ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ သူ​တို့​စ​၍​သီ​ချင်း​ဆို​ကြ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ချင်း​နင်း​ဝင်​ရောက်​လာ​သော​တပ် တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော်​မူ​၏။- အမ္မုန်​တပ်​မ​တော်​နှင့်​မော​ဘ​တပ်​မ​တော်​တို့ သည် ဧ​ဒုံ​တပ်​မ​တော်​ကို​တိုက်​ခိုက်​ချေ​မှုန်း ဖျက်​ဆီး​ပြီး​လျှင် အ​ချင်း​ချင်း​ပြန်​၍​ကြမ်း ကြုတ်​စွာ​တိုက်​ခိုက်​ကြ​လေ​သည်။- ယု​ဒ​တပ်​မ​တော်​သည်​သဲ​ကန္တာ​ရ​ရှိ​ကင်း​မျှော် စင်​သို့​ရောက်​သော​အ​ခါ ရန်​သူ​တို့​ဘက်​သို့​ကြည့် လိုက်​ရာ​တစ်​ယောက်​မ​ကျန်​မြေ​ပေါ်​တွင်​လဲ​သေ နေ​ကြ​သည်​ကို​မြင်​ရ​ကြ​၏။ ယော​ရှ​ဖတ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ရန်​သူ တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သိမ်း​ယူ​ရန်​လာ​ရောက် ကြ​သော​အ​ခါ​သိုး​နွား​အ​မြောက်​အ​မြား၊ ရိက္ခာ၊ အ​ဝတ်​အ​စား​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ ကို​တွေ့​ရှိ​ကြ​လေ​သည်။ သူ​တို့​သိမ်း​ယူ​သည့်​ဥစ္စာ ပစ္စည်း​မှာ​အ​လွန်​ပင်​များ​သ​ဖြင့် သုံး​ရက်​တိုင်​တိုင် သိမ်း​ယူ​သော်​လည်း​မ​ကုန်​ချေ။- လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည်​ဗ​ရာ​ခ ချိုင့်​ဝှမ်း​တွင်​စု​ရုံး​ကြ​လျက် ဘု​ရား​သ​ခင်​ပြု တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​အ​တွက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ဤ သည်​ကို​အ​ကြောင်း​ပြု​၍​ထို​ချိုင့်​ဝှမ်း​ကို ဗ​ရာ​ခ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။- ယော​ရှ​ဖတ်​သည်​အောင်​ပွဲ​ခံ​၍​မိ​မိ​၏​စစ် သည်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် လည်​ခေါ်​ဆောင်​လာ​တော်​မူ​၏။- သူ​တို့​သည်​မြို့​တော်​သို့​ရောက်​ကြ​သော​အ​ခါ စောင်း​များ၊ တံ​ပိုး​ခ​ရာ​များ​တီး​မှုတ်​လျက် ဗိ​မာန်​တော်​သို့​ချီ​တက်​ကြ​လေ​သည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​များ​၏​ရန်​သူ​တို့ ကို ထာ​ဝရ​ဘု​ရား​အ​ဘယ်​သို့​နှိမ်​နင်း​တော်​မူ ကြောင်း​ကို​ကြား​သိ​ရ​သည့်​လူ​မျိုး​အ​ပေါင်း တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။- သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​ငြိမ်း​ချမ်း​စွာ​နန်း​စံ တော်​မူ​ရ​၏။ ဘု​ရား​သ​ခင်​သည်​သူ​၏​နိုင်​ငံ အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ရှိ​စေ​တော်​မူ​၏။

၂ ရာဇဝင်ချုပ် 20:1-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက်တွင် မောဘ​အမျိုးသား​၊ အမ္မုန်​အမျိုးသား​တို့​နှင့်အတူ မဟုနိမ်​လူမျိုး​အချို့​တို့​သည် ယောရှဖတ်​မင်းကြီး​ကို တိုက်ခိုက်​ရန်​ချီလာ​ကြ​၏​။ လူ​တို့​သည်​လာ​၍ ယောရှဖတ်​မင်းကြီး​အား “​ပင်လယ်​တစ်ဖက်ကမ်း ဆီးရီးယား​ပြည်​မှ စစ်တပ်ကြီး​ချီလာ​ပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာ​မြို့​တွင် တပ်ချ​နေ​ပါ​သည်​”​ဟူသော​သတင်း​ကို ကြားပြော​လျှင် ယောရှဖတ်​မင်းကြီး​သည်​ကြောက်ရွံ့​၍ ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ဆုံးဖြတ်​ပြီး ယုဒ​ပြည်​တစ်ပြည်လုံး​သို့ အစာရှောင်​ရန် ကြေညာ​၏​။ ယုဒ​လူမျိုး​တို့​သည် ထာဝရဘုရား​ကို​ရှာ​ရန် စုဝေး​လာ​ကြ​၏​။ ထာဝရဘုရား​ကို​ရှာ​ရန် ယုဒ​မြို့ရွာ​အားလုံး​မှ လူ​တို့​ရောက်လာ​ကြ​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​က ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား လူအစုအဝေး​တို့​ရှေ့​၊ ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အသစ်​ရှေ့​တွင် ရပ်​လျက် “​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကောင်းကင်ဘုံ​တွင်​စံမြန်း​၍ လူမျိုးတကာ​တို့​နေထိုင်​ရာ​တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်စိုး​ပိုင်သ​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​၏​လက်​တော်​၌ အစွမ်းသတ္တိ​တန်ခိုး ရှိ​တော်မူ​သည်​ဖြစ်​၍ ကိုယ်တော်​နှင့်​ဆန့်ကျင်​လျှင် မည်သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ဤ​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​၍ ကိုယ်တော်​၏​မိတ်ဆွေ​ဖြစ်​တော်မူ​သော​အာဗြဟံ​၏​သားစဉ်မြေးဆက်​ကို ထာဝရ​နေထိုင်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။ သူ​တို့​သည် ထို​ပြည်​တွင်​နေထိုင်​၍ ကိုယ်တော်​၏​နာမ​တော်​အဖို့ သန့်ရှင်းရာဌာန​တော်​ကို တည်​ကြ​ပါ​၏​။ သူ​တို့​က ‘အကျွန်ုပ်​တို့​သည် ဓားဘေး​၊ အပြစ်ဒဏ်​ဘေး​၊ ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး စသည့်​ဘေးအန္တရာယ်​တို့​နှင့် ကြုံ​ရ​လျှင် ဤ​အိမ်​တော်​၌​နာမ​တော်​တည်​သောကြောင့် ဤ​အိမ်​တော်​ရှေ့​၊ ကိုယ်တော့်​ရှေ့​တွင် ရပ်​လျက် အကျွန်ုပ်​တို့​ကြုံ​ရ​သော​ဆင်းရဲဒုက္ခ​အတွက် ကိုယ်တော့်​ထံ​အော်ဟစ်​သောအခါ ကိုယ်တော်​သည် နားညောင်း​၍ ကယ်မ​တော်မူ​မည်’​ဟု ဆို​ကြ​ပါ​၏​။ အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​စဉ်က ကိုယ်တော်​သည် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​၊ စိရ​တောင်ပေါ်သား​တို့​၏​နယ်မြေ​ကို အစ္စရေး​လူမျိုး​တို့​အား ကျူးကျော်​ခွင့်​မ​ပေး​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ပြည်​ကို မ​ဖျက်ဆီး​ဘဲ ရှောင်သွား​ခဲ့​ပါ​၏​။ သို့သော် ယခုမှာ ကြည့်ရှု​တော်မူ​ပါ​။ သူ​တို့​သည် အကျွန်ုပ်​တို့​အား ကျေးဇူးဆပ်​သော​အားဖြင့် ကိုယ်တော်​အမွေပေး​တော်မူ​သော​ပြည်​မှ အကျွန်ုပ်​တို့​ကို နှင်ထုတ်​ရန် လာ​နေ​ပါ​ပြီ​။ အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် သူ​တို့​ကို စီရင်​တော်မူ​မည်​မ​ဟုတ်​လော​။ အကျွန်ုပ်​တို့​ကို တိုက်ခိုက်​လာ​သော​ဤ​စစ်တပ်ကြီး​ကို ရင်ဆိုင်​ဖို့ အကျွန်ုပ်​တို့​၌ အင်အား​မ​ရှိ​ပါ​။ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​မည်​ကို မ​သိ​သောကြောင့် ကိုယ်တော်​ကို​သာ မျှော်ကြည့်​နေ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။ ထိုစဉ် ယုဒ​ပြည်သား​အားလုံး​နှင့်တကွ သူ​တို့​၏​ကလေးငယ်​များ​၊ မယား​များ​၊ သားသမီး​များ​ပါ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​လျက်​နေ​ကြ​၏​။ ထိုအခါ လူထု​ထဲ​တွင်​ရှိ​နေ​သော လေဝိ​အမျိုး​ဖြစ်​သော အာသပ်​သားမြေး​မတ္တနိ​၏​တီ​၊ ယေယေလ​၏​မြစ်​၊ ဗေနာယ​၏​မြေး​၊ ဇာခရိ​၏​သား ယဟာဇေလ​အပေါ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သက်ရောက်​လာ​၍ “​အို ယောရှဖတ်​မင်းကြီး​နှင့် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​၊ နားထောင်​ကြ​ပါ​လော့​။ ထာဝရဘုရား​က သင်​တို့​အား ‘​ဤ​စစ်တပ်ကြီး​ကြောင့် သင်​တို့​မ​ကြောက်​ကြ​နှင့်​၊ စိတ်​မ​ပျက်​ကြ​နှင့်​။ စစ်မှု​သည် သင်​တို့​အရေး​မ​ဟုတ်​။ ဘုရားသခင်​၏​အရေး​သာ ဖြစ်​၏​။ မနက်ဖြန်​နေ့​တွင် သူ​တို့​နှင့်​စစ်တိုက်​ဖို့ ချီသွား​ကြ​လော့​။ သူ​တို့​သည် ဇိဇ​မြို့​သို့​တက်သွား​ရာ​လမ်း​အတိုင်း ချီလာ​ကြ​လိမ့်မည်​။ ယေရွေလ​တောကန္တာရ​နှင့် မျက်နှာချင်းဆိုင် ချိုင့်ဝှမ်း​အဆုံး​နား​တွင် သင်​တို့​နှင့်​ဆုံ​ကြ​လိမ့်မည်​။ ဤ​တိုက်ပွဲ​ကို သင်​တို့​တိုက်စရာ​မ​လို​။ ခိုင်မာ​စွာ​ရပ်တည်​၍ ထာဝရဘုရား သင်​တို့​ကို​မည်သို့ ကယ်တင်​မည်​ကို စောင့်ကြည့်​ကြ​လော့​။ အို ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​၊ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်’​ဟု မိန့်​တော်မူ​၏​။ မနက်ဖြန်​နေ့​တွင် သူ​တို့​နှင့် ရင်ဆိုင်​တိုက်ခိုက်​ဖို့ စစ်ချီထွက်​လော့​။ ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု မိန့်ဆို​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​သည် မြေ​ပေါ်​ပျပ်ဝပ်​တော်မူ​လျှင် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​၏​။ လေဝိ​အမျိုး​များ​ဖြစ်​သော ကောဟတ်​သားမြေး​နှင့် ကောရ​သားမြေး​တို့​သည်​လည်း​ရပ်​လျက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို သံကုန်ဟစ်​၍​ချီးမွမ်း​ကြ​၏​။ သူ​တို့​သည် နောက်တစ်နေ့​မနက်​စောစောထ​ပြီး တေကော​တောကန္တာရ​ဘက်​သို့ ချီသွား​ကြ​၏​။ ထိုသို့ သူ​တို့​ထွက်သွား​ချိန်​တွင် ယောရှဖတ်​မင်းကြီး​သည် ရပ်​လျက် “​ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​၊ နားထောင်​ကြ​ပါ​လော့​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယုံကြည်​ကြ​လော့​။ သို့မှ သင်​တို့​ခံရပ်​နိုင်​မည်​။ ကိုယ်တော်​၏​ပရောဖက်​တို့​ကို​လည်း ယုံကြည်​ကြ​လော့​။ သို့မှ သင်​တို့ အောင်နိုင်​မည်​”​ဟု မိန့်မှာ​၏​။ မင်းကြီး​သည် လူ​တို့​နှင့် တိုင်ပင်​ပြီးမှ တပ်​ရှေ့​တွင် ချီတက်​၍ ထာဝရဘုရား​ထံ ချီးမွမ်းသီဆို​မည့်​သူ​၊ သန့်ရှင်း​သော​အသရေ​တော်​ကို ချီးမွမ်း​မည့်​သူ​တို့​ကို ခန့်ထား​၍ “​ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သည်​ဖြစ်၍ ဂုဏ်ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​”​ဟု သီဆို​စေ​ကြ​၏​။ ထိုသို့ စတင်​ချီးမွမ်း​သီဆို​လိုက်​သည်​နှင့် ယုဒ​ပြည်​ကို ဝင်ရောက်​ကျူးကျော်​သည့် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​နှင့် စိရ​တောင်ပေါ်သား​တို့​အား ချောင်းမြောင်း​တိုက်ခိုက်မှု​ကို ထာဝရဘုရား​ဖြစ်စေ​တော်မူ​သဖြင့် သူ​တို့ ရှုံးနိမ့်​သွား​လေ​၏​။ အမ္မုန်​အမျိုးသား​နှင့် မောဘ​အမျိုးသား​တို့​သည် ထ​၍ စိရ​တောင်ပေါ်သား​တို့​ကို အကုန်​ချေမှုန်း​ဖျက်ဆီး​ကြ​၏​။ ထိုသို့ စိရ​တောင်ပေါ်သား​တို့​ကို အကုန်​ချေမှုန်း​ပြီးနောက် အချင်းချင်း​လည်း​တိုက်ခိုက်​ကြ​ပြန်​၏​။ ယုဒ​လူမျိုး​တို့​သည် တောကန္တာရ​ရှိ ကင်းမျှော်စင်​သို့​ရောက်​၍ စစ်သည်ထုကြီး​ကို ကြည့်​သောအခါ မြေ​ပေါ်​လဲကျ​သေဆုံး​နေ​သော​အလောင်း​များ​ကို​သာ တွေ့​ရ​လေ​၏​။ လွတ်မြောက်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ထို့ကြောင့် ယောရှဖတ်​မင်းကြီး​နှင့် သူ​၏​လူ​တို့​သည် တိုက်ရာပါပစ္စည်း​များ​ကို လာရောက်​သိမ်းယူ​ကြ​၏​။ အလောင်း​များ​၌ ပစ္စည်းဥစ္စာ​များ​၊ အဖိုးတန်​အသုံးအဆောင်​များ အမြောက်အမြား တွေ့ရှိ​၍ မိမိ​တို့​အတွက် ချွတ်ယူ​ကြ​၏​။ တိုက်ရာပါပစ္စည်း အလွန်များပြား​သဖြင့် တစ်ချီတည်း​မ​သယ်​နိုင်​။ သုံး​ရက်​တိုင်တိုင် သယ်သွား​ကြ​ရ​၏​။ စတုတ္ထ​မြောက်​နေ့​တွင် ဗေရာခ​ချိုင့်ဝှမ်းလွင်ပြင်​တွင် စုဝေး​ကြ​ပြီး ထာဝရဘုရား​အား ချီးမွမ်းထောမနာပြု​ကြ​၏​။ ထို့ကြောင့် ထို​နေရာ​သည် ဗေရာခ​ချိုင့်ဝှမ်းလွင်ပြင်​ဟု ယနေ့​တိုင် အမည်တွင်​လေ​၏​။ ထိုသို့ ရန်သူ​ကို​အောင်နိုင်​၍ ဝမ်းမြောက်​ရ​သော​အခွင့်​ကို ထာဝရဘုရား​ပေးသနား​တော်မူ​သောကြောင့် ယောရှဖတ်​မင်းကြီး​ဦးဆောင်​သော ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​သို့ ဝမ်းမြောက်​စွာ​ပြန်သွား​ကြ​၏​။ သူ​တို့​သည် စောင်းပြား​များ​၊ စောင်းကောက်​များ​၊ တံပိုးခရာ​များ တီးမှုတ်​ကြ​လျက် ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​လေ​၏​။ အစ္စရေး​လူမျိုး​တို့​၏​ရန်သူ​တို့​အား ထာဝရဘုရား​တိုက်ခိုက်​သည့်​အကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အပေါင်း​တို့ ကြားသိ​ကြ​လျှင် ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လေ​၏​။ ယောရှဖတ်​မင်းကြီး​၏​နိုင်ငံ​တော်​ဝန်းကျင်​အရပ်ရပ်​တို့​၌ သူ​၏​ဘုရားသခင်​သည် ငြိမ်းချမ်း​ခြင်း​ကို ပေး​တော်မူ​သဖြင့် နိုင်ငံ​တော်​အေးချမ်းသာယာ​လျက်​ရှိ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။