ကာလအနည်းငယ်ကြာသောအခါမောဘ ပြည်နှင့်အမ္မုန်ပြည်မှစစ်တပ်များသည် မိမိ တို့၏မဟာမိတ်မဟုနိမ် နှင့်အတူယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ ကြ၏။- သတင်းပို့သူတို့သည်ယောရှဖတ်မင်းထံလာ ရောက်၍``အင်အားကြီးမားသည့်တပ်ကြီးတစ် တပ်သည်အရှင့်အား တိုက်ခိုက်ရန်ပင်လယ်သေ တစ်ဖက်ကမ်းဧဒုံပြည်မှချီတက်လာပါပြီ။ သူတို့သည်အင်္ဂေဒိခေါ်ဟာဇဇုန္တာမာမြို့ကို သိမ်းယူလိုက်ကြပါပြီ'' ဟုလျှောက်ထား ကြ၏။- ယောရှဖတ်သည်ကြောက်လန့်သဖြင့်လမ်း ပြတော်မူရန် ထာဝရဘုရားထံပတ္ထနာပြု တော်မူ၏။ ယုဒပြည်တစ်လျှောက်လုံး၌ အစာရှောင်ရန်နေ့ကိုသတ်မှတ်တော်မူ၏။- ယုဒပြည်အမြို့မြို့မှလူတို့သည်ထာဝရ ဘုရားလမ်းပြပို့ဆောင်မှုကိုတောင်းခံရန် ယေရုရှလင်မြို့သို့လာရောက်ကြလေသည်။- ထိုနောက်သူတို့သည်ယေရုရှလင်မြို့သူမြို့ သားများနှင့်အတူ ဗိမာန်တော်တံတိုင်းသစ် တွင်စုဝေးကြ၏။ ယောရှဖတ်မင်းသည်သူ တို့၏ရှေ့သို့လာ၍ရပ်ပြီးလျှင်၊- ``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ကောင်းကင်ဘုံ တွင်စံတော်မူ၍ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ကိုအုပ်စိုးတော်မူပါ၏။ ကိုယ်တော်သည်တန်ခိုး အာနုဘော်ပြည့်စုံတော်မူသဖြင့်အဘယ် သူမျှကိုယ်တော်အားအတိုက်အခံမပြု နိုင်ပါ။- ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့သည် ဤပြည်တော်သို့ ဝင်ရောက်လာချိန်၌ကိုယ်တော်သည်မူလနေ ထိုင်သောပြည်သားတို့ကိုနှင်ထုတ်၍ ပြည် တော်ကိုကိုယ်တော်၏အဆွေတော်အာဗြဟံ ၏သားမြေးတို့အားထာဝစဉ်အပိုင်ပေး သနားတော်မူပါ၏။- သူတို့သည်ဤပြည်တွင်နေထိုင်လျက်ကိုယ်တော် ၏ဂုဏ်တော်ကိုချီးမွမ်းရန်ဗိမာန်တော်ကိုတည် ဆောက်ကြပါ၏။- စစ်မက်ဘေး၊ ကူးစက်တတ်သောရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးအစရှိသော ကြီးမားသည့် အဘယ်ဘေးအန္တရာယ်မဆို ကျရောက်လာချိန်၌ သူတို့သည်ကိုယ်တော်အား ကိုးကွယ်ဝတ်ပြုရာ ဤဗိမာန်တော်ရှေ့သို့လာ ၍ရပ်လျက်ပတ္ထနာပြုသောအခါ ကိုယ်တော် သည်နားညောင်း၍သူတို့အားကယ်ဆယ် တော်မူမည်ဟုယုံကြည်ကြပါ၏။'' ``ယခုအခါအမ္မုန်ပြည်သား၊ မောဘပြည်သား နှင့်ဧဒုံပြည်သားတို့သည်အကျွန်ုပ်အားတိုက် ခိုက်ကြပါပြီ။ အကျွန်ုပ်တို့ဘိုးဘေးများ အီဂျစ်ပြည်မှထွက်ခွာလာစဉ်အခါက ဘိုးဘေးတို့သည်ထိုပြည်များသို့ဝင်ရောက် ခွင့်ကိုကိုယ်တော်ပေးတော်မမူပါ။ သို့ဖြစ် ၍သူတို့သည်ထိုပြည်များကိုရှောင်ကွင်း ပြီးလျှင်မဖျက်မဆီးဘဲထားခဲ့ကြ ပါ၏။- ဤသို့ပြုသည့်အတွက်ကျေးဇူးဆပ်သည့် အနေဖြင့်သူတို့သည် အကျွန်ုပ်တို့အား ကိုယ်တော်ပေးသနားတော်မူသည့်ပြည်တော် မှနှင်ထုတ်ရန်ရောက်ရှိလာကြပါ၏။- ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ ပါ၏။ အကျွန်ုပ်တို့သည်ယခုတိုက်ခိုက်ရန်ရောက် ရှိလာသောတပ်မတော်ကြီး၏ရှေ့တွင်ခိုကိုးရာ မဲ့ဖြစ်လျက်နေကြပါ၏။ အဘယ်သို့ပြုရမည် ကိုအကျွန်ုပ်တို့မသိကြပါ။ သို့ရာတွင်ကူမ တော်မူရန်အထံတော်သို့မျှော်ကြည့်ကြပါ၏'' ဟုအသံကျယ်စွာဆုတောင်းပတ္ထနာပြုတော် မူ၏။ ယုဒပြည်သူအပေါင်းတို့သည် မိမိတို့သား မယားများနှင့်အတူဗိမာန်တော်ရှေ့တွင် ရပ်လျက်နေကြ၏။- ထာဝရဘုရား၏ဝိညာဉ်သည်လူအုပ်ထဲတွင် ရှိသောလေဝိအနွယ်ဝင်တစ်ဦး၏အပေါ် သို့သက်ရောက်တော်မူ၏။ ထိုသူသည်ဇာခရိ သားယဟာဇေလဖြစ်၏။ မတ္တနိ၊ ယေယေလ၊ ဗေနာယနှင့်အာသပ်မှဆင်းသက်လာသူ အာသပ်အနွယ်ဝင်တည်း။- ယဟာဇေလက``အရှင်မင်းကြီးနှင့်တကွ ယုဒပြည်သူများ၊ ယေရုရှလင်မြို့သား အပေါင်းတို့၊ သင်တို့သည်စိတ်မပျက်အား မလျော့ကြနှင့်။ ဤကြီးမားသည့်တပ်မတော် ကိုရင်ဆိုင်ရန်မကြောက်ကြနှင့်ဟုထာဝရ ဘုရားမိန့်တော်မူပါ၏။ တိုက်ပွဲသည်သင် တို့၏အပေါ်တွင်မတည်။ ဘုရားသခင် ၏အပေါ်တွင်တည်ပေသည်။- နက်ဖြန်ထိုသူတို့ဇိဇမြို့တောင်ကြားလမ်း သို့ချီတက်လာသောအခါ သူတို့အားတိုက် ခိုက်ကြလော့။ သင်တို့သည်ယေရွေလအနီး တောကန္တာရသို့သွားရာချိုင့်ဝှမ်းအဆုံး၌ သူတို့နှင့်တွေ့ဆုံမိကြလိမ့်မည်။- သင်တို့သည်ဤတိုက်ပွဲကိုဆင်နွဲရကြမည် မဟုတ်။ နေရာသာယူ၍စောင့်နေကြလော့။ ထာဝရဘုရားသည်သင်တို့အားအောင်ပွဲ ခံစေတော်မူသည်ကိုတွေ့ရကြလိမ့်မည်။ ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့၊ မတွန့်မဆုတ်ကြနှင့်။ မကြောက် မလန့်ဘဲတိုက်ပွဲသို့ဝင်ကြလော့။ ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ လိမ့်မည်'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။ ထိုအခါယောရှဖတ်မင်းသည်မြေသို့တိုင် အောင်ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ပြည်သူ အပေါင်းတို့သည်လည်းမင်းကြီးနှင့်အတူ ပျပ်ဝပ်ကာထာဝရဘုရားအားရှိခိုးကြ၏။- ကောဟတ်နှင့်ကောရသားချင်းစုများမှလေဝိ အနွယ်ဝင်တို့သည်မတ်တပ်ရပ်လျက် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား အားအသံကျယ်စွာထောမနာပြုကြကုန်၏။ နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။- မင်းကြီးသည်ပြည်သူတို့နှင့်တိုင်ပင်၍ဂီတ ပညာသည် အချို့ကိုနေ့ထူးနေ့မြတ်များတွင် ဝတ်ဆင်လေ့ရှိသည့်ဝတ်လုံများကိုဝတ်စေ၍ တပ်မတော်ရှေ့ကချီတက်စေပြီးလျှင်``ထာဝရ ဘုရားအားထောမနာပြုကြလော့။ ကိုယ်တော် ၏မေတ္တာတော်သည် ထာဝစဉ်တည်၏'' ဟုသီဆို ကြစေရန်အမိန့်ပေးတော်မူ၏။ သူတို့စ၍သီချင်းဆိုကြသောအခါ ထာဝရ ဘုရားသည်ချင်းနင်းဝင်ရောက်လာသောတပ် တို့ကိုကစဥ့်ကလျားဖြစ်စေတော်မူ၏။- အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။- ယုဒတပ်မတော်သည်သဲကန္တာရရှိကင်းမျှော် စင်သို့ရောက်သောအခါ ရန်သူတို့ဘက်သို့ကြည့် လိုက်ရာတစ်ယောက်မကျန်မြေပေါ်တွင်လဲသေ နေကြသည်ကိုမြင်ရကြ၏။ ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။- လေးရက်မြောက်သောနေ့၌သူတို့သည်ဗရာခ ချိုင့်ဝှမ်းတွင်စုရုံးကြလျက် ဘုရားသခင်ပြု တော်မူသောကျေးဇူးတော်အပေါင်းအတွက် ကိုယ်တော်အားထောမနာပြုကြကုန်၏။ ဤ သည်ကိုအကြောင်းပြု၍ထိုချိုင့်ဝှမ်းကို ဗရာခ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။- ယောရှဖတ်သည်အောင်ပွဲခံ၍မိမိ၏စစ် သည်တော်တို့ကို ယေရုရှလင်မြို့သို့ပြန် လည်ခေါ်ဆောင်လာတော်မူ၏။- သူတို့သည်မြို့တော်သို့ရောက်ကြသောအခါ စောင်းများ၊ တံပိုးခရာများတီးမှုတ်လျက် ဗိမာန်တော်သို့ချီတက်ကြလေသည်။- ဣသရေလအမျိုးသားများ၏ရန်သူတို့ ကို ထာဝရဘုရားအဘယ်သို့နှိမ်နင်းတော်မူ ကြောင်းကိုကြားသိရသည့်လူမျိုးအပေါင်း တို့သည်ကြောက်လန့်ကြကုန်၏။- သို့ဖြစ်၍ယောရှဖတ်သည်ငြိမ်းချမ်းစွာနန်းစံ တော်မူရ၏။ ဘုရားသခင်သည်သူ၏နိုင်ငံ အရပ်ရပ်တွင်လုံခြုံမှုရှိစေတော်မူ၏။
၂ ရာချုပ် 20 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ရာချုပ် 20:1-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ