၁ တိမောသေ 5:17
၁ တိမောသေ 5:17 Judson Bible (JBMLE)
ကောင်းမွန်စွာအုပ်သော သင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည် ဟူ၍လည်းကောင်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်၊ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည် ဟူ၍လည်းကောင်း မှတ်ရမည်။
မျှဝေရန်
၁ တိမောသေ 5 ကိုဖတ်ပါ။၁ တိမောသေ 5:17 Common Language Bible (BCL)
သင်းအုပ်ဆရာအလုပ်ကိုကောင်းစွာလုပ်ဆောင် သူတို့သည် လစာငွေနှစ်ဆခံစားထိုက်သူများ ဖြစ်သည်ဟုမှတ်ယူအပ်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းတို့ကို ကြိုးစား၍လုပ်ဆောင်သူများသည်ယင်းသို့ ခံစားထိုက်ပေသည်။
မျှဝေရန်
၁ တိမောသေ 5 ကိုဖတ်ပါ။၁ တိမောသေ 5:17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။
မျှဝေရန်
၁ တိမောသေ 5 ကိုဖတ်ပါ။