YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 3:1-13

၁ တိမောသေ 3:1-13 Judson Bible (JBMLE)

သင်း​အုပ်​အ​ရာ​ကို တောင့်​တ​သော​သူ​သည် ကောင်း​သော အ​မှု​အ​ရာ​ကို တောင့်​တ​သည်​ဟူ​သော စ​ကား​သည် မှန်​သော​စ​ကား​ဖြစ်၏။- ထို​ကြောင့်၊ သင်း​အုပ်​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ၊ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ လျောက်​ပတ်​စွာ ကျင့်​သော​သူ၊ ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တတ်​သော​သူ ဖြစ်​ရ​မည်။- စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​ခြင်း၊ သူ​တစ်​ပါး​ကို​ရိုက်​ပုတ်​ခြင်း၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​ခြင်း​မ​ရှိ၊ စိတ်​ဖြည်း​ညင်း​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို မ​တပ်​မက်​သော​သူ​ဖြစ်​ရ​မည်။- မိ​မိ​အိမ်​ကို ကောင်း​မွန်​စွာ အုပ်​စိုး၍ သ​မ္မာ​သ​မာ​ဓိ​ရှိ​သည်​နှင့်၊ မိ​မိ​သား​သ​မီး​ကို ဆုံး​မ​နိုင်​သော​သူ ဖြစ်​ရ​မည်။- မိ​မိ​အိမ်​ကို မ​အုပ်​စိုး​တတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို အ​ဘယ်​သို့​ပြု​စု​လိမ့်​မည်​နည်း။- မာ​န​နှင့်​ယစ်​မူး​လျက်၊ မာရ်​နတ်၏ အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၍၊ ဘာ​သာ​ဝင်​လူ​သစ် မ​ဖြစ်​ရ။- ကဲ့​ရဲ့​ပြစ်​တင်​ခြင်း၊ မာရ်​နတ်​ဖမ်း​မိ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ပြင်​ပ​လူ​တို့​တွင် အ​သ​ရေ​ရှိ သော​သူ ဖြစ်​ရ​မည်။ ထို​နည်း​တူ၊ သင်း​ထောက်​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​ကြ​မည်။ လျှာ​နှစ်​ခွ​နှင့်​ပြော​သော​သူ၊ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ၊ မ​စင်​ကြယ်​သော စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ကြ။- ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် စင်​ကြယ်​သည်​နှင့်၊ ယုံ​ကြည်​ခြင်း၏ နက်​နဲ​သော​အ​ရာ​ကို စွဲ​လမ်း​သော​သူ ဖြစ်​ရ​ကြ​မည်။- သူ​တို့​သည်​လည်း ရှေ့​မ​ဆွ​က စုံ​စမ်း​ခြင်း​ကို ခံ​ကြ​စေ။ နောက်​မှ အ​ပြစ်​တင်​ခွင့်​နှင့်​ကင်း​လွတ်​လျှင်၊ သင်း​ထောက်​လုပ်​ကြ​စေ။- ထို​နည်း​တူ၊ မိန်း​မ​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​မည်။ ချော​စား​တတ်​သော​သူ မ​ဟုတ်။ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ အ​ရာ​ရာ၌ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ရ​ကြ​မည်။- သင်း​ထောက်​သည် မ​ယား​တစ်​ယောက်​တည်း​ရှိ​ရ​မည်။ မိ​မိ​သား​သ​မီး​နှင့် အိမ်​သူ​အိမ်​သား​တို့​ကို ကောင်း​မွန်​စွာ အုပ်​ချုပ်​သော​သူ​ဖြစ်​ရ​မည်။- အ​ကြောင်း​မူ​ကား၊ သင်း​ထောက်​အ​မှု​ကို ကောင်း​စွာ​ရွက်​ဆောင်​သော သူ​တို့​သည် မိ​မိ​တို့​အ​ဖို့ ကောင်း​သော​အ​ရာ​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ယုံ​ကြည်​ခြင်း၌ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို​လည်း​ကောင်း အ​မြတ်​ရ​ကြ၏။

၁ တိမောသေ 3:1-13 Common Language Bible (BCL)

အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​ရန်​မျှော်​မှန်း သူ​သည်​မွန်​မြတ်​သည့်​အ​မှု​အ​ရာ​ကို​လို လား​တောင့်​တ​သူ​ဖြစ်​၏​ဟူ​သော​စ​ကား သည်​မှန်​ပေ​၏။- အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​ရ​မည်။ ထို​သူ​၌​ဇ​နီး တစ်​ယောက်​သာ​ရှိ​ရ​မည်။ သူ​သည်​သမ္မာ​သ​တိ ရှိ​သူ၊ ဣန္ဒြေ​စောင့်​စည်း​သူ၊ လျောက်​ပတ်​စွာ​နေ​ထိုင် ကျင့်​ကြံ​သူ​ဖြစ်​ရ​မည်။ ဧည့်​ဝတ်​ကျေ​ပွန်​သူ ဖြစ်​ရ​မည်။ သင်​ကြား​တတ်​သူ​ဖြစ်​ရ​မည်။- သေ​သောက်​ကြူး​သူ​မ​ဖြစ်​စေ​ရ။ သူ​သည် ကြမ်း​တမ်း​သူ​မ​ဟုတ်​ဘဲ​နူး​ညံ့​သိမ်​မွေ့​သူ၊ ငြိမ်း​ချမ်း​မှု​ကို​လို​လား​သူ​ဖြစ်​ရ​မည်။ ငွေ ကို​ခုံ​မင်​တပ်​မက်​သူ​မ​ဖြစ်​ရ။- သူ​သည်​မိ​မိ​၏​အိမ်​ထောင်​ကို​ကောင်း​စွာ​အုပ် ထိန်း​နိုင်​လျက် သား​သ​မီး​များ​၏​နာ​ခံ​လေး စား​မှု​ကို​ရ​ရှိ​သူ​ဖြစ်​ရ​မည်။- မိ​မိ​၏​အိမ်​ထောင်​ကို​မ​အုပ်​မ​ထိန်း​နိုင်​သူ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို​အ​ဘယ်​သို့ လျှင်​အုပ်​ထိန်း​နိုင်​ပါ​မည်​နည်း။- သူ​သည်​မ​ကြာ​မီ​က​မှ​ခ​ရစ်​ယာန်​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​မ​ဖြစ်​စေ​ရ။ သို့​မှ​သာ သူ​သည်​မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လာ​သ​ဖြင့် မာရ်​နတ်​နည်း​တူ​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ မည်​မ​ဟုတ်။- ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​မ​ခံ​ရ​စေ​ရန်​နှင့်​မာရ်​နတ် ၏​ကျော့​ကွင်း​ထဲ​သို့​မ​ကျ​ရောက်​စေ​ရန်​သူ သည်​အ​သင်း​တော်​အ​ပ​ရှိ​လူ​တို့​၏​ရို​သေ လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ရ​မည်။ သင်း​ထောက်​လူ​ကြီး​များ​သည်​လည်း​စာ​ရိတ္တ ကောင်း​မွန်​၍​ဟန်​ဆောင်​မှု​မ​ရှိ​သူ​များ​ဖြစ် ရ​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​သူ​များ၊ ငွေ​ကို​တပ်​မက်​သူ​များ​မ​ဖြစ်​စေ​ရ။- ငါ​တို့​ဘာ​သာ​တ​ရား​နှင့်​ဆိုင်​သော​နက်​နဲ သော​သစ္စာ​တ​ရား​များ​ကို​သြတ္တပ္ပ​စိတ်​ကြည် လင်​စွာ​ဖြင့်​လက်​ခံ​သူ​များ​ဖြစ်​ရ​ကြ​မည်။- သူ​တို့​အား​ဦး​စွာ​စစ်​ဆေး​၍​အ​ပြစ်​ကင်း​မှ အ​မှု​တော်​ဆောင်​ခွင့်​ပြု​ကြ​လော့။- သူ​တို့​၏​ဇ​နီး​များ​သည်​လည်း​စာ​ရိတ္တ​ကောင်း မွန်​သူ​များ​ဖြစ်​ရ​မည်။ အ​တင်း​ပြော​ဆို​တတ် သူ​များ​မ​ဖြစ်​စေ​ရ။ ဣန္ဒြေ​ရှိ​သူ၊ အ​ရာ​ရာ​၌ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။- သင်း​ထောက်​လူ​ကြီး​၌​ဇ​နီး​တစ်​ယောက်​သာ ရှိ​ရ​မည်။ သူ​သည်​မိ​မိ​၏​သား​သ​မီး​များ​နှင့် အိမ်​ထောင်​ကို​ကောင်း​စွာ​အုပ်​ထိန်း​နိုင်​သူ​ဖြစ် ရ​မည်။- မိ​မိ​တို့​၏​အ​လုပ်​တာ​ဝန်​ကို​အောင်​မြင်​စွာ ဆောင်​ရွက်​ကြ​သော​သင်း​ထောက်​လူ​ကြီး​များ သည်​ဂုဏ်​ရည်​မြင့်​လျက် မိ​မိ​တို့​၏​ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အ​ကြောင်း​တ​ရား​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ကြ​၏။

၁ တိမောသေ 3:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“တစ်စုံတစ်ယောက်​သည် ကြီးကြပ်​သူ​ဖြစ်​ရန် အလွန်​တောင့်တ​လျှင် ထို​သူ​သည် ကောင်း​သော​အမှု​ကို​တောင့်တ​၏”​ဟူသော​စကား​သည် မှန်​သော​စကား​ဖြစ်​၏။ ထို့ကြောင့် ကြီးကြပ်​သူ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ သမ္မာသတိ​ရှိ​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ လျောက်ပတ်​စွာ​ပြုမူ​သော​သူ၊ ဧည့်ဝတ်​ကျေပွန်​သော​သူ၊ သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ​မ​ဟုတ်​ဘဲ ညင်သာ​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို​မ​တပ်မက်​သော​သူ၊ မိမိ​အိမ်ထောင်​ကို ကောင်းစွာ​စီမံ​အုပ်ချုပ်​လျက် သားသမီး​တို့​ကို တည်ကြည်​လေးနက်​ခြင်း​အပြည့်အဝ​ဖြင့် နာခံ​မှု​ရှိ​စေ​သော​သူ​ဖြစ်​ရ​မည်။ မိမိ​အိမ်ထောင်​ကို မည်ကဲ့သို့​စီမံ​အုပ်ချုပ်​ရ​မည်​ကို​မ​သိ​သော​သူ​သည် ဘုရားသခင်​၏​အသင်းတော်​ကို မည်ကဲ့သို့​ပြုစု​စောင့်ရှောက်​နိုင်​မည်နည်း။ သူ​သည် ယုံကြည်​ခါစ​လူ​မ​ဖြစ်​ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်​လျက် မာရ်နတ်​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ထဲသို့ ကျရောက်​မည်​ဟု စိုးရိမ်​စရာ​ရှိ​၏။ ထိုမျှမက ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျက် မာရ်နတ်​၏​ကျော့ကွင်း​ထဲသို့ မ​ကျရောက်​စေရန် အသင်းတော်​ပြင်ပ​၌ ဂုဏ်​သတင်း​ကောင်း​သော​သူ​လည်း​ဖြစ်​ရ​မည်။ ထိုနည်းတူ သင်းထောက်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ လျှာ​နှစ်ခွ​ရှိ​သော​သူ၊ စပျစ်​ဝိုင်​သောက်ကြူး​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​များ​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ကြည်လင်​သော​အသိစိတ်​ဖြင့် စွဲကိုင်​ထား​သော​သူ​များ​ဖြစ်​ရ​မည်။ သူ​တို့​သည် စစ်ဆေး​ခြင်း​ကို​ဦးစွာ​ခံ​ပြီးမှ အပြစ်တင်​စရာ​မ​ရှိ​ပါက သင်းထောက်​အမှု​ကို​ဆောင်ရွက်​ကြ​စေ။ ထိုနည်းတူ ဇနီးသည်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ ကုန်းချော​တတ်​သော​သူ​မ​ဟုတ်​ဘဲ သမ္မာသတိ​ရှိ​သော​သူ၊ ခပ်သိမ်း​သော​အရာ​တို့​၌ သစ္စာရှိ​သော​သူ​များ​ဖြစ်​ရ​မည်။ သင်းထောက်​တို့​သည် မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ မိမိ​တို့​အိမ်ထောင်​နှင့်​သားသမီး​များ​ကို ကောင်း​စွာ​စီမံ​အုပ်ချုပ်​နေ​သူ​များ​ဖြစ်​ရ​မည်။ အကြောင်းမူကား သင်းထောက်​အမှု​ကို ကောင်း​စွာ​ဆောင်ရွက်​သော​သူ​တို့​သည် မိမိ​တို့​အတွက် ကောင်း​သော​ဂုဏ်ရည်​ကို​ရရှိ​သည့်​အပြင် ခရစ်တော်​ယေရှု​ကို​ယုံကြည်​သော​အရာ​၌ များစွာ​သော​ရဲရင့်​မှု​ကို​ရရှိ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။