YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 3

3
အသင်းတော်ခေါင်းဆောင်များ၌ရှိရမည့်အရည်အချင်းများ
1“တစ်စုံတစ်ယောက်​သည် ကြီးကြပ်​သူ​ဖြစ်​ရန် အလွန်​တောင့်တ​လျှင် ထို​သူ​သည် ကောင်း​သော​အမှု​ကို​တောင့်တ​၏”​ဟူသော​စကား​သည် မှန်​သော​စကား​ဖြစ်​၏။ 2ထို့ကြောင့် ကြီးကြပ်​သူ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ သမ္မာသတိ​ရှိ​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ လျောက်ပတ်​စွာ​ပြုမူ​သော​သူ၊ ဧည့်ဝတ်​ကျေပွန်​သော​သူ၊ သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။ 3သူ​သည် သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ​မ​ဟုတ်​ဘဲ ညင်သာ​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို​မ​တပ်မက်​သော​သူ၊ 4မိမိ​အိမ်ထောင်​ကို ကောင်းစွာ​စီမံ​အုပ်ချုပ်​လျက် သားသမီး​တို့​ကို တည်ကြည်​လေးနက်​ခြင်း​အပြည့်အဝ​ဖြင့် နာခံ​မှု​ရှိ​စေ​သော​သူ​ဖြစ်​ရ​မည်။ 5မိမိ​အိမ်ထောင်​ကို မည်ကဲ့သို့​စီမံ​အုပ်ချုပ်​ရ​မည်​ကို​မ​သိ​သော​သူ​သည် ဘုရားသခင်​၏​အသင်းတော်​ကို မည်ကဲ့သို့​ပြုစု​စောင့်ရှောက်​နိုင်​မည်နည်း။ 6သူ​သည် ယုံကြည်​ခါစ​လူ​မ​ဖြစ်​ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်​လျက် မာရ်နတ်​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ထဲသို့ ကျရောက်​မည်​ဟု စိုးရိမ်​စရာ​ရှိ​၏။ 7ထိုမျှမက ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျက် မာရ်နတ်​၏​ကျော့ကွင်း​ထဲသို့ မ​ကျရောက်​စေရန် အသင်းတော်​ပြင်ပ​၌ ဂုဏ်​သတင်း​ကောင်း​သော​သူ​လည်း​ဖြစ်​ရ​မည်။
8ထိုနည်းတူ သင်းထောက်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ လျှာ​နှစ်ခွ​ရှိ​သော​သူ၊ စပျစ်​ဝိုင်​သောက်ကြူး​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​များ​မ​ဟုတ်​ဘဲ 9ယုံကြည်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ကြည်လင်​သော​အသိစိတ်​ဖြင့် စွဲကိုင်​ထား​သော​သူ​များ​ဖြစ်​ရ​မည်။ 10သူ​တို့​သည် စစ်ဆေး​ခြင်း​ကို​ဦးစွာ​ခံ​ပြီးမှ အပြစ်တင်​စရာ​မ​ရှိ​ပါက သင်းထောက်​အမှု​ကို​ဆောင်ရွက်​ကြ​စေ။
11ထိုနည်းတူ ဇနီးသည်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ ကုန်းချော​တတ်​သော​သူ​မ​ဟုတ်​ဘဲ သမ္မာသတိ​ရှိ​သော​သူ၊ ခပ်သိမ်း​သော​အရာ​တို့​၌ သစ္စာရှိ​သော​သူ​များ​ဖြစ်​ရ​မည်။
12သင်းထောက်​တို့​သည် မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ မိမိ​တို့​အိမ်ထောင်​နှင့်​သားသမီး​များ​ကို ကောင်း​စွာ​စီမံ​အုပ်ချုပ်​နေ​သူ​များ​ဖြစ်​ရ​မည်။ 13အကြောင်းမူကား သင်းထောက်​အမှု​ကို ကောင်း​စွာ​ဆောင်ရွက်​သော​သူ​တို့​သည် မိမိ​တို့​အတွက် ကောင်း​သော​ဂုဏ်ရည်​ကို​ရရှိ​သည့်​အပြင် ခရစ်တော်​ယေရှု​ကို​ယုံကြည်​သော​အရာ​၌ များစွာ​သော​ရဲရင့်​မှု​ကို​ရရှိ​ကြ​၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာ
14ဤ​အရာ​များ​ကို သင့်​အား ငါ​ရေး​လိုက်​ခြင်း​မှာ သင့်​ထံသို့​အလျင်အမြန်​လာ​နိုင်​မည်​ဟု မျှော်လင့်​သော်လည်း 15ငါ​နှောင့်နှေး​ခဲ့​လျှင်​ပင် သမ္မာတရား​၏​မဏ္ဍိုင်​နှင့်​အုတ်မြစ်​ဖြစ်​သည့် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​အသင်းတော်​တည်းဟူသော ဘုရားသခင်​၏​အိမ်​တော်​တွင် မည်ကဲ့သို့​အသက်ရှင်​နေထိုင်​ရ​မည်​ကို သင်​သိ​နိုင်​ရန်​အတွက်​ဖြစ်​၏။ 16ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် အမှန်ပင်​ကြီးမြတ်​လှ​ပေ​၏။ ကိုယ်တော်​သည် သွေးသား​အားဖြင့်​ထင်ရှား​ပြီး ဝိညာဉ်​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ကောင်းကင်​တမန်​တို့​၏​ရှုမြင်​ခြင်း၊ သတင်းတော်​ကို​လူမျိုးခြား​တို့​ကြား​၌ ဟောပြော​ခြင်း၊ ဤ​လောက​တွင် လက်ခံ​ယုံကြည်​ခြင်း​တို့​ကို​ခံရ​လျက် ဘုန်း​အသရေ​နှင့်တကွ အထက်သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

တိမောသေဩဝါဒစာပထမစောင် 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ