YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 1:4-10

၁ တိမောသေ 1:3-10 Judson Bible (JBMLE)

ခြား​နား​သော အ​ယူ​ဝါ​ဒ​သစ်​ကို မ​သွန်​သင်​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ ဒ​ဏ္ဍာ​ရီ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း၌​တည်​သော ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​ကို ပြု​စု​သည်​ထက်၊ အ​ချင်း​ချင်း​ငြင်း​ခုံ​ခြင်း​ကို​သာ၍ ပြု​စု​တတ်​သော၊ ပြင်​ဆင်၍ မ​ကုန်​နိုင်​သော ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ သင်​သည် အ​ချို့​သော သူ​တို့​ကို ပ​ညတ်​ထား၍၊ ဧ​ဖက်​မြို့၌ နေ​ရစ်​စေ​ခြင်း​ငှာ၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​သော​အ​ခါ၊ တောင်း​ပန်​သည်​အ​တိုင်း နေ​ရစ်​လော့။ ထို​သို့ ပ​ညတ်​ထား​ခြင်း၏ အ​ချုပ်​အ​ခြာ​မူ​ကား၊ စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​ခြင်း​နှင့်​လည်း​ကောင်း၊ မှန်​သော ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ စပ်​ဆိုင်​သော ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​သ​တည်း။- ထို​သို့​သော​အ​ကျင့်​ကို လူ​အ​ချို့​တို့​သည် အ​မြဲ​မ​ကျင့်၊ အ​ချည်း​နှီး​သော​စ​ကား​ပြော​ခြင်း​သို့ လွှဲ​သွား​ကြ​ပြီ။ ထို​သူ​တို့​သည် မိ​မိ​တို့​ပြော​သော​အ​ရာ​ကို နား​မ​လည်။- အ​ဘယ်​သို့​သော​တ​ရား​ဘက်၌ မိ​မိ​တို့​ခိုင်​မာ​စွာ နေ​သည်​ကို မ​သိ​ဘဲ​လျက်၊ နိဿ​ရည်း​ဆ​ရာ​လုပ်​ချင်​ကြ သည်​တ​ကား။- ပ​ညတ်​တ​ရား​ကို တ​ရား​သ​ဖြင့် ကျင့်​သော​သူ​အ​ဖို့ မ​ထား၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၊ နား​မ​ထောင်​သော​သူ၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ၊ မ​သန့်​ရှင်း​သော​သူ၊ ဘု​ရား​တ​ရား​ကို မ​ရို​မ​သေ​ပြု​သော​သူ၊ မိ​ဘ​ကို​ညှဉ်း​ဆဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ လူ​ကို ခိုး​သွား​သော​သူ၊ မု​သား​စ​ကား​ကို သုံး​သော​သူ၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော​သူ​မှ​စ၍၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​မျှ​တို့​အ​ဖို့ ပ​ညတ်​တ​ရား​ကို ထား​သည်​ဟု သိ​မှတ်၍၊ ထို​တ​ရား​ကို တ​ရား​သ​ဖြင့်​သုံး​သော​သူ၌ ပ​ညတ်​တ​ရား​သည် အ​ကျိုး​ကို​ပေး​တတ်​သည်​ဟု ငါ​တို့ သိ​ကြ၏။

၁ တိမောသေ 1:3-10 Common Language Bible (BCL)

မာ​ကေ​ဒေါ​နိ​ပြည်​သို့​ငါ​ထွက်​ခွာ​စဉ်​အ​ခါ က သင့်​အား​ငါ​မှာ​ကြား​ခဲ့​သည်​အ​တိုင်း ဧ​ဖက် မြို့​တွင်​ဆက်​လက်​နေ​ထိုင်​စေ​လို​၏။ လူ​အ​ချို့ တို့​သည်​မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​ကို​ဟော​ပြော သွန်​သင်​လျက်​ရှိ​ကြ​ပေ​သည်။ မ​ကုန်​မ​ဆုံး​နိုင် သော​ဒဏ္ဍာ​ရီ​များ​နှင့်​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း များ​ကို အ​ပတ်​တ​ကုတ်​အား​ထုတ်​လေ့​လာ တတ်​သူ​တို့​အား ထို​အ​မှု​တို့​ကို​ရပ်​စဲ​ကြ စေ​ရန်​ပြော​ကြား​လော့။ ထို​အ​မှု​အ​ရာ​များ သည်​အ​ငြင်း​ပွား​မှု​များ​ကို​သာ​လျှင်​ပြု​စု ပေး​တတ်​၏။ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကျိုး​မ​ပြု​တတ်။ ယုံ​ကြည်​ခြင်း အား​ဖြင့်​သာ​လျှင် ထို​အ​ကြံ​အ​စည်​တော် ကို​သိ​နိုင်​လေ​သည်။- ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။- လူ​အ​ချို့​တို့​သည်​ဆို​ခဲ့​သော​သ​ဘော​မျိုး​ကို မ​ကျင့်​ဘဲ အ​ကျိုး​မဲ့​ပြော​ဆို​ငြင်း​ခုံ​မှု​များ ပြု​၍​လမ်း​လွဲ​သွား​ကြ​ပြီ။- ထို​သူ​တို့​သည်​မိ​မိ​တို့​ပြော​ဆို​သော​စ​ကား များ​ကို​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ပိုင်​နိုင်​စွာ ပြော​ဆို​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​သော် လည်း​ကောင်း​နား​မ​လည်​ကြ။ သို့​နှင့်​လည်း​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​ဆိုင်​ရာ နည်း​ပြ​ဆ​ရာ​များ​လုပ်​လို​သေး​၏။ ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။- သို့​ရာ​တွင်​တ​ရား​ဥ​ပ​ဒေ​များ​ကို​လူ​ကောင်း တို့​အ​တွက်​မ​ဟုတ်။ တ​ရား​လက်​လွတ်​စည်း​မဲ့ ကမ်း​မဲ့​ကျင့်​ကြံ​သူ​များ၊ ပြစ်​မှု​ကူး​လွန်​သူ များ၊ ဘု​ရား​ကို​မ​ကြည်​ညို​သူ​များ၊ အ​ပြစ် ကူး​သူ​များ၊ ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု မ​ရှိ​သူ​များ၊ အ​ဖ​ကို​သတ်​သူ​များ​နှင့် အ​မိ​ကို​သတ်​သူ​များ၊ သူ​သတ်​သ​မား​များ၊- အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။

၁ တိမောသေ 1:4-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဒဏ္ဍာရီ​များ​နှင့် မဆုံး​နိုင်​သော​ဆွေစဉ်မျိုးဆက်​စာရင်း​များ​ကို အာရုံ​မ​စိုက်​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။ ထို​အရာ​တို့​သည် ယုံကြည်​ခြင်း​၌​တည်​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​ထက် အငြင်းပွား​မှု​များ​ကို​သာ​ဖြစ်​စေ​၏။ ဤ​ညွှန်ကြားချက်​၏​ရည်ရွယ်ချက်​ပန်းတိုင်​ကား စင်ကြယ်​သော​စိတ်နှလုံး၊ ကြည်လင်​သော​အသိစိတ်​နှင့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​တို့​မှ​ဖြစ်ပေါ်​လာ​သည့် ချစ်​ခြင်း​မေတ္တာ​ဖြစ်​၏။ လူ​အချို့​တို့​သည် ထို​အရာ​များ​မှ​လွဲချော်​၍ အကျိုးမဲ့​သော​စကား​ပြောဆို​ခြင်း​ဘက်​သို့ လှည့်​သွား​ကြ​ပြီ။ သူ​တို့​သည် မိမိ​တို့​ပြောဆို​သော​အရာ​များ​နှင့် မိမိ​တို့​အခိုင်အမာ​ခံယူ​ထား​သော​အရာ​များ​ကို​ပင် နား​မ​လည်​ဘဲ ကျမ်းတတ်​ဆရာ​များ​ဖြစ်​လို​ကြ​၏။ သို့သော် ပညတ်​တရား​ကို စည်းမျဉ်း​စည်းကမ်း​နှင့်အညီ​အသုံးပြု​လျှင် ၎င်း​သည် ကောင်းမြတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ တစ်နည်းအားဖြင့် ပညတ်​တရား​သည် ဖြောင့်မတ်​သော​သူ​အတွက်​ရှိ​သည်​မ​ဟုတ်​ဘဲ တရားမဲ့​သော​သူ​များ​နှင့်​နာခံ​မှု​မ​ရှိ​သော​သူ​များ၊ ဘုရား​တရား​မဲ့​သော​သူ​များ​နှင့်​အပြစ်သား​များ၊ မ​သန့်ရှင်း​သော​သူ​များ​နှင့်​ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ​များ၊ ဖခင်​ကို​သတ်​သော​သူ​များ​နှင့်​မိခင်​ကို​သတ်​သော​သူ​များ၊ လူသတ်သမား​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။