YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 1:12-17

၁ တိမောသေ 1:12-17 Judson Bible (JBMLE)

ထို​တ​ရား​ကို ငါ၌​အပ်​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို​ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။- ငါ​သည် ကဲ့​ရဲ့​သော​သူ၊ ညှဉ်း​ဆဲ​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ ဖြစ်​ဖူး​သော်​လည်း၊ သ​စ္စာ​ရှိ​သော​သူ​ဟု ထို​သ​ခင်​သည် မှတ်၍၊ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ထို​သို့​ငါ​ပြု​သော​အ​ခါ ယုံ​ခြင်း​မ​ရှိ၊ အ​မှန်​မ​သိ​ဘဲ ပြု​သော​ကြောင့်၊ က​ရု​ဏာ​တော်​ကို ငါ​ခံ​ရ​ပြီ။- ငါ​တို့​သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​သည်​လည်း ယေ​ရှု​ခ​ရစ်၌ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့်​တ​ကွ၊ အ​တိုင်း​ထက်​အ​လွန် ကြွယ်​ဝ​ပြီ။- ယေ​ရှု​ခ​ရစ်​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ ဤ​လော​က​သို့ ကြွ​လာ​တော်​မူ​သည်​ဟူ​သော​စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ အ​ကြွင်း​မဲ့ ခံ​ယူ​အပ်​သော​စ​ကား​လည်း​ဖြစ်၏။ အ​ပြစ်​ရှိ​သော သူ​တို့​တွင် ငါ​သည် အ​ကြီး​ဆုံး​ဖြစ်၏။- သို့​သော်​လည်း၊ ထာ​ဝ​ရ​အ​သက်​အ​လို​ငှာ ယုံ​ကြည်​လ​တ္တံ့​သော​သူ​တို့ လိုက်​စ​ရာ​ပုံ​သက်​သေ ဖြစ်​စေ​ခြင်း​ငှာ၊ အ​ကြီး​ဆုံး​သော​အ​ပြစ်​ရှိ​သော ငါ၌၊ ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ခ​န္တီ​တော်​ကို ပြ​တော်​မူ​မည်​အ​ကြောင်း၊ ငါ့​ကို​သ​နား​တော်​မူ​ပြီ။- လော​က​ဓာတ်​တို့၏ ဘု​ရင်​တည်း​ဟူ​သော၊ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ထ​သော၊ မျက်​မြင်​မ​ရ၊ အ​ရူ​ပ​ဖြစ်​တော်​မူ​ထ​သော၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

၁ တိမောသေ 1:12-17 Common Language Bible (BCL)

ငါ​သည်​ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင်​ရန် ငါ့​အား​ခွန်​အား​ကို​ပေး​တော်​မူ​သော ငါ​တို့ အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ ငါ​သည်​ယ​ခင်​က​ကိုယ်​တော်​အား ပုတ်​ခတ်​ပြော​ဆို​ခဲ့​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ၊ စော်​ကား​ခဲ့​သူ​ဖြစ်​သော်​လည်း​ကိုယ်​တော်​သည် ငါ့​အား​ထိုက်​တန်​သူ​ဟု​မှတ်​ယူ​တော်​မူ​လျက် ဤ​အ​လုပ်​တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​သော ကြောင့်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သူ​မ​ဟုတ်​သ​ဖြင့် မ​သိ​နား​မ​လည် သည့်​အ​တွက် ယင်း​သို့​ပြု​ကျင့်​မိ​ခဲ့​ခြင်း​ဖြစ်​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ငါ့​အား​က​ရု​ဏာ ထား​တော်​မူ​ပေ​သည်။- ငါ​တို့​သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကြွယ်​ဝ​သော ကျေး​ဇူး​တော်​ကို​ငါ့​အ​ပေါ်​သို့​သွန်း​လောင်း တော်​မူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ငါ​တို့​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​ကို​ငါ့​အား ပေး​တော်​မူ​၏။- ဤ​လော​က​သို့​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော် မူ​သည်​မှာ​အ​ပြစ်​ကူး​သူ​တို့​အား ကယ်​တင်​ရန် ဖြစ်​၏​ဟူ​သော​စကား​သည်​သစ္စာ​စ​ကား​ဖြစ်​၍ ခြွင်း​ချက်​မ​ရှိ​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။ ငါ သည်​အ​ပြစ်​ကူး​သူ​တို့​တွင်​အ​ဆိုး​ဆုံး​ဖြစ်​၏။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။- ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ​သော၊ သင်္ခါ​ရ သ​ဘော​တ​ရား​နှင့်​ကင်း​တော်​မူ​သော၊ လူ တို့​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော၊ တစ်​ဆူ​တည်း ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ အ​ဆက်​ဆက်​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

၁ တိမောသေ 1:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ငါ့​ကို​အမှု​တော်​လုပ်ငန်း​အတွက်​ခန့်ထား​၍ သစ္စာရှိ​သော​သူ​အဖြစ်​မှတ်ယူ​တော်မူ​သောကြောင့်​ဖြစ်​၏။ ငါ​သည် ယခင်​က စော်ကား​ပြောဆို​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ မိုက်ရိုင်း​သော​သူ​ဖြစ်​ခဲ့​သော်လည်း ယုံကြည်​ခြင်း​မ​ရှိ​စဉ် မ​သိ​နား​မ​လည်​ဘဲ ထိုသို့​ပြု​ခဲ့​သည်​ဖြစ်၍ ကရုဏာ​တော်​ကို​ခံစား​ရ​၏။ ငါ​တို့​သခင်​ဘုရား​၏​ကျေးဇူး​တော်​သည် ယေရှု​ခရစ်တော်​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​နှင့်အတူ အလွန်​ကြွယ်ဝ​များပြား​လှ​၏။ ခရစ်တော်​ယေရှု​သည် အပြစ်သား​တို့​ကို​ကယ်တင်​ရန် ဤ​လောက​သို့​ကြွလာ​တော်မူ​၏​ဟူသော​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ထို​အပြစ်သား​များ​ထဲတွင် ငါ​သည် အဆိုးဆုံး​ဖြစ်​၏။ သို့သော် ငါ​သည် ကရုဏာ​တော်​ကို​ခံစား​ရ​သည့်​အကြောင်းမှာ ခရစ်တော်​ယေရှု​သည် အဆိုးဆုံး​ဖြစ်​သော​ငါ​၌ ခပ်သိမ်း​သော​စိတ်ရှည်​သည်းခံ​ခြင်း​ကို​ပြသ​တော်မူ​ခြင်း​အားဖြင့် ကိုယ်တော်​ကို​ယုံကြည်​၍ ထာဝရ​အသက်​ရရှိ​မည့်​သူ​များ​အတွက် ငါ့​ကို​စံနမူနာ​ဖြစ်​စေရန်​ဖြစ်​၏။ ထာဝရ​ဘုရင်၊ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​တော်မူ​သော မ​မြင်ရ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​ရှိ​ပါစေသော။ အာမင်။