YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 1:12-17

တိမောသေဩဝါဒစာပထမစောင် 1:12-17 MSBU

ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ငါ့​ကို​အမှု​တော်​လုပ်ငန်း​အတွက်​ခန့်ထား​၍ သစ္စာရှိ​သော​သူ​အဖြစ်​မှတ်ယူ​တော်မူ​သောကြောင့်​ဖြစ်​၏။ ငါ​သည် ယခင်​က စော်ကား​ပြောဆို​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ မိုက်ရိုင်း​သော​သူ​ဖြစ်​ခဲ့​သော်လည်း ယုံကြည်​ခြင်း​မ​ရှိ​စဉ် မ​သိ​နား​မ​လည်​ဘဲ ထိုသို့​ပြု​ခဲ့​သည်​ဖြစ်၍ ကရုဏာ​တော်​ကို​ခံစား​ရ​၏။ ငါ​တို့​သခင်​ဘုရား​၏​ကျေးဇူး​တော်​သည် ယေရှု​ခရစ်တော်​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​နှင့်အတူ အလွန်​ကြွယ်ဝ​များပြား​လှ​၏။ ခရစ်တော်​ယေရှု​သည် အပြစ်သား​တို့​ကို​ကယ်တင်​ရန် ဤ​လောက​သို့​ကြွလာ​တော်မူ​၏​ဟူသော​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ထို​အပြစ်သား​များ​ထဲတွင် ငါ​သည် အဆိုးဆုံး​ဖြစ်​၏။ သို့သော် ငါ​သည် ကရုဏာ​တော်​ကို​ခံစား​ရ​သည့်​အကြောင်းမှာ ခရစ်တော်​ယေရှု​သည် အဆိုးဆုံး​ဖြစ်​သော​ငါ​၌ ခပ်သိမ်း​သော​စိတ်ရှည်​သည်းခံ​ခြင်း​ကို​ပြသ​တော်မူ​ခြင်း​အားဖြင့် ကိုယ်တော်​ကို​ယုံကြည်​၍ ထာဝရ​အသက်​ရရှိ​မည့်​သူ​များ​အတွက် ငါ့​ကို​စံနမူနာ​ဖြစ်​စေရန်​ဖြစ်​၏။ ထာဝရ​ဘုရင်၊ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​တော်မူ​သော မ​မြင်ရ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​ရှိ​ပါစေသော။ အာမင်။