YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 5:16-24

၁ သက်သာလောနိတ် 5:16-24 Judson Bible (JBMLE)

အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။- မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။- အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။- ဝိ​ညာဉ်​တော်၏​အ​ရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။- ပ​ရော​ဖက်​ပြု​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​မှတ်​ကြ​နှင့်။- ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။- မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။- ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​လည်း၊ သင်​တို့​ကို အ​ကုန်​အ​စင် သန့်​ရှင်း​စေ​တော်​မူ ပါ​စေ​သော။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ သင်​တို့၏ ကိုယ်​ခ​န္ဓာ၊ စိတ်၊ ဝိ​ညာဉ်​အ​ပေါင်း​ကို အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​ပါ​စေ​သော။- သင်​တို့​ကို​ခေါ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ထို​သို့​ပြု​တော်​မူ​လိမ့်​မည်။

၁ သက်သာလောနိတ် 5:16-24 Common Language Bible (BCL)

အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။- အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။- အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​မ​ဆီး​တား​ကြ​နှင့်။- ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​အား​ဖြင့်​ဟော​ပြော သည့်​တ​ရား​ဒေ​သ​နာ​များ​ကို အ​ဘယ်​အ​ခါ ၌​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။- အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊- မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။ ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​အ​ကုန်​အ​စင်​သန့်​ရှင်း​ဖြူ​စင်​စေ တော်​မူ​ပါ​စေ​သော။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင်​တို့ သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ကြ​စေ​ရန်​ဘု​ရား သ​ခင်​သည် သင်​တို့​၏​ကိုယ်​စိတ်​ဝိ​ညာဉ်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။- သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။

၁ သက်သာလောနိတ် 5:16-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစဉ်​ဝမ်းမြောက်​ကြ​လော့​။ အမြဲမပြတ် ဆုတောင်း​ကြ​လော့​။ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။ ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။ ပရောဖက်ပြု​ဟောပြော​ခြင်း​ကို မထီမဲ့မြင်​မ​ပြု​ကြ​နှင့်။ သို့သော် အရာ​ခပ်သိမ်း​တို့​ကို​စစ်ဆေး​၍ ကောင်း​သော​အရာ​ကို စွဲကိုင်​ထား​ကြ​လော့။ မကောင်း​မှု​အမျိုးစုံ​တို့​ကို ရှောင်ကြဉ်​ကြ​လော့။ ငြိမ်သက်​ခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်​တိုင် သင်​တို့​ကို အကုန်အစင်​သန့်ရှင်း​စေ​တော်မူ​ပါစေသော။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကြွလာ​တော်မူ​သောအခါ သင်​တို့​၏​ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ​ကို အပြစ်တင်​စရာ​မ​ရှိ​စေရန် စောင့်ရှောက်​တော်မူ​ပါစေသော။ သင်​တို့​ကို ခေါ်ယူ​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ ထိုသို့​ပြု​တော်မူ​လိမ့်မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။