အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်ကြလော့။- အခါမလပ်ဆုတောင်းပတ္ထနာပြုကြလော့။- အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။ သန့်ရှင်းသောဝိညာဉ်တော်ကိုမဆီးတားကြနှင့်။- ဝိညာဉ်တော်နှိုးဆော်ခြင်းအားဖြင့်ဟောပြော သည့်တရားဒေသနာများကို အဘယ်အခါ ၌မျှမထီမဲ့မြင်မပြုကြနှင့်။- အရာခပ်သိမ်းတို့ကိုစစ်ဆေးပြီးလျှင် ကောင်း သည့်အရာတို့ကိုခံယူ၍၊- မကောင်းသည့်အရာမှန်သမျှကိုရှောင်ကြလော့။ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။- သင်တို့အားခေါ်ယူရွေးကောက်တော်မူသော အရှင်သည်သစ္စာရှိတော်မူသည်ဖြစ်၍ဤသို့ ပြုတော်မူလိမ့်မည်။
၁ သက် 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ သက် 5:16-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ