YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 7:13-17

၁ ဓမ္မရာဇဝင် 7:13-17 Judson Bible (JBMLE)

ထို​သို့ ဖိ​လိ​တ္တိ​လူ​တို့​သည် ရှုံး​သ​ဖြင့်၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ​အ​ရပ်​သို့ မ​လာ​ကြ။ ရှ​မွေ​လ​လက်​ထက် ကာ​လ​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို ဆီး​တား​တော်​မူ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် သိမ်း​ယူ​သော ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ဧ​ကြုန်​မြို့​မှ​စ၍ ဂါ​သ​မြို့​တိုင်​အောင် ပြန်​ပေး​ရ​ကြ၏။ မြို့​နယ်​တို့​ကို​လည်း ဣ​သ​ရေ​လ​လူ​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ နုတ်​ယူ​ကြ၏။ ဣ​သ​ရေ​လ​လူ​နှင့် အာ​မော​ရိ​လူ​တို့​သည်​လည်း စစ်​မ​ရှိ အ​သင့်​အ​တင့်​နေ​ကြ၏။ ရှ​မွေ​လ​သည် တစ်​သက်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​လေ၏။ ဗေ​သ​လ​မြို့၊ ဂိ​လ​ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​ကို နှစ်​တိုင်း​လှည့်​ပတ်၍ အ​ရပ်​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး၌​စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ့​ရှိ၏။ ပြန်​လာ​သော​အ​ခါ၊ မိ​မိ​အိမ်​ရှိ​သော ရာ​မ​မြို့​သို့ ပြန်​လာ၍ ထို​မြို့​မှာ​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လျက်​နေ​လေ၏။

၁ ဓမ္မရာဇဝင် 7:13-17 Common Language Bible (BCL)

ဤ​သို့​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ရေး ရှုံး​နိမ့်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ရှ​မွေ​လ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ခွင့် ပေး​တော်​မ​မူ။- ဧ​ကြုန်​မြို့​နှင့်​ဂါ​သ​မြို့​စပ်​ကြား​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​သိမ်း​ပိုက်​ထား ကြ​သည့်​မြို့​မှန်​သ​မျှ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​သို့​ပြန်​လည်​ပေး​အပ်​ရ​ကြ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ တို့​၏​နယ်​မြေ​အား​လုံး​ကို​ပြန်​လည်​ရ​ရှိ​ကြ​၏။ ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည်​သင့်​မြတ်​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ကြ​လေ​သည်။ ရှ​မွေ​လ​သည်​အ​သက်​ထက်​ဆုံး​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အုပ်​ချုပ်​၏။- သူ​သည်​နှစ်​စဉ်​နှစ်​တိုင်း​ဗေ​သ​လ​မြို့၊ ဂိ​လ ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​သို့​လှည့်​လည်​သွား ရောက်​ကာ​ထို​မြို့​တို့​တွင်​အ​မှု​အ​ခင်း​များ ကို​စစ်​ဆေး​စီ​ရင်​လေ့​ရှိ​၏။- ထို​နောက်​သူ​သည်​ရာ​မ​မြို့​နေ​အိမ်​သို့​ပြန်​၍ တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​၏။ သူ သည်​ရာ​မ​မြို့​တွင်​ထာ​ဝ​ရ​ဘုရား​အ​ဖို့ ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လေ​၏။

၁ ဓမ္မရာဇဝင် 7:13-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသို့ ဖိလိတ္တိ​လူမျိုး​တို့ ရှုံးနိမ့်​သဖြင့် အစ္စရေး​လူမျိုး​တို့​၏​နယ်မြေ​ထဲသို့ နောက်တစ်ဖန် မ​ကျူးကျော်​ဝံ့​ကြ​တော့​ချေ​။ ရှမွေလ​လက်ထက်​တစ်လျှောက်လုံး ထာဝရဘုရား​၏​လက်​တော်​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ဆန့်ကျင်​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​ထံမှ ဖိလိတ္တိ​လူမျိုး​တို့ သိမ်းပိုက်​ခဲ့​သော​မြို့​များ​ကို ဧကြုန်​မြို့​မှစ၍ ဂါသ​မြို့​တိုင်အောင် အစ္စရေး​လူမျိုး​တို့ ပြန်လည်​ရရှိ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ အစ္စရေး​လူမျိုး​တို့​အပိုင် နယ်မြေ​များ​ကို ပြန်လည်​ရရှိ​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် အာမောရိ​လူမျိုး​တို့​နှင့်​လည်း သင့်မြတ်​ခြင်း​ရှိ​လေ​၏​။ ရှမွေလ​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။ သူ​သည် နှစ်စဉ် ဗေသလ​မြို့​၊ ဂိလဂါလ​မြို့​၊ မိဇပါ​မြို့​များ​သို့ လှည့်လည်​သွားလာ​ပြီး ထို​မြို့​များ​ရှိ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။ ထို့နောက် မိမိ​အိမ်​ရှိ​ရာ ရာမ​မြို့​သို့​ပြန်လာ​ပြီး ထို​မြို့​ရှိ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။ ထို​မြို့​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​လည်း တည်​ထား​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။